< ယေဇကျေလ 22 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
І було мені слово Господнє таке:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​လူ သတ်​သ​မား​များ​နှင့်​ပြည့်​နှက်​လျက်​ရှိ​သည့် မြို့​ကို စစ်​ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ ထို​မြို့​အား​မိ​မိ​ပြု​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​အ​ပေါင်း​တို့​ကို​ဖော်​ပြ​လော့။-
„А ти, сину лю́дський, чи будеш судити, чи суди́тимеш ти місто крови? І завідо́м його про всі гидо́ти його,
3 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည်​ထို​မြို့​အား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​ဤ​သို့​ဆင့် ဆို​လော့။ သင်​သည်​မိ​မိ​၏​လူ​တို့​ကို​အ​မြောက် အ​မြား​သတ်​ခဲ့​ပြီး​ရုပ်​တု​များ​ကို​ဝတ်​ပြု ရှိ​ခိုး​ခြင်း​အား​ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း စေ​ခဲ့​သ​ဖြင့်​သင်​၏​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​လေ​ပြီ။-
та й скажеш: Так говорить Господь Бог: Місто проливає кров у своїй сере́дині, щоб прийшов його час, і робить божкі́в собі, щоб занечи́щуватися!
4 သင်​သည်​ထို​လူ​သတ်​မှု​များ​အ​တွက်​အ​ပြစ် ရှိ​သည့်​ပြင် မိ​မိ​ပြု​လုပ်​သည့်​ရုပ်​တု​များ​အား ဖြင့် မိ​မိ​ကိုယ်​ကို​ညစ်​ညမ်း​စေ​သည်​ဖြစ်​၍​သင် ၏​နေ့​ရက်​ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ။ သင်​၏​နှစ်​များ​ကုန်​ဆုံး​ချိန်​စေ့​ပြီ။ သို့​ဖြစ်​၍ ငါ​သည်​သင့်​အား​လူ​မျိုး​တ​ကာ​တို့​ပြက် ရယ်​ပြု​စ​ရာ၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည် ၏​ပြောင်​လှောင်​စ​ရာ​ဖြစ်​စေ​တော်​မူ​ပြီ။-
Кров'ю, що ти проливала, о дочко Єрусалиму, грішила ти, а божка́ми, яких ти робила, занечи́стилася, і набли́зила свої дні, і прийшла аж до своїх ро́ків. Тому дам тебе наро́дам на га́ньбу, і на посміхо́висько для всіх країв!
5 ရပ်​နီး​ရပ်​ဝေး​ရှိ​တိုင်း​ပြည်​တို့​သည်​သင် တ​ရား​လက်​လွတ်​ပြု​ကျင့်​၍ နာ​မည်​ပျက် မှု​ကြောင့်​ပြောင်​လှောင်​ကြ​၏။-
Близькі та далекі від тебе насміхаються з тебе, нечистойме́нна, багатозаколо́тна!
6 သင့်​အ​ထဲ​ရှိ​ဣ​သ​ရေ​လ​အ​မျိုး​သား​ခေါင်း ဆောင်​အ​ပေါင်း​တို့​သည် မိ​မိ​တို့​၏​စွမ်း​ရည် ကို​အား​ကိုး​၍​လူ​သတ်​မှု​များ​ကို​ကူး​လွန် ကြ​၏။-
Ось Ізраїлеві князі, кожен за раме́ном своїм, були́ в тебе, щоб кров проливати.
7 သင့်​အ​ထဲ​တွင်​အ​ဘယ်​သူ​မျှ​မိ​ဘ​ကို​ရို သေ​မြတ်​နိုး​မှု​မ​ပြု​ကြ။ သင့်​အ​ထဲ​တွင်​သင် သည်​လူ​မျိုး​ခြား​တို့​အား လိမ်​လည်​လှည့်​စား ၍​မု​ဆိုး​မ​များ​နှင့်​မိ​ဘ​မဲ့​သူ​တို့​အား ညှဉ်း​ဆဲ​နှိပ်​စက်​၏။-
Батька та матір у тебе легкова́жать, чужи́нцеві роблять у́тиск серед тебе, сироту та вдову пригнічують у тебе.
8 သန့်​ရှင်း​သော​ဌာန​များ​ကို​မ​ထီ​မဲ့​မြင်​ပြု​၍ ဥ​ပုသ်​နေ့​ကို​လည်း​မ​လေး​မ​စား​ပြု​၏။-
Моїми свя́тощами ти погорджуєш, а суботи Мої зневажаєш.
9 သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-
У тебе є накле́пники, щоб кров проливати, і на па́гірках їдять у тебе, розпусту чинять серед тебе.
10 ၁၀ သင့်​အ​ထဲ​တွင်​အ​ချို့​သော​သူ​တို့​သည် မိ​မိ တို့​၏​မိ​ထွေး​များ​နှင့်​ပြစ်​မှား​ကြ​၏။ သင့် အ​ထဲ​၌​အ​ချို့​က​အ​မျိုး​သ​မီး​များ ရာ​သီ​လာ​ချိန်​တွင်​အ​ဋ္ဌမ္မ​ပြု​ကျင့်​ကြ​၏။-
Наготу́ батька в тебе відкривають, жінку, у ча́сі її місячної нечистоти́, безчестять у тебе.
11 ၁၁ သင့်​အ​ထဲ​၌​အ​ချို့​သော​သူ​တို့​သည်​သူ တစ်​ပါး​၏​အိမ်​ရာ​ကို​ပြစ်​မှား​၍ မိ​မိ​တို့​၏ ချွေး​မ​များ​ကို​သော်​လည်း​ကောင်း၊ အ​ဖေ​တူ အ​မေ​ကွဲ​နှ​မ​များ​ကို​သော်​လည်း​ကောင်း ဖြား​ယောင်း​ပြစ်​မှား​ကြ​၏။-
І один робить гидо́ту з жінкою свого ближнього, а той занечищує розпустою невістку свою, а той безчестить у тебе сестру свою, дочку́ батька свого́.
12 ၁၂ သင့်​အ​ထဲ​၌​သင်​၏​လူ​အ​ချို့​တို့​သည်​ကြေး စား​လူ​သတ်​သ​မား​များ​ဖြစ်​ကြ​၏။ အ​ချို့ မှာ​မိ​မိ​တို့​ဣ​သ​ရေ​လ​အ​မျိုး​သား​များ အား​ငွေ​ချေး​၍ အ​တိုး​ကို​ယူ​ကာ​မိ​မိ​တို့ ကိုယ်​ကို​ကြွယ်​ဝ​ချမ်း​သာ​စေ​ကြ​၏။ သူ​တို့ သည်​ငါ့​အား​မေ့​လျော့​သွား​ကြ​လေ​ကုန် ပြီ'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
Пі́дкуп беруть у тебе, щоб кров проливати, ли́хву та відсо́тка береш ти й ошу́куєш у́тиском ближніх своїх. А Мене ти забуваєш, говорить Господь Бог.
13 ၁၃ ``ငါ​သည်​သင်​၏​မ​တ​ရား​စီး​ပွား​ရှာ​မှု အ​တွက်​အ​မျက်​ထွက်​လျက်၊ လက်​ဝါး​ချင်း ရိုက်​၍၊ လု​ယက်​သတ်​ဖြတ်​မှု​တို့​ကို​ရပ်​စဲ စေ​မည်။-
І ось сплесну́в Я руками Своїми за твою кривду, яку ти робила, та за кровопролиття́ твої, що були в тебе.
14 ၁၄ သင့်​အား​ငါ​စီ​ရင်​ပြီး​ချိန်​၌​သင်​သည်​ရဲ စွမ်း​သတ္တိ​ရှိ​ဦး​မည်​လော။ မိ​မိ​လက်​ကို​ပင်​မြှောက် နိုင်​ရန်​ခွန်​အား​ရှိ​ပါ​ဦး​မည်​လော။ ငါ​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။ ငါ​သည်​မိ​မိ​၏​စ​ကား အ​တိုင်း​ပြု​မည်။-
Чи всто́їть твоє серце, чи будуть міцні́ твої руки на ті дні, що Я буду з тобою чинити? Я, Господь, говорив це й зробив!
15 ၁၅ သင်​၏​လူ​တို့​ကို​ငါ​သည်​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့်​သွား စေ​လျက်​သင်​၏​ဆိုး​ညစ်​မှု​များ​ကို​ရပ်​စဲ​ပစ် မည်။-
І розпоро́шу тебе серед наро́дів, і розси́плю тебе по края́х, і викину твою нечистість із тебе.
16 ၁၆ သို့​ဖြစ်​၍​သင်​သည် အ​ခြား​လူ​မျိုး​တို့​ရှေ့​တွင် ရှုတ်​ချ​ခြင်း​ကို​ခံ​ရ​လိမ့်​မည်။ သို့​ရာ​တွင်​ငါ သည်​ထာ​ဝရ​ဘုရား​ဖြစ်​တော်​မူ​ကြောင်း​သင် သိ​ရှိ​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
І станеш ти збезче́щеною через себе на оча́х народів, і пізнаєш, що Я — Госпо́дь!“
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
І було мені слово Господнє таке:
18 ၁၈ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ငါ​၏​အ​ဖို့​အ​သုံး​မဝင် ကြ။ သူ​တို့​သည်​သတ္တု​အ​ရည်​ကျို​မီး​ဖို​တွင် ငွေ​ကို​ချွတ်​ပြီး​နောက်​ကျန်​ရစ်​သည့်​ကြေးဝါ၊ သံ​ဖြူ၊ သံ၊ ခဲ​နှင့်​တူ​၏။-
„Сину лю́дський, дім Ізраїлів став мені за жу́желицю; усі вони мідь, і ци́на, і залізо, і о́ливо в сере́дині го́рна, жу́желицею срі́бла сталися.
19 ၁၉ သို့​ဖြစ်​၍​သူ​တို့​သည်​ထို​သတ္တု​ရိုင်း​များ​ကဲ့​သို့ ပင်​အ​သုံး​မ​ဝင်​သူ​များ​ဖြစ်​ကြောင်း ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​ယ​ခု​မိန့်​တော်​မူ​ခြင်း​ဖြစ်​၏။ ငွေ၊ ကြေး​ဝါ၊ သံ၊ ခဲ​နှင့် သံ​ဖြူ​ပါ​ဝင်​သော​သတ္တု ရိုင်း​ကို​ဖို​ထဲ​တွင်​စု​၍​ထည့်​သ​ကဲ့​သို့ ငါ​သည် သူ​တို့​အား​လုံး​ကို​ယေ​ရု​ရှ​လင်​မြို့​တွင်​စု​ဝေး စေ​မည်။ မီး​သည်​သတ္တု​ရိုင်း​ကို​အ​ရည်​ပျော်​စေ သ​ကဲ့​သို့ ငါ​၏​ဒေါ​သ​အ​မျက်​သည်​သူ​တို့ အား​အ​ရည်​ပျော်​စေ​လိမ့်​မည်။-
Тому так говорить Господь Бог: За те, що всі ви стали жу́желицею, тому ось Я позбираю вас до сере́дини Єрусалиму.
20 ၂၀
Як збирають срі́бло, і мідь, і залізо, і о́ливо, і цину до сере́дини го́рна, щоб дмухати на нього огнем, щоб розтопи́ти, — так зберу́ у Своїм гніві та в люті Своїй, і покладу́, і розтоплю́ вас!
21 ၂၁ ငါ​သည်​အ​မှန်​ပင်​သူ​တို့​အား​ယေ​ရု​ရှ​လင် မြို့​တွင်​စု​ဝေး​စေ​၍​သူ​တို့​အောက်​တွင်​မီး​ထိုး လျက် ငါ​၏​အ​မျက်​တော်​သည်​သူ​တို့​အား အ​ရည်​ပျော်​စေ​လိမ့်​မည်။-
І позбираю вас, і дмухну́ на вас огнем Свого гніву, і ви будете розто́плені в сере́дині його.
22 ၂၂ ငွေ​သည်​ဖို​ထဲ​တွင်​အ​ရည်​ပျော်​ရ​သည့်​နည်း​တူ သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ရည်​ပျော် ကြ​လိမ့်​မည်။ ထို​အ​ခါ​မိ​မိ​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​အ​မျက်​တော်​ဒဏ်​ကို​ခံ​လျက်​ရှိ​နေ ရ​ကြ​ကြောင်း​ကို သူ​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Як розто́плюється срібло в сере́дині го́рна, так бу́дете розто́плені ви в сере́дині його, і пізна́єте, що Я, Господь, вилив гнів Свій на вас!“
23 ၂၃ တစ်​ဖန်​ထာ​ဝရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည်​ငါ့​ထံ​သို့​ရောက်​လာ​၏။-
І було мені слово Господнє таке:
24 ၂၄ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ ပြည်​သည်​အ​မျက်​တော်​ကျ​ရောက်​သော​နေ့ ၌၊ မိုး​ရေ​မ​ရ၊ မိုး​မ​ရွာ​ဘဲ​နေ​လိမ့်​မည်​ဖြစ် ကြောင်း ထို​ပြည်​ကို​ပြော​ကြား​လော့။-
„Сину лю́дський, скажи до неї: Ти земля неочи́щена, у дні гніву доще́м не поли́тая!
25 ၂၅ သူ​တို့​၏​ခေါင်း​ဆောင်​များ​ထဲ​တွင်​ပူး​ပေါင်း ကြံ​စည်​မှု​ရှိ​၏။ သူ​တို့​သည်​သား​ကောင်​များ ကို​ကိုက်​သတ်​ဆွဲ​ဖြတ်​ပြီး​နောက် ဟောက်​နေ သော​ခြင်္သေ့​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် လူ​များ​ကို​သတ်​၍​ရ​နိုင်​သ​မျှ​သော​ငွေ နှင့်​ဥစ္စာ​ပစ္စည်း​တို့​ကို​ယူ​ကြ​၏။ ယင်း​သို့​သတ် ဖြတ်​မှု​ဖြင့်​သူ​တို့​သည်​အ​မျိုး​သ​မီး​မြောက် မြား​စွာ​ကို​မု​ဆိုး​မ​ဘ​ဝ​သို့​ရောက်​စေ ကြ​၏။-
Змо́ва її пророків серед нього, як реву́чий лев, що здо́бич шматує: жеру́ть душу, маєток та багатство забирають, прибі́льшують уді́в її в сере́дині її.
26 ၂၆ ယဇ်​ပု​ရော​ဟိတ်​တို့​သည်​လည်း​ငါ​၏​တ​ရား တော်​ကို​ချိုး​ဖောက်​၍ မြင့်​မြတ်​သန့်​ရှင်း​သည့် အ​ရာ​ကို​မ​ရို​မ​သေ​ပြု​ကြ​၏။ သူ​တို့​သည် မြင့်​မြတ်​သန့်​ရှင်း​သည့်​အ​ရာ​နှင့် သာ​မန်​အ​ရာ ကို​ခွဲ​ခြား​မှု​မ​ပြု​ကြ။ သူ​တို့​သည်​သန့်​စင် သည့်​အ​ရာ​နှင့်​မ​သန့်​စင်​သည့်​အ​ရာ ခြား နား​ပုံ​ကို​လည်း​သင်​ကြား​၍​မ​ပေး​ကြ။ ဥ​ပုသ်​နေ့​ကို​လျစ်​လူ​ပြု​ကြ​၏။ သို့​ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငါ့​အား မ​ရို​သေ​ကြ။-
Священики її ламають Зако́на Мого, і зневажаю́ть Мої святощі, не розрізняють між святим та несвятим, і не оголошують різни́ці між нечистим та чистим, і від субіт Моїх закривають свої очі. І був Я знева́жений серед них.
27 ၂၇ အ​စိုး​ရ​အ​ရာ​ရှိ​များ​သည်​သား​ကောင် များ​ကို ကိုက်​သတ်​ဆွဲ​ဖြတ်​လျက်​နေ​သည့် ဝံ​ပု​လွေ​များ​နှင့်​တူ​ကြ​၏။ သူ​တို့​သည် မိ​မိ​တို့​ကြွယ်​ဝ​ချမ်း​သာ​ရေး​အ​တွက် အ​သက်​ကို​သတ်​၍​လူ​သတ်​မှု​ကူး​လွန် ကြ​၏။-
Князі́ її в сере́дині її, немов ті вовки́, що здо́бич шмату́ють, щоб розливати кров, щоб губити ду́ші ради ко́ристи.
28 ၂၈ ပ​ရော​ဖက်​တို့​သည်​အုတ်​တံ​တိုင်း​ကို​ထုံး​ဖြူ သုတ်​သူ​များ​ကဲ့​သို့ ထို​အ​ပြစ်​များ​ကို​ဖုံး အုပ်​ပေး​ကြ​၏။ သူ​တို့​သည်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ အ​တု​များ​ကို​မြင်​လျက် မ​ဟုတ်​မ​မှန်​သော ဗျာ​ဒိတ်​ကို​ဆင့်​ဆို​ဟော​ပြော​ကြ​၏။ သူ​တို့ က​မိ​မိ​တို့​သည်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​ကြ​သည်​ဟု​ဆို သော်​လည်း ယင်း​ဗျာ​ဒိတ်​တို့​ကို​သူ​တို့​အား ငါ​မ​ပြော​ခဲ့။-
А пророки її все замазують болотом, бачать марно́ту, і чару́ють собі неправдою, вони кажуть: „Так говорить Господь Бог“, а Господь не говорив.
29 ၂၉ ထို​ဒေ​သ​တွင်​နေ​ထိုင်​သူ​တို့​သည် အ​နိုင်​အ​ထက် လု​ယူ​၍ လု​ယက်​မှု​တို့​ကို​ပြု​ကြ​၏။ သူ​တို့​သည် ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​နှိပ်​စက်​၍ လူ​မျိုး​ခြား တို့​အား​မ​တ​ရား​သ​ဖြင့်​နိုင်​ထက်​စီး​နင်း​ပြု ကြ​၏။-
Наро́ди Кра́ю тиснуть у́тиском та грабують грабунком, а вбогого та бідака́ гно́блять, а чужи́нця тиснуть у безправ'ї.
30 ၃၀ ငါ​သည်​မိ​မိ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ​ပြည် ကို​အ​မျက်​တော်​ဖြင့် ဖျက်​ဆီး​ပစ်​မည်​ပြု​သော အ​ခါ​ထို​ပြည်​ကို​တံ​တိုင်း​ကာ​နိုင်​မည့်​သူ၊ မြို့ ရိုး​များ​ပြို​ရာ​တွင်​ရပ်​၍​ခု​ခံ​နိုင်​မည့်​သူ​ကို ငါ​ရှာ​ကြည့်​၏။ သို့​ရာ​တွင်​တစ်​စုံ​တစ်​ယောက် ကို​မျှ​မ​တွေ့​ရ။-
І шукав Я між ними чоловіка, що поставив би загоро́ду, і став би в ви́ломі перед Моїм обличчям за цей Край, щоб Я не знищив його, — та Я не знайшов!
31 ၃၁ သို့​ဖြစ်​၍​ငါ​သည်​အ​မျက်​တော်​ကို​သွန်း​လောင်း ၍ သူ​တို့​အ​ပေါ်​သို့​အ​မျက်​တော်​ကို​မီး​သ ဖွယ်​သက်​ရောက်​စေ​မည်။ သူ​တို့​ပြု​ခဲ့​သည့်​အ​မှု များ​အ​တွက်​သူ​တို့​၏​ခေါင်း​ပေါ်​သို့​ကျ​ရောက် စေ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
І Я вилив на них Свій гнів, огнем пересе́рдя Свого повигу́блював їх, їхню дорогу Я дав на їхню го́лову, каже Господь Бог“.

< ယေဇကျေလ 22 >