< ယေဇကျေလ 19 >

1 ဣ​သ​ရေ​လ​မင်း​သား​တို့​အ​တွက်​ငို​ချင်း ကို​အောက်​ပါ​အ​တိုင်း​ဖွဲ့​ဆို​ရန် ထာ​ဝ​ရ ဘု​ရား​သည်​ငါ့​အား​အ​မိန့်​ပေး​တော်​မူ​၏။
ထိုမှတပါး ၊ ဣသရေလ မင်းသား တို့အတွက် ငိုကြွေး မြည်တမ်းလျက်ပြော ရမည်မှာ၊
2 သင့်​အ​မိ​သည်​ခြင်္သေ့​မ​ပီ​သ​ပါ​ပေ​သည်။ သူ​သည်​ငယ်​ရွယ်​သော​ခြင်္သေ့​ဖို​တို့​ကြား​တွင် သား​ငယ်​များ​ကို​ကြီး​ပြင်း​အောင်​ကျွေး​မွေး စောင့်​ရှောက်​၏။
သင် ၏အမိ ကားအဘယ်သူ နည်း။ ခြင်္သေ့မ ဖြစ် ၏။ ခြင်္သေ့ တို့တွင် အိပ် လျက်နေ၍၊ ခြင်္သေ့ ပျိုတို့တွင် မိမိ သား တို့ကို ကျွေးမွေး ၏။
3 သား​ကောင်​များ​ဖမ်း​သည့်​အ​တတ်​ကို သင်​ကြား​ပေး​သ​ဖြင့်၊ ခြင်္သေ့​ငယ်​တစ်​ကောင်​သည်​သန်​စွမ်း​လာ​၍ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​လေ​သည်။
ကျွေးမွေး သောသား တကောင် သည် ခြင်္သေ့ ပျို ဖြစ် ၍၊ တော တိရစ္ဆာန်တို့ကိုဘမ်းဆီး ခြင်းငှါ ၊ သင်၏ လူ တို့ကိုလည်း ကိုက်စား တတ်၏။
4 လူ​မျိုး​တ​ကာ​တို့​သည်​သူ​၏​အ​ကြောင်း​ကို ကြား​သော​အ​ခါ တွင်း​ဖြင့်​ထောင်​၍​ဖမ်း​ပြီး​လျှင်​နှာ​ဖား​ကြိုး ထိုး​လျက် အီ​ဂျစ်​ပြည်​သို့​ဆွဲ​ငင်​သွား​ကြ​၏။
လူမျိုး တို့သည် ကြား ၍ မြေတွင်း ၌ ထိုခြင်္သေ့ပျို ကို ဘမ်း ပြီးလျှင် ၊ သံကြိုး နှင့် ချည်နှောင်၍ အဲဂုတ္တု ပြည် သို့ ယူ သွားကြ၏။
5 ခြင်္သေ့​မ​သည်​မိ​မိ​၏​မျှော်​လင့်​ချက်​များ​မ​ရှိ တော့​ဘဲ မျှော်​မှန်း​ချက်​များ​ကုန်​ဆုံး​သည်​ကို သိ​မြင်​သော​အ​ခါ အ​ခြား​သား​ငယ်​တစ်​ကောင်​ကို​ကြီး​ပြင်း​အောင် ကျွေး​မွေး​စောင့်​ရှောက်​ပြန်​၏။ ထို​သား​ငယ်​သည်​လည်း ကြောက်​မက်​ဖွယ်​ကောင်း​သော​ခြင်္သေ့ ဖြစ်​လာ​လေ​သည်။
သားဆုံးရှုံး ကြောင်း ကို အမိသည် မြင် ၍ စိတ်ပျက် သောအခါ၊ သား တကောင် ကို ယူ ပြန်၍ ခြင်္သေ့ ပျို ဖြစ်စေခြင်းငှါပြု သဖြင့်၊
6 သူ​သည်​အ​ရွယ်​ရောက်​၍​သန်​စွမ်း​သော​အ​ခါ၊ အ​ခြား​ခြင်္သေ့​များ​နှင့်​အ​တူ​အ​စာ​ရှာ​ရန် လှည့်​လည်​လျက်၊ သား​ကောင်​ဖမ်း​သည့်​အ​တတ်​ကို​သင်​ယူ ကာ လူ​သား​စား​ခြင်္သေ့​ဖြစ်​လာ​၏။
သူသည်လည်း ၊ ခြင်္သေ့ တို့နှင့်ပေါင်းဘော် ၍ ခြင်္သေ့ ပျိုဖြစ် လျက်၊ တော တိရစ္ဆာန်တို့ကို ဘမ်းဆီး ခြင်းငှါ ၊ သင်၏လူ တို့ကိုလည်း ကိုက်စား ၏။
7 သူ​သည်​ခံ​တပ်​များ​ကို​ဖြို​ချ​၍​မြို့​တို့​ကို ဖျက်​ဆီး​နေ​၏။ သူ​ဟောက်​လိုက်​သည့်​အ​ခါ​တိုင်း၊ ပြည်​သူ​ပြည်​သား​တို့​သည်​ကြောက်​လန့်​တုန်​လှုပ် ကြ​၏။
သူ တို့ မုဆိုး များကိုသိ ၍ ၊ သူ တို့မြို့ များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက် သောအသံ ကြောင့် ပြည် နှင့် ပြည် ၌ ရှိသမျှ တို့သည် ဆိတ်ညံ လျက်ရှိကြ၏။
8 ထို​အ​ခါ​အ​ရပ်​ရပ်​သူ​၏​ပတ်​ဝန်း​ကျင်​မှ လူ​မျိုး​တ​ကာ​တို့​သည်​စု​ရုံး​လာ​ကြ​လျက်၊ သူ့​အား​မု​ဆိုး​ပိုက်​ကွန်​များ​ဖြင့်​တွင်း​ထဲ​သို့ ထောင်​ဖမ်း​ကြ​၏။
ထိုအခါ လူမျိုး တို့သည် ကျေးလက် အရပ်ရပ် တို့ က တိုက် လာ၍ ပိုက်ကွန် နှင့်ဝိုင်း ပြီးလျှင် ၊ မြေတွင်း ၌ ဘမ်း ကြ၏။
9 ထို​နောက်​သူ့​အား​သံ​ချိတ်​များ​နှင့်​ဆွဲ​ပြီး လှောင်​အိမ်​တစ်​ခု​တွင်​ထည့်​၍​ဗာ​ဗု​လုန်​မင်း​ထံ​သို့ ယူ​ဆောင်​သွား​ကြ​၏။ ဣ​သ​ရေ​လ​တောင်​များ​ပေါ်​တွင်​သူ​၏​အ​သံ ကို နောက်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ကြား​ရ​စေ​ရန် သူ့​အား အ​စောင့်​အ​ကြပ်​နှင့်​ထောင်​ချ​ထား​၏။
သံကြိုး နှင့် ချည်နှောင်လျက်ဗာဗုလုန် ရှင်ဘုရင် ထံသို့ ဆောင်သွား ၍၊ သူ ၏အသံ သည် ဣသရေလ တောင် ပေါ်မှာ နောက်တဖန် မ မြည် စေခြင်းငှါ နှောင်အိမ် ၌ လှောင် ထားကြ၏။
10 ၁၀ သင့်​အ​မိ​သည်​စမ်း​ချောင်း​အ​နီး​တွင်​စိုက်​ထား သည့် စ​ပျစ်​ပင်​နှင့်​တူ​၏။ ရေ​အ​လုံ​အ​လောက်​ရှိ​သ​ဖြင့်​ထို​အ​ပင်​သည် အ​သီး​အ​ရွက်​များ​နှင့်​ဝေ​ဆာ​၍​နေ​၏။
၁၀သင် ၏အမိ သည် သင်နှင့်တူလျက်၊ ရေ နား မှာ စိုက်သော စပျစ် နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေ များ သောကြောင့် အခက်အလက် နှင့် ပြည့်စုံ၍၊ များစွာ သောအသီး ကို သီး တတ်၏။
11 ၁၁ အ​ကိုင်း​များ​သည်​သန်​မာ​ခိုင်​ခံ့​သ​ဖြင့် ရာ​ဇ​လှံ​တံ အ​ဖြစ်​အ​သုံး​ဝင်​လာ​လေ​သည်။ စ​ပျစ်​ပင်​သည်​သစ်​ပင်​အ​ရွက်​အ​လက်​များ အ​ထက်​ထိ​အောင်​မြင့်​မား​လာ​၏။ ထို​အ​ပင်​အ​ဘယ်​မျှ​မြင့်​မား​၍​အ​ရွက် အ​လက်​များ ထူ​ထပ်​သည်​ကို​ထင်​ရှား​စွာ​မြင်​ရ​ကြ​၏။
၁၁မင်း တို့အသုံးအဆောင်ရာဇလှံတံ ဘို့ ခိုင်ခံ့ သော တံဖျာ တို့နှင့် ပြည့်စုံ ၏။ ထူထပ် ၍များပြား သော အခက်အလက် တို့နှင့် အရပ် မြင့်၍ ထင်ရှား လေ၏။
12 ၁၂ သို့​ရာ​တွင်​ထို​စ​ပျစ်​ပင်​သည်​အ​မျက်​ထွက်​သူ​တို့ လက်​ဖြင့်​အ​မြစ်​မှ​ဆွဲ​နုတ်​ခြင်း​ကို​ခံ​ရ​ကာ မြေ​ပေါ်​သို့​လဲ​ကျ​လေ​၏။ အ​ရှေ့​လေ​ကြောင့်​စ​ပျစ်​သီး​များ​ပိန်​ခြောက်​ကုန်​၏။ စ​ပျစ်​ကိုင်း​တို့​သည်​လည်း​ကျိုး​ပဲ့​ခြောက်​သွေ့​ကာ မီး​ရှို့​ခြင်း​ကို​ခံ​ရ​ကြ​၏။
၁၂သို့ရာတွင် ၊ ဒေါသ အရှိန်အားဖြင့် နှုတ် ၍ မြေ ပေါ်မှာ လှဲချ လေပြီ။ အရှေ့ လေ သည် တိုက်၍အသီး ကို ပိတ်ခြောက် စေ၏။ ခိုင်ခံ့ သောတံဖျာ တို့သည် ကျိုး ၍ သွေ့ခြောက် သဖြင့်၊ မီး လောင် ခြင်းကိုခံရကြပြီ။
13 ၁၃ ယ​ခု​အ​ခါ​ထို​အ​ပင်​ကို​ခြောက်​သွေ့​၍ ရေ​မ​ရှိ​ရာ​အ​ရပ်​ဖြစ်​သော​တော​ကန္တာ​ရ​တွင် စိုက်​ထား​လေ​သည်။
၁၃ယခု မူကား ရေမရှိ၊ သွေ့ခြောက် သောလွင်ပြင် အရပ်၌ စိုက် လျက်ရှိ၏။
14 ၁၄ ယင်း​၏​ပင်​စည်​ကို​မီး​သင့်​လောင်​သ​ဖြင့် အ​ကိုင်း​အ​ခက်​နှင့်​အ​သီး​များ​သည်​လည်း လောင်​ကျွမ်း​သွား​လေ​သည်။ ထို​အ​ပင်​၏​အ​ကိုင်း​တို့​သည်​အ​ဘယ်​အ​ခါ ၌​မျှ ပြန်​လည်​ခိုင်​ခံ့​သန်​မာ​လာ​ကြ​တော့​မည်​မ​ဟုတ်။ အ​ဘယ်​အ​ခါ​၌​မျှ​ရာ​ဇ​လှံ​တံ​အ​ဖြစ် အ​သုံး​ဝင်​ကြ​တော့​မည်​မ​ဟုတ်။ ဤ​ကား​စပ်​ဆို​ထား​သည့်​ငို​ချင်း​ဖြစ်​၏။ ထို ငို​ချင်း​ကို​အ​ဖန်​တစ်​လဲ​လဲ​သီ​ဆို​ကြ ရ​မည်။
၁၄အခက်အလက် တံဖျာတခု ထဲက မီး ထွက် ၍ အသီး ကို ကျွမ်းလောင် ပြီ။ အစိုးရ သောရာဇလှံတံ ဘို့ ခိုင်ခံ့ သောတံဖျာ တစုံတခု မျှမကျန်ကြွင်း ။ ဤရွေ့ကား ၊ ငိုကြွေး မြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေး မြည်တမ်းစရာ အကြောင်း လည်း ဖြစ် လိမ့်မည်။

< ယေဇကျေလ 19 >