< ယေဇကျေလ 2 >
1 ၁ ``အချင်းလူသားထလော့။ သင့်အားငါမြွက် ဆိုမည်'' ဟုမိန့်တော်မူ၏။-
他對我說:「人子啊,你站起來,我要和你說話。」
2 ၂ ယင်းအသံမြွက်ဆိုနေချိန်၌ပင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ၏အတွင်းသို့ ဝင်၍ ငါ့အားကူမတော်မူပြီးလျှင်မတ်တပ် ရပ်စေတော်မူ၏။ ထိုနောက်အသံတော်က ဆက်လက်၍၊-
他對我說話的時候,靈就進入我裏面,使我站起來,我便聽見那位對我說話的聲音。
3 ၃ ``အချင်းလူသား၊ ငါ့အားပုန်ကန်တော်လှန် ကြသောဣသရေလအမျိုးသားတို့ထံသို့ သင့်ကိုငါစေလွှတ်မည်။ သူတို့သည်မိမိတို့ ဘိုးဘေးများကဲ့သို့ယခုတိုင်အောင်ပုန်ကန် လျက်နေကြ၏။-
他對我說:「人子啊,我差你往悖逆的國民以色列人那裏去。他們是悖逆我的,他們和他們的列祖違背我,直到今日。
4 ၄ သူတို့သည်ခေါင်းမာ၍ငါ့အားမရိုသေ ကြ။ ငါထာဝရဘုရားအဘယ်သို့အမိန့် တော်ရှိသည်ကို သူတို့အားပြန်ကြားရန် သင့်ကိုသူတို့ထံသို့ငါစေလွှတ်မည်။-
這眾子面無羞恥,心裏剛硬。我差你往他們那裏去,你要對他們說:主耶和華如此說。
5 ၅ သူတို့သည်ပုန်ကန်တတ်သူများဖြစ်သဖြင့် သင်၏စကားကိုနားထောင်သည်ဖြစ်စေ၊ နား မထောင်သည်ဖြစ်စေ၊ မိမိတို့ထဲတွင်ပရော ဖက်တစ်ပါးရှိသည်ကိုမူသိကြလိမ့်မည်။
他們或聽,或不聽,(他們是悖逆之家),必知道在他們中間有了先知。
6 ၆ ``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-
人子啊,雖有荊棘和蒺藜在你那裏,你又住在蠍子中間,總不要怕他們,也不要怕他們的話;他們雖是悖逆之家,還不要怕他們的話,也不要因他們的臉色驚惶。
7 ၇ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင် သည်ဖြစ်စေ၊ ငါမိန့်တော်မူသမျှတို့ကိုသူ တို့အားဆင့်ဆိုရမည်။ သူတို့သည်ပုန်ကန် တတ်ကြောင်းကိုသတိရလော့။''
他們或聽,或不聽,你只管將我的話告訴他們;他們是極其悖逆的。
8 ၈ ``အချင်းလူသား၊ ငါမိန့်တော်မူသည်ကိုနား ထောင်လော့။ သူတို့ကဲ့သို့မပုန်ကန်နှင့်။ သင်၏ ခံတွင်းကိုဖွင့်၍ငါပေးမည့်အရာကိုစား လော့'' ဟုမိန့်တော်မူ၏။-
「人子啊,要聽我對你所說的話,不要悖逆像那悖逆之家,你要開口吃我所賜給你的。」
9 ၉ ထိုနောက်စာလိပ်တစ်ခုကိုကိုင်ထားသော လက်တစ်ဖက်သည်ငါရှိရာသို့ကမ်းလှမ်း လာသည်ကိုငါမြင်ရ၏။-
我觀看,見有一隻手向我伸出來,手中有一書卷。
10 ၁၀ ထိုလက်သည်စာလိပ်ကိုဖြန့်လိုက်သောအခါ နှစ်ဖက်စလုံး၌စာများရေးသားထားသည် ကိုငါမြင်ရ၏။ ထိုစာလိပ်နှစ်ဖက်စလုံးတွင် ဝမ်းနည်းပူဆွေးညည်းတွားမြည်တမ်းစကား များပါရှိသတည်း။
他將書卷在我面前展開,內外都寫着字,其上所寫的有哀號、歎息、悲痛的話。