< ယေဇကျေလ 20 >
1 ၁ ပြည်နှင်ဒဏ်ခံရသည့်သတ္တမနှစ်မြောက်၊ ပဉ္စမလ၊ လဆန်းငါးရက်နေ့၌ဣသရေလခေါင်းဆောင် အချို့တို့သည် ထာဝရဘုရား၏အလိုတော် ကိုစုံစမ်းမေးမြန်းရန် ငါ့ထံသို့လာရောက်ကြ ၏။ ထိုသူတို့ငါ၏ရှေ့တွင်ထိုင်ကြသောအခါ၊-
၁သက္ကရာဇ် ခုနစ်ခု၊ ပဥ္စမလဆယ်ရက်နေ့တွင်၊ ဣသရေလအမျိုး အသက်ကြီးသူတို့သည် ထာဝရဘုရား ကို မေးလျှောက်ခြင်းငှါ လာ၍ငါ့ရှေ့မှာ ထိုင်နေကြ၏။
2 ၂ ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုငါ ကြားရ၏။-
၂ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
3 ၃ ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။
၃အချင်းလူသား၊ အရှင်ထာဝရဘုရား၏ အမိန့် တော်ကို ဣသရေလအမျိုး အသက်ကြီးသူတို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့သည် ငါ့ထံ၌ မေးလျှောက်ခြင်းငှါ လာကြသလော။ ငါအသက်ရှင်သည်အတိုင်း သင်တို့ မေးလျှောက်ခြင်းကို ငါမခံ။
4 ၄ ``အချင်းလူသား၊ သင်သည်သူတို့အားစစ် ဆေးစီရင်ရန်အသင့်ရှိပြီလော။ အသင့်ရှိ လျှင်စစ်ဆေးစီရင်လော့။ သူတို့အားမိမိ တို့ဘိုးဘေးများပြုကျင့်ခဲ့သောစက်ဆုပ် ဖွယ်ကောင်းသည့်အမှုတို့ကိုသတိပေးဖော် ပြလော့။-
၄အချင်းလူသား၊ သင်သည်သူတို့ကို စစ်ကြော လော့။ စစ်ကြောလော့။ သူတို့ဘိုးဘေးပြုဘူးသော စက်ဆုပ်ရွံရှာဘွယ်အမှုကို ဘော်ပြ၍၊
5 ၅ ငါအရှင်ထာဝရဘုရားအဘယ်သို့မိန့်တော် မူကြောင်းကိုလည်း ပြောပြလော့။ ဣသရေလ လူမျိုးတို့ကိုငါရွေးကောက်တော်မူ၍ ယာကုပ် ၏အမျိုးအနွယ်တို့အားငါသည်ကတိပေး ကျိန်ဆိုခဲ့၏။ အီဂျစ်ပြည်တွင်ငါသည်သူတို့ အားထင်ရှားလျက် ငါသည်သူတို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူကြောင်း ကိုကျိန်ဆိုခဲ့၏။-
၅အရှင်ထာဝရဘုရား၏ အမိန့်တော်ကိုဆင့်ဆို ရမည်မှာ၊ ဣသရေလအမျိုး ငါရွေးကောက်၍၊ အဲဂုတ္တု ပြည်၌ သူတို့အား ထင်ရှားလျက်၊ ငါသည်သင်တို့၏ ဘုရား သခင် ထာဝရဘုရားဖြစ်သည်ဟု၊ ယာကုပ်အမျိုး သားတို့ အား ကျိန်ဆိုသည်ကာလ၊
6 ၆ သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင်ကာ သူတို့အတွက်ရွေးချယ်ထားသောပြည်သို့ ခေါ်ယူသွားမည်ဟု ငါကတိပေးကျိန်ဆို ခဲ့သည်မှာထိုအခါကဖြစ်၏။ ထိုပြည်ကား နို့နှင့်ပျားရည်စီးဆင်းနေ၍ပေါများသော ပြည်၊ အသာယာဆုံးသောပြည်ဖြစ်၏။-
၆သူတို့ကို အဲဂုတ္တုပြည်မှ ငါနှုတ်ပြီးလျှင်၊ ပြည် တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့်ပျားရည် စီးသောပြည်၊ သူတို့အဘို့ငှါ ကြည့်ရှုသော ပြည်သို့ ဆောင်သွားခြင်းငှါ ကျိန်ဆိုသောအခါ၊
7 ၇ ငါသည်သူတို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်သဖြင့် မိမိတို့မြတ်နိုးသည့် စက်ဆုပ်ဖွယ်ရာရုပ်တုများကိုစွန့်ပစ်လိုက် ကြရန်နှင့်အီဂျစ်ဘုရားအတုများကို ကိုးကွယ်ခြင်းဖြင့် မိမိတို့ကိုယ်ကိုမညစ် ညမ်းကြစေရန်သူတို့အားပြောသော်လည်း၊-
၇သင်တို့အသီးအသီး ဖူးမျှော်သော စက်ဆုပ်ရွံရှာ ဘွယ်အရာတို့ကို စွန့်ပစ်ကြလော့။ အဲဂုတ္တုရုပ်တုတို့နှင့် ကိုယ်ကိုကိုယ် မညစ်ညူးစေကြနှင့်။ ငါသည်သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု ငါဆိုသော်လည်း၊
8 ၈ သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
၈သူတို့သည် နားမထောင်၊ ငါ့ကိုပုန်ကန်ကြ၏။ အသီး သီးဖူးမြင်သော စက်ဆုပ်ရွံရှာဘွယ် အရာတို့ကို၎င်း၊ အဲဂုတ္တုရုပ်တုကို၎င်း၊ မစွန့်ပစ်ဘဲနေ ကြ၏။ ထိုကြောင့်၊ သူတို့၌ ငါ့ဒေါသစိတ်ပြေမည်အကြောင်း၊ အဲဂုတ္တုပြည် ထဲမှာ သူတို့အပေါ်သို့ ငါ့အမျက်ရှိန်ကို သွန်းလောင်းမည် ဟု ငါအကြံရှိ၏။
9 ၉ သို့ရာတွင်ငါ၏နာမတော်ကို သူတို့အတူ တကွနေထိုင်လျက်ရှိသောနိုင်ငံများရှေ့တွင် အသရေမပျက်စေခြင်းငှာယင်းသို့မပြု ခဲ့။ အဘယ်ကြောင့်ဆိုသော်ဣသရေလ အမျိုးသားတို့အား အီဂျစ်ပြည်မှထုတ် ဆောင်တော်မူခြင်းဖြင့် သူတို့နှင့်အတူနေ ထိုင်ကြသောလူမျိုးခြားတို့၏ရှေ့တွင် ငါ သည်ထင်ရှားတော်မူခဲ့ပြီဖြစ်သောကြောင့် တည်း။
၉သို့ရာတွင်၊ သူတို့နေသော တပါးအမျိုးသားတို့ ရှေ့မှာ၊ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက်စီရင်၍၊ တပါးအမျိုးသားတို့ရှေ့မှာ ထင်ရှားလျက်၊ သူတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်လေ ၏။
10 ၁၀ ``သို့ဖြစ်၍ငါသည်သူတို့အားအီဂျစ် ပြည်မှတောကန္တာရသို့ထုတ်ဆောင်ကာ၊-
၁၀အဲဂုတ္တုပြည်မှ နှုတ်ဆောင်၍ တောသို့ ရောက် သောအခါ၊
11 ၁၁ ငါ၏အမိန့်တို့ကိုနာခံစေ၍ ပညတ်တော် တို့ကိုသင်ကြားပေး၏။ ယင်းတို့ကိုစောင့် ထိန်းသူတို့သည်အသက်ရှင်ရလိမ့်မည်။-
၁၁ကျင့်သောသူ၌ အသက်ရှင်စရာအကြောင်း ဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို ငါဘော်ပြ၏။
12 ၁၂ သူတို့အားမြင့်မြတ်သန့်ရှင်းစေသူမှာ ငါ ထာဝရဘုရားပင်ဖြစ်ကြောင်းသတိပေး လိုသဖြင့် ငါနှင့်သူတို့သဘောတူသည့် အမှတ်လက္ခဏာအနေဖြင့် ဥပုသ်နေ့ကို စောင့်ထိန်းကြရန်ငါပြဋ္ဌာန်းထား၏။-
၁၂ထိုမှတပါး၊ ငါထာဝရဘုရားသည် သူတို့ကို သန့်ရှင်းစေသည်ဟု သူတို့သည် သိမည်အကြောင်း၊ ငါနှင့် သူတို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေခြင်းငှါ၊ ငါ၏ ဥပုသ်နေ့တို့ကို ငါခန့်ထား၏။
13 ၁၃ သို့ရာတွင်သူတို့သည်တောကန္တာရ၌ပင် ငါ့ကိုအာခံကြ၏။ ငါ၏အမိန့်တော်တို့ ကိုလိုက်နာသူမှန်သမျှသည်အသက်ရှင် ခွင့်ရမည်ဖြစ်သော်လည်းသူတို့သည်ငါ ၏ပညတ်တော်တို့ကိုချိုးဖောက်၍ငါ၏ အမိန့်တော်တို့ကိုပစ်ပယ်ကြ၏။ ဥပုသ်နေ့ ကိုလည်းအလျှင်းမရိုသေ။ သို့ဖြစ်၍ငါ သည်သူတို့အားတောကန္တာရတွင်ငါ၏ အမျက်တော်သွန်းလောင်းခြင်းဒဏ်ကိုခံ စေ၍ သုတ်သင်ဖျက်ဆီးပစ်ရန်အကြံရှိ ခဲ့၏။-
၁၃သို့ရာတွင်၊ ဣသရေလအမျိုးသည် တော၌ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော ငါ၏စီရင်ထုံးဖွဲ့ချက်ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို အလွန်ရှုတ်ချ ကြ၏။ ထိုအခါ သူတို့ဖျက်ဆီးခြင်းငှါ၊ တော၌သူတို့ အပေါ်သို့ ငါ့အမျက်အရှိန်ကို သွန်းလောင်းမည်ဟု အကြံ ရှိ၏။
14 ၁၄ သို့ရာတွင်ယင်းသို့ဖျက်ဆီးပစ်ပါမူနိုင်ငံ တကာရှေ့တွင် ငါ၏နာမတော်အသရေ ပျက်လိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့ အားအီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့သည်ကို လူမျိုးတကာတို့မြင်ခဲ့ကြသောကြောင့် ဖြစ်၏။-
၁၄သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်းကျေးဇူးကို မြင် သော တပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမအသရေကို မပျက်စေခြင်းငှါ၊ ငါသည် နာမတော်အတွက် စီရင် လေ၏။
15 ၁၅ သို့ဖြစ်၍အသာယာဆုံးသောပြည်၊ နို့နှင့် ပျားရည်စီးနေသောပြည်တည်းဟူသော ငါပေးအပ်ခဲ့သည့်ပြည်သို့ သူတို့အားပို့ ဆောင်တော့မည်မဟုတ်ဟုငါသည်တော ကန္တာရတွင်ကျိန်ဆိုခဲ့၏။-
၁၅တဖန်၊ ပြည်တကာတို့၏ အထွဋ်ဖြစ်၍ နို့နှင့် ပျားရည်စီးသော ပြည်၊ သူတို့အားငါပေးသောပြည်သို့ မပို့ဆောင်ခြင်းငှါ၊ တော၌ ငါကျိန်ဆို၏။
16 ၁၆ ယင်းသို့ကျိန်ဆိုရခြင်းအကြောင်းမှာသူတို့ သည် မိမိတို့၏ရုပ်တုကိုးကွယ်မှုကိုပိုမို နှစ်သက်ကြလျက် ငါ၏အမိန့်တော်တို့ကို ပစ်ပယ်ကာငါ၏ပညတ်တော်တို့ကိုချိုး ဖောက်၍ ဥပုသ်နေ့ကိုမရိုမသေပြုကြ သောကြောင့်ဖြစ်၏။
၁၆အကြောင်းမူကား၊ သူတို့သည် ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။
17 ၁၇ ``သို့သော်ငါသည်သူတို့ကိုသနားသဖြင့် တောကန္တာရတွင်ဆုံးပါးပျက်စီးစေရန် မပြု။-
၁၇သို့သော်လည်း၊ ငါသည်သူတို့ကို နှမြောသော ကြောင့် မဖျက်ဆီး၊ တော၌ဆုံးရှုံးစေခြင်းငှါ မပြု။
18 ၁၈ သို့ရာတွင်တောကန္တာရထဲမှသူတို့၏သား သမီးများအား`သင်တို့ဘိုးဘေးများစီရင် ခဲ့သည့်စည်းမျဉ်းများကိုမကျင့်သုံးကြ နှင့်။ သူတို့၏ဋ္ဌလေ့ထုံးစံများကိုမလိုက် လျှောက်ကြနှင့်။ သူတို့၏ရုပ်တုများကို ကိုးကွယ်ခြင်းအားဖြင့်ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။-
၁၈သားမြေးတို့အားလည်း၊ သင်တို့၏ ဘိုးဘေး စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်ကြနှင့်။ သူတို့၏ ရုပ်တုများအားဖြင့် ကိုယ်ကိုမညစ်ညူးစေကြနှင့်။
19 ၁၉ ငါသည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားဖြစ်၏။ ငါ၏ပညတ်တော်တို့ကို စောင့်ထိန်း၍ ငါ၏အမိန့်တော်တို့ကိုနာခံ ကြလော့။-
၁၉ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရား ဖြစ်၏။ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်၍ ကျင့်ကြံကြလော့။
20 ၂၀ ငါနှင့်သင်တို့ဖွဲ့ထားသည့်ပဋိညာဉ်၏အမှတ် လက္ခဏာဖြစ်စေရန်နှင့် ငါသည်သင်တို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ ကြောင်းကိုလည်း သင်တို့အားသတိရစေရန် ဥပုသ်နေ့ကိုသန့်ရှင်းစေကြလော့' ဟုငါ သတိပေး၏။
၂၀ငါ၏ဥပုသ်နေ့တို့ကိုလည်း သန့်ရှင်းစေကြလော့။ ငါသည် သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သည် ဟု၊ သင်တို့သည်သိမည်အကြောင်း၊ ထိုဥပုသ်နေ့တို့ကို ငါနှင့်သင်တို့စပ်ကြားမှာ လက္ခဏာသက်သေဖြစ်စေကြ လော့ဟု ငါဆို၏။
21 ၂၁ ``သို့ရာတွင်ထိုလူမျိုးဆက်သည်လည်းငါ့ကို အာခံကြ၏။ ငါ၏အမိန့်တော်တို့ကိုလိုက်နာ သူမှန်သမျှသည်အသက်ရှင်ခွင့်ရမည်ဖြစ် သော်လည်း သူတို့သည်ငါ၏ပညတ်တော်တို့ ကိုချိုးဖောက်၍ငါ၏အမိန့်တော်တို့ကိုပစ် ပယ်ကြ၏။ ဥပုသ်နေ့ကိုလည်းအလျှင်းမ ရိုသေ။ သူတို့အားတောကန္တာရတွင်သေစေ ရန် ငါသည်မိမိ၏အမျက်တော်ကိုသူတို့ အပေါ်သို့သွန်းလောင်း၍ အမျက်တော်ဒဏ် ကိုခံစေမည်ဟုအကြံရှိခဲ့သော်လည်း၊-
၂၁သို့သော်လည်း၊ သူတို့၏သားမြေးတို့သည် ငါ့ကို ပုန်ကန်ကြ၏။ ကျင့်သောသူ၌ အသက်ရှင်စရာ အကြောင်းဖြစ်သော၊ ငါ၏စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့် ရှောက်၊ မကျင့်ကြံဘဲနေ၍၊ ငါ၏ဥပုသ်နေ့တို့ကို ရှုတ်ချ ကြ၏။ ထိုအခါ ငါသည်သူတို့၌ ဒေါသစိတ်ကို ပြေစေ ခြင်းငှါ၊ တောထဲမှာငါ၏ အမျက်အရှိန်ကို သူတို့အပေါ်သို့ သွန်းလောင်းမည်ဟု အကြံရှိ၏။
22 ၂၂ မခံစေခဲ့။ အဘယ်ကြောင့်ဆိုသော်ယင်းသို့ ပြုပါမူ ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှငါထုတ်ဆောင်ခဲ့သည်ကို မြင်သောလူမျိုးတို့၏ရှေ့တွင် ငါ၏နာမ တော်အသရေပျက်မည်ဖြစ်သောကြောင့် တည်း။-
၂၂သို့ရာတွင်၊ ငါနှုတ်ဆောင်ခြင်း ကျေးဇူးကို သိမြင်သော တပါးအမျိုးသားတို့ရှေ့မှာ ငါ၏နာမ အသရေကို မပျက်စေခြင်းငှါ၊ ငါသည်နာမတော်အတွက် သည်းခံလျက်နေ၏။
23 ၂၃ ထို့ကြောင့်ငါသည်သူတို့အားကမ္ဘာအရပ် ရပ်သို့ကွဲလွင့်စေမည်ဟု တောကန္တာရတွင် ငါကျိန်ဆို၏။-
၂၃တဖန် ငါသည် သူတို့ကို အတိုင်းတိုင်း အပြည် ပြည် အရပ်ရပ်တို့သို့ ကွဲပြားစေခြင်းငှါ တော၌ ကျိန်ဆို၏။
24 ၂၄ ယင်းသို့ပြုရသည့်အကြောင်းမှာသူတို့သည် ငါ၏အမိန့်တော်တို့ကိုပစ်ပယ်ကာ ငါ၏ပညတ် တော်တို့ကိုချိုးဖောက်လျက်ဥပုသ်နေ့ကိုမရို မသေပြုပြီးလျှင် ဘိုးဘေးတို့ကိုးကွယ်ခဲ့သော ရုပ်တုတို့ကိုဝတ်ပြုကြသောကြောင့်ဖြစ်၏။''
၂၄အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့ ကိုးကွယ်သော ရုပ်တုများကို ငဲ့ကွက်သောကြောင့်၊ ငါ၏ စီရင်ထုံးဖွဲ့ချက်တို့ကို မစောင့်ရှောက်၊ မထီမဲ့မြင်ပြု၍ ငါ၏ ဥပုသ်နေ့တို့ကို ရှုတ်ချကြ၏။
25 ၂၅ ``ထိုနောက်ငါသည်သူတို့အားမလျောက်ပတ် သည့်ပညတ်များနှင့် အသက်ရှင်မှုကိုမပြု စုနိုင်သည့်အမိန့်တော်များကိုပေး၏။-
၂၅ထိုကြောင့်၊ မကောင်းသောစီရင်ချက်၊ အသက် မရှင်ရသော ထုံးဖွဲ့ချက်တို့ကို ငါပေး၏။
26 ၂၆ သူတို့သည်မိမိတို့၏သားဦးများကိုယဇ်ပူ ဇော်ခြင်းအားဖြင့် မိမိတို့ကိုယ်ကိုညစ်ညမ်း ကြစေရန်သူတို့အားငါအခွင့်ပေး၏။ ယင်း သို့အခွင့်ပေးရသည့်အကြောင်းမှာ ငါသည် ဘုရားသခင်ဖြစ်တော်မူကြောင်းပြသရန် နှင့်သူတို့အားဒဏ်ခတ်ရန်ဖြစ်၏။''
၂၆ငါသည် ထာဝရဘုရားဖြစ်သည်ကို သူတို့သည် သိမည်အကြောင်း၊ သူတို့ကိုဖျက်ဆီးခြင်းငှါ၊ သူတို့သည် သားဦးအပေါင်းတို့ကို မီးဖြင့် ပူဇော်ရာတွင်၊ သူတို့ပူဇော် သက္ကာများအားဖြင့် ငါညစ်ညူးစေ၏။
27 ၂၇ ``သို့ဖြစ်၍အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အား ငါအရှင်ထာဝရ ဘုရားအဘယ်သို့မိန့်တော်မူသည်ကို ယခုဆင့်ဆိုလော့။ သူတို့၏ဘိုးဘေးများ သည်သစ္စာဖောက်ခြင်းအားဖြင့် ငါ့ကိုစော် ကားကြပြန်သည့်နည်းမှာဤသို့တည်း။-
၂၇သို့ဖြစ်၍၊ အချင်းလူသား၊ အရှင်ထာဝရဘုရား ၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ သင်တို့၏ဘိုးဘေးတို့သည် ငါ့ကိုအထပ်ထပ် ပြစ်မှား၍ ရှုတ်ချကြသည်တကား။
28 ၂၈ ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
၂၈သူတို့အား ပေးခြင်းငှါ ငါကျိန်ဆိုသောပြည်သို့ ဆောင်သွင်းသောအခါ၊ သူတို့သည်မြင့်သောတောင်၊ ထူထပ်သော သစ်ပင်ရှိသမျှတို့ ကိုကြည့်ရှု၍၊ ထိုအရပ်တို့ ၌ ယဇ်ပူဇော်ခြင်း၊ ငါ့အမျက်ကို နှိုးဆော်သော အလှူဒါန ကိုတင်ခြင်း၊ နံ့သာပေါင်းကို မီးရှို့ခြင်း၊ အရည်ပူဇော် သက္ကာသွန်းလောင်းခြင်းတို့ကို ပြုကြ၏။
29 ၂၉ ငါသည်သူတို့ကို`သင်တို့သွားကြသည့် ကုန်းမြင့်များကားအဘယ်နည်း' ဟုမေး၏။ ထိုကြောင့်ထိုအရပ်တို့သည်ယနေ့တိုင် အောင်ဗာမာဟုခေါ်သော``ကုန်းမြင့်'' များ ဟုတွင်သတည်း။-
၂၉ငါကလည်း၊ သင်တို့သွားတတ်သော မြင့်ရာ အရပ်ကား၊ အဘယ်နည်းဟု မေးသော်လည်း၊ ယနေ့ တိုင်အောင် မြင့်ရာအရပ်ဟု ဆိုလိုသော ဗာမာအမည် ဖြင့် သမုတ်ကြ၏။
30 ၃၀ ဣသရေလအမျိုးသားတို့အားအရှင် ထာဝရဘုရား ဤသို့မိန့်ဆိုကြောင်းဆင့် ဆိုလော့။ `သင်တို့သည်အဘယ်ကြောင့်ဘိုး ဘေးတို့အပြစ်ကူးလွန်၍ညစ်ညမ်းစေ သကဲ့သို့ သင်တို့ကိုယ်ကိုညစ်ညမ်းစေကြ သနည်း။ သူတို့ကိုးကွယ်သည့်ညစ်ညမ်း သောရုပ်တုတို့ကိုကိုးကွယ်ကြသနည်း။-
၃၀သို့ဖြစ်၍၊ သင်သည် အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဣသရေလအမျိုးသားတို့အား ဆင့်ဆို ရမည်မှာ၊ အိုဣသရေလအမျိုး၊ သင်တို့သည် ဘိုးဘေးတို့ ထုံးစံအတိုင်း ညစ်ညူးလျက်၊ သူတို့ပြုသောစက်ဆုပ်ရွံ ရှာဘွယ် အမှုတို့ကိုပြု၍ မှားယွင်းလျက်၊
31 ၃၁ သင်တို့သည်ယနေ့တိုင်အောင်ပင်သူတို့ ဆက်သသည့်ပူဇော်သကာများကိုဆက် သလျက် ရုပ်တုများအားမိမိတို့၏သား သမီးများကိုမီးရှို့ပူဇော်ကာကိုယ့်ကိုယ် ကိုညစ်ညမ်းစေကြ၏။ အချင်းဣသရေလ အမျိုးသားတို့၊ သင်တို့သည်ငါ့ထံသို့ လာ၍ငါ၏အလိုတော်ကိုစုံစမ်းမေး မြန်းကြ၏။ ငါသည်အသက်ရှင်တော်မူ သောအရှင်ထာဝရဘုရားဖြစ်တော်မူ သည်နှင့်အညီ အဘယ်သို့မျှစုံစမ်းမေး မြန်းခွင့်ကိုသင်တို့အားပေးမည်မဟုတ်။-
၃၁ပူဇော်သက္ကာပြုသဖြင့်၎င်း၊ ကိုယ်သားတို့ကို မီးဖြင့် ပူဇော်သဖြင့်၎င်း၊ ယနေ့တိုင်အောင် ရုပ်တု အပေါင်းတို့နှင့် ညစ်ညူးလျက်ရှိကြစဉ်တွင်၊ ငါသည် သင်တို့ မေးလျှောက်ခြင်းကို ခံရမည်လော။ ငါအသက် ရှင်သည်အတိုင်း သင်တို့မေးလျှောက်ခြင်းကို ငါမခံ။
32 ၃၂ သင်တို့သည်အခြားနိုင်ငံများကဲ့သို့လည်း ကောင်း၊ တိုင်းတစ်ပါးတွင်နေထိုင်သူများကဲ့ သို့လည်းကောင်း၊ သစ်ပင်များ၊ ကျောက်တုံး များကိုဝတ်ပြုရှိခိုးကြမည်ဟုကြံစည် ဆုံးဖြတ်ထားကြ၏။ သို့ရာတွင်ယင်း အကြံမထမြောက်ရ။
၃၂ငါတို့သည် တပါးအမျိုးသားကဲ့သို့၎င်း၊ သစ်သား ဘုရား၊ ကျောက်ဘုရားကိုဝတ်ပြုသော ပြည်သူပြည်သား များကဲ့သို့၎င်း ဖြစ်မည်ဟု၊ သင်တို့ ကြံစည်သည်အတိုင်း အကြံမမြောက်ရ။
33 ၃၃ ``ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်တော်မူသည်နှင့်အညီ ငါသည်အမျက်တော်ထွက်လျက် သင်တို့အား ငါ၏ခွန်အားကြီးမားသောလက်ရုံးတော် ဖြင့်တန်ခိုးအာဏာရှိသမျှနှင့်လက်တော် ကိုဆန့်လျက်အုပ်စိုးတော်မူမည်။-
၃၃အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ အသက်ရှင်သည်အတိုင်း အကယ်စင်စစ် အားကြီးသော လက်၊ ဆန့်သောလက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန် အားဖြင့် သင်တို့ကို ငါအုပ်စိုးမည်။
34 ၃၄ သင်တို့ကိုနိုင်ငံအသီးသီး၊ ကွဲလွင့်လျက် နေရာအတိုင်းတိုင်းအပြည်ပြည်မှပြန် လည်ခေါ်ယူစုသိမ်းချိန်၌ သင်တို့အားငါ ၏ခွန်အားကြီးသောလက်ရုံးတော်ဖြင့် တန် ခိုးအာဏာရှိသမျှနှင့်လက်တော်ကို ဆန့်လျက်အမျက်တော်ကိုပြမည်။-
၃၄သင်တို့ကွဲပြားလျက်နေသော အတိုင်းတိုင်း အပြည်ပြည်တို့မှ၊ သင်တို့ အားကြီးသောလက်၊ ဆန့်သော လက်ရုံး၊ သွန်းလောင်းသောဒေါသအရှိန်နှင့် ငါဆောင် ခဲ့၍ စုဝေစေမည်။
35 ၃၅ လူမျိုးတကာတို့နှင့်ဆိုင်သောတောကန္တာရ သို့ခေါ်ဆောင်၍ သင်တို့ကိုငါကိုယ်တိုင် အပြစ်ဒဏ်စီရင်မည်။-
၃၅လူအမျိုးမျိုးနှင့် ဆိုင်သောတောသို့ ဆောင် ခဲ့၍၊ ကိုယ်တိုင်ကိုယ်ကြပ်တရားတွေ့မည်။
36 ၃၆ အီဂျစ်ပြည်တောကန္တာရတွင်သင်တို့၏ ဘိုးဘေးများကိုငါအပြစ်ဒဏ်စီရင်ခဲ့ သည့်နည်းတူ ယခုသင်တို့ကိုလည်းအပြစ် ဒဏ်စီရင်မည်'' ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၃၆အဲဂုတ္တုပြည်နှင့်ဆိုင်သော တော၌သင်တို့၏ ဘိုးဘေးများ တရားတွေ့သကဲ့သို့ သင်တို့နှင့် တရား တွေ့မည်။
37 ၃၇ ``ငါသည်သင်တို့ကိုပိုင်ပိုင်နိုင်နိုင်အုပ် ထိန်း၍ ပဋိညာဉ်တော်အတိုင်းလိုက်နာ စေမည်။-
၃၇နှင်တံအောက်မှာ ရှောက်သွားစေ၍၊ ပဋိညာဉ် အချည်အနှောင်ကိုခံစေမည်။
38 ၃၈ သင်တို့အနက်ပုန်ကန်သူများနှင့်တော်လှန် သူများကိုဖယ်ရှားပစ်မည်။ သူတို့ကိုမိမိ တို့ယခုနေထိုင်ရာပြည်များမှထွက်သွား စေမည်။ သို့ရာတွင်ဣသရေလပြည်သို့ပြန် လာခွင့်ပြုမည်မဟုတ်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့ သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
၃၈ငါ့ကိုပုန်ကန်၍ ပြစ်မှာသောသူတို့ကို သင်တို့ ထဲက နှုတ်ပယ်မည်။ သူတို့သည် တည်းနေသောပြည်မှ ထွက်သွားရသော်လည်း၊ ဣသရေလပြည်သို့ မဝင်ကြရ။ ငါသည်ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိရကြ လိမ့်မည်။
39 ၃၉ အရှင်ထာဝရဘုရားက``အချင်းဣသရေလ အမျိုးသားအပေါင်းတို့၊ ယခုသင်တို့သည်တစ် ယောက်မကျန်မိမိတို့ရှိရုပ်တုများကိုသွား၍ ရှိခိုးဝတ်ပြုကြလော့။ သို့ရာတွင်ယခုမှစ၍ သင်တို့သည်ငါ၏စကားကိုနားထောင်ရကြ မည်။ ရုပ်တုတို့အားပူဇော်သကာများဆက်သ ခြင်းအားဖြင့် ငါ၏သန့်ရှင်းမြင့်မြတ်သည့် နာမတော်ကိုနောက်တစ်ဖန်မရှုတ်ချရ။-
၃၉အိုဣသရေလအမျိုးသားတို့၊ အရှင်ထာဝရ ဘုရား မိန့်တော်မူသည်ကား၊ သွားကြလော့။ အသီး အသီးမိမိတို့ ရုပ်တုမျာကို ဝတ်ပြုကြလော့။ သို့ရာတွင် အကယ်စင်စစ် နောက်တဖန်ငါ့စကားကို သော်လည်း၊ ငါ၏သန့်ရှင်းသောနာမတော်ကို သင်တို့ပူဇော်သက္ကာ များနှင့် ရုပ်တုများအားဖြင့် မရှုတ်ချဘဲနေရကြလိမ့်မည်။
40 ၄၀ ငါ၏သန့်ရှင်းမြင့်မြတ်သောတောင်တော်တည်း ဟူသောဣသရေလတောင်မြင့်ပေါ်တွင် သင်တို့ အားလုံးပင်ငါ့အားဝတ်ပြုကိုးကွယ်ကြလိမ့် မည်ဟုငါအရှင်ထာဝရဘုရားမိန့်ဆို၏။ ငါ သည်သင်တို့အားနှစ်သက်လက်ခံမည်။ သင်တို့ ပူဇော်သောယဇ်များ၊ အကောင်းမြတ်ဆုံးသော ပူဇော်သကာများနှင့်သီးသန့်ဆက်ကပ်ထား သည့်အလှူဝတ္ထုများကိုငါတောင်းဆိုမည်။-
၄၀အကြောင်းမူကား၊ ငါ၏သန့်ရှင်းသောတောင်၊ အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ဣသရေလ အမျိုးသား၊ ပြည်သူပြည်သားအပေါင်းတို့သည် ငါ့အား ဝတ်ပြုရကြလိမ့်မည်။ ငါသည်လည်း လက်ခံ၍၊ ထိုအရပ် ၌ သင်တို့ပြုသောပူဇော်သက္ကာများ၊ အဦးသီးသော အသီးတွင်ရွေး၍ဆက်ရသော အသီးအနှံများနှင့်တကွ၊ သင်တို့သန့်ရှင်းသော အရာရှိသမျှတို့ကို ငါတောင်းမည်။
41 ၄၁ သင်တို့အားနိုင်ငံများကွဲလွင့်လျက်ရှိသည့် တိုင်းပြည်များမှ ငါသည်သင်တို့ကိုယူဆောင် စုရုံးပြီးနောက်သင်တို့မီးရှို့ပူဇော်သည့်နံ့သာ ပေါင်းနှင့်တကွသင်တို့ကိုငါလက်ခံမည်။ ငါ သည်သန့်ရှင်းမြင့်မြတ်တော်မူကြောင်းလူမျိုး တကာတို့တွေ့မြင်ကြလိမ့်မည်။-
၄၁သင်တို့သည် ကွဲပြားလျက်နေသော အတိုင်း တိုင်းအပြည်ပြည်တို့မှ ငါဆောင်ခဲ့၍ စုဝေးသောအခါ၊ သင်တို့၌ပါသော နံ့သာပေါင်း အမွှေးအကြိုင်နှင့်တကွ၊ သင်တို့ကို ငါသည်လက်ခံ၍၊ သင်တို့အားဖြင့်တပါးအမျိုး သားတို့ရှေ့မှာ ဂုဏ်အသရေထင်ရှားခြင်း ရှိလိမ့်မည်။
42 ၄၂ သင်တို့၏ဘိုးဘေးတို့အားငါပေးမည်ဟု ကျိန်ဆိုကတိပြုထားသည့်ဣသရေလ ပြည်သို့ သင်တို့ကိုငါယူဆောင်လာသော အခါ ငါသည်ဘုရားသခင်ဖြစ်တော်မူ ကြောင်းသင်တို့သိရှိကြလိမ့်မည်။-
၄၂သင်တို့၏ ဘိုးဘေးတို့အားပေးခြင်းငှါ၊ ကျိန်ဆို သော ဣသရေလပြည်သို့ သင်တို့ကို ဆောင်သွင်းသော အခါ၊ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့ သိရကြလိမ့်မည်။
43 ၄၃ ထိုအခါသင်တို့သည်မိမိတို့ပြုခဲ့သော စက်ဆုပ်ဖွယ်ရာအမှုများကြောင့်မိမိကိုယ် ကိုရွံရှာ၍ မိမိတို့ကိုယ်ကိုအဘယ်သို့ ညစ်ညမ်းစေခဲ့ကြကြောင်းတို့ကိုပြန်လည် သတိရကြလိမ့်မည်။ ထိုအခါသင့်ကိုယ် သင်ရွံရှာလိမ့်မည်။-
၄၃သင်တို့ ညစ်ညူးသော ကျင့်ကြံပြုမူရာအမှု ရှိသမျှတို့ကို ထိုပြည်၌ အောက်မေ့၍၊ ပြုမိသမျှသော ဒုစရိုက်တို့ကြောင့် ကိုယ်ကိုကိုယ် ရွံရှာကြလိမ့်မည်။
44 ၄၄ အို ဣသရေလအမျိုးသားတို့၊ ငါသည်ငါ ၏နာမတော်ကိုထောက်၍ မိမိ၏အသရေ ကိုကာကွယ်ရန်သင်တို့၏ယုတ်မာဆိုးညစ် ဖောက်ပြန်သောအကျင့်များအလျောက် သင် တို့ကိုမစီရင်သောအခါငါသည်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသင်တို့သိရှိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကား အရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
၄၄အိုဣသရေလအမျိုးသားတို့၊ သင်တို့၏ဒုစရိုက် များ၊ သင်တို့ ဆိုးညစ်သောအကျင့်များနှင့်အညီ၊ ငါသည် သင်တို့ကိုမစီရင်။ ကိုယ်နာမတော်ကိုထောက်၍ စီရင် သောအခါ ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြ ရလိမ့်မည်ဟု အရှင်ထာဝရဘုရားမိန့်တော်မူ၏။
45 ၄၅ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
၄၅တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
46 ၄၆ ကိုယ်တော်က``အချင်းလူသား၊ တောင်အရပ် သို့မျှော်ကြည့်၍ ထိုအရပ်နှင့်ထိုအရပ်ရှိ သစ်တောအားဗျာဒိတ်တော်ကိုဆင့်ဆိုလော့။-
၄၆အချင်းလူသား၊ တောင်ဘက်သို့ မျက်နှာ ပြုလျက်၊ တောင်မျက်နှာတဘက်၌မြွက်ဆို၍၊ တောင်ပြည် ၌ရှိသော တောတဘက်၌ဟောပြောလော့။
47 ၄၇ တောင်အရပ်မှသစ်တောအားအရှင်ထာဝရ ဘုရားကထာဝရဘုရား၏နှုတ်ကပတ် တော်ကိုနားထောင်လော့။ ငါသည်မီးမွှေးလျက် ရှိ၏။ ထိုမီးသည်သင်၏သစ်ပင်ခြောက်ရှိ သမျှနှင့်သစ်ပင်စိုရှိသမျှတို့ကိုကျွမ်း လောင်စေလိမ့်မည်။ မီးတောက်များကိုအဘယ် အရာမျှမငြိမ်းမသတ်နိုင်ရာ။ ထိုမီးသည် တောင်အရပ်မှမြောက်အရပ်သို့ပျံ့နှံ့သွား ကာ မြေတစ်ပြင်လုံးကိုကျွမ်းလောင်စေ လိမ့်မည်။-
၄၇အရှင်ထာဝရဘုရား၏ အမိန့်တော်ကို တောင် ပြည်၌ရှိသော တောအားဆင့်ဆိုရမည်မှာ၊ ငါသည် သင်၌ မီးကိုညှိမည်။ သင်၌ စိမ်းလန်းသောအပင်၊ သွေ့ခြောက် သောအပင်ရှိသမျှ လောင်လိမ့်မည်။ တောက်သော မီးလျှံသည်မငြိမ်းရ။ တောင်ဘက်မှသည် မြောက်ဘက်သို့ တိုင်အောင် မြေတပြင်လုံးလောင်လိမ့်မည်။
48 ၄၈ ထိုမီးကိုငါထာဝရဘုရားမွှေးတော်မူကြောင်း ယင်းကိုအဘယ်သူမျှမငြိမ်းမသတ်နိုင် ကြောင်းလူအပေါင်းတို့သိရှိကြလိမ့်မည်'' ဟုမြွက်ဆိုတော်မူကြောင်းဆင့်ဆိုလော့ဟု မိန့်တော်မူ၏။
၄၈ထိုမီးကို ငါထာဝရဘုရားညှိကြောင်းကို၊ သတ္တဝါ အပေါင်းတို့သည် သိရကြလိမ့်မည်။ ထိုမီးသည် မငြိမ်းရဟု မိန့်တော်မူ၏။
49 ၄၉ ငါက``အရှင်ထာဝရဘုရားကျွန်တော်မျိုး သည်စကားထာများသာပြောဆိုနေခြင်း ဖြစ်သည်ဟု လူအပေါင်းတို့ပြောဆိုနေ ကြပါသည်'' ဟုလျှောက်ထား၏။
၄၉ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည်ပုံပမာ ကိုသာဆောင်၍ ဟောပြောတတ်သည် မဟုတ်လောဟု၊ အကျွန်ုပ်ကို ရည်မှတ်၍ဆိုတတ်ကြပါ သည်ဟု လျှောက်လေ၏။