< ယေဇကျေလ 19 >
1 ၁ ဣသရေလမင်းသားတို့အတွက်ငိုချင်း ကိုအောက်ပါအတိုင်းဖွဲ့ဆိုရန် ထာဝရ ဘုရားသည်ငါ့အားအမိန့်ပေးတော်မူ၏။
E tu levanta uma lamentação sobre os principes d'Israel.
2 ၂ သင့်အမိသည်ခြင်္သေ့မပီသပါပေသည်။ သူသည်ငယ်ရွယ်သောခြင်္သေ့ဖိုတို့ကြားတွင် သားငယ်များကိုကြီးပြင်းအောင်ကျွေးမွေး စောင့်ရှောက်၏။
E dize: Quem foi tua mãe? uma leoa entre leões deitada creou os seus cachorros no meio dos leõesinhos.
3 ၃ သားကောင်များဖမ်းသည့်အတတ်ကို သင်ကြားပေးသဖြင့်၊ ခြင်္သေ့ငယ်တစ်ကောင်သည်သန်စွမ်းလာ၍ လူသားစားခြင်္သေ့ဖြစ်လာလေသည်။
E fez crescer um dos seus cachorrinhos, e veiu a ser leãosinho e aprendeu a apanhar a preza; e devorou os homens,
4 ၄ လူမျိုးတကာတို့သည်သူ၏အကြောင်းကို ကြားသောအခါ တွင်းဖြင့်ထောင်၍ဖမ်းပြီးလျှင်နှာဖားကြိုး ထိုးလျက် အီဂျစ်ပြည်သို့ဆွဲငင်သွားကြ၏။
E, ouvindo fallar d'elle as nações, foi apanhado na cova d'ellas, e o trouxeram com ganchos á terra do Egypto.
5 ၅ ခြင်္သေ့မသည်မိမိ၏မျှော်လင့်ချက်များမရှိ တော့ဘဲ မျှော်မှန်းချက်များကုန်ဆုံးသည်ကို သိမြင်သောအခါ အခြားသားငယ်တစ်ကောင်ကိုကြီးပြင်းအောင် ကျွေးမွေးစောင့်ရှောက်ပြန်၏။ ထိုသားငယ်သည်လည်း ကြောက်မက်ဖွယ်ကောင်းသောခြင်္သေ့ ဖြစ်လာလေသည်။
Vendo pois ella que havia esperado muito, e que a sua expectação era perdida, tomou outro dos seus cachorros, e fez d'elle um leãosinho.
6 ၆ သူသည်အရွယ်ရောက်၍သန်စွမ်းသောအခါ၊ အခြားခြင်္သေ့များနှင့်အတူအစာရှာရန် လှည့်လည်လျက်၊ သားကောင်ဖမ်းသည့်အတတ်ကိုသင်ယူ ကာ လူသားစားခြင်္သေ့ဖြစ်လာ၏။
Este pois, andando continuamente no meio dos leões, veiu a ser leãosinho, e aprendeu a apanhar a preza: e devorou homens.
7 ၇ သူသည်ခံတပ်များကိုဖြိုချ၍မြို့တို့ကို ဖျက်ဆီးနေ၏။ သူဟောက်လိုက်သည့်အခါတိုင်း၊ ပြည်သူပြည်သားတို့သည်ကြောက်လန့်တုန်လှုပ် ကြ၏။
E conheceu os seus palacios, e destruiu as suas cidades; e assolou-se a terra, e a sua plenitude, ao ouvir o seu rugido.
8 ၈ ထိုအခါအရပ်ရပ်သူ၏ပတ်ဝန်းကျင်မှ လူမျိုးတကာတို့သည်စုရုံးလာကြလျက်၊ သူ့အားမုဆိုးပိုက်ကွန်များဖြင့်တွင်းထဲသို့ ထောင်ဖမ်းကြ၏။
Então se ajuntavam contra elle as gentes das provincias em roda, e estenderam sobre elle a rede, e foi apanhado na cova d'ellas.
9 ၉ ထိုနောက်သူ့အားသံချိတ်များနှင့်ဆွဲပြီး လှောင်အိမ်တစ်ခုတွင်ထည့်၍ဗာဗုလုန်မင်းထံသို့ ယူဆောင်သွားကြ၏။ ဣသရေလတောင်များပေါ်တွင်သူ၏အသံ ကို နောက်အဘယ်အခါ၌မျှမကြားရစေရန် သူ့အား အစောင့်အကြပ်နှင့်ထောင်ချထား၏။
E metteram-n'o em carcere com ganchos, e o levaram ao rei de Babylonia; fizeram-n'o entrar nos logares fortes, para que se não ouvisse mais a sua voz nos montes de Israel.
10 ၁၀ သင့်အမိသည်စမ်းချောင်းအနီးတွင်စိုက်ထား သည့် စပျစ်ပင်နှင့်တူ၏။ ရေအလုံအလောက်ရှိသဖြင့်ထိုအပင်သည် အသီးအရွက်များနှင့်ဝေဆာ၍နေ၏။
Tua mãe era como uma videira na tua quietação, plantada á borda das aguas, fructificando, e foi cheia de ramos, por causa das muitas aguas.
11 ၁၁ အကိုင်းများသည်သန်မာခိုင်ခံ့သဖြင့် ရာဇလှံတံ အဖြစ်အသုံးဝင်လာလေသည်။ စပျစ်ပင်သည်သစ်ပင်အရွက်အလက်များ အထက်ထိအောင်မြင့်မားလာ၏။ ထိုအပင်အဘယ်မျှမြင့်မား၍အရွက် အလက်များ ထူထပ်သည်ကိုထင်ရှားစွာမြင်ရကြ၏။
E tinha varas fortes para sceptros de dominadores, e elevou-se a sua estatura entre os espessos ramos; e foi vista na sua altura com a multidão dos seus ramos.
12 ၁၂ သို့ရာတွင်ထိုစပျစ်ပင်သည်အမျက်ထွက်သူတို့ လက်ဖြင့်အမြစ်မှဆွဲနုတ်ခြင်းကိုခံရကာ မြေပေါ်သို့လဲကျလေ၏။ အရှေ့လေကြောင့်စပျစ်သီးများပိန်ခြောက်ကုန်၏။ စပျစ်ကိုင်းတို့သည်လည်းကျိုးပဲ့ခြောက်သွေ့ကာ မီးရှို့ခြင်းကိုခံရကြ၏။
Porém foi arrancada com furor, foi abatida até á terra, e o vento oriental seccou o seu fructo; quebraram-se e seccaram-se as suas fortes varas, o fogo as consumiu,
13 ၁၃ ယခုအခါထိုအပင်ကိုခြောက်သွေ့၍ ရေမရှိရာအရပ်ဖြစ်သောတောကန္တာရတွင် စိုက်ထားလေသည်။
E agora está plantada no deserto, n'uma terra secca e sedenta.
14 ၁၄ ယင်း၏ပင်စည်ကိုမီးသင့်လောင်သဖြင့် အကိုင်းအခက်နှင့်အသီးများသည်လည်း လောင်ကျွမ်းသွားလေသည်။ ထိုအပင်၏အကိုင်းတို့သည်အဘယ်အခါ ၌မျှ ပြန်လည်ခိုင်ခံ့သန်မာလာကြတော့မည်မဟုတ်။ အဘယ်အခါ၌မျှရာဇလှံတံအဖြစ် အသုံးဝင်ကြတော့မည်မဟုတ်။ ဤကားစပ်ဆိုထားသည့်ငိုချင်းဖြစ်၏။ ထို ငိုချင်းကိုအဖန်တစ်လဲလဲသီဆိုကြ ရမည်။
E d'uma vara dos seus ramos saiu fogo que consumiu o seu fructo de maneira que n'ella não ha mais vara forte, sceptro para dominar. Esta é a lamentação, e servirá de lamentação.