< ယေဇကျေလ 20 >

1 ပြည်​နှင်​ဒဏ်​ခံ​ရ​သည့်​သတ္တမ​နှစ်​မြောက်၊ ပဉ္စ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ဣ​သ​ရေ​လ​ခေါင်း​ဆောင် အ​ချို့​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​စုံ​စမ်း​မေး​မြန်း​ရန် ငါ့​ထံ​သို့​လာ​ရောက်​ကြ ၏။ ထို​သူ​တို့​ငါ​၏​ရှေ့​တွင်​ထိုင်​ကြ​သော​အ​ခါ၊-
Alò, nan setyèm ane, nan senkyèm mwa a, nan dizyèm jou nan mwa a, kèk nan ansyen Israël yo te vin mande SENYÈ a konsèy. Yo te chita devan m.
2 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို​ငါ ကြား​ရ​၏။-
Konsa, pawòl SENYÈ a te vin kote mwen. Li te di:
3 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့ အား`သင်​တို့​သည်​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း မေး​မြန်း​ရန်​လာ​ကြ​သ​လော။ ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​တို့​မေး​မြန်း​စုံ​စမ်း​မှု​မှန်​သ​မျှ ကို​လက်​ခံ​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ဖြစ်​၏' ဟု​မိန့် တော်​မူ​ကြောင်း​ဆင့်​ဆို​လော့။
“Fis a lòm, pale ak ansyen Israël yo pou di yo: ‘Konsa pale Senyè BONDYE a: “Èske nou vini la pou mande M konsèy? Jan Mwen viv la,” deklare Senyè BONDYE a: “Nou p ap vin mande M konsèy.’”
4 ``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​အား​စစ် ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ အ​သင့်​ရှိ လျှင်​စစ်​ဆေး​စီ​ရင်​လော့။ သူ​တို့​အား​မိ​မိ တို့​ဘိုး​ဘေး​များ​ပြု​ကျင့်​ခဲ့​သော​စက်​ဆုပ် ဖွယ်​ကောင်း​သည့်​အ​မှု​တို့​ကို​သ​တိ​ပေး​ဖော် ပြ​လော့။-
“Èske ou va jije yo, fis a lòm? Èske ou va jije yo? Fè yo konnen abominasyon a papa yo.
5 ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​ကြောင်း​ကို​လည်း ပြော​ပြ​လော့။ ဣ​သ​ရေ​လ လူ​မျိုး​တို့​ကို​ငါ​ရွေး​ကောက်​တော်​မူ​၍ ယာ​ကုပ် ၏​အ​မျိုး​အ​နွယ်​တို့​အား​ငါ​သည်​က​တိ​ပေး ကျိန်​ဆို​ခဲ့​၏။ အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​သူ​တို့ အား​ထင်​ရှား​လျက် ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ကို​ကျိန်​ဆို​ခဲ့​၏။-
Di yo: ‘Konsa pale Senyè BONDYE a: “Nan jou ke M te chwazi Israël la, e te sèmante a desandan a lakay Jacob yo, pou te revele Mwen menm a yo menm nan peyi Égypte la, lè M te sèmante a yo menm, e te di: ‘Mwen se SENYÈ a, Bondye nou an,’
6 သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-
nan jou sa a, Mwen te sèmante a yo menm pou mennen fè yo sòti nan peyi Égypte, pou antre nan yon peyi ke M te chwazi pou yo, ki koule lèt avèk siwo myèl, ki se glwa a tout peyi yo.
7 ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-
Mwen te di a yo menm: ‘Voye jete, nou chak, bagay abominab a zye nou yo, e pa souye tèt nou ak zidòl Égypte yo. Mwen se SENYÈ a, Bondye nou an.’
8 သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-
“‘“Men yo te fè rebèl kont Mwen, e yo pa t dakò koute Mwen. Yo pa t voye jete bagay abominab a zye yo, ni yo pa t abandone zidòl a Égypte yo. Konsa, Mwen te detèmine pou vide gwo chalè kòlè Mwen sou yo, pou akonpli kòlè Mwen sou yo nan mitan peyi Égypte la.
9 သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။
Men Mwen te aji pou koz non Mwen, pou li pa ta vin degrade nan zye a nasyon pami sila yo te rete yo, nan zye a sila Mwen te fè Mwen menm rekonèt a yo, lè M te fè yo sòti nan peyi Égypte la.
10 ၁၀ ``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊-
Konsa, Mwen te retire yo nan peyi Égypte pou te mennen yo nan dezè a.
11 ၁၁ ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-
Mwen te bay yo lalwa Mwen yo, e te fè yo rekonèt règleman Mwen yo, pa sila, si yon nonm swiv yo, li va viv nan yo.
12 ၁၂ သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-
Anplis, Mwen te bay yo Saba Mwen yo pou vin yon sign antre Mwen menm ak yo, pou yo ta ka konnen ke Mwen se SENYÈ ki sanktifye yo a.
13 ၁၃ သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-
“‘“Men lakay Israël te fè rebèl kont Mwen, nan dezè a. Yo pa t mache nan lalwa Mwen yo, e yo te refize règleman Mwen yo, pa sila, si yon nonm swiv yo, li va viv nan yo. Epi Saba Mwen yo, yo te vin pwofane nèt. Konsa, Mwen te pran desizyon pou vide chalè kòlè Mwen sou yo nan dezè a, pou manje yo nèt.
14 ၁၄ သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-
Men Mwen te aji pou koz non Mwen, pou li pa ta degrade nan zye a nasyon yo, devan zye a sila Mwen te fè yo sòti yo.
15 ၁၅ သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-
Anplis, Mwen te sèmante a yo nan dezè a pou Mwen pa ta mennen yo antre nan peyi ke M te bay a, yo menm nan, peyi ki t ap koule ak siwo myèl, ki se glwa a tout peyi yo,
16 ၁၆ ယင်း​သို့​ကျိန်​ဆို​ရ​ခြင်း​အ​ကြောင်း​မှာ​သူ​တို့ သည် မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ပို​မို နှစ်​သက်​ကြ​လျက် ငါ​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​ကာ​ငါ​၏​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍ ဥ​ပုသ်​နေ့​ကို​မ​ရို​မ​သေ​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။
akoz yo te rejte règleman Mwen yo e pou lalwa Mwen yo, yo pa t mache ladan yo. Menm Saba Mwen yo, yo te pwofane yo, paske kè yo te tout tan ap mache dèyè zidòl yo.
17 ၁၇ ``သို့​သော်​ငါ​သည်​သူ​တို့​ကို​သ​နား​သ​ဖြင့် တော​ကန္တာ​ရ​တွင်​ဆုံး​ပါး​ပျက်​စီး​စေ​ရန် မ​ပြု။-
Malgre sa, zye M te epanye yo olye de detwi yo e Mwen pa t detwi yo nèt nan dezè a.
18 ၁၈ သို့​ရာ​တွင်​တော​ကန္တာ​ရ​ထဲ​မှ​သူ​တို့​၏​သား သ​မီး​များ​အား`သင်​တို့​ဘိုး​ဘေး​များ​စီ​ရင် ခဲ့​သည့်​စည်း​မျဉ်း​များ​ကို​မ​ကျင့်​သုံး​ကြ နှင့်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​လိုက် လျှောက်​ကြ​နှင့်။ သူ​တို့​၏​ရုပ်​တု​များ​ကို ကိုး​ကွယ်​ခြင်း​အား​ဖြင့်​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။-
Mwen te di a pitit yo nan dezè a: ‘Pa mache nan règleman a papa nou yo, ni swiv règleman yo oswa souye tèt nou ak zidòl yo.
19 ၁၉ ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​တော်​တို့​ကို​နာ​ခံ ကြ​လော့။-
Mwen se SENYÈ a, Bondye nou an. Mache nan règleman Mwen yo e swiv òdonans Mwen yo pou fè yo.
20 ၂၀ ငါ​နှင့်​သင်​တို့​ဖွဲ့​ထား​သည့်​ပ​ဋိ​ညာဉ်​၏​အ​မှတ် လက္ခ​ဏာ​ဖြစ်​စေ​ရန်​နှင့် ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​လည်း သင်​တို့​အား​သ​တိ​ရ​စေ​ရန် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ကြ​လော့' ဟု​ငါ သ​တိ​ပေး​၏။
Sanktifye Saba Mwen yo. Konsa, yo va vin yon sign antre Mwen menm ak nou, pou nou ka konnen ke Mwen se SENYÈ Bondye nou an.’
21 ၂၁ ``သို့​ရာ​တွင်​ထို​လူ​မျိုး​ဆက်​သည်​လည်း​ငါ့​ကို အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင်​ခွင့်​ရ​မည်​ဖြစ် သော်​လည်း သူ​တို့​သည်​ငါ​၏​ပ​ညတ်​တော်​တို့ ကို​ချိုး​ဖောက်​၍​ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ် ပယ်​ကြ​၏။ ဥ​ပုသ်​နေ့​ကို​လည်း​အ​လျှင်း​မ ရို​သေ။ သူ​တို့​အား​တော​ကန္တာ​ရ​တွင်​သေ​စေ ရန် ငါ​သည်​မိ​မိ​၏​အ​မျက်​တော်​ကို​သူ​တို့ အ​ပေါ်​သို့​သွန်း​လောင်း​၍ အ​မျက်​တော်​ဒဏ် ကို​ခံ​စေ​မည်​ဟု​အ​ကြံ​ရှိ​ခဲ့​သော်​လည်း၊-
“‘“Men pitit yo te fè rebèl kont Mwen. Yo pa t mache nan règleman Mwen yo, ni yo pa t fè atansyon pou swiv òdonans Mwen yo, pa sila, si yon nonm swiv yo, li va viv la. Yo te pwofane Saba Mwen yo. Konsa, mwen te pran desizyon pou vide chalè kòlè Mwen sou yo, pou akonpli kòlè Mwen kont yo nan dezè a.
22 ၂၂ မ​ခံ​စေ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ပြု​ပါ​မူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို မြင်​သော​လူ​မျိုး​တို့​၏​ရှေ့​တွင် ငါ​၏​နာ​မ တော်​အ​သ​ရေ​ပျက်​မည်​ဖြစ်​သော​ကြောင့် တည်း။-
Men Mwen te ralanti men M. Konsa, Mwen te aji pou koz non Mwen, pou li pa ta vin degrade devan zye a nasyon yo devan zye sila Mwen te fè yo sòti yo.
23 ၂၃ ထို့​ကြောင့်​ငါ​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​သို့​ကွဲ​လွင့်​စေ​မည်​ဟု တော​ကန္တာ​ရ​တွင် ငါ​ကျိန်​ဆို​၏။-
Anplis, Mwen te sèmante a yo menm nan dezè a pou Mwen ta gaye yo pami nasyon yo, e dispèse yo nan tout peyi yo,
24 ၂၄ ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​သူ​တို့​သည် ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကာ ငါ​၏​ပညတ် တော်​တို့​ကို​ချိုး​ဖောက်​လျက်​ဥ​ပုသ်​နေ့​ကို​မ​ရို မ​သေ​ပြု​ပြီး​လျှင် ဘိုး​ဘေး​တို့​ကိုး​ကွယ်​ခဲ့​သော ရုပ်​တု​တို့​ကို​ဝတ်​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။''
akoz yo pa t swiv òdonans Mwen yo, men te refize tout règleman Mwen yo, te pwofane Saba Mwen yo, e zye yo te sou zidòl a papa zansèt yo.
25 ၂၅ ``ထို​နောက်​ငါ​သည်​သူ​တို့​အား​မ​လျောက်​ပတ် သည့်​ပ​ညတ်​များ​နှင့် အ​သက်​ရှင်​မှု​ကို​မ​ပြု စု​နိုင်​သည့်​အ​မိန့်​တော်​များ​ကို​ပေး​၏။-
Mwen te bay yo anplis, règleman ki pa t bon ak òdonans yo sou sila yo pa t ka viv.
26 ၂၆ သူ​တို့​သည်​မိ​မိ​တို့​၏​သား​ဦး​များ​ကို​ယဇ်​ပူ ဇော်​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း ကြ​စေ​ရန်​သူ​တို့​အား​ငါ​အ​ခွင့်​ပေး​၏။ ယင်း သို့​အ​ခွင့်​ပေး​ရ​သည့်​အ​ကြောင်း​မှာ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ပြ​သ​ရန် နှင့်​သူ​တို့​အား​ဒဏ်​ခတ်​ရန်​ဖြစ်​၏။''
Mwen te deklare yo pa pwòp akoz de sakrifis yo. Yo te koze tout premye ne yo pase nan dife, pou Mwen ta fè yo vin sanzespwa; konsa, pou yo ta konnen ke se Mwen menm ki SENYÈ a.”’
27 ၂၇ ``သို့​ဖြစ်​၍​အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ယ​ခု​ဆင့်​ဆို​လော့။ သူ​တို့​၏​ဘိုး​ဘေး​များ သည်​သစ္စာ​ဖောက်​ခြင်း​အား​ဖြင့် ငါ့​ကို​စော် ကား​ကြ​ပြန်​သည့်​နည်း​မှာ​ဤ​သို့​တည်း။-
“Pou sa, fis a lòm, pale ak lakay Israël pou di yo: ‘Konsa pale Senyè BONDYE a: “Malgre nan sa, papa zansèt nou yo te blasfeme Mwen lè yo te enfidel a lalwa M.
28 ၂၈ ငါ​သည်​သူ​တို့​အား​ကျိန်​ဆို​က​တိ​ပြု​ထား သည့်​ပြည်​သို့​ခေါ်​ဆောင်​၍​သွား​၏။ သူ​တို့​သည် မြင့်​သော​တောင်​ကုန်း​များ​နှင့်​စိမ်း​လန်း​သော သစ်​ပင်​တို့​ကို​မြင်​သော​အ​ခါ ထို​အ​ရပ်​တို့ တွင်​ယဇ်​ပူ​ဇော်​ကြ​ကုန်​၏။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​နှင့်​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ ကို​ဆက်​ကပ်​ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ တို့​သည်​ငါ​၏​အ​မျက်​တော်​ကို​နှိုး​ဆော် ကြ​သည်။-
Lè Mwen te mennen yo nan peyi ke M te sèmante pou bay yo a, yo te vin wè tout kolin wo ak tout bwa ki plen fèy yo. La, yo te ofri sakrifis yo, e la, yo te prezante ofrann ki te fè M fache nèt. La, yo te fè monte odè santi bon, e la, yo te vide ofrann bwason yo.
29 ၂၉ ငါ​သည်​သူ​တို့​ကို`သင်​တို့​သွား​ကြ​သည့် ကုန်း​မြင့်​များ​ကား​အ​ဘယ်​နည်း' ဟု​မေး​၏။ ထို​ကြောင့်​ထို​အ​ရပ်​တို့​သည်​ယ​နေ့​တိုင် အောင်​ဗာ​မာ​ဟု​ခေါ်​သော``ကုန်း​မြင့်'' များ ဟု​တွင်​သ​တည်း။-
Konsa, Mwen te di yo: ‘Kisa wo plas kote nou prale a ye?’ Pou sa, yo rele non plas sa a “Bama “jis rive jou sa a.”’
30 ၃၀ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​ဆို​ကြောင်း​ဆင့် ဆို​လော့။ `သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘိုး ဘေး​တို့​အ​ပြစ်​ကူး​လွန်​၍​ညစ်​ညမ်း​စေ သ​ကဲ့​သို့ သင်​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ သ​နည်း။ သူ​တို့​ကိုး​ကွယ်​သည့်​ညစ်​ညမ်း သော​ရုပ်​တု​တို့​ကို​ကိုး​ကွယ်​ကြ​သ​နည်း။-
“Akoz sa, pale ak lakay Israël: ‘Konsa pale Senyè BONDYE a: “Èske nou va souye tèt nou menm, swiv abitid papa zansèt nou yo e jwe pwostitiye apre bagay abominab yo?
31 ၃၁ သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​သူ​တို့ ဆက်​သ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက် သ​လျက် ရုပ်​တု​များ​အား​မိ​မိ​တို့​၏​သား သ​မီး​များ​ကို​မီး​ရှို့​ပူ​ဇော်​ကာ​ကိုယ့်​ကိုယ် ကို​ညစ်​ညမ်း​စေ​ကြ​၏။ အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​သည်​ငါ့​ထံ​သို့ လာ​၍​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း​မေး မြန်း​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ သည်​နှင့်​အ​ညီ အ​ဘယ်​သို့​မျှ​စုံ​စမ်း​မေး မြန်း​ခွင့်​ကို​သင်​တို့​အား​ပေး​မည်​မ​ဟုတ်။-
Lè nou ofri ofrann nou yo, lè nou fè fis nou yo pase nan dife, nou ap souye tèt nou ak tout zidòl yo jis rive nan jou sa a. Epi èske nou ta dwe vin mande Mwen konsèy, O lakay Israël? Jan Mwen viv la,” deklare Senyè BONDYE a, Mwen p ap kite nou mande M anyen.
32 ၃၂ သင်​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကဲ့​သို့​လည်း ကောင်း၊ တိုင်း​တစ်​ပါး​တွင်​နေ​ထိုင်​သူ​များ​ကဲ့ သို့​လည်း​ကောင်း၊ သစ်​ပင်​များ၊ ကျောက်​တုံး များ​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​မည်​ဟု​ကြံ​စည် ဆုံး​ဖြတ်​ထား​ကြ​၏။ သို့​ရာ​တွင်​ယင်း အ​ကြံ​မ​ထ​မြောက်​ရ။
“‘“Sa ki vini nan lespri nou an, se pa sa k ap rive vrè, lè nou di: ‘Nou va tankou lòt nasyon yo, tankou fanmi a peyi yo, k ap sèvi bwa ak wòch yo.’
33 ၃၃ ``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ ငါ​သည်​အ​မျက်​တော်​ထွက်​လျက် သင်​တို့​အား ငါ​၏​ခွန်​အား​ကြီး​မား​သော​လက်​ရုံး​တော် ဖြင့်​တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော် ကို​ဆန့်​လျက်​အုပ်​စိုး​တော်​မူ​မည်။-
Jan Mwen viv la”, deklare Senyè BONDYE a: “Anverite, ak yon men pwisan, ak yon bra lonje e avèk chalè a kòlè Mwen vide deyò, Mwen va vin wa sou nou.
34 ၃၄ သင်​တို့​ကို​နိုင်​ငံ​အ​သီး​သီး၊ ကွဲ​လွင့်​လျက် နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ​ပြန် လည်​ခေါ်​ယူ​စု​သိမ်း​ချိန်​၌ သင်​တို့​အား​ငါ ၏​ခွန်​အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် တန် ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော်​ကို ဆန့်​လျက်​အ​မျက်​တော်​ကို​ပြ​မည်။-
Mwen va mennen nou soti nan tout pèp yo, rasanble nou soti nan peyi kote nou gaye yo, ak yon men pwisan, ak yon bra lonje e ak chalè kòlè Mwen vide nèt.
35 ၃၅ လူ​မျိုး​တ​ကာ​တို့​နှင့်​ဆိုင်​သော​တော​ကန္တာ​ရ သို့​ခေါ်​ဆောင်​၍ သင်​တို့​ကို​ငါ​ကိုယ်​တိုင် အ​ပြစ်​ဒဏ်​စီ​ရင်​မည်။-
Epi Mwen va mennen nou antre nan dezè a pèp yo, e la Mwen va antre nan jijman avèk nou fasafas.
36 ၃၆ အီ​ဂျစ်​ပြည်​တော​ကန္တာ​ရ​တွင်​သင်​တို့​၏ ဘိုး​ဘေး​များ​ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​ခဲ့ သည့်​နည်း​တူ ယ​ခု​သင်​တို့​ကို​လည်း​အ​ပြစ် ဒဏ်​စီ​ရင်​မည်'' ဟု​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​၏။
Jan Mwen te antre nan jijman ak papa zansèt nou yo nan dezè an Égypte la, konsa Mwen va antre nan jijman avèk nou”, deklare Senyè BONDYE a.
37 ၃၇ ``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။-
“Mwen va fè nou pase anba baton, e Mwen va mennen nou antre anba angajman akò a.
38 ၃၈ သင်​တို့​အ​နက်​ပုန်​ကန်​သူ​များ​နှင့်​တော်​လှန် သူ​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ​တို့​ကို​မိ​မိ တို့​ယ​ခု​နေ​ထိုင်​ရာ​ပြည်​များ​မှ​ထွက်​သွား စေ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သို့​ပြန် လာ​ခွင့်​ပြု​မည်​မ​ဟုတ်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Mwen va fè retire pami nou, rebèl ak sila ki transgrese kont Mwen yo. Mwen va mennen yo sòti nan peyi kote yo demere a, men yo p ap antre nan peyi Israël. Konsa, nou va konnen ke Mwen se SENYÈ a.”
39 ၃၉ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၊ ယ​ခု​သင်​တို့​သည်​တစ် ယောက်​မ​ကျန်​မိ​မိ​တို့​ရှိ​ရုပ်​တု​များ​ကို​သွား​၍ ရှိ​ခိုး​ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင်​ယ​ခု​မှ​စ​၍ သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သ​ကာ​များ​ဆက်​သ ခြင်း​အား​ဖြင့် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် နာ​မ​တော်​ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-
“Pou nou menm, O lakay Israël,” deklare Senyè Bondye a: “Ale, nou chak sèvi zidòl pa nou; menm pi ta tou, si nou p ap koute M. Men nou p ap pwofane non sen M ankò ak ofrann ak zidòl nou yo.
40 ၄၀ ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော်​တည်း ဟူ​သော​ဣ​သ​ရေ​လ​တောင်​မြင့်​ပေါ်​တွင် သင်​တို့ အား​လုံး​ပင်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်​ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။ ငါ သည်​သင်​တို့​အား​နှစ်​သက်​လက်​ခံ​မည်။ သင်​တို့ ပူ​ဇော်​သော​ယဇ်​များ၊ အ​ကောင်း​မြတ်​ဆုံး​သော ပူ​ဇော်​သကာ​များ​နှင့်​သီး​သန့်​ဆက်​ကပ်​ထား သည့်​အ​လှူ​ဝတ္ထု​များ​ကို​ငါ​တောင်း​ဆို​မည်။-
Paske sou mòn sen Mwen an, sou wotè mòn Israël la,” deklare Senyè BONDYE a: “la, tout lakay Israël, yo tout, va sèvi Mwen nan peyi a. La Mwen va aksepte yo, e la, Mwen va egzije ofrann nou yo, avèk ofrann premyè fwi nou yo, ak tout bagay sen nou yo.
41 ၄၁ သင်​တို့​အား​နိုင်​ငံ​များ​ကွဲ​လွင့်​လျက်​ရှိ​သည့် တိုင်း​ပြည်​များ​မှ ငါ​သည်​သင်​တို့​ကို​ယူ​ဆောင် စု​ရုံး​ပြီး​နောက်​သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​နံ့​သာ ပေါင်း​နှင့်​တ​ကွ​သင်​တို့​ကို​ငါ​လက်​ခံ​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး တ​ကာ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။-
Kon yon odè santi bon, Mwen va aksepte nou lè Mwen mennen nou sòti nan pèp yo, e rasanble nou soti nan peyi kote nou te gaye yo. Epi Mwen va vin sen nan nou devan zye a tout nasyon yo.
42 ၄၂ သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
Konsa, nou va konnen ke Mwen se SENYÈ a, lè mwen mennen nou fè nou antre nan peyi Israël la, nan peyi ke M te sèmante pou bay a papa zansèt nou yo.
43 ၄၃ ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သော စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့်​မိ​မိ​ကိုယ် ကို​ရွံ​ရှာ​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့ ညစ်​ညမ်း​စေ​ခဲ့​ကြ​ကြောင်း​တို့​ကို​ပြန်​လည် သ​တိ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင့်​ကိုယ် သင်​ရွံ​ရှာ​လိမ့်​မည်။-
La, nou va sonje chemen nou yo ak tout zèv yo avèk sila nou te souye tèt nou yo. Epi nou va rayi pwòp tèt nou nan pwòp zye nou pou tout bagay mal ke nou te fè yo.
44 ၄၄ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။
Konsa, nou va konnen ke se Mwen ki SENYÈ a, lè Mwen fin regle avèk nou pou koz non Mwen, pa selon chemen mechan nou yo, ni selon zak konwonpi nou yo, O lakay Israël,” deklare Senyè BONDYE a.’”
45 ၄၅ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
Alò, pawòl SENYÈ a te rive kote mwen. Li te di:
46 ၄၆ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။-
“Fis a lòm, mete figi ou vè Théman. Pale fò kont tout sid la, e pwofetize kont peyi forè nan Negev la.
47 ၄၇ တောင်​အ​ရပ်​မှ​သစ်​တော​အား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​နား​ထောင်​လော့။ ငါ​သည်​မီး​မွှေး​လျက် ရှိ​၏။ ထို​မီး​သည်​သင်​၏​သစ်​ပင်​ခြောက်​ရှိ သ​မျှ​နှင့်​သစ်​ပင်​စို​ရှိ​သ​မျှ​တို့​ကို​ကျွမ်း လောင်​စေ​လိမ့်​မည်။ မီး​တောက်​များ​ကို​အ​ဘယ် အ​ရာ​မျှ​မ​ငြိမ်း​မ​သတ်​နိုင်​ရာ။ ထို​မီး​သည် တောင်​အ​ရပ်​မှ​မြောက်​အ​ရပ်​သို့​ပျံ့​နှံ့​သွား ကာ မြေ​တစ်​ပြင်​လုံး​ကို​ကျွမ်း​လောင်​စေ လိမ့်​မည်။-
Di a forè Negev la: ‘Koute pawòl SENYÈ a. Konsa pale Senyè BONDYE a: “Gade byen, Mwen prèt pou limen yon dife nan nou, e li va konsonmen tout bwa vèt nan nou menm ak tout bwa sèch. Flanm dife sa a p ap etenn e tout sifas latè soti nan sid jis rive nan nò va brile pa li menm.
48 ၄၈ ထို​မီး​ကို​ငါ​ထာ​ဝရ​ဘု​ရား​မွှေး​တော်​မူ​ကြောင်း ယင်း​ကို​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ်​နိုင် ကြောင်း​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မြွက်​ဆို​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​၏။
Tout chè va wè ke Mwen menm, SENYÈ a, te limen li. Li p ap etenn.”’”
49 ၄၉ ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။
Epi mwen te di: “O Senyè BONDYE! Y ap di de mwen: ‘Èske se pa parabòl sèlman l ap pale?’”

< ယေဇကျေလ 20 >