< ယေဇကျေလ 2 >

1 ``အ​ချင်း​လူ​သား​ထ​လော့။ သင့်​အား​ငါ​မြွက် ဆို​မည်'' ဟု​မိန့်​တော်​မူ​၏။-
Et il me fut dit: Fils d'homme, tiens-toi sur tes pieds, et je parlerai avec toi.
2 ယင်း​အ​သံ​မြွက်​ဆို​နေ​ချိန်​၌​ပင်​လျှင် ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ​၏​အ​တွင်း​သို့ ဝင်​၍ ငါ့​အား​ကူ​မ​တော်​မူ​ပြီး​လျှင်​မတ်​တပ် ရပ်​စေ​တော်​မူ​၏။ ထို​နောက်​အ​သံ​တော်​က ဆက်​လက်​၍၊-
Alors l'Esprit entra dans moi, après qu'on m'eut parlé, et il me releva sur mes pieds, et j'ouïs celui qui me parlait,
3 ``အ​ချင်း​လူ​သား၊ ငါ့​အား​ပုန်​ကန်​တော်​လှန် ကြ​သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​သို့ သင့်​ကို​ငါ​စေ​လွှတ်​မည်။ သူ​တို့​သည်​မိ​မိ​တို့ ဘိုး​ဘေး​များ​ကဲ့​သို့​ယ​ခု​တိုင်​အောင်​ပုန်​ကန် လျက်​နေ​ကြ​၏။-
Qui me dit: fils d'homme; je t'envoie vers les enfants d'Israël, vers des nations rebelles qui se sont rebellées contre moi; eux et leurs pères ont péché contre moi jusques à ce propre jour.
4 သူ​တို့​သည်​ခေါင်း​မာ​၍​ငါ့​အား​မ​ရို​သေ ကြ။ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​အ​မိန့် တော်​ရှိ​သည်​ကို သူ​တို့​အား​ပြန်​ကြား​ရန် သင့်​ကို​သူ​တို့​ထံ​သို့​ငါ​စေ​လွှတ်​မည်။-
Et ce sont des enfants effrontés, et d'un cœur obstiné, vers lesquels je t'envoie; c'est pourquoi tu leur diras que le Seigneur l'Eternel a ainsi parlé.
5 သူ​တို့​သည်​ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သ​ဖြင့် သင်​၏​စ​ကား​ကို​နား​ထောင်​သည်​ဖြစ်​စေ၊ နား မ​ထောင်​သည်​ဖြစ်​စေ၊ မိ​မိ​တို့​ထဲ​တွင်​ပ​ရော ဖက်​တစ်​ပါး​ရှိ​သည်​ကို​မူ​သိ​ကြ​လိမ့်​မည်။
Et soit qu'ils écoutent, ou qu'ils n'en fassent rien; car ils sont une maison rebelle, ils sauront pourtant qu'il y aura eu un Prophète parmi eux.
6 ``သို့​ရာ​တွင်​အ​ချင်း​လူ​သား၊ သင်​သည်​သူ တို့​ကို​သော်​လည်း​ကောင်း၊ သူ​တို့​ပြော​ဆို​သ​မျှ သော​စ​ကား​တို့​ကို​သော်​လည်း​ကောင်း​မ ကြောက်​ရ။ မ​လန့်​နှင့်​သင့်​အား​သူ​တို့​သည် ဆူး​ပင်​များ​ကဲ့​သို့​ဝိုင်း​ရံ​ကြ​လိမ့်​မည်။ သင် သည်​ကင်း​မီး​ကောက်​တော​တွင်​နေ​ရ​ဘိ​သ​ကဲ့ သို့​ဖြစ်​လိမ့်​မည်။ သူ​တို့​သည်​ထို​ပုန်​ကန်​တတ် သူ​များ​ဖြစ်​သော​ကြောင့်​တည်း။-
Mais toi, fils d'homme, ne les crains point, et ne crains point leurs paroles; quoique des gens revêches et [dont les langues sont perçantes] comme des épines soient avec toi, et que tu demeures parmi des scorpions; ne crains point leurs paroles, et ne t'effraie point à cause d'eux, quoiqu'ils soient une maison rebelle.
7 သူ​တို့​နား​ထောင်​သည်​ဖြစ်​စေ၊ နား​မ​ထောင် သည်​ဖြစ်​စေ၊ ငါ​မိန့်​တော်​မူ​သ​မျှ​တို့​ကို​သူ တို့​အား​ဆင့်​ဆို​ရ​မည်။ သူ​တို့​သည်​ပုန်​ကန် တတ်​ကြောင်း​ကို​သ​တိ​ရ​လော့။''
Tu leur prononceras donc mes paroles, soit qu'ils écoutent, ou qu'ils n'en fassent rien; car ils ne sont que rébellion.
8 ``အ​ချင်း​လူ​သား၊ ငါ​မိန့်​တော်​မူ​သည်​ကို​နား ထောင်​လော့။ သူ​တို့​ကဲ့​သို့​မ​ပုန်​ကန်​နှင့်။ သင်​၏ ခံ​တွင်း​ကို​ဖွင့်​၍​ငါ​ပေး​မည့်​အ​ရာ​ကို​စား လော့'' ဟု​မိန့်​တော်​မူ​၏။-
Mais toi, fils d'homme, écoute ce que je te dis, et ne sois point rebelle, comme cette maison rebelle; ouvre ta bouche, et mange ce que je te vais donner.
9 ထို​နောက်​စာ​လိပ်​တစ်​ခု​ကို​ကိုင်​ထား​သော လက်​တစ်​ဖက်​သည်​ငါ​ရှိ​ရာ​သို့​ကမ်း​လှမ်း လာ​သည်​ကို​ငါ​မြင်​ရ​၏။-
Alors je regardai, et voici, une main [fut] envoyée vers moi, et voici, elle avait un rouleau de livre.
10 ၁၀ ထို​လက်​သည်​စာ​လိပ်​ကို​ဖြန့်​လိုက်​သော​အ​ခါ နှစ်​ဖက်​စ​လုံး​၌​စာ​များ​ရေး​သား​ထား​သည် ကို​ငါ​မြင်​ရ​၏။ ထို​စာ​လိပ်​နှစ်​ဖက်​စ​လုံး​တွင် ဝမ်း​နည်း​ပူ​ဆွေး​ညည်း​တွား​မြည်​တမ်း​စ​ကား များ​ပါ​ရှိ​သ​တည်း။
Et elle l'ouvrit devant moi, et voici, il était écrit dedans et dehors, et des lamentations, des regrets, et des malédictions y étaient écrites.

< ယေဇကျေလ 2 >