< ယေဇကျေလ 16 >

1 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော် သည် ငါ​ထံ​သို့​ရောက်​လာ​၏။-
І було́ мені слово Господнє таке:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ယေ​ရု​ရှ​လင် မြို့​အား​မိ​မိ​ပြု​ခဲ့​သည့်​စက်​ဆုပ်​ဖွယ်​ရာ အ​မှု​တို့​ကို​ညွှန်​ပြ​လော့။-
„Сину лю́дський, повідо́м Єрусалим про його гидо́ти,
3 ထို​မြို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ သည်​ကား ``သင်​၏​မျိုး​ရိုး​စဉ်​ဆက်​သည်​ခါ​နာန်​ပြည်​တွင် မွေး​ဖွား​၍ သင်​၏​အ​ဖ​သည်​အာ​မော​ရိ​အ​မျိုး သား၊ သင်​၏​အ​မိ​မှာ​ဟိတ္တိ​အ​မျိုး​သ​မီး ဖြစ်​၏။-
та й скажи: Так говорить Господь Бог до дочки́ Єрусалиму: Похо́дження твоє й наро́дження твоє — з кра́ю ханаа́нського, твій батько — аморе́єць, а мати твоя — хітте́янка.
4 သင်​မွေး​ဖွား​သော​အ​ခါ​အ​ဘယ်​သူ​မျှ သင်​၏​ချက်​ကြိုး​ကို​မ​ဖြတ်၊ သင့်​အား​ရေ မ​ချိုး​ပေး။ ဆား​နှင့်​လည်း​မ​လူး။ အ​နှီး နှင့်​လည်း​မ​ပတ်​ကြ။-
При твоєму наро́дженні, того дня, як ти народи́лася, не був обрі́заний пупо́к твій, і водою не була ти обмита на очи́щення, ані не була ти посо́лена, ані не була ти спови́та.
5 ထို​သို့​သင့်​အား​သ​နား​၍​ပြု​စု​သူ​တစ် ယောက်​မျှ​မ​ရှိ။ သင်​၏​အ​ပေါ်​တွင်​မေတ္တာ ကင်း​မဲ့​သည်​ဖြစ်​၍ သင့်​အား​မွေး​ဖွား​ပြီး သော​အ​ခါ​ကွင်း​ပြင်​တွင်​ပစ်​ထား​ကြ​၏။
Не зми́лувалося над тобою жодне око, щоб зробити тобі одну з цих речей з милосердя над тобою, але́ була ти ви́кинена на відкрите поле, — так мало ціно́вано душу твою в день твойого наро́дження!
6 ``ထို​နောက်​ငါ​သည်​သင်​၏​အ​နီး​မှ​ဖြတ် သွား​စဉ်​သွေး​ထဲ​၌ သင်​လူး​လျက်​နေ​သည် ကို​မြင်​ရ​၏။ သင်​သည်​သွေး​အ​လူး​လူး နှင့်​ဖြစ်​နေ​စေ​ကာ​မူ​ငါ​သည်​သင့်​အား အ​သက်​မ​သေ​စေ​ခဲ့။-
І прохо́див Я повз тебе, і бачив тебе, як ти валя́лася в своїй крові, і сказав Я до тебе: Живи в своїй крові! Так, Я сказав тобі: Живи в своїй крові!
7 အ​နာ​အ​ဆာ​မ​ရှိ​သည့်​အ​ပင်​ငယ်​ကဲ့​သို့​ရှင် သန်​ကြီး​ပွား​စေ​၏။ သင်​သည်​သန်​မာ​ထွား​ကြိုင်း လာ​ကာ အ​လှ​ဆုံး​ရ​တ​နာ​က​လေး​ဖြစ်​လာ​၏။ သင်​၏​ရင်​သား​များ​သည်​ပြည့်​ဖြိုး​လျက်​ဆံ​ပင် မှာ​လည်း​ရှည်​လာ​၏။ သို့​ရာ​တွင်​သင်​သည် အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​လျက်​ပင်​ရှိ​၏။
Рости ж, — зробив Я тебе, як польову́ рости́ну, і ти зросла́ та стала велика, і дійшла ти до найвродливі́шої вро́ди: перса ви́простались, волос твій виріс, а ти була зо́всім нага́!
8 ``နောက်​တစ်​ဖန်​ငါ​သည်​သင်​၏​အ​နီး​ဖြတ်​သန်း လာ​ပြန်​၏။ ထို​အ​ခါ​သင်​သည်​ချစ်​စိတ်​ဝင်​ရန် အ​ရွယ်​ရောက်​ပြီ​ဖြစ်​ကြောင်း​ကို​ငါ​တွေ့​ရှိ​သ ဖြင့် ငါ​သည်​အ​ဝတ်​ချည်း​စည်း​ရှိ​သော​သင်​၏ ကိုယ်​ကို​ငါ​၏​အ​ဝတ်​ဖြင့်​ဖုံး​လွှမ်း​ပေး​ကာ​သင့် အား​ချစ်​ပါ​မည်​ဟု​က​တိ​ထား​ပြီး​လျှင် သင် နှင့်​ပ​ဋိ​ညာဉ်​ပြု​သ​ဖြင့်​သင်​သည်​ငါ​၏ ဇ​နီး​ဖြစ်​လာ​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
І прохо́див Я повз тебе, і побачив тебе, аж ось час твій наспів, — час коха́ння. І простягну́в Я полу Свою над тобою, і закрив твою наготу́, і присягнув тобі, і ввійшов з тобою в заповіт, — говорить Госпо́дь Бог, — і стала ти Моєю.
9 ``ငါ​သည်​ရေ​ကို​ယူ​၍ သင့်​၌​ပေ​ကျံ​နေ သော​သွေး​ကို​ဆေး​ကြော​၏။ သင်​၏​ကိုယ် ကို​သံ​လွင်​ဆီ​နှင့်​လူး​ပေး​၏။-
І обмив Я тебе водою, і сполоска́в Я кров твою з тебе, і нате́р тебе оливою.
10 ၁၀ သင့်​အား​ပန်း​ထိုး​ထည်​အ​ဝတ်​အ​စား​များ ကို​ဝတ်​ဆင်​စေ​၍ အ​ကောင်း​ဆုံး​သား​ရေ​ဖိ​နပ် ကို​စီး​စေ​၏။ ပိတ်​ချော​ထည်​ဖြင့်​လည်း​တန်​ဆာ ဆင်​စေ​၍ အ​ဖိုး​တန်​ဝတ်​လုံ​များ​ကို​ဝတ်​စေ​၏။-
І зодягнув тебе різнокольоро́вим, взув тебе в та́хаш, і спови́в тебе в віссо́н, і покрив тебе шо́вком.
11 ၁၁ သင်​ဝတ်​ဆင်​ရန်​ကျောက်​မျက်​ရ​တ​နာ​များ​နှင့် လက်​မောင်း​တွင်​ဝတ်​ဆင်​ရန်​လက်​ကောက်​များ၊ လည်​ဆွဲ​ရန်​ဘ​ယက်​များ​ကို​လည်း​ကောင်း၊-
І приоздо́бив тебе оздобою, і дав нараме́нники на руки твої, а ланцюга́ — на шию твою.
12 ၁၂ နှာ​ခေါင်း​အ​တွက်​နှာ​ဆွဲ​များ၊ နား​အ​တွက် နား​တောင်း​များ​နှင့်​သင်​ဆောင်း​ရန် လှ​ပ သော​သ​ရ​ဖူ​ကို​လည်း​ကောင်း​ငါ​ပေး​၏။-
І дав Я носову́ сере́жку до носа твого, і сере́жки на ву́ха твої, а пишну корону на твою го́лову.
13 ၁၃ သင်​သည်​ရွှေ၊ ငွေ၊ တန်​ဆာ​များ​ကို​ဆင်​ယင် ကာ​ပိတ်​ချော​ထည်​ပန်း​ထိုး​ထည်​နှင့် အ​ဖိုး တန်​အ​ဝတ်​အ​စား​များ​ကို​အ​စဉ်​ပင်​ဝတ် ဆင်​ရ​၏။ သင်​သည်​အ​ကောင်း​ဆုံး​မုန့်​ညက် ဖြင့်​လုပ်​သော​မုန့်​ပျား​ရည်​နှင့် သံ​လွင်​ဆီ​ကို စား​သုံး​ရ​၏။ သင်​၏​အ​ဆင်း​သည်​ဖိတ်​ဖိတ် တောက်​လှ​ပ​သ​ဖြင့်​သင်​သည်​မိ​ဖု​ရား ဖြစ်​လာ​၏။-
І приоздо́билась ти золотом та срі́блом, а одіж твоя — віссо́н та шовк, і різнокольоро́ве; булку й мед та оливу ти їла, і стала ти гарна-прегарна, і вдало́ся тобі досягти царсько́ї гідности!
14 ၁၄ ငါ​သည်​သင့်​အား​အ​လွန်​လှ​ပ​အောင်​ပြု လုပ်​ဆင်​မြန်း​ပေး​သ​ဖြင့် သင်​သည်​ခြောက် ပြစ်​ကင်း​သော​အ​ဆင်း​ကို​ဆောင်​၏။ ယင်း သို့​သင်​၏​အ​ဆင်း​လှ​မှု​သည်​အ​တိုင်း​တိုင်း အ​ပြည်​ပြည်​သို့​ကျော်​ကြား​လေ​၏'' ဟူ ၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
І розійшлося ім'я́ твоє поміж наро́дами за твою красу, бо доскона́ла вона, через пишно́ту Мою, яку Я на тебе поклав, — говорить Госпо́дь Бог!
15 ၁၅ ``သို့​ရာ​တွင်​သင်​သည်​မိ​မိ​၏​အ​ဆင်း​လှ မှု​နှင့်​ထင်​ပေါ်​ကျော်​ကြား​မှု​တို့​ကို​အ​ခွင့် ကောင်း​ယူ​ကာ ပြည့်​တန်​ဆာ​ဖြစ်​လာ​၏။ သင် ၏​ထံ​သို့​ရောက်​ရှိ​လာ​သူ​မှန်​သ​မျှ​နှင့် အိပ်​စက်​၏။ သင်​၏​အ​လှ​ကို​ပေး​အပ်​၏။-
І покладалася ти на красу́ свою, і стала розпу́сною через славу свою, і виливала ти розпу́сту свою на кожного перехожого, — його ти була́.
16 ၁၆ သင်​၏​အ​ဝတ်​အ​စား​အ​ချို့​ဖြင့်​သင်​သည် မိ​မိ​ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​မွမ်း​မံ​ပစ် ကာ​ပြည့်​တန်​ဆာ​ပြု​၍ မိ​မိ​၏​ကိုယ်​ကို လူ​အ​ပေါင်း​တို့​အား​အပ်​နှံ​လေ​သည်။ ထို သို့​သော​အ​ဖြစ်​အ​ပျက်​မျိုး​မ​ဖြစ်​သင့် ပေ၊ သို့​တည်း​မ​ဟုတ်​မ​ပေါ်​ပေါက်​သင့်​ပေ။-
І бра́ла ти з шат своїх, і робила собі різнокольоро́ві па́гірки, і чинила розпусту на них, як не бувало й не буде.
17 ၁၇ သင်​သည်​ငါ​ပေး​သည့် ရွှေ၊ ငွေ၊ ကျောက်​မျက် ရ​တ​နာ​အ​ချို့​ကို​လည်း​ယူ​၍ ယောကျာ်း ရုပ်​ပွား​များ​ပြု​လုပ်​ပြီး​လျှင်​ယင်း​တို့ နှင့်​မှား​ယွင်း​၏။-
І брала ти речі з пишно́ти своєї, з Мого золота та зо срі́бла Мого, що дав тобі Я, і наробила собі подоб чоловічої статі, — і чинила розпусту із ними.
18 ၁၈ သင်​သည်​ငါ​ပေး​သည့်​ပန်း​ထိုး​ထည်​များ ဖြင့်​ရုပ်​တု​များ​ကို​လွှမ်း​ခြုံ​ပေး​၏။ ယင်း တို့​ကို​ငါ​ပေး​သည့်​သံ​လွင်​ဆီ​နှင့်​နံ့​သာ ပေါင်း​တို့​ဖြင့်​ပူ​ဇော်​၏။-
І брала ти свою різнокольоро́ву одіж, і покривала їх, а оливу Мою та Моє кадило клала перед ними.
19 ၁၉ ငါ​သည်​သင်​စား​ရန်​အ​ကောင်း​ဆုံး​မုန့်​ညက်၊ သံ​လွင်​ဆီ​နှင့်​ပျား​ရည်​တည်း​ဟူ​သော​အ​စား အ​စာ​များ​ကို​ပေး​၏။ သို့​ရာ​တွင်​သင်​သည် ရုပ်​တု​များ​ထံ​မှ​မျက်​နှာ​ရ​စေ​ရန် ထို​အ​စား အ​စာ​များ​ကို​သူ​တို့​အား​အ​မွှေး​ရ​နံ့​အ​ဖြစ် ဆက်​သ​ပူ​ဇော်​၏'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ပင် တည်း။
А Мій хліб, що давав Я тобі, булку й оливу та мед, що ними годував Я тебе, то віддавала ти те перед їхнє обличчя на лю́бі па́хощі. І сталося це, говорить Господь Бог.
20 ၂၀ ``ထို​နောက်​သင်​သည်​ငါ​နှင့်​ရ​သော​သား​သ​မီး များ​ကို​ယူ​၍ ယဇ်​ကောင်​အ​ဖြစ်​ဖြင့်​ရုပ်​တု​တို့ အား​ပူ​ဇော်​၏။ သင်​သည်​ငါ့​အား​သစ္စာ​ဖောက် ရုံ​မျှ​ဖြင့်​မ​ကျေ​နပ်​ဘဲ၊-
І бра́ла ти синів своїх та дочо́к своїх, що породила Мені, і прино́сила їх на їжу їм. Чи мало було розпусти твоєї,
21 ၂၁ အ​ဘယ်​ကြောင့်​ငါ​၏​သား​သ​မီး​များ​ကို ယူ​၍​ရုပ်​တု​တို့​အား​ယဇ်​ပူ​ဇော်​ရ​သ​နည်း။-
що ти різала дітей Моїх ї давала їм, перепрова́джуючи через огонь для них?
22 ၂၂ သင်​ငယ်​စဉ်​က​အ​ဝတ်​အ​ချည်း​စည်း​နှင့် သွေး​ထဲ​တွင်​လူး​နေ​ခဲ့​သည့်​အ​ဖြစ်​သ​နစ် ကို သင်​သည်​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​လုပ် ရပ်​များ​နှင့် ပြည့်​တန်​ဆာ​ဘ​ဝ​တွင်​ကျင် လည်​စဉ်​တစ်​ကြိမ်​တစ်​ခါ​မျှ​သ​တိ​မ​ရ ခဲ့​သ​လော'' ဟူ​၍​တည်း။
І при всіх гидотах твоїх та розпустах твоїх ти не пам'ятала про дні своєї мо́лодости, коли була наго́ю-пренаго́ю, коли валялася в крові своїй.
23 ၂၃ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``သင်​သည်​အ​မင်္ဂ လာ​ရှိ​၏။ အ​မင်္ဂ​လာ​ရှိ​၏။ သင်​သည်​ထို​မ ကောင်း​မှု​များ​ကို​ပြု​ကျင့်​ပြီး​နောက်၊-
І сталося по всьому тому твоєму злі, — горе, горе тобі! говорить Господь Бог, —
24 ၂၄ စျေး​ရပ်​ကွက်​တိုင်း​တွင်​သင့်​အ​တွက်​သင် ကိုး​ကွယ်​ရန် တောင်​ကုန်း​နှင့် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​ပြု​လုပ်​၏။-
і побудувала ти собі місця розпу́сти, і пороби́ла собі підви́щення на кожному майда́ні.
25 ၂၅ လမ်း​ထိပ်​တိုင်း​တွင်​မြင့်​သော​ဝတ်​ပြု​ကိုး​ကွယ် ရာ​ဌာ​န​များ​ဆောက်​၍ မိ​မိ​၏​လှ​ပ​သော အ​ဆင်း​ကို​စက်​ဆုပ်​ဖွယ်​ကောင်း​အောင်​ပြု လေ​ပြီ။ လာ​ရောက်​သူ​တိုင်း​အား​မိ​မိ​၏ ကိုယ်​ကို​အပ်​ပေး​၍ တစ်​နေ့​တစ်​ခြား​ပြည့် တန်​ဆာ​ဖြစ်​သည်​ထက်​ဖြစ်​စေ​၏။-
На кожному роздоріжжі побудувала ти свої підви́щення, і знесла́вила красу́ свою, і розхиля́ла ноги свої для кожного перехожого, і побільшувала свою розпусту.
26 ၂၆ တ​ဏှာ​ကြီး​သူ​အိမ်​နီး​ချင်း​အီ​ဂျစ်​အ​မျိုး သား​တို့​အား မိ​မိ​နှင့်​အ​တူ​အိပ်​စက်​ခွင့်​ပေး ၍​ပြည့်​တန်​ဆာ​လုပ်​ခြင်း​အား​ဖြင့်​ငါ​၏ အ​မျက်​တော်​ကို​နှိုး​ဆော်​တော်​မူ​၏။
І чинила ти розпусту з синами Єгипту, з своїми сусідами великотеле́сими, і побільшувала свою розпусту, щоб гніви́ти Мене.
27 ၂၇ ``ယ​ခု​ငါ​သည်​သင့်​အား​ဒဏ်​ပေး​ရန်​နှင့် သင် ၏​နယ်​မြေ​ကို​ရုပ်​သိမ်း​ရန်​လက်​ရုံး​တော်​ကို ဆန့်​ပြီ။ ငါ​သည်​သင့်​ကို​လော​ဘ​ကြီး​၍ သင် ၏​အ​ကျင့်​ဆိုး​များ​ကို​စက်​ဆုပ်​သူ​ဖိ​လိတ္တိ သ​မီး​ပျို​တို့​၏​လက်​သို့​သင့်​အား​ပေး​အပ် လိုက်​လေ​ပြီ။
І ось простягнув Я Свою руку на тебе, і відняв належну частину твою, — і дав тебе на волю твоїх нена́висниць, филисти́мських дочо́к, засоро́млених твоєю нечистою дорогою.
28 ၂၈ ``အ​လို​မ​ပြည့်​နိုင်​သ​ဖြင့်​သင်​သည်​အာ​ရှု​ရိ အ​မျိုး​သား​တို့​နှင့်​မှား​ယွင်း​ပြန်​၏။ သို့​ရာ တွင်​သင်​၏​အ​လို​မ​ပြည့်​နိုင်​သေး။-
Бо чинила ти розпусту з синами Ашшуровими, і не могла наси́титись, і блуди́ла з ними, і теж не наси́тилась.
29 ၂၉ သို့​ဖြစ်​၍​သင်​သည်​ကုန်​သည်​နိုင်​ငံ​ဖြစ်​သည့် ဗာ​ဗု​လုန်​ပြည်​မှ​အ​မျိုး​သား​တို့​နှင့်​လည်း မှား​ယွင်း​ပြန်​၏။ သို့​ရာ​တွင်​သင်​၏​အ​လို မ​ပြည့်​နိုင်​သေး'' ဟု​မိန့်​တော်​မူ​၏။
І побільши́ла ти свою розпусту до купецького кра́ю халдеїв, та теж цим не наси́тилася.
30 ၃၀ အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား``သင် သည်​စိတ်​အ​လွန်​ပျော့​၍ အ​ရှက်​မ​ရှိ​သည့် ပြည့်​တန်​ဆာ​ကဲ့​သို့​ဤ​အ​မှု​အ​ရာ​တို့​ကို ပြု​၏။-
Як змучилося серце твоє, — говорить Господь Бог, — коли ти робила всі оці вчинки сваві́льної розпусної жінки!
31 ၃၁ သင်​သည်​လမ်း​ထိပ်​တိုင်း​၌​သင်​ကိုး​ကွယ်​ရန် တောင်​ကုန်း​များ​ကို​ဆောက်​၍ စျေး​ရပ်​ကွက် တိုင်း​၌​မြင့်​သော​ကိုး​ကွယ်​ရာ​ဌာ​န​များ ကို​တည်​ဆောက်​သော​အ​ခါ ပြည့်​တန်​ဆာ အ​လုပ်​ကို​လုပ်​သော်​လည်း​သာ​မန်​ပြည့် တန်​ဆာ​များ​ကဲ့​သို့​အ​ခ​ကြေး​ငွေ​ကို မ​တောင်း။-
Коли ти будувала місця своєї розпусти на кожному роздорі́жжі, а підви́щення своє робила на кожному майда́ні, то не була ти, як блудни́ця, щоб збирати заплату за розпусту,
32 ၃၂ သင်​သည်​ကား​မိ​မိ​၏​ခင်​ပွန်း​ကို​ချစ်​မြတ် နိုး​မည့်​အ​စား သူ​စိမ်း​တစ်​ရံ​ဆံ​များ​နှင့် မေ​ထုန်​မှီ​ဝဲ​လို​သည့်​မိန်း​မ​နှင့်​တူ​၏။-
але як перелю́бна жінка, що замість свого чоловіка бере собі чужих.
33 ၃၃ ပြည့်​တန်​ဆာ​အား​အ​ခ​ကြေး​ငွေ​ပေး​ရ​၏။ သင်​မူ​ကား​ချစ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​မှ လာ​၍ သင်​နှင့်​အိပ်​စက်​ကြ​စေ​ရန်​လက်​ဆောင် များ​ကို​ပေး​လေ​သည်။-
Усім блудни́цям дають дару́нка, а ти сама давала дару́нки свої всім коха́нцям своїм, і підкупо́вувала їх, щоб прихо́дили до тебе звідусіль на розпусту з тобою.
34 ၃၄ သင်​သည်​ထူး​ခြား​သော​ပြည့်​တန်​ဆာ​ဖြစ်​၏။ အ​ဘယ်​သူ​မျှ​သင့်​အား​အ​ခ​ကြေး​ငွေ​ပေး​၍ ပြည့်​တန်​ဆာ​လုပ်​စေ​သည်​မ​ဟုတ်။ သင်​သည် အ​ခ​ကြေး​ငွေ​လည်း​မ​ရ။ သင်​က​သာ​လျှင် ပေး​၏။ သင်​သည်​အ​ကယ်​ပင်​ထူး​ပါ​ပေ သည်'' ဟူ​၍​တည်း။
І було тобі при твоїй розпусті навпаки́ від інших жіно́к, бо не волочи́лись за тобою, а через те, що ти давала заплату за розпусту, і заплата за розпусту не давалась тобі, то сталось тобі навпаки́.
35 ၃၅ သို့​ဖြစ်​၍​အ​ချင်း​ပြည့်​တန်​ဆာ၊ ထာ​ဝရ ဘု​ရား​မိန့်​တော်​မူ​သည်​ကို​နား​ထောင်​လော့။
Тому то, розпу́снице, послухай Господнього слова:
36 ၃၆ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``သင်​သည်​ကာ​မ​ရာ​ဂ​ကြီး​လျက်​အ​ဝတ် များ​ကို​ချွတ်​၍ ပြည့်​တန်​ဆာ​ကဲ့​သို့​မိ​မိ ကိုယ်​ကို​ချစ်​သူ​များ​သို့​လည်း​ကောင်း၊ စက် ဆုပ်​ဖွယ်​ကောင်း​သည့်​ရုပ်​တု​များ​သို့​လည်း ကောင်း​ပေး​အပ်​ကာ မိ​မိ​၏​သား​သ​မီး​များ အား​ရုပ်​တု​များ​ကို​ပူ​ဇော်​ရာ​ယဇ်​ကောင် များ​အ​ဖြစ်​ဖြင့်​သတ်​၏။-
Так говорить Господь Бог: За те, що вилива́лась твоя розпуста, і відкрива́лась твоя нагота́ в блудоді́йстві твоїм з твоїми коха́нцями та зо всіма́ божка́ми гидоти твоєї, і за кров синів твоїх, яких ти давала їм,
37 ၃၇ ဤ​အ​ကြောင်း​ကြောင့်​ငါ​သည်​သင်​နှစ်​သက် သော​သင်​၏​ချစ်​သူ​များ​ကို​စု​ဝေး​စေ​ပြီး နောက် သင်​ချစ်​သူ​မုန်း​သူ​အား​လုံး​ကို​စု ဝေး​စေ​ပြီး​လျှင်​သင့်​အား​ဝန်း​ရံ​၍​နေ​စေ မည်။ ထို​နောက်​သင်​၏​အ​ဝတ်​များ​ကို​ချွတ် ၍ သင်​အ​ဝတ်​အ​ချည်း​စည်း​ဖြစ်​နေ​ပုံ ကို​ပြ​မည်။-
тому ось Я позбираю всіх коха́нців твоїх, яким була ти приємна, і всіх, кого ти кохала, ра́зом з тими, кого ти знена́виділа, і зберу́ їх коло тебе знавко́ла, і відкрию їм наготу́ твою, і вони побачать увесь твій сором!
38 ၃၈ ငါ​သည်​သင့်​အား​သူ​တစ်​ပါး​အိမ်​ရာ​ကို ပြစ်​မှား​မှု၊ လူ​သတ်​မှု​တို့​အ​တွက်​ပြစ်​ဒဏ် စီ​ရင်​မည်။ ငါ​သည်​ပြင်း​စွာ​ဒေါ​သ​အ​မျက် ထွက်​၍ မ​ရှု​စိမ့်​သ​ဖြင့်​သင့်​အား​က​လဲ့​စား ချေ​၍​သေ​ဒဏ်​ပေး​မည်။-
І засуджу́ тебе при́судом на перелю́бниць та тих, що кров проливають, і дам тебе на кров лютости та за́здрости.
39 ၃၉ ငါ​သည်​သင့်​ကို​သူ​တို့​၏​လက်​သို့​အပ်​နှံ မည်။ သူ​တို့​သည်​သင်​၏​မြင့်​သော​တောင်​ကုန်း များ ဝတ်​ပြု​ရာ​ဌာ​န​များ​ကို​ဖြို​ဖျက်​ကြ လိမ့်​မည်။ သူ​တို့​သည်​သင်​၏​အ​ဝတ်​အ​စား များ​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ​ကို​ယူ ၍ သင့်​အား​အ​ဝတ်​အ​ချည်း​စည်း​ထား ကြ​လိမ့်​မည်။
І віддам тебе в їхню руку, і вони зруйну́ють твоє місце розпусти, і порозва́люють підви́щення твої, і постяга́ють з тебе шати твої, і позабирають пишні вбрання́ твої, і покладуть тебе зо́всім наго́ю.
40 ၄၀ ``သင့်​အား​ခဲ​နှင့်​ပေါက်​၍​ဋ္ဌား​နှင့်​အ​ပိုင်း​ပိုင်း ဖြတ်​ကြ​စေ​ရန် သူ​တို့​သည်​လူ​အုပ်​ကြီး​တစ် စု​ကို​လှုံ့​ဆော်​ပေး​ကြ​လိမ့်​မည်။-
І зберуть проти тебе збо́ри, і заки́дають тебе камі́нням, і порубають тебе своїми мечами.
41 ၄၁ သူ​တို့​သည်​သင်​၏​အိမ်​များ​ကို​မီး​ရှို့​ကြ ပြီး​လျှင် သင်​အ​ပြစ်​ဒဏ်​ခံ​ရ​ပုံ​ကို​မြောက် မြား​စွာ​သော​အ​မျိုး​သ​မီး​တို့​အား​ပြ​ကြ လိမ့်​မည်။ သင်​၏​ပြည့်​တန်​ဆာ​အ​လုပ်​နှင့် ချစ်​သူ​တို့​အား လက်​ဆောင်​ပေး​ကမ်း​မှု​ကို ငါ​ရပ်​စဲ​စေ​မည်။-
І попа́лять доми́ твої огнем, і зроблять на тебе при́суди на оча́х багатьох жінок. І зроблю́ Я кінець, щоб не була́ ти розпу́сницею, і ти вже не будеш давати дару́нка за розпусту!
42 ၄၂ ထို​နောက်​ငါ​သည်​အ​မျက်​ပြေ​၍​တည်​ငြိမ် လိမ့်​မည်။ နောက်​တစ်​ဖန်​အ​မျက်​ထွက်​တော့​မည် မ​ဟုတ်။ မ​နာ​လို​စိတ်​လည်း​ရှိ​တော့​မည်​မ​ဟုတ်။-
І заспоко́їться Моя лютість на тебе, і відійде від тебе Моя за́здрість, і Я заспоко́юся, і не буду вже гніватися.
43 ၄၃ ငယ်​စဉ်​အ​ခါ​က​သင့်​အ​ကြောင်း​ကို သင်​သည် မေ့​ပျောက်​ကာ​ဆိုး​ညစ်​မှု​အ​ပေါင်း​ကို​ပြု​၍ ငါ ၏​အ​မျက်​ကို​နှိုး​ဆော်​ခဲ့​၏။ သို့​ဖြစ်​၍​ထို​အ​မှု အ​ရာ​များ​အ​တွက် ငါ​သည်​သင့်​ကို​ဒဏ်​ပေး ရ​၏။ သင်​သည်​အ​ကျင့်​ပျက်​ပြား​မှု​အ​ပြင် အ​ခြား​စက်​ဆုပ်​ဖွယ်​ကောင်း​သည့်​အ​မှု​များ ကို အ​ဘယ်​ကြောင့်​ထပ်​လောင်း​၍​ပြု​သ​နည်း'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
За те, що ти не пам'ятала про дні своєї мо́лодости, і гніви́ла Мене всім тим, то й Я ось поверну́ дорогу твою на твою го́лову, — говорить Господь Бог, — щоб не чинила ти розпусти після всіх гидо́т своїх!
44 ၄၄ ထာ​ဝ​ရ​ဘု​ရား​က``အို ယေ​ရု​ရှ​လင်​မြို့၊ လူ တို့​သည်​သင်​၏​အ​ကြောင်း​နှင့်​ပတ်​သက်​၍`အ​မိ စ​ရိုက်​သ​မီး​လိုက်' ဟူ​သော​စ​ကား​ပုံ​ကို သုံး​စွဲ​ကြ​လိမ့်​မည်။-
Ось кожен припові́стник говоритиме про тебе припові́стку, кажучи: „Яка мати — така її до́нька!“
45 ၄၅ သင်​သည်​အ​မှန်​ပင်​အ​မေ့​သ​မီး​ပီ​သ​ပါ​ပေ သည်။ သင်​၏​မိ​ခင်​သည်​ခင်​ပွန်း​နှင့်​သား​သ​မီး တို့​ကို​ရွံ​မုန်း​သူ​ဖြစ်​၏။ သင်​နှင့်​သင့်​ညီ​အစ်​မ တို့​သည်​တူ​ညီ​၍၊ သူ​တို့​သည်​မိ​မိ​ခင်​ပွန်း​နှင့် သား​သ​မီး​တို့​ကို​ရွံ​မုန်း​ကြ​၏။ သင်​၏​မိ​ခင် သည်​ဟိတ္တိ​အ​မျိုး​သ​မီး​ဖြစ်​၍​ဖ​ခင်​မှာ အာ​မော​ရိ​အ​မျိုး​သား ဖြစ်​၏။
Ти дочка́ своєї матері, що покинула свого чоловіка та своїх синів, і ти сестра своїх сесте́р, що поки́дали своїх чоловіків та своїх синів. Мати ваша хітте́йка, а ваш батько — аморе́єць!
46 ၄၆ ``သင်​၏​အစ်​မ​သည်​မိ​မိ​၏​သ​မီး​များ​နှင့် တ​ကွ နေ​ထိုင်​လျက်​ရှိ​သည့်​မြောက်​အ​ရပ်​တွင် ရှိ​သော​ရှ​မာ​ရိ​မြို့​ဖြစ်​၏။ သင့်​ညီ​မ​ကား မိ​မိ​၏​သ​မီး​များ​နှင့်​တ​ကွ​နေ​ထိုင်​လျက် ရှိ​သော​တောင်​အ​ရပ်​တွင်​ရှိ​သည့်​သော​ဒုံ​မြို့ ဖြစ်​၏။-
А старша сестра твоя — Самарі́я та до́чки її, що сидять по ліви́ці твоїй, а сестра твоя, менша від тебе, що сидить по прави́ці твоїй — це Содо́ма та до́чки її.
47 ၄၇ သင်​သည်​သူ​တို့​၏​ခြေ​ရာ​ကို​နင်း​လျက်​စက် ဆုပ်​ဖွယ်​ရာ​အ​ကျင့်​များ​ကို​ပြု​ကျင့်​ရုံ​ဖြင့် ကျေ​နပ်​ပါ​သ​လော။ မ​ကျေ​နပ်။ အ​ချိန်​အ​နည်း ငယ်​အ​တွင်း​သင်​သည်​သူ​တို့​ပြု​သ​မျှ​သော အ​မှု​အ​ပေါင်း​တို့​ထက်​ပို​မို​ဆိုး​ရွား​သော အ​မှု​ကို​ပြု​ကျင့်​ခဲ့​၏။-
А ти хіба не ходила їхніми доро́гами й не робила за їхніми гидо́тами? Мало бракувало, — і зіпсу́лася б ти більше від них на всіх своїх дорогах!
48 ၄၈ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​၏​ညီ​မ​သော​ဒုံ​မြို့​နှင့်​သူ့​သ​မီး တို့​သည် သင်​နှင့်​သင့်​သ​မီး​များ​ပြု​ကျင့်​ခဲ့ သည့်​ဆိုး​ညစ်​မှု​မျိုး​ကို​အ​ဘယ်​အ​ခါ​က မျှ​မ​ပြု​မ​ကျင့်​ခဲ့​ကြ။-
Як живий Я, — говорить Господь Бог, — не зробила Содо́ма, сестра твоя, вона та до́чки її, як зробила ти та твої до́чки!
49 ၄၉ ဤ​ကား​သင့်​ညီ​မ​သော​ဒုံ​ပြု​သော​အ​မှု​ဖြစ် သည်။ သူ​တို့​သည်​မာ​န​ကြီး​လျက်​အ​စာ​ရေ စာ​အ​ဝ​လွန်​၍ မည်​သူ့​ကို​မျှ​ဂ​ရု​မ​စိုက်​ဘဲ ဆင်း​ရဲ​သူ​များ​နှင့် အ​ခွင့်​အ​ရေး​နိမ့်​သူ​လူ တန်း​စား​တို့​အား ကူ​ညီ​စောင့်​ရှောက်​မှု​ကို မ​ပြု​ကြ။-
Ось оце була провина твоєї сестри Содоми: пиха́, ситість ї́жі та преспокійний спо́кій були в неї та в її дочо́к, а руки́ вбогого та бідного вона не зміцня́ла.
50 ၅၀ သူ​တို့​သည်​မာ​န​ကြီး​၍​ငါ​မုန်း​သည့်​အ​မှု တို့​ကို​ပြု​ကြ​၏။ သို့​ဖြစ်​၍​သင်​ကောင်း​စွာ သိ​သည်​အ​တိုင်း ငါ​သည်​သူ​တို့​အား​ပျက်​စီး စေ​၏။
І запиша́лись вони, і робили гидо́ти перед Моїм обличчям. І Я їх відкинув, як побачив оце.
51 ၅၁ ``ရှ​မာ​ရိ​မြို့​သည်​သင်​ပြု​ခဲ့​သည့်​ဒု​စ​ရိုက်​၏ ထက်​ဝက်​ကို​ပင်​မ​ပြု။ သင်​သည်​သူ​ပြု​သ​မျှ သော​အ​မှု​အ​ပေါင်း​တို့​ထက် ပို​၍​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​မှု​ကို​ပြု​လေ​ပြီ။ သင်​သည်​စက် ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​လှ​သ​ဖြင့် သင့်​ညီ​အစ်​မ တို့​ကား​သင်​နှင့်​စာ​သော်​အပြစ်​မဲ့​သူ​များ​ဟု ပင်​ထင်​မှတ်​ရ​၏။-
А Самарі́я не нагрішила й половини гріхів твоїх, та ти побільши́ла гидо́ти свої більш від них, і оправдала сесте́р своїх усіма́ своїми гидо́тами, які ти зробила.
52 ၅၂ ယ​ခု​သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား ရ​မည်။ သင့်​ညီ​အစ်​မ​များ​အ​တွက် တ​ရား​မျှ တ​မှု​အ​ချို့​ဆောင်​ရွက်​ခဲ့​ပြီ။ သင်​၏​အ​ပြစ် များ​သည်​သင့်​ညီ​အစ်​မ​တို့​၏​အ​ပြစ်​များ ထက် လွန်​စွာ​ပို​၍​ဆိုး​ရွား​သ​ဖြင့် သူ​တို့​သည် သင်​နှင့်​စာ​သော်​အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့ ဖြစ်​ကြ​၏။ ယင်း​သို့​မိ​မိ​၏​ညီ​အစ်​မ​တို့​အား အ​ပြစ်​မဲ့​သူ​များ​ကဲ့​သို့​ထင်​မှတ်​စေ​သော ကြောင့် သင်​သည်​မိ​မိ​အ​ရှက်​ကွဲ​မှု​ကို​ခံ​စား လော့'' ဟု​မိန့်​တော်​မူ​၏။
Тож носи свою га́ньбу ти, що чинила її для своїх сесте́р, через твої гріхи, якими гидоти чинила ти більше за них, вони будуть справедливіші за тебе! І також посоромся, і носи свій сором за твоє всправедли́влення своїх сесте́р!
53 ၅၃ ``သော​ဒုံ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​နှင့် ရှ​မာ ရိ​မြို့​နှင့်​ထို​မြို့​၏​သ​မီး​များ​ကို​ငါ​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​စေ​မည်။ သင့်​ကို လည်း​ပြန်​လည်​စည်​ကား​လာ​စေ​မည်။-
І поверну́ Я їхню долю, долю Содоми та дочо́к її, і Самарію та дочо́к її, і поверну́ долю твою серед них,
54 ၅၄ သင်​သည်​မိ​မိ​ကိုယ်​ကို​ရှက်​လိမ့်​မည်။ သင်​၏ အ​သ​ရေ​ပျက်​မှု​သည်​သင့်​ညီ​အစ်​မ​တို့​အား မိ​မိ​တို့​အ​ဘယ်​မျှ​ကောင်း​စား​လာ​ကြောင်း ထင်​ပေါ်​စေ​လိမ့်​မည်။-
щоб носила ти свій сором, і соро́милася всього того, що ти наробила, потіша́ючи їх.
55 ၅၅ သင်​၏​ညီ​အစ်​မ​များ​ဖြစ်​သော​သော​ဒုံ​နှင့် သူ​၏​သ​မီး​များ၊ ရှ​မာ​ရိ​နှင့်​သူ​၏​သ​မီး များ​တို့​သည် တစ်​ဖန်​ပြန်​လည်​စည်​ကား​လာ ကြ​လိမ့်​မည်။ သင်​နှင့်​သင့်​သ​မီး​များ​သည် လည်း​ပြန်​လည်​ထူ​ထောင်​လာ​လိမ့်​မည်။-
А твої се́стри, Содома та до́чки її, ве́рнуться до свого попере́днього ста́ну, і Самарі́я та до́чки її ве́рнуться до свого попере́днього стану, і ти та до́чки твої ве́рнетесь до свого попере́днього ста́ну.
56 ၅၆ မိ​မိ​၏​ဆိုး​ညစ်​မှု​များ​ကို​လူ​မ​သိ​မီ​မာန် မာ​န​ထောင်​လွှား​နေ​စဉ်​အ​ခါ​က သင်​သည် သင်​၏​ညီ​မ​သော​ဒုံ​မြို့​၏​နာ​မည်​ကို​ဖော်​ပြ ခြင်း​မ​ပြု​ခဲ့ ယ​ခု​အ​ခါ​၌​သင်​ကိုယ်​တိုင် သည်​ဧ​ဒုံ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ၊ ဖိ​လိတ္တိ​သ​မီး​ပျို​နှင့်​အိမ်​နီး​ချင်း​များ​နှင့် သင့်​ကို​မုန်း​သော​သူ​တို့​ပြက်​ရယ်​ပြု​စ​ရာ ဖြစ်​လေ​ပြီ။-
І не була сестра твоя Содо́ма згадувана в у́стах твоїх за днів твоїх го́рдощів,
57 ၅၇
поки не відкрилося зло твоє, коли ганьби́ли тебе до́чки Сирії та всіх околиць його, і до́чки филисти́мські пого́рджували тебе звідусі́ль.
58 ၅၈ သင်​သည်​မိ​မိ​ပြု​ခဲ့​သည့်​ညစ်​ညမ်း​စက်​ဆုပ် ရွံ​ရှာ​ဖွယ်​ကောင်း​သည့်​အ​မှု​များ​၏​အ​ကျိုး ဆက်​ကို​ခံ​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား ဖြစ်​၏။
Свою розпусту та гидо́ти свої, — ти їх понесе́ш, говорить Господь.
59 ၅၉ အ​ရှင်​ထာ​ဝရ​ဘု​ရား​က``သင်​သည်​သင်​၏ ကတိ​သစ္စာ​တို့​ကို​ပ​မာ​ဏ​မ​ပြု၊ ပ​ဋိ​ညာဉ် ကို​လည်း​ချိုး​ဖောက်​သ​ဖြင့် သင်​ခံ​ထိုက်​သည့် အ​ပြစ်​ကို​ငါ​ပေး​မည်။-
Бо так говорить Господь Бог: І зроблю́ Я з тобою, як робила ти, що погорди́ла прися́гою, щоб зламати заповіта.
60 ၆၀ သို့​ရာ​တွင်​သင်​ငယ်​စဉ်​အ​ခါ​က​ငါ​ပြု​ခဲ့​သည့် ပ​ဋိ​ညာဉ်​ကို​ပြန်​လည်​သ​တိ​ရ​၍ သင်​နှင့်​ထာ​ဝ စဉ်​တည်​မြဲ​သည့်​ပ​ဋိ​ညာဉ်​ကို​ငါ​ဖွဲ့​ဦး​မည်။-
І згадаю Я Свого заповіта з тобою за днів твоєї мо́лодости, і поставлю тобі заповіта вічного.
61 ၆၁ သင်​၏​အစ်​မ​နှင့်​ညီ​မ​တို့​သည်​သင့်​ထံ​သို့ ပြန်​လည်​ရောက်​ရှိ​လာ​သော​အ​ခါ သင်​သည် မိ​မိ​ပြု​ကျင့်​ခဲ့​သည့်​အ​မှု​ကို​သ​တိ​ရ​၍ ရှက်​လိမ့်​မည်။ သင်​နှင့်​ငါ​ဖွဲ့​ခဲ့​သော​ပ​ဋိ​ညာဉ် တွင်​မ​ပါ​ရှိ​သော်​လည်း ငါ​သည်​သူ​တို့​အား သင်​၏​သ​မီး​များ​သ​ဖွယ်​ဖြစ်​စေ​မည်။-
І ти згадаєш про свої дороги й засоро́мишся, коли ти ві́зьмеш сесте́р своїх, старших від тебе, ра́зом з меншими від тебе, і дам їх тобі за дочо́к, але́ не з твого заповіту.
62 ၆၂ ငါ​သည်​သင်​နှင့်​ပဋိညာဉ်​ကို​အ​သစ်​တစ်​ဖန်​ပြန် ၍​ဖွဲ့​မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း​သင်​သိ​ရှိ​ရ​လိမ့်​မည်။-
І відновлю́ Я Свого заповіта з тобою, і ти пізнаєш, що Я — Господь,
63 ၆၃ သင်​ပြု​ခဲ့​သ​မျှ​သော​အ​မှား​တို့​ကို​ငါ​ခွင့် လွှတ်​သော​အ​ခါ သင်​သည်​ယင်း​အ​မှား​တို့ ကို​သ​တိ​ရ​လျက်​ရှက်​သ​ဖြင့် နှုတ်​ကို​ပင် မ​ဖွင့်​နိုင်​သည်​တိုင်​အောင်​အ​ရှက်​ရ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
щоб згадала ти й засоро́милася, і не могла більше відкривати уста перед га́ньбою своєю, коли прощу́ тобі все, що ти наробила, говорить Госпо́дь Бог“.

< ယေဇကျေလ 16 >