< ယေဇကျေလ 18 >

1 ထာ​ဝ​ရ​ဘု​ရား​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
וַיְהִ֥י דְבַר־יְהוָ֖ה אֵלַ֥י לֵאמֹֽר׃
2 ကိုယ်​တော်​က ``မိ​ဘ​တို့​စ​ပျစ်​ချဉ်​သီး​ကို​သုံး​ဆောင်​ခြင်း ကြောင့်၊ သား​သ​မီး​များ​သွား​ကျိန်း​ရ​ကြ​၏'' ဟူ​သော​စ​ကား​ပုံ​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့ ထပ်​ကာ​ထပ်​ကာ​ပြော​ဆို​နေ​ကြ​ရာ ၌​အ​ဘယ်​သို့​ဆို​လို​သ​နည်း။''
מַה־לָּכֶ֗ם אַתֶּם֙ מֹֽשְׁלִים֙ אֶת־הַמָּשָׁ֣ל הַזֶּ֔ה עַל־אַדְמַ֥ת יִשְׂרָאֵ֖ל לֵאמֹ֑ר אָבוֹת֙ יֹ֣אכְלוּ בֹ֔סֶר וְשִׁנֵּ֥י הַבָּנִ֖ים תִּקְהֶֽינָה׃
3 ``ငါ​သည်​အ​သက်​ရှင်​တော်​မူ​သော​ဘု​ရား ဖြစ်​သည်​နှင့်​အ​ညီ ဣ​သ​ရေ​လ​နိုင်​ငံ​တွင် ဤ​စ​ကား​ပုံ​ကို​နောက်​တစ်​ဖန်​သုံး​စွဲ​ရ တော့​မည်​မ​ဟုတ်။-
חַי־אָ֕נִי נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה אִם־יִֽהְיֶ֨ה לָכֶ֜ם ע֗וֹד מְשֹׁ֛ל הַמָּשָׁ֥ל הַזֶּ֖ה בְּיִשְׂרָאֵֽל׃
4 အ​ဖ​၏​အ​သက်​ကို​ငါ​ပိုင်​၏။ သား​၏​အ​သက် ကို​လည်း​ငါ​ပိုင်​၏။ လူ​တိုင်း​၏​အ​သက်​ကို ငါ​ပိုင်​၏။ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန် သူ​ပင်​ဖြစ်​၏။
הֵ֤ן כָּל־הַנְּפָשׁוֹת֙ לִ֣י הֵ֔נָּה כְּנֶ֧פֶשׁ הָאָ֛ב וּכְנֶ֥פֶשׁ הַבֵּ֖ן לִי־הֵ֑נָּה הַנֶּ֥פֶשׁ הַחֹטֵ֖את הִ֥יא תָמֽוּת׃ ס
5 ``အ​ကယ်​၍​ကောင်း​မြတ်​ဖြောင့်​မတ်​၍​ရိုး​သား သူ​ရှိ​အံ့။-
וְאִ֖ישׁ כִּי־יִהְיֶ֣ה צַדִּ֑יק וְעָשָׂ֥ה מִשְׁפָּ֖ט וּצְדָקָֽה׃
6 သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကိုး​ကွယ် သော​ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​မ​စား။ သူ​တစ်​ပါး​၏​အိမ်​ရာ​ကို မ​ပြစ်​မှား။ ရာ​သီ​လာ​နေ​သော​မိန်း​မ​နှင့်​လည်း မ​ဆက်​ဆံ။-
אֶל־הֶֽהָרִים֙ לֹ֣א אָכָ֔ל וְעֵינָיו֙ לֹ֣א נָשָׂ֔א אֶל־גִּלּוּלֵ֖י בֵּ֣ית יִשְׂרָאֵ֑ל וְאֶת־אֵ֤שֶׁת רֵעֵ֙הוּ֙ לֹ֣א טִמֵּ֔א וְאֶל־אִשָּׁ֥ה נִדָּ֖ה לֹ֥א יִקְרָֽב׃
7 သူ​သည်​လှည့်​စား​မှု​ကို​မ​ပြု။ သူ​တစ်​ပါး​၏ ဥစ္စာ​ကို​အ​နိုင်​အ​ထက်​မ​လု​မ​ယူ။ အ​ပေါင်​ခံ ပစ္စည်း​ကို​လည်း​ပြန်​၍​ပေး​၏။ ငတ်​မွတ်​နေ​သူ ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ် အ​စား​များ​ကို​ပေး​၏။-
וְאִישׁ֙ לֹ֣א יוֹנֶ֔ה חֲבֹלָת֥וֹ חוֹב֙ יָשִׁ֔יב גְּזֵלָ֖ה לֹ֣א יִגְזֹ֑ל לַחְמוֹ֙ לְרָעֵ֣ב יִתֵּ֔ן וְעֵירֹ֖ם יְכַסֶּה־בָּֽגֶד׃
8 သူ​သည်​အ​တိုး​အမြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​ချင်း​များ​မှု တို့​တွင်​ဖြောင့်​မှန်​သော​အ​ဆုံး​အ​ဖြတ်​ကို ပေး​၏။-
בַּנֶּ֣שֶׁךְ לֹֽא־יִתֵּ֗ן וְתַרְבִּית֙ לֹ֣א יִקָּ֔ח מֵעָ֖וֶל יָשִׁ֣יב יָד֑וֹ מִשְׁפַּ֤ט אֱמֶת֙ יַֽעֲשֶׂ֔ה בֵּ֥ין אִ֖ישׁ לְאִֽישׁ׃
9 သူ​သည်​ငါ​၏​အ​မိန့်​များ​ကို​လိုက်​နာ​၍ ငါ​၏ ပ​ညတ်​တော်​တို့​ကို​သေ​ချာ​စွာ​စောင့်​ထိန်း​၏။ ထို​သူ​သည်​သူ​တော်​ကောင်း​ဖြစ်​သ​ဖြင့် အ​သက် ရှင်​လိမ့်​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​၏။
בְּחֻקּוֹתַ֧י יְהַלֵּ֛ךְ וּמִשְׁפָּטַ֥י שָׁמַ֖ר לַעֲשׂ֣וֹת אֱמֶ֑ת צַדִּ֥יק הוּא֙ חָיֹ֣ה יִֽחְיֶ֔ה נְאֻ֖ם אֲדֹנָ֥י יְהוִֽה׃
10 ၁၀ ``ထို​သူ​၌​အ​နိုင်​အ​ထက်​လု​ယက်​သတ်​ဖြတ် တတ်​၍ ဖ​ခင်​မ​ပြု​ခဲ့​ဘူး​သည့်​အ​မှု​တို့​ကို ပြု​ကျင့်​သူ​သား​တစ်​ယောက်​ရှိ​သည်​ဆို​အံ့။ ထို​သား​သည်​တောင်​ပေါ်​ရှိ​ကိုး​ကွယ်​ရာ​ဌာ​န များ​တွင်​ယဇ်​ပူ​ဇော်​သည့်​အ​သား​ကို​စား​၏။ သူ​တစ်​ပါး​အိမ်​ရာ​ကို​ပြစ်​မှား​၏။-
וְהוֹלִ֥יד בֵּן־פָּרִ֖יץ שֹׁפֵ֣ךְ דָּ֑ם וְעָ֣שָׂה אָ֔ח מֵאַחַ֖ד מֵאֵֽלֶּה׃
11 ၁၁
וְה֕וּא אֶת־כָּל־אֵ֖לֶּה לֹ֣א עָשָׂ֑ה כִּ֣י גַ֤ם אֶל־הֶֽהָרִים֙ אָכַ֔ל וְאֶת־אֵ֥שֶׁת רֵעֵ֖הוּ טִמֵּֽא׃
12 ၁၂ သူ​သည်​ဆင်း​ရဲ​ချို့​တဲ့​သူ​တို့​အား​လိမ်​လည် လှည့်​စား​၏။ သူ​တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင် အ​ထက်​လု​ယူ​၏။ အ​ပေါင်​ခံ​ပစ္စည်း​ကို​လည်း ပြန်​၍​မ​ပေး။ ရုပ်​တု​တို့​ကို​ကိုး​ကွယ်​၍ စက်​ဆုပ်​ဖွယ်​ကောင်း​သော​အ​မှု​ကို​ပြု​၏။-
עָנִ֤י וְאֶבְיוֹן֙ הוֹנָ֔ה גְּזֵל֣וֹת גָּזָ֔ל חֲבֹ֖ל לֹ֣א יָשִׁ֑יב וְאֶל־הַגִּלּוּלִים֙ נָשָׂ֣א עֵינָ֔יו תּוֹעֵבָ֖ה עָשָֽׂה׃
13 ၁၃ သူ​သည်​အ​တိုး​အမြတ်​ရ​အောင်​ငွေ​ကို​ချေး ၏။ ထို​သူ​သည်​အ​သက်​ရှင်​နိုင်​မည်​လော။ အ​သက် ရှင်​နိုင်​မည်​မ​ဟုတ်။ သူ​သည်​ယင်း​သို့​စက်​ဆုပ် ဖွယ်​ကောင်း​သော​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သေ ရ​လိမ့်​မည်။ သူ​၏​သွေး​သည်​သူ့​ခေါင်း​ပေါ် တင်​လျက်​ရှိ​၏။
בַּנֶּ֧שֶׁךְ נָתַ֛ן וְתַרְבִּ֥ית לָקַ֖ח וָחָ֑י לֹ֣א יִֽחְיֶ֗ה אֵ֣ת כָּל־הַתּוֹעֵב֤וֹת הָאֵ֙לֶּה֙ עָשָׂ֔ה מ֣וֹת יוּמָ֔ת דָּמָ֖יו בּ֥וֹ יִהְיֶֽה׃
14 ၁၄ ``ယ​ခု​ထို​သူ​၌​သား​တစ်​ယောက်​ရှိ​သည်​ဆို အံ့။ ထို​သား​သည်​မိ​မိ​ဖ​ခင်​ပြု​ကျင့်​ခဲ့​သည့် ဒု​စ​ရိုက်​တို့​ကို​မြင်​သော်​လည်း​ဖ​ခင်​ကို အ​တု​မ​ခိုး။-
וְהִנֵּה֙ הוֹלִ֣יד בֵּ֔ן וַיַּ֕רְא אֶת־כָּל־חַטֹּ֥את אָבִ֖יו אֲשֶׁ֣ר עָשָׂ֑ה וַיִּרְאֶ֕ה וְלֹ֥א יַעֲשֶׂ֖ה כָּהֵֽן׃
15 ၁၅ သူ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ ရုပ်​တု​တို့​ကို​မ​ကိုး​ကွယ်။ တောင်​ပေါ်​ရှိ​ကိုး ကွယ်​ရာ​ဌာ​န​များ​တွင် ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​လည်း​မ​စား။ သူ​တစ်​ပါး​အိမ် ရာ​ပြစ်​မှား​ခြင်း၊-
עַל־הֶֽהָרִים֙ לֹ֣א אָכָ֔ל וְעֵינָיו֙ לֹ֣א נָשָׂ֔א אֶל־גִּלּוּלֵ֖י בֵּ֣ית יִשְׂרָאֵ֑ל אֶת־אֵ֥שֶׁת רֵעֵ֖הוּ לֹ֥א טִמֵּֽא׃
16 ၁၆ သူ​တစ်​ပါး​တို့​အား​နှိပ်​စက်​ညှင်း​ဆဲ​မှု​နှင့် သူ တစ်​ပါး​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ​မှု​တို့ ကို​လည်း​မ​ပြု။ သူ​သည်​အ​ပေါင်​ခံ​ပစ္စည်း​များ ကို​လက်​မ​ခံ။ ငတ်​မွတ်​နေ​သူ​ကို​ကျွေး​မွေး​၍ အ​ဝတ်​မဲ့​သူ​အား​အ​ဝတ်​အ​စား​များ​ကို ပေး​၏။-
וְאִישׁ֙ לֹ֣א הוֹנָ֔ה חֲבֹל֙ לֹ֣א חָבָ֔ל וּגְזֵלָ֖ה לֹ֣א גָזָ֑ל לַחְמוֹ֙ לְרָעֵ֣ב נָתָ֔ן וְעֵר֖וֹם כִּסָּה־בָֽגֶד׃
17 ၁၇ သူ​သည်​ဆိုး​ညစ်​မှု​ကို​ရှောင်​ရှား​၍​အ​တိုး အ​မြတ်​ရ​ရန်​ငွေ​ကို​မ​ချေး။ ငါ​၏​ပ​ညတ် တော်​များ​ကို​စောင့်​ထိန်း​၍​ငါ​၏​အ​မိန့်​တော် တို့​ကို​လိုက်​နာ​၏။ ထို​သူ​သည်​ဖ​ခင်​၏​အ​ပြစ် ကြောင့်​သေ​ရ​မည်​မ​ဟုတ်။ သူ​သည်​မု​ချ အ​သက်​ရှင်​လိမ့်​မည်။-
מֵעָנִ֞י הֵשִׁ֣יב יָד֗וֹ נֶ֤שֶׁךְ וְתַרְבִּית֙ לֹ֣א לָקָ֔ח מִשְׁפָּטַ֣י עָשָׂ֔ה בְּחֻקּוֹתַ֖י הָלָ֑ךְ ה֗וּא לֹ֥א יָמ֛וּת בַּעֲוֺ֥ן אָבִ֖יו חָיֹ֥ה יִחְיֶֽה׃
18 ၁၈ သူ​၏​ဖ​ခင်​မူ​ကား​လိမ်​လည်​လှည့်​စား​၍​သူ တစ်​ပါး​တို့​၏​ဥစ္စာ​ကို​အ​နိုင်​အ​ထက်​လု​ယူ လျက် အ​စဉ်​ပင်​လူ​အ​ပေါင်း​အား​ဆိုး​ညစ်​စွာ ပြု​ကျင့်​သ​ဖြင့်​မိ​မိ​၏​အ​ပြစ်​များ​ကြောင့် သေ​ရ​၏။
אָבִ֞יו כִּֽי־עָ֣שַׁק עֹ֗שֶׁק גָּזַל֙ גֵּ֣זֶל אָ֔ח וַאֲשֶׁ֥ר לֹא־ט֛וֹב עָשָׂ֖ה בְּת֣וֹךְ עַמָּ֑יו וְהִנֵּה־מֵ֖ת בַּעֲוֺנֽוֹ׃
19 ၁၉ ``သို့​ရာ​တွင်​သင်​တို့​က`သား​ဖြစ်​သူ​သည် အ​ဘယ်​ကြောင့်​ဖ​ခင်​ပြု​ခဲ့​သည့်​အ​ပြစ်​များ ၏​အ​ကျိုး​ဆက်​ကို​မ​ခံ​ရ​ပါ​သ​နည်း' ဟု မေး​ကြ​၏။ အ​ဖြေ​ကား​သား​သည်​ကောင်း​ရာ မှန်​ရာ​ကို​ပြု​သူ​ဖြစ်​၏။ သူ​သည်​ငါ​၏​ပ​ညတ် တော်​တို့​ကို​စောင့်​ထိန်း​၍​အ​သေ​အ​ချာ​လိုက် နာ​၏။ သို့​ဖြစ်​၍​သူ​သည်​မု​ချ​အ​သက်​ရှင် လိမ့်​မည်။-
וַאֲמַרְתֶּ֕ם מַדֻּ֛עַ לֹא־נָשָׂ֥א הַבֵּ֖ן בַּעֲוֺ֣ן הָאָ֑ב וְהַבֵּ֞ן מִשְׁפָּ֧ט וּצְדָקָ֣ה עָשָׂ֗ה אֵ֣ת כָּל־חֻקּוֹתַ֥י שָׁמַ֛ר וַיַּעֲשֶׂ֥ה אֹתָ֖ם חָיֹ֥ה יִחְיֶֽה׃
20 ၂၀ သေ​ရ​မည့်​သူ​ကား​အ​ပြစ်​ကူး​လွန်​သူ ဖြစ်​၏။ သား​ဖြစ်​သူ​သည်​ဖ​ခင်​ပြု​သည့် အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ​ရ​မည် မ​ဟုတ်။ ဖ​ခင်​ဖြစ်​သူ​သည်​လည်း​သား​ပြု သည့်​အ​ပြစ်​များ​၏​အ​ကျိုး​ဆက်​ကို​ခံ ရ​မည်​မ​ဟုတ်။ လူ​ကောင်း​သည်​ကောင်း​မှု ကို​ပြု​သည့်​အ​တွက်​ကောင်း​ကျိုး၊ ဆိုး​ညစ် သော​သူ​သည်​ဆိုး​ညစ်​မှု​ကို​ပြု​သည့် အ​တွက်​ဆိုး​ကျိုး​ကို​လည်း​ကောင်း​ခံ​ရ လိမ့်​မည်။
הַנֶּ֥פֶשׁ הַחֹטֵ֖את הִ֣יא תָמ֑וּת בֵּ֞ן לֹא־יִשָּׂ֣א ׀ בַּעֲוֺ֣ן הָאָ֗ב וְאָב֙ לֹ֤א יִשָּׂא֙ בַּעֲוֺ֣ן הַבֵּ֔ן צִדְקַ֤ת הַצַּדִּיק֙ עָלָ֣יו תִּֽהְיֶ֔ה וְרִשְׁעַ֥ת רשע עָלָ֥יו תִּֽהְיֶֽה׃ ס
21 ၂၁ ``ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍ ငါ​၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​၏။ မှန် ရာ​ကောင်း​ရာ​ကို​လည်း​ပြု​ကျင့်​၏။ ထို​သူ သည်​သေ​ရ​မည်​မ​ဟုတ်။ မု​ချ​ပင်​အ​သက် ရှင်​ရ​လိမ့်​မည်။-
וְהָרָשָׁ֗ע כִּ֤י יָשׁוּב֙ מִכָּל־חטאתו אֲשֶׁ֣ר עָשָׂ֔ה וְשָׁמַר֙ אֶת־כָּל־חֻקּוֹתַ֔י וְעָשָׂ֥ה מִשְׁפָּ֖ט וּצְדָקָ֑ה חָיֹ֥ה יִחְיֶ֖ה לֹ֥א יָמֽוּת׃
22 ၂၂ သူ​သည်​မှန်​ရာ​ကို​ပြု​ကျင့်​သည့်​အ​တွက် မိ​မိ​၏​အ​ပြစ်​အ​ပေါင်း​မှ​ပြေ​လွှတ်​၍ အ​သက်​ရှင်​ရ​လိမ့်​မည်။-
כָּל־פְּשָׁעָיו֙ אֲשֶׁ֣ר עָשָׂ֔ה לֹ֥א יִזָּכְר֖וּ ל֑וֹ בְּצִדְקָת֥וֹ אֲשֶׁר־עָשָׂ֖ה יִֽחְיֶֽה׃
23 ၂၃ ငါ​သည်​ဆိုး​ညစ်​သူ​သေ​သည်​ကို​မြင်​သော အ​ခါ နှစ်​ခြိုက်​အား​ရ​ခြင်း​ဖြစ်​သည်​ဟု​သင် တို့​ထင်​မှတ်​ကြ​သ​လော​ဟု အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မေး​တော်​မူ​၏။ ကိုယ်​တော်​က​ထို​သူ နောင်​တ​ရ​၍​အ​သက်​ရှင်​ရ​သည်​ကို​သာ လျှင်​ငါ​မြင်​လို​၏။
הֶחָפֹ֤ץ אֶחְפֹּץ֙ מ֣וֹת רָשָׁ֔ע נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה הֲל֛וֹא בְּשׁוּב֥וֹ מִדְּרָכָ֖יו וְחָיָֽה׃ ס
24 ၂၄ ``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။
וּבְשׁ֨וּב צַדִּ֤יק מִצִּדְקָתוֹ֙ וְעָ֣שָׂה עָ֔וֶל כְּכֹ֨ל הַתּוֹעֵב֜וֹת אֲשֶׁר־עָשָׂ֧ה הָרָשָׁ֛ע יַעֲשֶׂ֖ה וָחָ֑י כָּל־צדקתו אֲשֶׁר־עָשָׂה֙ לֹ֣א תִזָּכַ֔רְנָה בְּמַעֲל֧וֹ אֲשֶׁר־מָעַ֛ל וּבְחַטָּאת֥וֹ אֲשֶׁר־חָטָ֖א בָּ֥ם יָמֽוּת׃
25 ၂၅ ``သို့​သော်​လည်း​သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင် တော်​မူ​သည်​မှာ​မ​ဖြောင့်​ဟု' ဆို​ကြ​၏။ အ​ချင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ငါ​ပြော​သည် ကို​နား​ထောင်​ကြ​လော့။ သင်​တို့​က​ငါ​စီ​ရင် ချက်​မ​ဖြောင့်​ဟု​ထင်​မှတ်​ကြ​၏။ မ​ဖြောင့် သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ​ပင် ဖြစ်​၏။-
וַאֲמַרְתֶּ֕ם לֹ֥א יִתָּכֵ֖ן דֶּ֣רֶךְ אֲדֹנָ֑י שִׁמְעוּ־נָא֙ בֵּ֣ית יִשְׂרָאֵ֔ל הֲדַרְכִּי֙ לֹ֣א יִתָּכֵ֔ן הֲלֹ֥א דַרְכֵיכֶ֖ם לֹ֥א יִתָּכֵֽנוּ׃
26 ၂၆ သူ​တော်​ကောင်း​သည်​ကောင်း​မှု​ကို​ရပ်​စဲ​၍ ဆိုး​ညစ်​မှု​ကို​ပြု​ပြီး​နောက်​သေ​သွား​လျှင် ထို​သူ​သည်​မိ​မိ​ပြု​ခဲ့​သည့်​ဆိုး​ညစ်​မှု ကြောင့်​သေ​ရ​ခြင်း​ဖြစ်​၏။-
בְּשׁוּב־צַדִּ֧יק מִצִּדְקָת֛וֹ וְעָ֥שָׂה עָ֖וֶל וּמֵ֣ת עֲלֵיהֶ֑ם בְּעַוְל֥וֹ אֲשֶׁר־עָשָׂ֖ה יָמֽוּת׃ ס
27 ၂၇ ဆိုး​ညစ်​သူ​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ ၍​မှန်​ရာ​ကောင်း​ရာ​ကို​ပြု​ကျင့်​လျှင် သူ​သည် မိ​မိ​၏​အ​သက်​ကို​ချမ်း​သာ​ရာ​ရ​စေ​သူ ဖြစ်​၏။-
וּבְשׁ֣וּב רָשָׁ֗ע מֵֽרִשְׁעָתוֹ֙ אֲשֶׁ֣ר עָשָׂ֔ה וַיַּ֥עַשׂ מִשְׁפָּ֖ט וּצְדָקָ֑ה ה֖וּא אֶת־נַפְשׁ֥וֹ יְחַיֶּֽה׃
28 ၂၈ သူ​သည်​မိ​မိ​အ​မှား​ကို​မြင်​၍​အ​ပြစ်​ကို စွန့်​လွှတ်​လိုက်​သ​ဖြင့်​မု​ချ​ပင်​သေ​ရ​မည် မ​ဟုတ်။ ဆက်​လက်​၍​အ​သက်​ရှင်​ရ​လိမ့် မည်။-
וַיִּרְאֶ֣ה וישוב מִכָּל־פְּשָׁעָ֖יו אֲשֶׁ֣ר עָשָׂ֑ה חָי֥וֹ יִחְיֶ֖ה לֹ֥א יָמֽוּת׃
29 ၂၉ သို့​သော်​လည်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​က`ဘု​ရား​ရှင်​စီ​ရင်​တော်​မူ​ချက်​သည် မ​ဖြောင့်' ဟု​ဆို​ကြ​၏။ ငါ​စီ​ရင်​တော်​မူ​ချက် ကို​မ​ဖြောင့်​ဟု​သင်​တို့​ထင်​မှတ်​ကြ​သ​လော။ မ​ဖြောင့်​သည့်​အ​ရာ​ကား​သင်​တို့​၏​ပြု​မူ​ပုံ ပင်​ဖြစ်​၏။
וְאָֽמְרוּ֙ בֵּ֣ית יִשְׂרָאֵ֔ל לֹ֥א יִתָּכֵ֖ן דֶּ֣רֶךְ אֲדֹנָ֑י הַדְּרָכַ֞י לֹ֤א יִתָּֽכְנּוּ֙ בֵּ֣ית יִשְׂרָאֵ֔ל הֲלֹ֥א דַרְכֵיכֶ֖ם לֹ֥א יִתָּכֵֽן׃
30 ၃၀ ``အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​သင်​တို့ တစ်​ဦး​စီ​အား​သင်​တို့​အ​သီး​သီး​ပြု​ခဲ့ ကြ​သည့်​အ​မှု​ကို​လိုက်​၍ တ​ရား​စီ​ရင်​တော် မူ​မည်​ဖြစ်​ကြောင်း​ပြော​ကြား​၏။ သင်​တို့​သည် ပြု​ကျင့်​လျက်​နေ​သော​ဆိုး​ညစ်​မှု​အ​ပေါင်း မှ​ကြဉ်​ရှောင်​ကြ​လော့။ အ​ပြစ်​ဒု​စ​ရိုက်​က သင်​တို့​အား​မ​ပျက်​စီး​စေ​နှင့်။-
לָכֵן֩ אִ֨ישׁ כִּדְרָכָ֜יו אֶשְׁפֹּ֤ט אֶתְכֶם֙ בֵּ֣ית יִשְׂרָאֵ֔ל נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה שׁ֤וּבוּ וְהָשִׁ֙יבוּ֙ מִכָּל־פִּשְׁעֵיכֶ֔ם וְלֹֽא־יִהְיֶ֥ה לָכֶ֛ם לְמִכְשׁ֖וֹל עָוֺֽן׃
31 ၃၁ သင်​တို့​ပြု​ကျင့်​လျက်​ရှိ​သည့်​ဆိုး​ညစ်​မှု​ကို စွန့်​ပစ်​၍ စိတ်​နှ​လုံး​အ​သစ်၊ စိတ်​ဝိ​ညာဉ်​အ​သစ် ကို​ယူ​ကြ​လော့။ အ​ချင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သင်​တို့​သည်​အ​ဘယ်​ကြောင့်​သေ ချင်​ကြ​သ​နည်း။-
הַשְׁלִ֣יכוּ מֵעֲלֵיכֶ֗ם אֶת־כָּל־פִּשְׁעֵיכֶם֙ אֲשֶׁ֣ר פְּשַׁעְתֶּ֣ם בָּ֔ם וַעֲשׂ֥וּ לָכֶ֛ם לֵ֥ב חָדָ֖שׁ וְר֣וּחַ חֲדָשָׁ֑ה וְלָ֥מָּה תָמֻ֖תוּ בֵּ֥ית יִשְׂרָאֵֽל׃
32 ၃၂ ငါ​သည်​အ​ဘယ်​သူ့​ကို​မျှ​မ​သေ​စေ​လို။ အ​ပြစ်​ဒု​စ​ရိုက်​ကို​ရပ်​စဲ​၍​အ​သက်​ရှင် ကြ​လော့'' ဟု​မိန့်​တော်​မူ​၏။
כִּ֣י לֹ֤א אֶחְפֹּץ֙ בְּמ֣וֹת הַמֵּ֔ת נְאֻ֖ם אֲדֹנָ֣י יְהוִ֑ה וְהָשִׁ֖יבוּ וִֽחְיֽוּ׃ פ

< ယေဇကျေလ 18 >