< ယေဇကျေလ 18 >
1 ၁ ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
Опет ми дође реч Господња говорећи:
2 ၂ ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။''
Шта хоћете ви који говорите причу о земљи Израиљевој говорећи: Оци једоше кисело грожђе, а синовима трну зуби?
3 ၃ ``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။-
Тако ја био жив, говори Господ Господ, нећете више говорити те приче у Израиљу.
4 ၄ အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
Гле, све су душе моје, како душа очева тако и душа синовљева моја је, која душа згреши она ће погинути.
5 ၅ ``အကယ်၍ကောင်းမြတ်ဖြောင့်မတ်၍ရိုးသား သူရှိအံ့။-
Јер ако је ко праведан и чини суд и правду,
6 ၆ သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
На горама не једе и очију својих не подиже ка гадним боговима дома Израиљевог, и не скврни жене ближњег свог и не иде к жени одвојеној ради нечистоте,
7 ၇ သူသည်လှည့်စားမှုကိုမပြု။ သူတစ်ပါး၏ ဥစ္စာကိုအနိုင်အထက်မလုမယူ။ အပေါင်ခံ ပစ္စည်းကိုလည်းပြန်၍ပေး၏။ ငတ်မွတ်နေသူ ကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ် အစားများကိုပေး၏။-
И никоме не чини насиља, залог дужнику свом враћа, ништа не отима, хлеб свој даје гладноме и голога одева,
8 ၈ သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။-
Не даје на добит и не узима придавка, од неправде устеже руку своју, и право суди између једног човека и другог,
9 ၉ သူသည်ငါ၏အမိန့်များကိုလိုက်နာ၍ ငါ၏ ပညတ်တော်တို့ကိုသေချာစွာစောင့်ထိန်း၏။ ထိုသူသည်သူတော်ကောင်းဖြစ်သဖြင့် အသက် ရှင်လိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
По уредбама мојим ходи, и држи законе моје творећи истину; тај је праведан, доиста ће живети, говори Господ Господ.
10 ၁၀ ``ထိုသူ၌အနိုင်အထက်လုယက်သတ်ဖြတ် တတ်၍ ဖခင်မပြုခဲ့ဘူးသည့်အမှုတို့ကို ပြုကျင့်သူသားတစ်ယောက်ရှိသည်ဆိုအံ့။ ထိုသားသည်တောင်ပေါ်ရှိကိုးကွယ်ရာဌာန များတွင်ယဇ်ပူဇော်သည့်အသားကိုစား၏။ သူတစ်ပါးအိမ်ရာကိုပြစ်မှား၏။-
Ако роди сина лупежа, који би крв проливао или би чинио такво шта,
А не би чинио све оно, него би јео на горама, и жену ближњег свог скврнио,
12 ၁၂ သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
Сиромаху и убогоме насиље чинио, отимао шта, залог не би враћао, и ка гадним боговима подизао би очи своје чинећи гад,
13 ၁၃ သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
Давао би на добит, и узимао придавак; хоће ли тај живети? Неће живети; учинио је све те гадове, доиста ће погинути, крв ће његова на њему бити.
14 ၁၄ ``ယခုထိုသူ၌သားတစ်ယောက်ရှိသည်ဆို အံ့။ ထိုသားသည်မိမိဖခင်ပြုကျင့်ခဲ့သည့် ဒုစရိုက်တို့ကိုမြင်သော်လည်းဖခင်ကို အတုမခိုး။-
Али гле, ако роди сина који би видео све грехе оца свог што чини, и узео би на ум, те не би чинио онако,
15 ၁၅ သူသည်ဣသရေလအမျိုးသားတို့၏ ရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိကိုး ကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုလည်းမစား။ သူတစ်ပါးအိမ် ရာပြစ်မှားခြင်း၊-
Не би јео на горама, нити би очију својих подизао ка гадним боговима дома Израиљевог, жене ближњег свог не би скврнио,
16 ၁၆ သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
И никоме не би чинио насиља, залог не би узимао и не би ништа отимао, давао би хлеб свој гладноме и голог би одевао,
17 ၁၇ သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
Од сиромаха би устезао руку своју, не би узимао добити ни придавка, законе би моје извршио и по уредбама мојим ходио; тај неће погинути за безакоње оца свог, доиста ће живети.
18 ၁၈ သူ၏ဖခင်မူကားလိမ်လည်လှည့်စား၍သူ တစ်ပါးတို့၏ဥစ္စာကိုအနိုင်အထက်လုယူ လျက် အစဉ်ပင်လူအပေါင်းအားဆိုးညစ်စွာ ပြုကျင့်သဖြင့်မိမိ၏အပြစ်များကြောင့် သေရ၏။
А отац његов, што је чинио насиље, отимао од брата свог и чинио шта није добро у народу свом, гле, он ће погинути за своје безакоње.
19 ၁၉ ``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
Али говорите: Зашто да не носи син безакоње очево? Јер син чини суд и правду, све уредбе моје држи и извршује; доиста ће живети.
20 ၂၀ သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
Која душа згреши она ће умрети, син неће носити безакоње очево нити ће отац носити безакоње синовљево; на праведнику ће бити правда његова, а на безбожнику ће бити безбожност његова.
21 ၂၁ ``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-
Ако ли би се безбожник обратио од свих греха својих које учини, и држао би све уредбе моје и творио суд и правду, доиста ће живети, неће погинути.
22 ၂၂ သူသည်မှန်ရာကိုပြုကျင့်သည့်အတွက် မိမိ၏အပြစ်အပေါင်းမှပြေလွှတ်၍ အသက်ရှင်ရလိမ့်မည်။-
Безакоња његова што их је год учинио неће му се више спомињати, у правди својој коју чини живеће.
23 ၂၃ ငါသည်ဆိုးညစ်သူသေသည်ကိုမြင်သော အခါ နှစ်ခြိုက်အားရခြင်းဖြစ်သည်ဟုသင် တို့ထင်မှတ်ကြသလောဟု အရှင်ထာဝရ ဘုရားမေးတော်မူ၏။ ကိုယ်တော်ကထိုသူ နောင်တရ၍အသက်ရှင်ရသည်ကိုသာ လျှင်ငါမြင်လို၏။
Еда ли је мени мило да погине безбожник? Говори Господ, а не да се одврати од путева својих и буде жив?
24 ၂၄ ``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
Али кад би се праведник одвратио од правде своје и чинио неправду, и радио по свим гадовима које чини безбожник, хоће ли он живети? Праведна дела његова, шта је год чинио, неће се споменути; за безакоње своје које учини за грех свој којим згреши погинуће.
25 ၂၅ ``သို့သော်လည်းသင်တို့က`ဘုရားရှင်စီရင် တော်မူသည်မှာမဖြောင့်ဟု' ဆိုကြ၏။ အချင်း ဣသရေလအမျိုးသားတို့ငါပြောသည် ကိုနားထောင်ကြလော့။ သင်တို့ကငါစီရင် ချက်မဖြောင့်ဟုထင်မှတ်ကြ၏။ မဖြောင့် သည့်အရာကားသင်တို့၏ပြုမူပုံပင် ဖြစ်၏။-
Још говорите: Није прав пут Господњи. Чујте, доме Израиљев, мој ли пут није прав? Нису ли ваши путеви неправи?
26 ၂၆ သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ ဆိုးညစ်မှုကိုပြုပြီးနောက်သေသွားလျှင် ထိုသူသည်မိမိပြုခဲ့သည့်ဆိုးညစ်မှု ကြောင့်သေရခြင်းဖြစ်၏။-
Кад се праведник одврати од правде своје и чини зло и умре за то, умреће за зло своје које учини.
27 ၂၇ ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-
А кад се безбожник одврати од безбожности своје коју је чинио, и чини суд и правду, он ће сачувати у животу душу своју.
28 ၂၈ သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။-
Јер узевши на ум врати се од свих безакоња својих која учини; доиста ће живети, и неће погинути.
29 ၂၉ သို့သော်လည်းဣသရေလအမျိုးသားတို့၊ သင်တို့က`ဘုရားရှင်စီရင်တော်မူချက်သည် မဖြောင့်' ဟုဆိုကြ၏။ ငါစီရင်တော်မူချက် ကိုမဖြောင့်ဟုသင်တို့ထင်မှတ်ကြသလော။ မဖြောင့်သည့်အရာကားသင်တို့၏ပြုမူပုံ ပင်ဖြစ်၏။
Али дом Израиљев вели: Пут Господњи није прав. Моји ли путеви нису прави? Доме Израиљев, нису ли ваши путеви неправи?
30 ၃၀ ``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။-
Зато, доме Израиљев, судићу вам свакоме по путевима његовим, говори Господ; обратите се и прођите се свих греха својих, и неће вам безакоње бити на спотицање.
31 ၃၁ သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
Одбаците од себе сва безакоња која чинисте, и начинисте себи ново срце и нов дух; и зашто да мрете? Доме Израиљев.
32 ၃၂ ငါသည်အဘယ်သူ့ကိုမျှမသေစေလို။ အပြစ်ဒုစရိုက်ကိုရပ်စဲ၍အသက်ရှင် ကြလော့'' ဟုမိန့်တော်မူ၏။
Јер ми није мила смрт оног који мре, говори Господ Господ; обратите се дакле и будите живи.