< ယေဇကျေလ 22 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
HERRENS Ord kom til mig saaledes:
2 ၂ ကိုယ်တော်က``အချင်းလူသား၊ သင်သည်လူ သတ်သမားများနှင့်ပြည့်နှက်လျက်ရှိသည့် မြို့ကို စစ်ဆေးစီရင်ရန်အသင့်ရှိပြီလော။ ထိုမြို့အားမိမိပြုသည့်စက်ဆုပ်ဖွယ်ရာ အမှုအပေါင်းတို့ကိုဖော်ပြလော့။-
Du Menneskesøn! Vil du dømme Blodbyen? Saa forehold den alle dens Vederstyggeligheder
3 ၃ ငါအရှင်ထာဝရဘုရားသည်ထိုမြို့အား အဘယ်သို့မိန့်တော်မူသည်ကိုဤသို့ဆင့် ဆိုလော့။ သင်သည်မိမိ၏လူတို့ကိုအမြောက် အမြားသတ်ခဲ့ပြီးရုပ်တုများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့် မိမိကိုယ်ကိုညစ်ညမ်း စေခဲ့သဖြင့်သင်၏နေ့ရက်ကာလသည် ကျရောက်လာလေပြီ။-
og sig: Saa siger den Herre HERREN: Ve Byen, der udøser Blod i sin Midte, for at dens Time skal komme, og laver sig Afgudsbilleder for at gøre sig uren.
4 ၄ သင်သည်ထိုလူသတ်မှုများအတွက်အပြစ် ရှိသည့်ပြင် မိမိပြုလုပ်သည့်ရုပ်တုများအား ဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေသည်ဖြစ်၍သင် ၏နေ့ရက်ကာလသည်ကျရောက်လာလေပြီ။ သင်၏နှစ်များကုန်ဆုံးချိန်စေ့ပြီ။ သို့ဖြစ်၍ ငါသည်သင့်အားလူမျိုးတကာတို့ပြက် ရယ်ပြုစရာ၊ အတိုင်းတိုင်းအပြည်ပြည် ၏ပြောင်လှောင်စရာဖြစ်စေတော်မူပြီ။-
Ved dine egne Folks Blod, som du har udgydt, har du paadraget dig Skyld, og ved de Afgudsbilleder du har lavet, er du blevet uren; du har bragt din Time nær og hidført dine Aars Frist. Derfor gør jeg dig til Haan for Folkene og til Spot for alle Lande;
5 ၅ ရပ်နီးရပ်ဝေးရှိတိုင်းပြည်တို့သည်သင် တရားလက်လွတ်ပြုကျင့်၍ နာမည်ပျက် မှုကြောင့်ပြောင်လှောင်ကြ၏။-
fra nær og fjern skal man spotte dig, du, hvis Navn er skændet, og som er fuld af Larm.
6 ၆ သင့်အထဲရှိဣသရေလအမျိုးသားခေါင်း ဆောင်အပေါင်းတို့သည် မိမိတို့၏စွမ်းရည် ကိုအားကိုး၍လူသတ်မှုများကိုကူးလွန် ကြ၏။-
Se, Israels Fyrster optræder hver og een egenmægtigt i dig og udøser Blod.
7 ၇ သင့်အထဲတွင်အဘယ်သူမျှမိဘကိုရို သေမြတ်နိုးမှုမပြုကြ။ သင့်အထဲတွင်သင် သည်လူမျိုးခြားတို့အား လိမ်လည်လှည့်စား ၍မုဆိုးမများနှင့်မိဘမဲ့သူတို့အား ညှဉ်းဆဲနှိပ်စက်၏။-
Fader og Moder ringeagtes, den fremmede undertrykkes i dig, den faderløse og Enken lider Uret.
8 ၈ သန့်ရှင်းသောဌာနများကိုမထီမဲ့မြင်ပြု၍ ဥပုသ်နေ့ကိုလည်းမလေးမစားပြု၏။-
Mine hellige Ting agter du ringe og vanhelliger mine Sabbater.
9 ၉ သင်၏အထဲ၌အချို့တို့သည်ကုန်းချော၍ သူတစ်ပါးတို့အားသေကြောင်းကြံကြ၏။ သင့်အထဲ၌တောင်ပေါ်ရှိဝတ်ပြုရာဌာန များတွင် ရုပ်တုများအားယဇ်ပူဇော်သည့် အသားကိုစားကြ၏။ အချို့မှာအစဉ် ကာမဂုဏ်လိုက်စားကြ၏။-
Du har Æreskændere i din Midte, som bagtaler, saa der udøses Blod, og Folk, som spiser paa Bjergene. Utugt gaar i Svang i din Midte;
10 ၁၀ သင့်အထဲတွင်အချို့သောသူတို့သည် မိမိ တို့၏မိထွေးများနှင့်ပြစ်မှားကြ၏။ သင့် အထဲ၌အချို့ကအမျိုးသမီးများ ရာသီလာချိန်တွင်အဋ္ဌမ္မပြုကျင့်ကြ၏။-
i dig blottes Faderens Skam, og Kvinder krænkes i deres Urenheds Tid.
11 ၁၁ သင့်အထဲ၌အချို့သောသူတို့သည်သူ တစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မိမိတို့၏ ချွေးမများကိုသော်လည်းကောင်း၊ အဖေတူ အမေကွဲနှမများကိုသော်လည်းကောင်း ဖြားယောင်းပြစ်မှားကြ၏။-
Man øver Vederstyggelighed mod sin Næstes Hustru, man gør sin Sønnekone uren ved Utugt, man skænder i dig sin kødelige Søster.
12 ၁၂ သင့်အထဲ၌သင်၏လူအချို့တို့သည်ကြေး စားလူသတ်သမားများဖြစ်ကြ၏။ အချို့ မှာမိမိတို့ဣသရေလအမျိုးသားများ အားငွေချေး၍ အတိုးကိုယူကာမိမိတို့ ကိုယ်ကိုကြွယ်ဝချမ်းသာစေကြ၏။ သူတို့ သည်ငါ့အားမေ့လျော့သွားကြလေကုန် ပြီ'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာ ဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
I dig tager man Gave for at udøse Blod; du tager Aager og Opgæld, voldelig øver du Svig mod din Næste; og mig glemmer du, lyder det fra den Herre HERREN.
13 ၁၃ ``ငါသည်သင်၏မတရားစီးပွားရှာမှု အတွက်အမျက်ထွက်လျက်၊ လက်ဝါးချင်း ရိုက်၍၊ လုယက်သတ်ဖြတ်မှုတို့ကိုရပ်စဲ စေမည်။-
Men se, jeg slaar Hænderne sammen over den uredelige Vinding, du har skaffet dig, og over det Blod, der er udøst i dig.
14 ၁၄ သင့်အားငါစီရင်ပြီးချိန်၌သင်သည်ရဲ စွမ်းသတ္တိရှိဦးမည်လော။ မိမိလက်ကိုပင်မြှောက် နိုင်ရန်ခွန်အားရှိပါဦးမည်လော။ ငါထာဝရ ဘုရားမိန့်တော်မူ၏။ ငါသည်မိမိ၏စကား အတိုင်းပြုမည်။-
Kan dit Hjerte holde Stand, kan dine Hænder være faste i de Dage, da jeg tager fat paa dig? Jeg, HERREN, har talet, og jeg fuldbyrder det.
15 ၁၅ သင်၏လူတို့ကိုငါသည်အတိုင်းတိုင်းအပြည် ပြည်နှင့်လူမျိုးတကာတို့ထံသို့ပျံ့လွင့်သွား စေလျက်သင်၏ဆိုးညစ်မှုများကိုရပ်စဲပစ် မည်။-
Jeg vil sprede dig blandt Folkene og udstrø dig i Landene og tage din Urenhed fra dig;
16 ၁၆ သို့ဖြစ်၍သင်သည် အခြားလူမျိုးတို့ရှေ့တွင် ရှုတ်ချခြင်းကိုခံရလိမ့်မည်။ သို့ရာတွင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်းသင် သိရှိရလိမ့်မည်'' ဟုမိန့်တော်မူ၏။
jeg vil lade mig vanære ved dig for Folkenes Øjne; og du skal kende, at jeg er HERREN.
17 ၁၇ ထာဝရဘုရား၏နှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
Og HERRENS Ord kom til mig saaledes:
18 ၁၈ ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့သည်ငါ၏အဖို့အသုံးမဝင် ကြ။ သူတို့သည်သတ္တုအရည်ကျိုမီးဖိုတွင် ငွေကိုချွတ်ပြီးနောက်ကျန်ရစ်သည့်ကြေးဝါ၊ သံဖြူ၊ သံ၊ ခဲနှင့်တူ၏။-
Menneskesøn! Israels Hus er blevet mig til Slagger; de er alle blevet Kobber, Tin, Jern og Bly i Smelteovnen; Sølvslagger er de blevet.
19 ၁၉ သို့ဖြစ်၍သူတို့သည်ထိုသတ္တုရိုင်းများကဲ့သို့ ပင်အသုံးမဝင်သူများဖြစ်ကြောင်း ငါအရှင် ထာဝရဘုရားယခုမိန့်တော်မူခြင်းဖြစ်၏။ ငွေ၊ ကြေးဝါ၊ သံ၊ ခဲနှင့် သံဖြူပါဝင်သောသတ္တု ရိုင်းကိုဖိုထဲတွင်စု၍ထည့်သကဲ့သို့ ငါသည် သူတို့အားလုံးကိုယေရုရှလင်မြို့တွင်စုဝေး စေမည်။ မီးသည်သတ္တုရိုင်းကိုအရည်ပျော်စေ သကဲ့သို့ ငါ၏ဒေါသအမျက်သည်သူတို့ အားအရည်ပျော်စေလိမ့်မည်။-
Derfor, saa siger den Herre HERREN: Fordi I alle er blevet til Slagger, derfor vil jeg samle eder i Jerusalem;
som man samler Sølv, Kobber, Jern, Bly og Tin i en Smelteovn og blæser til Ilden for at smelte det, saaledes vil jeg i min Vrede og Harme samle eder og kaste eder ind og smelte eder;
21 ၂၁ ငါသည်အမှန်ပင်သူတို့အားယေရုရှလင် မြို့တွင်စုဝေးစေ၍သူတို့အောက်တွင်မီးထိုး လျက် ငါ၏အမျက်တော်သည်သူတို့အား အရည်ပျော်စေလိမ့်မည်။-
jeg vil samle eder og blæse min Vredes Ild op imod eder, saa I smeltes deri.
22 ၂၂ ငွေသည်ဖိုထဲတွင်အရည်ပျော်ရသည့်နည်းတူ သူတို့သည်ယေရုရှလင်မြို့တွင်အရည်ပျော် ကြလိမ့်မည်။ ထိုအခါမိမိတို့သည်ထာဝရ ဘုရား၏အမျက်တော်ဒဏ်ကိုခံလျက်ရှိနေ ရကြကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
Som Sølv smeltes i Smelteovnen, skal I smeltes deri; og I skal kende, at jeg, HERREN, har udøst min Vrede over eder.
23 ၂၃ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
Og HERRENS Ord kom til mig saaledes:
24 ၂၄ ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သည်အမျက်တော်ကျရောက်သောနေ့ ၌၊ မိုးရေမရ၊ မိုးမရွာဘဲနေလိမ့်မည်ဖြစ် ကြောင်း ထိုပြည်ကိုပြောကြားလော့။-
Menneskesøn, sig til Landet: Du er et Land, der ikke faar Regn og Byger paa Vredens Dag,
25 ၂၅ သူတို့၏ခေါင်းဆောင်များထဲတွင်ပူးပေါင်း ကြံစည်မှုရှိ၏။ သူတို့သည်သားကောင်များ ကိုကိုက်သတ်ဆွဲဖြတ်ပြီးနောက် ဟောက်နေ သောခြင်္သေ့များနှင့်တူကြ၏။ သူတို့သည် လူများကိုသတ်၍ရနိုင်သမျှသောငွေ နှင့်ဥစ္စာပစ္စည်းတို့ကိုယူကြ၏။ ယင်းသို့သတ် ဖြတ်မှုဖြင့်သူတို့သည်အမျိုးသမီးမြောက် မြားစွာကိုမုဆိုးမဘဝသို့ရောက်စေ ကြ၏။-
hvis Fyrster er som brølende Løver paa Rov; de tilintetgør Sjæle, tilriver sig Gods og Guld, gør mange til Enker deri.
26 ၂၆ ယဇ်ပုရောဟိတ်တို့သည်လည်းငါ၏တရား တော်ကိုချိုးဖောက်၍ မြင့်မြတ်သန့်ရှင်းသည့် အရာကိုမရိုမသေပြုကြ၏။ သူတို့သည် မြင့်မြတ်သန့်ရှင်းသည့်အရာနှင့် သာမန်အရာ ကိုခွဲခြားမှုမပြုကြ။ သူတို့သည်သန့်စင် သည့်အရာနှင့်မသန့်စင်သည့်အရာ ခြား နားပုံကိုလည်းသင်ကြား၍မပေးကြ။ ဥပုသ်နေ့ကိုလျစ်လူပြုကြ၏။ သို့ဖြစ်၍ ဣသရေလအမျိုးသားတို့သည်ငါ့အား မရိုသေကြ။-
Præsterne øver Vold mod min Lov, vanhelliger mine hellige Ting og gør ikke Skel mellem det, der er helligt, og det, der ikke er helligt, lærer ikke Forskel mellem rent og urent og lukker Øjnene for mine Sabbater, saa jeg er blevet vanhelliget iblandt dem.
27 ၂၇ အစိုးရအရာရှိများသည်သားကောင် များကို ကိုက်သတ်ဆွဲဖြတ်လျက်နေသည့် ဝံပုလွေများနှင့်တူကြ၏။ သူတို့သည် မိမိတို့ကြွယ်ဝချမ်းသာရေးအတွက် အသက်ကိုသတ်၍လူသတ်မှုကူးလွန် ကြ၏။-
Fyrsterne er som Ulve paa Rov: de er ivrige efter at udøse Blod og tilintetgøre Menneskeliv for at skaffe sig Vinding.
28 ၂၈ ပရောဖက်တို့သည်အုတ်တံတိုင်းကိုထုံးဖြူ သုတ်သူများကဲ့သို့ ထိုအပြစ်များကိုဖုံး အုပ်ပေးကြ၏။ သူတို့သည်ဗျာဒိတ်ရူပါရုံ အတုများကိုမြင်လျက် မဟုတ်မမှန်သော ဗျာဒိတ်ကိုဆင့်ဆိုဟောပြောကြ၏။ သူတို့ ကမိမိတို့သည်အရှင်ထာဝရဘုရား ဗျာဒိတ်တော်ကိုဆင့်ဆိုကြသည်ဟုဆို သော်လည်း ယင်းဗျာဒိတ်တို့ကိုသူတို့အား ငါမပြောခဲ့။-
Profeterne stryger over med Kalk, idet de skuer Tomhed og varsler Løgn og siger: »Saa siger den Herre HERREN!« uden at HERREN har talet.
29 ၂၉ ထိုဒေသတွင်နေထိုင်သူတို့သည် အနိုင်အထက် လုယူ၍ လုယက်မှုတို့ကိုပြုကြ၏။ သူတို့သည် ဆင်းရဲချို့တဲ့သူတို့အားနှိပ်စက်၍ လူမျိုးခြား တို့အားမတရားသဖြင့်နိုင်ထက်စီးနင်းပြု ကြ၏။-
Det menige Folk øver Vold og gaar paa Rov, den arme og fattige gør de Uret, og den fremmede undertrykker de imod Lov og Ret.
30 ၃၀ ငါသည်မိမိ၏လူမျိုးတော်နေထိုင်ရာပြည် ကိုအမျက်တော်ဖြင့် ဖျက်ဆီးပစ်မည်ပြုသော အခါထိုပြည်ကိုတံတိုင်းကာနိုင်မည့်သူ၊ မြို့ ရိုးများပြိုရာတွင်ရပ်၍ခုခံနိုင်မည့်သူကို ငါရှာကြည့်၏။ သို့ရာတွင်တစ်စုံတစ်ယောက် ကိုမျှမတွေ့ရ။-
Jeg søgte iblandt dem efter en, der vilde bygge en Mur og stille sig i Gabet for mit Aasyn til Værn for Landet, at jeg ikke skulde ødelægge det; men jeg fandt ingen.
31 ၃၁ သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
Derfor udøser jeg min Vrede over dem, med min Harmes Ild tilintetgør jeg dem; deres Færd lader jeg komme over deres Hoved, lyder det fra den Herre HERREN.