< ယေဇကျေလ 18 >
1 ၁ ထာဝရဘုရားနှုတ်ကပတ်တော်သည်ငါ့ ထံသို့ရောက်လာ၏။-
၁တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 ၂ ကိုယ်တော်က ``မိဘတို့စပျစ်ချဉ်သီးကိုသုံးဆောင်ခြင်း ကြောင့်၊ သားသမီးများသွားကျိန်းရကြ၏'' ဟူသောစကားပုံကိုဣသရေလအမျိုး သားတို့ ထပ်ကာထပ်ကာပြောဆိုနေကြရာ ၌အဘယ်သို့ဆိုလိုသနည်း။''
၂အဘ တို့သည် ချဉ် သောစပျစ်သီးကို စား ၍ သား တို့သည် သွား ကျိန်း လျက်ရှိကြ၏ဟု၊ သင် တို့သည် ဣသရေလ ပြည် ကိုရည်မှတ် ၍ စကားပုံ ကို သုံး သောအခါ အဘယ်သို့ ဆိုလို သနည်း။
3 ၃ ``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။-
၃အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း နောက် တဖန်ဣသရေလ ပြည် ၌ ထို စကားပုံ ကိုသုံး ရသောအကြောင်းမ ရှိ ရ။
4 ၄ အဖ၏အသက်ကိုငါပိုင်၏။ သား၏အသက် ကိုလည်းငါပိုင်၏။ လူတိုင်း၏အသက်ကို ငါပိုင်၏။ သေရမည့်သူကားအပြစ်ကူးလွန် သူပင်ဖြစ်၏။
၄ဝိညာဉ် အပေါင်း တို့ကို ငါ ပိုင် ၏။ အဘ ၏ဝိညာဉ် ကို ငါပိုင်သကဲ့သို့ သား ၏ဝိညာဉ် ကိုလည်း ငါ ပိုင် ၏။ ပြစ်မှား သော ဝိညာဉ် သည် အသက်သေ ရမည်။
5 ၅ ``အကယ်၍ကောင်းမြတ်ဖြောင့်မတ်၍ရိုးသား သူရှိအံ့။-
၅လူ မည်သည်ကား ၊ သဘော ဖြောင့်၍ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင် ၎င်း ၊
6 ၆ သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
၆တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကို မ ပြစ်မှား ၊ ဥတု ရောက်သော မိန်းမ ကို မ ချဉ်းကပ် ၊
7 ၇ သူသည်လှည့်စားမှုကိုမပြု။ သူတစ်ပါး၏ ဥစ္စာကိုအနိုင်အထက်မလုမယူ။ အပေါင်ခံ ပစ္စည်းကိုလည်းပြန်၍ပေး၏။ ငတ်မွတ်နေသူ ကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ် အစားများကိုပေး၏။-
၇အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ကြွေး စားပေါင် ထား သော ဥစ္စာကို ပြန် ၍မပေးဘဲမနေ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ၍ ၊ အဝတ် မရှိသောသူကို အဝတ် နှင့်ဖုံးလွှမ်း လျှင်၎င်း ၊
8 ၈ သူသည်အတိုးအမြတ်ရရန်ငွေကိုမချေး။ ဆိုးညစ်မှုကိုရှောင်ရှား၍အချင်းများမှု တို့တွင်ဖြောင့်မှန်သောအဆုံးအဖြတ်ကို ပေး၏။-
၈အတိုး စား၍ ငွေကိုမ ချေး ၊ အဓမ္မ အမှုကို လက် မ ခံ၊ သူတပါးအမှုကို တရား သဖြင့် စီရင် ခြင်း၊
9 ၉ သူသည်ငါ၏အမိန့်များကိုလိုက်နာ၍ ငါ၏ ပညတ်တော်တို့ကိုသေချာစွာစောင့်ထိန်း၏။ ထိုသူသည်သူတော်ကောင်းဖြစ်သဖြင့် အသက် ရှင်လိမ့်မည်ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
၉ငါ စီရင် ထုံးဖွဲ့သည် အတိုင်းကျင့် ၍ သစ္စာစောင့် ခြင်းကိုပြု လျှင်၎င်း ၊ ထိုသူ သည် ဖြောင့်မတ် သောသူဖြစ် ၏။ အကယ်စင်စစ်အသက်ရှင် ရလိမ့်မည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
10 ၁၀ ``ထိုသူ၌အနိုင်အထက်လုယက်သတ်ဖြတ် တတ်၍ ဖခင်မပြုခဲ့ဘူးသည့်အမှုတို့ကို ပြုကျင့်သူသားတစ်ယောက်ရှိသည်ဆိုအံ့။ ထိုသားသည်တောင်ပေါ်ရှိကိုးကွယ်ရာဌာန များတွင်ယဇ်ပူဇော်သည့်အသားကိုစား၏။ သူတစ်ပါးအိမ်ရာကိုပြစ်မှား၏။-
၁၀သို့ရာတွင်၊ ထိုသူ၏သား သည် ထားပြ တိုက် သောသူ၊ လူအသက် ကိုသတ်သောသူ၊ အရင်ဆိုခဲ့ပြီးသော ဒုစရိုက်တစုံတခု ကို ပြု သောသူ၊
၁၁အရင်ဆိုခဲ့ပြီးသော သုစရိုက်ကိုမ ပြု ၊ တောင် ပေါ်မှာ စား ခြင်း၊ သူ့ မယား ကိုပြစ်မှား ခြင်း၊
12 ၁၂ သူသည်ဆင်းရဲချို့တဲ့သူတို့အားလိမ်လည် လှည့်စား၏။ သူတစ်ပါး၏ဥစ္စာကိုအနိုင် အထက်လုယူ၏။ အပေါင်ခံပစ္စည်းကိုလည်း ပြန်၍မပေး။ ရုပ်တုတို့ကိုကိုးကွယ်၍ စက်ဆုပ်ဖွယ်ကောင်းသောအမှုကိုပြု၏။-
၁၂ဆင်းရဲ ငတ်မွတ် သောသူကို ညှဉ်းဆဲ ခြင်း၊ သူ့ဥစ္စာ ကို အနိုင်အထက် လုယူခြင်း၊ ပေါင် ထားသော ဥစ္စာကို ပြန် ၍မ ပေးဘဲနေခြင်း၊ ရုပ်တု ကို ဖူးမျှော် ခြင်း၊ ရွံ့ရှာဘွယ် သော အမှုကိုပြု ခြင်း၊
13 ၁၃ သူသည်အတိုးအမြတ်ရအောင်ငွေကိုချေး ၏။ ထိုသူသည်အသက်ရှင်နိုင်မည်လော။ အသက် ရှင်နိုင်မည်မဟုတ်။ သူသည်ယင်းသို့စက်ဆုပ် ဖွယ်ကောင်းသောအမှုတို့ကိုပြုသဖြင့်သေ ရလိမ့်မည်။ သူ၏သွေးသည်သူ့ခေါင်းပေါ် တင်လျက်ရှိ၏။
၁၃အတိုး စား၍ငွေချေး ခြင်းကိုပြုသောသူဖြစ် လျှင်၊ အသက်ရှင် ရမည်လော။ အသက် မ ရှင်ရ။ ထို ရွံ့ရှာဘွယ် သော အမှုများကိုပြုသောကြောင့်၊ စင်စစ်အသေ သတ်ခြင်းကိုခံရမည်။ သေထိုက်သောအပြစ်ရှိ ၏။
14 ၁၄ ``ယခုထိုသူ၌သားတစ်ယောက်ရှိသည်ဆို အံ့။ ထိုသားသည်မိမိဖခင်ပြုကျင့်ခဲ့သည့် ဒုစရိုက်တို့ကိုမြင်သော်လည်းဖခင်ကို အတုမခိုး။-
၁၄သို့ရာတွင် ၊ ထိုသူ၏သား သည် အဘ ပြုသမျှ သော ဒုစရိုက် တို့ကို မြင် ၍ဆင်ခြင်သဖြင့် ၊ ထိုသို့ သော အမှုတို့ကိုမ ပြု ၊
15 ၁၅ သူသည်ဣသရေလအမျိုးသားတို့၏ ရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိကိုး ကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုလည်းမစား။ သူတစ်ပါးအိမ် ရာပြစ်မှားခြင်း၊-
၁၅တောင် ပေါ်မှာ မ စား ၊ ဣသရေလ အမျိုး ကိုးကွယ်သော ရုပ်တု တို့ကို မ ဖူး မမျှော်၊ သူ့ မယား ကိုမ ပြစ်မှား ၊
16 ၁၆ သူတစ်ပါးတို့အားနှိပ်စက်ညှင်းဆဲမှုနှင့် သူ တစ်ပါး၏ဥစ္စာကိုအနိုင်အထက်လုယူမှုတို့ ကိုလည်းမပြု။ သူသည်အပေါင်ခံပစ္စည်းများ ကိုလက်မခံ။ ငတ်မွတ်နေသူကိုကျွေးမွေး၍ အဝတ်မဲ့သူအားအဝတ်အစားများကို ပေး၏။-
၁၆အဘယ်သူ ကိုမျှ မ ညှဉ်းဆဲ ၊ ပေါင် ထားသော ဥစ္စာကိုမ သိမ်း ၊ သူ့ဥစ္စာ ကို အနိုင်အထက် မ လုမယူ၊ ငတ်မွတ် သောသူကို ကျွေးမွေး ခြင်း၊ အဝတ် မရှိသော သူကိုအဝတ် နှင့်ဖုံးလွှမ်း ခြင်း၊
17 ၁၇ သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
၁၇ဆင်းရဲ သော သူကိုချမ်းသာ ပေးခြင်း၊ အတိုး မ စား ဘဲငွေချေးခြင်းကို ပြု၍ငါ စီရင် ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက် လျှင်၊ ထိုသူ သည်အဘ ၏ အပြစ် ကြောင့် အသေ ခံရမည်မ ဟုတ်။ စင်စစ်အသက်ရှင် ရလိမ့်မည်။
18 ၁၈ သူ၏ဖခင်မူကားလိမ်လည်လှည့်စား၍သူ တစ်ပါးတို့၏ဥစ္စာကိုအနိုင်အထက်လုယူ လျက် အစဉ်ပင်လူအပေါင်းအားဆိုးညစ်စွာ ပြုကျင့်သဖြင့်မိမိ၏အပြစ်များကြောင့် သေရ၏။
၁၈အဘ မူကား၊ မိမိညီအစ်ကို ကိုအထပ်ထပ်ညှဉ်းဆဲ လျက်၊ သူ့ဥစ္စာကို အနိုင်အထက် လုယူလျက် ၊ မိမိ အမျိုးသား ချင်းတို့တွင် မကောင်း သော အမှုကိုပြု သောအပြစ်ကြောင့် ၊ အသေ သတ်ခြင်းကိုခံရမည်။
19 ၁၉ ``သို့ရာတွင်သင်တို့က`သားဖြစ်သူသည် အဘယ်ကြောင့်ဖခင်ပြုခဲ့သည့်အပြစ်များ ၏အကျိုးဆက်ကိုမခံရပါသနည်း' ဟု မေးကြ၏။ အဖြေကားသားသည်ကောင်းရာ မှန်ရာကိုပြုသူဖြစ်၏။ သူသည်ငါ၏ပညတ် တော်တို့ကိုစောင့်ထိန်း၍အသေအချာလိုက် နာ၏။ သို့ဖြစ်၍သူသည်မုချအသက်ရှင် လိမ့်မည်။-
၁၉သင်တို့ကလည်း ၊ အဘယ်သို့ နည်း။ သား သည် အဘ ၏ အပြစ် ကို မ ခံရ သလောဟု မေး ကြသော်၊ သား သည် တရား သောအမှု၊ ဟုတ်မှန် သောအမှုကိုပြု ၍၊ ငါ စီရင် ထုံးဖွဲ့သမျှ အတိုင်း ကျင့် စောင့်လျှင်၊ စင်စစ်အသက်ရှင် ရလိမ့်မည်။
20 ၂၀ သေရမည့်သူကားအပြစ်ကူးလွန်သူ ဖြစ်၏။ သားဖြစ်သူသည်ဖခင်ပြုသည့် အပြစ်များ၏အကျိုးဆက်ကိုခံရမည် မဟုတ်။ ဖခင်ဖြစ်သူသည်လည်းသားပြု သည့်အပြစ်များ၏အကျိုးဆက်ကိုခံ ရမည်မဟုတ်။ လူကောင်းသည်ကောင်းမှု ကိုပြုသည့်အတွက်ကောင်းကျိုး၊ ဆိုးညစ် သောသူသည်ဆိုးညစ်မှုကိုပြုသည့် အတွက်ဆိုးကျိုးကိုလည်းကောင်းခံရ လိမ့်မည်။
၂၀ပြစ်မှား သောသူသည် အသေ ခံရမည်။ သား သည် အဘ ၏အပြစ် ကိုမ ခံရ ။ အဘ သည် သား ၏အပြစ် ကို မ ခံရ ။ တရား သောသူသည် တရား စွာပြုခြင်းအကျိုး ကို၎င်း၊ မတရား သောသူသည် မတရား စွာပြုခြင်း အပြစ်ကို၎င်းခံရ လိမ့်မည်။
21 ၂၁ ``ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍ ငါ၏ပညတ်တော်တို့ကိုစောင့်ထိန်း၏။ မှန် ရာကောင်းရာကိုလည်းပြုကျင့်၏။ ထိုသူ သည်သေရမည်မဟုတ်။ မုချပင်အသက် ရှင်ရလိမ့်မည်။-
၂၁သို့ရာတွင် ၊ မတရား သောသူသည် မိမိ ပြုမိသမျှ သော ဒုစရိုက် တို့ကို ကြဉ်ရှောင် လျက်၊ ငါ စီရင် ထုံးဖွဲ့သမျှ တို့ ကို စောင့်ရှောက် ၍ ၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုတို့ကိုပြုလျှင်၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
22 ၂၂ သူသည်မှန်ရာကိုပြုကျင့်သည့်အတွက် မိမိ၏အပြစ်အပေါင်းမှပြေလွှတ်၍ အသက်ရှင်ရလိမ့်မည်။-
၂၂ပြု မိသမျှ သော ဒုစရိုက် အပြစ်တို့ကို သူ တဘက် ၌ မ မှတ် ရ။ ပြု မိသောဖြောင့်မတ် ခြင်းအမှုကြောင့် အသက်ရှင် ရလိမ့်မည်။
23 ၂၃ ငါသည်ဆိုးညစ်သူသေသည်ကိုမြင်သော အခါ နှစ်ခြိုက်အားရခြင်းဖြစ်သည်ဟုသင် တို့ထင်မှတ်ကြသလောဟု အရှင်ထာဝရ ဘုရားမေးတော်မူ၏။ ကိုယ်တော်ကထိုသူ နောင်တရ၍အသက်ရှင်ရသည်ကိုသာ လျှင်ငါမြင်လို၏။
၂၃မတရား သောသူသည်မိမိ အကျင့် တို့ကိုရှောင် ၍ အသက် မ ရှင်၊ အသေခံ ခြင်းအမှု၌ ငါသည်အနည်းငယ်သော ပျော်မွေ့ ခြင်းရှိသလော။
24 ၂၄ ``သို့ရာတွင်ဖြောင့်မတ်သောသူသည်ကောင်း မှုကိုရပ်စဲ၍ သူယုတ်မာတို့ပြုကျင့်တတ် သည့်စက်ဆုတ်ဖွယ်ရာဆိုးညစ်မှုတို့ကို ပြုလျှင် သူသည်ဆက်လက်၍အသက်ရှင် မည်လော။ အသက်မရှင်ရ။ သူပြုခဲ့သည့် ကောင်းမှုကိုငါအမှတ်ရတော့မည်မဟုတ်။ သူသည်သစ္စာမဲ့မှုကြောင့်အပြစ်ရှိ၍ မိမိကူးလွန်ခဲ့သည့်အပြစ်များ အတွက်သေရလိမ့်မည်။
၂၄သို့ရာတွင် ၊ တရား သောသူသည်ဖောက်ပြန် ၍ ၊ အဓမ္မ အမှုကို၎င်း ၊ မတရား သောသူပြု သမျှ သော စက်ဆုပ် ရွံ့ရှာဘွယ်အမှုတို့ကို၎င်းပြု လျှင် ၊ အသက်ရှင် ရမည်လော။ အရင်ပြု သမျှ သော ဖြောင့်မတ် ခြင်းအမှုတို့ကို မ မှတ် ၊ သူသည် လွန်ကျူး သောအမှု၊ ပြစ်မှား သော အပြစ် ကြောင့် အသေ သတ်ခြင်းကိုခံရလိမ့်မည်။
25 ၂၅ ``သို့သော်လည်းသင်တို့က`ဘုရားရှင်စီရင် တော်မူသည်မှာမဖြောင့်ဟု' ဆိုကြ၏။ အချင်း ဣသရေလအမျိုးသားတို့ငါပြောသည် ကိုနားထောင်ကြလော့။ သင်တို့ကငါစီရင် ချက်မဖြောင့်ဟုထင်မှတ်ကြ၏။ မဖြောင့် သည့်အရာကားသင်တို့၏ပြုမူပုံပင် ဖြစ်၏။-
၂၅သို့သော်လည်း သင်တို့က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
26 ၂၆ သူတော်ကောင်းသည်ကောင်းမှုကိုရပ်စဲ၍ ဆိုးညစ်မှုကိုပြုပြီးနောက်သေသွားလျှင် ထိုသူသည်မိမိပြုခဲ့သည့်ဆိုးညစ်မှု ကြောင့်သေရခြင်းဖြစ်၏။-
၂၆တရား သောသူသည်တရား သောအမှုကိုပယ် ၍ အဓမ္မ အမှုကို ပြု လျှင် ၊ ထိုအမှု ကြောင့် သေ ရမည်။ ပြု မိသော အဓမ္မ အမှုကြောင့် အသေ သတ်ခြင်းကိုခံရမည်။
27 ၂၇ ဆိုးညစ်သူသည်အပြစ်ဒုစရိုက်ကိုရပ်စဲ ၍မှန်ရာကောင်းရာကိုပြုကျင့်လျှင် သူသည် မိမိ၏အသက်ကိုချမ်းသာရာရစေသူ ဖြစ်၏။-
၂၇ထိုအတူ၊ မတရား သောသူသည် မိမိပြု မိသော အဓမ္မ အမှုကို ရှောင် ၍၊ တရား သောအမှု၊ ဟုတ်မှန် သော အမှုကိုပြု လျှင်၊ မိမိ အသက် ကို ကယ်နှုတ် ရလိမ့်မည်။
28 ၂၈ သူသည်မိမိအမှားကိုမြင်၍အပြစ်ကို စွန့်လွှတ်လိုက်သဖြင့်မုချပင်သေရမည် မဟုတ်။ ဆက်လက်၍အသက်ရှင်ရလိမ့် မည်။-
၂၈ပြု မိသမျှ သော အဓမ္မ အမှုတို့ကို ဆင်ခြင် ၍ ရှောင် သောကြောင့် ၊ သေ ခြင်းနှင့်လွတ် ၍ စင်စစ်အသက်ရှင် ရလိမ့်မည်။
29 ၂၉ သို့သော်လည်းဣသရေလအမျိုးသားတို့၊ သင်တို့က`ဘုရားရှင်စီရင်တော်မူချက်သည် မဖြောင့်' ဟုဆိုကြ၏။ ငါစီရင်တော်မူချက် ကိုမဖြောင့်ဟုသင်တို့ထင်မှတ်ကြသလော။ မဖြောင့်သည့်အရာကားသင်တို့၏ပြုမူပုံ ပင်ဖြစ်၏။
၂၉သို့သော်လည်း ဣသရေလ အမျိုး က၊ ထာဝရ ဘုရား စီရင်ချက် မ ဖြောင့် ဟု ဆို ကြသည်တကား။ အိုဣသရေလ အမျိုး ၊ ငါ စီရင်ချက် သည် ဖြောင့် ၍၊ သင် တို့စီရင်ချက် ကောက် သည် မ ဟုတ်လော။
30 ၃၀ ``အချင်းဣသရေလအမျိုးသားတို့၊ ငါ အရှင်ထာဝရဘုရားသည် ယခုသင်တို့ တစ်ဦးစီအားသင်တို့အသီးသီးပြုခဲ့ ကြသည့်အမှုကိုလိုက်၍ တရားစီရင်တော် မူမည်ဖြစ်ကြောင်းပြောကြား၏။ သင်တို့သည် ပြုကျင့်လျက်နေသောဆိုးညစ်မှုအပေါင်း မှကြဉ်ရှောင်ကြလော့။ အပြစ်ဒုစရိုက်က သင်တို့အားမပျက်စီးစေနှင့်။-
၃၀သို့ဖြစ်၍ ၊ အိုဣသရေလ အမျိုး ၊ သင် တို့အသီးအသီး ကျင့် ကြသည်အတိုင်း အကျိုးအပြစ်ကိုငါစီရင် မည်။ သင်တို့သည် အဓမ္မ အမှုရှိသမျှ တို့ကို စွန့်ပစ် ၍ ပြောင်းလဲ ကြလော့။ ပြောင်းလဲကြလော့။ ဒုစရိုက် အပြစ်ကြောင့် ထိမိ ၍ ဆုံးခြင်းသို့မ ရောက် ကြနှင့်။
31 ၃၁ သင်တို့ပြုကျင့်လျက်ရှိသည့်ဆိုးညစ်မှုကို စွန့်ပစ်၍ စိတ်နှလုံးအသစ်၊ စိတ်ဝိညာဉ်အသစ် ကိုယူကြလော့။ အချင်းဣသရေလအမျိုး သားတို့သင်တို့သည်အဘယ်ကြောင့်သေ ချင်ကြသနည်း။-
၃၁သင် တို့သည် ပြု သမျှ သော လွန်ကျူး ခြင်းအမှု တို့ကို စွန့်ပစ် ၍ အသစ် သောနှလုံး ၊ အသစ် သောစိတ် သဘောကို ပြင်ဆင် ကြလော့။ အိုဣသရေလ အမျိုး ၊ သင်တို့သည် အဘယ်ကြောင့် အသေ သတ်ခြင်းကိုခံလိုသနည်း။
32 ၃၂ ငါသည်အဘယ်သူ့ကိုမျှမသေစေလို။ အပြစ်ဒုစရိုက်ကိုရပ်စဲ၍အသက်ရှင် ကြလော့'' ဟုမိန့်တော်မူ၏။
၃၂အသေ ခံရသောသူ ၏ အသေခံ ခြင်းအမှု၌ ငါသည် ပျော်မွေ့ ခြင်းမ ရှိ။ ထိုကြောင့် ၊ ပြောင်းလဲ ၍ အသက်ရှင် ကြလော့ဟု အရှင် ထာဝရဘုရား မိန့် တော်မူ ၏။