< ယေဇကျေလ 17 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့ ထံ​သို့​ရောက်​လာ​၏။-
Et la parole du Seigneur me fut adressée, disant:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘုရား အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သိ​ရှိ​ကြ​စေ ရန် စ​ကား​ထာ​ဝှက်​၍​ပုံ​ဥ​ပ​မာ​တစ်​ခု​ကို ပြော​ပြ​လော့။ အ​ခါ​တစ်​ပါး​က​သန်​စွမ်း သော​အ​တောင်​ကြီး​များ​နှင့် ရှည်​သော​အ​မွေး အ​တောင်​များ​ရှိ​သည့်​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ့​မှာ​အ​ရောင်​စုံ​၍​လှ​ပ သော​အ​မွေး​အ​တောင်​များ​ရှိ​၏။ သူ​သည် လေ​ဗ​နုန်​တောင်​ထိပ်​သို့​ပျံ​သန်း​ပြီး​လျှင် အာ​ရစ်​ပင်​ထိပ်​ဖျား​တွင်​နား​လျက်၊-
Fils d’un homme, propose une énigme, et raconte une parabole à la maison d’Israël,
3
Et tu diras: Voici ce que dit le Seigneur Dieu: L’aigle énorme, aux grandes ailes, aux longs membres, plein de plumes variées, vint sur le Liban, et prit la moelle du cèdre.
4 ထိပ်​ဆုံး​မှ​အ​ညွန့်​အ​ဖျား​ကို​ချိုး​ယူ​၍ ရောင်း ဝယ်​ဖောက်​ကား​သည့်​နိုင်​ငံ​သို့​ယူ​ဆောင်​ကာ ကုန်​သည်​တို့​မြို့​တွင်​စိုက်​ပျိုး​၏။-
Il arracha les sommités de ses branches, et les transporta dans la terre de Chanaan; il les mit dans une ville de marchands.
5 ထို​နောက်​သူ​သည်​ဣသ​ရေ​လ​နိုင်​ငံ​တွင်​ရှိ​သည့် သစ်​စေ့​တစ်​စေ့​ကို​ယူ​၍ မိုး​မ​ခ​ပင်​ကဲ့​သို့ ပေါက်​နိုင်​ရန် ရေ​အ​စဉ်​ရ​၍​မြေ​ကောင်း​မြေ သန့်​ရှိ​ရာ​ကွင်း​တွင်​စိုက်​ပျိုး​၏။-
Et il prit de la graine du pays et il la mit en terre comme une semence, afin qu’elle prît racine sur de grandes eaux; il la mit sur la surface de la terre.
6 အ​ပင်​ငယ်​သည်​ရွက်​နု​များ​ထွက်​လာ​ကာ​နိမ့် နိမ့်​နှင့်​အ​ကိုင်း​အ​ခက်​များ​ဖြာ​၍​ထွက်​လာ သော​စ​ပျစ်​နွယ်​ပင်​ဖြစ်​လာ​လေ​သည်။ ထို အ​ပင်​၏​အ​ကိုင်း​အ​ခက်​တို့​သည်​လင်း​ယုန် ငှက်​ရှိ​ရာ​သို့​တက်​လျက်​အ​မြစ်​များ​သည် လည်း​အောက်​သို့​နက်​စွာ​ဆင်း​သွား​ကြ​၏။ စ​ပျစ်​ပင်​သည်​အ​ကိုင်း​အ​ခက်​တို့​ဖြင့် ဝေ​ဆာ​လျက်​နေ​၏။
Et lorsqu’elle eut germé, elle crût et devint une vigne étendue, mais basse; ses branches regardant l’aigle; et ses racines étaient sous lui, elle devint donc une vigne, elle poussa du sarment et produisit des rejetons.
7 ``ထို​အ​ရပ်​တွင်​အ​ခြား​လင်း​ယုန်​ငှက်​ကြီး တစ်​ကောင်​ရှိ​၏။ သူ​၏​အ​တောင်​များ​သည် သန်​မာ​၍ အ​မွေး​တို့​သည်​လည်း​ထူ​ထပ်​၏။ စ​ပျစ်​ပင်​သည်​ယ​ခု​မိ​မိ​တည်​ရာ​ဥ​ယျာဉ် မှ​နေ​၍ ရေ​များ​ကို​ပို​ရ​နိုင်​လိမ့်​မည်​ဟု မျှော်​လင့်​ကာ သူ​၏​ဘက်​သို့​အ​မြစ်​များ​ကို ထိုး​စေ​၍​အ​ရွက်​များ​ကို​လည်း​မျက်​နှာ မူ​စေ​၏။-
Et il y eut un autre aigle énorme, aux grandes ailes et aux nombreuses plumes; et voilà que cette vigne sembla porter ses racines et étendre ses sarments vers l’aigle, afin qu’il l’arrosât des eaux des planches où elle a poussé.
8 သို့​သော်​အ​ရွက်​အ​သီး​များ​ဖြင့်​လှ​ပ​ဝေ ဆာ​သော​စ​ပျစ်​ပင်​ဖြစ်​လာ​စေ​ရန် ယင်း​ကို ရေ​အ​လုံ​အ​လောက်​ရှိ​သည့်​မြေ​ကောင်း မြေ​သန့်​၌​စိုက်​ပျိုး​ထား​ခဲ့​ပြီး​ဖြစ်​သည်။
C’est dans une bonne terre, sur le bord des grandes eaux, qu’elle a été plantée, afin qu’elle donnât des feuilles, qu’elle portât du fruit, et qu’elle devînt une grande vigne.
9 ``သို့​ဖြစ်​၍​ဤ​စ​ပျစ်​ပင်​သည်​ဆက်​လက်​၍ ရှင်​သန်​နိုင်​မည်​လော။ ထို​အ​ပင်​ကို​အ​မြစ်​မှ ဆွဲ​နုတ်​ပြီး​လျှင် စ​ပျစ်​သီး​များ​ကို​ချွေ​ကာ အ​ကိုင်း​သစ်​တို့​ကို​လည်း​ချိုး​၍ ညှိုး​နွမ်း ခြောက်​သွေ့​သွား​စေ​မည်​မ​ဟုတ်​လော။ ထို အ​ပင်​ကို​နုတ်​ပစ်​ရန်​ခွန်​အား​များ​စွာ​ရှိ​ရန် လူ​အ​လုံး​အ​ရင်း​ကို​လို​လိမ့်​မည်​မ​ဟုတ် ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​၏။-
Dis: Voici ce que dit le Seigneur Dieu: Est-ce donc qu’elle prospérera? est-ce que l’aigle n’arrachera pas ses racines, et, n’abattra pas ses fruits; et ne séchera-t-il pas ses rejetons, et ne durcira-t-elle pas, sans qu’il faille un bras fort et un peuple nombreux pour l’arracher jusque dans la racine?
10 ၁၀ ထို​စ​ပျစ်​ပင်​ကို​ရွှေ့​ပြောင်း​၍​စိုက်​ပျိုး​ခဲ့​လျှင် ထို​အ​ပင်​သည်​ဆက်​လက်​ရှင်​သန်​နိုင်​မည်​လော။ ယင်း​သည်​အ​ရှေ့​လေ​တိုက်​ခတ်​သော​အ​ခါ​ညှိုး နွမ်း​ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော။ ယ​ခု ပေါက်​လျက်​နေ​သည့်​အ​ရပ်​၌​ပင်​ညှိုး​နွမ်း ခြောက်​သွေ့​သွား​မည်​မ​ဟုတ်​လော'' ဟု​မိန့် တော်​မူ​၏။
Voilà qu’elle est plantée, est-ce donc qu’elle prospérera? est-ce que, lorsqu’un vent brûlant l’aura touchée, elle ne se desséchera pas, et que dans les planches où elle a poussé elle ne durcira pas?
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​သည်​ကား၊-
Et la parole du Seigneur me fut adressée, disant:
12 ၁၂ ``ဤ​ပုံ​ဥ​ပ​မာ​၏​အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​သိ​ကြ သ​လော​ဟု ထို​ပုန်​ကန်​တတ်​သည့်​သူ​တို့​အား​မေး မြန်း​လော့။ ဗာ​ဗု​လုန်​မင်း​သည်​ယေ​ရု​ရှ​လင်​မြို့ သို့​လာ​၍ ဘု​ရင်​နှင့်​တ​ကွ​မှူး​မတ်​အ​ပေါင်း​တို့ ကို​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​သည့်​အ ကြောင်း​ကို​သူ​တို့​အား​ပြော​ပြ​လော့။-
Dis à la maison qui m’exaspère: Ne savez-vous point ce que ces choses signifient? Dis: Voici que le roi de Babylone vient à Jérusalem, et il prendra le roi et ses princes, et il les emmènera avec lui à Babylone.
13 ၁၃ ထို​နောက်​သူ​သည်​ထို​ဘု​ရင်​၏​ဆွေ​တော်​မျိုး တော်​တစ်​ဦး​ကို​ခေါ်​ယူ​၍ ငြိမ်း​ချမ်း​ရေး​စာ ချုပ်​ကို​ချုပ်​ဆို​ပြီး​လျှင်​သူ့​အား​ကျမ်း​သစ္စာ ကျိန်​ဆို​စေ​၏။ ဣ​သ​ရေ​လ​နိုင်​ငံ​နှိမ့်​ချ​ခံ​ရ လျက် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နောက်​တစ် ဖန်​မ​ပုန်​ကန်​နိုင်​ကြ​စေ​ရန်​နှင့်၊ ငြိမ်း​ချမ်း​ရေး စာ​ချုပ်​ကို​လိုက်​နာ​စောင့်​ထိန်း​ခြင်း​အား​ဖြင့် သာ​ရှင်​သန်​နိုင်​ကြ​စေ​ရန် အ​ရေး​ပါ​အ​ရာ ရောက်​သူ​များ​ကို​ဋ္ဌား​စာ​ခံ​အ​ဖြစ်​ဖြင့် ခေါ်​ဆောင်​သွား​၏။-
Et il prendra un prince de la race royale, et il fera avec lui alliance, et il recevra son serment; mais les puissants du pays, il les enlèvera;
14 ၁၄
Afin que ce soit un royaume humble, qui ne se relève pas, mais qui garde son traité d’alliance et l’observe.
15 ၁၅ သို့​သော်​လည်း​ယုဒ​ဘု​ရင်​သည်​ပုန်​ကန်​ထ ကြွ​လျက် မြင်း​နှင့်​စစ်​သည်​အ​မြောက်​အ​မြား ကို​စစ်​ကူ​ရ​ရှိ​ရန် အီ​ဂျစ်​ပြည်​သို့​သံ​တ​မန် များ​ကို​စေ​လွှတ်​လေ​သည်။ သူ​၏​အ​ကြံ​ထ မြောက်​သ​လော။ ဘေး​လွတ်​မည်​လော။ ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​ချိုး​ဖောက်​ပြီး​နောက် အ​ပြစ်​ပေး​ခြင်း​ကို​မ​ခံ​ရ​ဘဲ​နေ​မည် လော။
Mais ce prince, s’étant détaché de lui, envoya des ambassadeurs en Egypte pour qu’elle lui donnât des chevaux et des troupes nombreuses. Est-ce qu’il prospérera ou qu’il obtiendra son salut, celui qui a fait ces choses? et celui qui a rompu un traité, échappera-t-il?
16 ၁၆ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည် နှင့်​အ​ညီ ဤ​မင်း​သည်​မိ​မိ​ကျိန်​ဆို​ထား သည့်​ကျမ်း​သစ္စာ​ကို​မ​လေး​စား​ဘဲ၊ မိ​မိ အား​နန်း​တင်​ခဲ့​သည့်​ဗာ​ဗု​လုန်​မင်း​နှင့် ချုပ်​ဆို​ထား​သည့်​ငြိမ်း​ချမ်း​ရေး​စာ​ချုပ် ကို​လည်း​ကောင်း ချိုး​ဖောက်​သည့်​အ​တွက် ဗာ​ဗု​လုန်​မြို့​တွင်​သေ​ရ​လိမ့်​မည်။-
Je vis, moi, dit le Seigneur Dieu; au séjour du roi qui l’a établi roi, dont il a rendu vain le serment et rompu le traité qu’il avait conclu avec lui, au milieu de Babylone il mourra.
17 ၁၇ ဗာ​ဗု​လုန်​စစ်​သည်​တို့​သည်​လူ​များ​ကို​သတ် ခြင်း​ငှာ မြေ​က​တုတ်​များ​လုပ်​၍​ကျုံး​မြောင်း များ​တူး​ကြ​သော​အ​ခါ အင်​အား​ကြီး​မား သော​ဖာ​ရော​ဘု​ရင်​၏​တပ်​မ​တော်​ပင်​လျှင် ယု​ဒ​မင်း​အား​အ​ကူ​အ​ညီ​ပေး​နိုင်​မည် မ​ဟုတ်။-
Et ce n’est pas avec une grande armée ni avec un peuple nombreux que Pharaon fera contre lui la guerre; ni par la fondation d’un rempart et par la construction de forts pour détruire un grand nombre d’âmes.
18 ၁၈ ထို​မင်း​သည်​မိ​မိ​ကျိန်​ဆို​ခဲ့​သည့်​ကျမ်း​သစ္စာ ကို​မ​လေး​စား​ဘဲ၊ မိ​မိ​ချုပ်​ဆို​ခဲ့​သည့်​ငြိမ်း ချမ်း​ရေး​စာ​ချုပ်​ကို​လည်း​ကောင်း​ချိုး​ဖောက်​၏။ သူ​သည်​က​တိ​သစ္စာ​ကျိန်​ဆို​ပြီး​သော်​လည်း ဤ​အ​မှု​တို့​ကို​ပြု​သ​ဖြင့်​သူ​သည်​ယ​ခု အ​သက်​ချမ်း​သာ​ရာ​ရ​မည်​မ​ဟုတ်'' ဟူ​၍ တည်း။
Car il avait méprisé le serment, afin de rompre l’alliance, et voici qu’il a donné sa main à l’Egypte, et quoiqu’il ait fait toutes ces choses, il n’échappera pas.
19 ၁၉ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ငါ​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​၏။ သူ​သည်​ငါ​ကျိန် ဆို​သည့်​သစ္စာ​ကို​မ​လေး​စား​ဘဲ ပ​ဋိ​ညာဉ် စာ​ချုပ်​ကို​ချိုး​ဖောက်​သည့်​အ​တွက်​သူ့​ခေါင်း ပေါ်​သို့​ငါ​ဒဏ်​ခတ်​မည်။-
À cause de cela, voici ce que dit le Seigneur Dieu: Je vis, moi; le serment qu’il a méprisé, et l’alliance qu’il a enfreinte, je les mettrai sur sa tête.
20 ၂၀ ပိုက်​ကွန်​နှင့်​သူ့​ကို​ငါ​အုပ်​မည်။ ကျော့​ကွင်း​ကို ထောင်​၍​သူ့​အား​ငါ​ဖမ်း​မည်။ ဗာ​ဗု​လုန်​မြို့​သို့ ခေါ်​ဆောင်​သွား​ပြီး​လျှင်​ထို​မြို့​တွင်​သူ့​အား ဒဏ်​ခတ်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ သည်​ငါ့​ကို​သစ္စာ​ဖောက်​သော​ကြောင့်​ဖြစ်​၏။-
Et j’étendrai sur lui mon rets, et il sera pris dans ma seine; et je l’emmènerai à Babylone et je le jugerai là à cause de la prévarication par laquelle il m’a méprisé.
21 ၂၁ ထွက်​ပြေး​သော​သူ​၏​စစ်​သည်​တော်​များ​သည် စစ်​ပွဲ​၌​ကျ​ဆုံး​ကြ​လိမ့်​မည်။ ကြွင်း​ကျန်​သော သူ​တို့​သည်​လည်း​အ​ရပ်​ရပ်​သို့​ကွဲ​လွင့်​ကုန် ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​ခဲ့​ကြောင်း​ကို သင်​တို့​သိ​ရ​ကြ လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
Et tous les fugitifs qui l’ont suivi et toutes ses troupes tomberont sous le glaive; et le reste sera dispersé à tout vent; et vous saurez que c’est moi, le Seigneur, qui ai parlé.
22 ၂၂ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ``ငါ​သည်​အာ​ရစ်​ပင်​မြင့်​၏​ထိပ်​ဖျား​ကိုင်း​ကို ယူ​၍​စိုက်​မည်။ အ​ခက်​နု​ကို​ချိုး​ပြီး​နောက်​အ​လွန်​မြင့်​သော တောင်​မြင့်​ပေါ်​မှာ​စိုက်​မည်။
Voici ce que dit le Seigneur Dieu: Et moi, je prendrai de la moelle du cèdre élevé et je la placerai; au sommet de ses rameaux, je cueillerai une branche tendre, et je la planterai sur une montagne haute et élevée.
23 ၂၃ အ​မြင့်​ဆုံး​သော​ဣ​သ​ရေ​လ​တောင်​ပေါ်​မှာ စိုက်​မည်။ ထို​အ​ပင်​သည်​အ​ကိုင်း​အ​ခက်​များ​ထွက်​၍ အ​သီး​သီး​ကာ လှ​ပ​တင့်​တယ်​သော​အာ​ရစ်​ပင်​ဖြစ်​လာ​လိမ့်​မည်။ ထို​အ​ပင်​၌​ငှက်​အ​မျိုး​မျိုး​တို့​အ​သိုက် လုပ်​ကြ​လိမ့်​မည်။ အ​ပင်​ရိပ်​တွင်​လည်း​ခို​လှုံ​ကြ​လိမ့်​မည်။
C’est sur la haute montagne d’Israël que je la planterai; elle poussera un rejeton, et produira du fruit, et deviendra un grand cèdre; et sous ce cèdre habiteront tous les oiseaux, et tout ce qui vole à l’ombre de ses feuilles fera son nid.
24 ၂၄ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ဤ​ပြည်​တွင်​ရှိ​သ​မျှ​သော​သစ်​ပင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ငါ​သည်​သစ်​ပင်​မြင့်​များ​ကို​ခုတ်​လှဲ​၍ သစ်​ပင်​ငယ်​တို့​ကို​မြင့်​မား​လာ​စေ​၏။ စိမ်း​လန်း​သော​အ​ပင်​တို့​ကို​ညှိုး​နွမ်း​ခြောက်​သွေ့​စေ​၍ သွေ့​ခြောက်​သော​အ​ပင်​တို့​ကို​စိမ်း​လန်း​လာ စေ​၏။ ဤ​ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စ​ကား​ဖြစ်​၏။ ငါ​သည်​မိ​မိ​၏​စ​ကား​အ​တိုင်း ပြု​မည်'' ဟူ​၍​တည်း။
Et tous les arbres de la contrée sauront que c’est moi le Seigneur qui ai humilié un arbre élevé, et élevé un arbre humble; et qui ai séché un arbre vert et fait reverdir un arbre aride. C’est moi, le Seigneur, j’ai parlé et exécuté.

< ယေဇကျေလ 17 >