< ယေဇကျေလ 16 >
1 ၁ တစ်ဖန်ထာဝရဘုရား၏နှုတ်ကပတ်တော် သည် ငါထံသို့ရောက်လာ၏။-
Again the word of the LORD came to me, saying,
2 ၂ ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့အားမိမိပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာ အမှုတို့ကိုညွှန်ပြလော့။-
Son of man, cause Jerusalem to know her abominations,
3 ၃ ထိုမြို့အားအရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား ``သင်၏မျိုးရိုးစဉ်ဆက်သည်ခါနာန်ပြည်တွင် မွေးဖွား၍ သင်၏အဖသည်အာမောရိအမျိုး သား၊ သင်၏အမိမှာဟိတ္တိအမျိုးသမီး ဖြစ်၏။-
And say, Thus saith the Lord GOD to Jerusalem; Thy birth and thy nativity is of the land of Canaan; thy father was an Amorite, and thy mother an Hittite.
4 ၄ သင်မွေးဖွားသောအခါအဘယ်သူမျှ သင်၏ချက်ကြိုးကိုမဖြတ်၊ သင့်အားရေ မချိုးပေး။ ဆားနှင့်လည်းမလူး။ အနှီး နှင့်လည်းမပတ်ကြ။-
And as for thy nativity, in the day thou wast born thy navel was not cut, neither wast thou washed in water to cleanse thee; thou wast not salted at all, nor swaddled at all.
5 ၅ ထိုသို့သင့်အားသနား၍ပြုစုသူတစ် ယောက်မျှမရှိ။ သင်၏အပေါ်တွင်မေတ္တာ ကင်းမဲ့သည်ဖြစ်၍ သင့်အားမွေးဖွားပြီး သောအခါကွင်းပြင်တွင်ပစ်ထားကြ၏။
No eye pitied thee, to do any of these to thee, to have compassion upon thee; but thou wast cast out in the open field, to the lothing of thy person, in the day that thou wast born.
6 ၆ ``ထိုနောက်ငါသည်သင်၏အနီးမှဖြတ် သွားစဉ်သွေးထဲ၌ သင်လူးလျက်နေသည် ကိုမြင်ရ၏။ သင်သည်သွေးအလူးလူး နှင့်ဖြစ်နေစေကာမူငါသည်သင့်အား အသက်မသေစေခဲ့။-
And when I passed by thee, and saw thee polluted in thy own blood, I said to thee when thou wast in thy blood, Live; yea, I said to thee when thou wast in thy blood, Live.
7 ၇ အနာအဆာမရှိသည့်အပင်ငယ်ကဲ့သို့ရှင် သန်ကြီးပွားစေ၏။ သင်သည်သန်မာထွားကြိုင်း လာကာ အလှဆုံးရတနာကလေးဖြစ်လာ၏။ သင်၏ရင်သားများသည်ပြည့်ဖြိုးလျက်ဆံပင် မှာလည်းရှည်လာ၏။ သို့ရာတွင်သင်သည် အဝတ်အချည်းစည်းဖြစ်လျက်ပင်ရှိ၏။
I have caused thee to multiply as the bud of the field, and thou hast increased and become great, and thou art come to excellent ornaments: thy breasts are fashioned, and thy hair is grown, though thou wast naked and bare.
8 ၈ ``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
Now when I passed by thee, and looked upon thee, behold, thy time was the time of love; and I spread my skirt over thee, and covered thy nakedness: yea, I swore to thee, and entered into a covenant with thee, saith the Lord GOD, and thou becamest mine.
9 ၉ ``ငါသည်ရေကိုယူ၍ သင့်၌ပေကျံနေ သောသွေးကိုဆေးကြော၏။ သင်၏ကိုယ် ကိုသံလွင်ဆီနှင့်လူးပေး၏။-
Then I washed thee with water; yea, I thoroughly washed away thy blood from thee, and I anointed thee with oil.
10 ၁၀ သင့်အားပန်းထိုးထည်အဝတ်အစားများ ကိုဝတ်ဆင်စေ၍ အကောင်းဆုံးသားရေဖိနပ် ကိုစီးစေ၏။ ပိတ်ချောထည်ဖြင့်လည်းတန်ဆာ ဆင်စေ၍ အဖိုးတန်ဝတ်လုံများကိုဝတ်စေ၏။-
I clothed thee also with embroidered work, and shod thee with badgers’ skin, and I girded thee with fine linen, and I covered thee with silk.
11 ၁၁ သင်ဝတ်ဆင်ရန်ကျောက်မျက်ရတနာများနှင့် လက်မောင်းတွင်ဝတ်ဆင်ရန်လက်ကောက်များ၊ လည်ဆွဲရန်ဘယက်များကိုလည်းကောင်း၊-
I decked thee also with ornaments, and I put bracelets upon thy hands, and a chain on thy neck.
12 ၁၂ နှာခေါင်းအတွက်နှာဆွဲများ၊ နားအတွက် နားတောင်းများနှင့်သင်ဆောင်းရန် လှပ သောသရဖူကိုလည်းကောင်းငါပေး၏။-
And I put a jewel on thy forehead, and earrings in thy ears, and a beautiful crown upon thy head.
13 ၁၃ သင်သည်ရွှေ၊ ငွေ၊ တန်ဆာများကိုဆင်ယင် ကာပိတ်ချောထည်ပန်းထိုးထည်နှင့် အဖိုး တန်အဝတ်အစားများကိုအစဉ်ပင်ဝတ် ဆင်ရ၏။ သင်သည်အကောင်းဆုံးမုန့်ညက် ဖြင့်လုပ်သောမုန့်ပျားရည်နှင့် သံလွင်ဆီကို စားသုံးရ၏။ သင်၏အဆင်းသည်ဖိတ်ဖိတ် တောက်လှပသဖြင့်သင်သည်မိဖုရား ဖြစ်လာ၏။-
Thus wast thou decked with gold and silver; and thy raiment was of fine linen, and silk, and embroidered work; thou didst eat fine flour, and honey, and oil: and thou wast exceeding beautiful, and thou didst prosper into a kingdom.
14 ၁၄ ငါသည်သင့်အားအလွန်လှပအောင်ပြု လုပ်ဆင်မြန်းပေးသဖြင့် သင်သည်ခြောက် ပြစ်ကင်းသောအဆင်းကိုဆောင်၏။ ယင်း သို့သင်၏အဆင်းလှမှုသည်အတိုင်းတိုင်း အပြည်ပြည်သို့ကျော်ကြားလေ၏'' ဟူ ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
And thy renown went forth among the heathen for thy beauty: for it was perfect through my comeliness, which I had put upon thee, saith the Lord GOD.
15 ၁၅ ``သို့ရာတွင်သင်သည်မိမိ၏အဆင်းလှ မှုနှင့်ထင်ပေါ်ကျော်ကြားမှုတို့ကိုအခွင့် ကောင်းယူကာ ပြည့်တန်ဆာဖြစ်လာ၏။ သင် ၏ထံသို့ရောက်ရှိလာသူမှန်သမျှနှင့် အိပ်စက်၏။ သင်၏အလှကိုပေးအပ်၏။-
But thou didst trust in thy own beauty, and didst play the harlot because of thy renown, and didst pour out thy harlotries on every one that passed by; his it was.
16 ၁၆ သင်၏အဝတ်အစားအချို့ဖြင့်သင်သည် မိမိဝတ်ပြုရာဌာနများကိုမွမ်းမံပစ် ကာပြည့်တန်ဆာပြု၍ မိမိ၏ကိုယ်ကို လူအပေါင်းတို့အားအပ်နှံလေသည်။ ထို သို့သောအဖြစ်အပျက်မျိုးမဖြစ်သင့် ပေ၊ သို့တည်းမဟုတ်မပေါ်ပေါက်သင့်ပေ။-
And of thy garments thou didst take, and didst deck thy high places with various colours, and didst play the harlot upon them: the like things shall not come, neither shall it be so.
17 ၁၇ သင်သည်ငါပေးသည့် ရွှေ၊ ငွေ၊ ကျောက်မျက် ရတနာအချို့ကိုလည်းယူ၍ ယောကျာ်း ရုပ်ပွားများပြုလုပ်ပြီးလျှင်ယင်းတို့ နှင့်မှားယွင်း၏။-
Thou hast also taken thy fair jewels of my gold and of my silver, which I had given thee, and hast made to thyself images of men, and hast committed harlotry with them,
18 ၁၈ သင်သည်ငါပေးသည့်ပန်းထိုးထည်များ ဖြင့်ရုပ်တုများကိုလွှမ်းခြုံပေး၏။ ယင်း တို့ကိုငါပေးသည့်သံလွင်ဆီနှင့်နံ့သာ ပေါင်းတို့ဖြင့်ပူဇော်၏။-
And hast taken thy embroidered garments, and didst cover them: and thou hast set my oil and my incense before them.
19 ၁၉ ငါသည်သင်စားရန်အကောင်းဆုံးမုန့်ညက်၊ သံလွင်ဆီနှင့်ပျားရည်တည်းဟူသောအစား အစာများကိုပေး၏။ သို့ရာတွင်သင်သည် ရုပ်တုများထံမှမျက်နှာရစေရန် ထိုအစား အစာများကိုသူတို့အားအမွှေးရနံ့အဖြစ် ဆက်သပူဇော်၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကားပင် တည်း။
My food also which I gave thee, fine flour, and oil, and honey, with which I fed thee, thou hast even set before them for a sweet savour: and thus it was, saith the Lord GOD.
20 ၂၀ ``ထိုနောက်သင်သည်ငါနှင့်ရသောသားသမီး များကိုယူ၍ ယဇ်ကောင်အဖြစ်ဖြင့်ရုပ်တုတို့ အားပူဇော်၏။ သင်သည်ငါ့အားသစ္စာဖောက် ရုံမျှဖြင့်မကျေနပ်ဘဲ၊-
Moreover thou hast taken thy sons and thy daughters, whom thou hast borne to me, and these hast thou sacrificed to them to be devoured. Is this of thy harlotries a small matter,
21 ၂၁ အဘယ်ကြောင့်ငါ၏သားသမီးများကို ယူ၍ရုပ်တုတို့အားယဇ်ပူဇော်ရသနည်း။-
That thou hast slain my children, and delivered them to cause them to pass through the fire for them?
22 ၂၂ သင်ငယ်စဉ်ကအဝတ်အချည်းစည်းနှင့် သွေးထဲတွင်လူးနေခဲ့သည့်အဖြစ်သနစ် ကို သင်သည်စက်ဆုပ်ဖွယ်ကောင်းသည့်လုပ် ရပ်များနှင့် ပြည့်တန်ဆာဘဝတွင်ကျင် လည်စဉ်တစ်ကြိမ်တစ်ခါမျှသတိမရ ခဲ့သလော'' ဟူ၍တည်း။
And in all thy abominations and thy harlotries thou hast not remembered the days of thy youth, when thou wast naked and bare, and wast polluted in thy blood.
23 ၂၃ အရှင်ထာဝရဘုရားက``သင်သည်အမင်္ဂ လာရှိ၏။ အမင်္ဂလာရှိ၏။ သင်သည်ထိုမ ကောင်းမှုများကိုပြုကျင့်ပြီးနောက်၊-
And it came to pass after all thy wickedness, woe, ( woe to thee! saith the Lord GOD; )
24 ၂၄ စျေးရပ်ကွက်တိုင်းတွင်သင့်အတွက်သင် ကိုးကွယ်ရန် တောင်ကုန်းနှင့် ရုပ်တုကိုးကွယ် ရာဌာနများကိုပြုလုပ်၏။-
That thou hast also built to thee an eminent place, and hast made thee an high place in every street.
25 ၂၅ လမ်းထိပ်တိုင်းတွင်မြင့်သောဝတ်ပြုကိုးကွယ် ရာဌာနများဆောက်၍ မိမိ၏လှပသော အဆင်းကိုစက်ဆုပ်ဖွယ်ကောင်းအောင်ပြု လေပြီ။ လာရောက်သူတိုင်းအားမိမိ၏ ကိုယ်ကိုအပ်ပေး၍ တစ်နေ့တစ်ခြားပြည့် တန်ဆာဖြစ်သည်ထက်ဖြစ်စေ၏။-
Thou hast built thy high place at every head of the way, and hast made thy beauty to be abhorred, and hast offered thyself to every one that passed by, and multiplied thy harlotries.
26 ၂၆ တဏှာကြီးသူအိမ်နီးချင်းအီဂျစ်အမျိုး သားတို့အား မိမိနှင့်အတူအိပ်စက်ခွင့်ပေး ၍ပြည့်တန်ဆာလုပ်ခြင်းအားဖြင့်ငါ၏ အမျက်တော်ကိုနှိုးဆော်တော်မူ၏။
Thou hast also committed harlotry with the Egyptians thy neighbours, great of flesh; and hast multiplied thy harlotry, to provoke me to anger.
27 ၂၇ ``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။
Behold, therefore I have stretched out my hand over thee, and have diminished thy ordinary food, and delivered thee to the will of them that hate thee, the daughters of the Philistines, who are ashamed of thy lewd way.
28 ၂၈ ``အလိုမပြည့်နိုင်သဖြင့်သင်သည်အာရှုရိ အမျိုးသားတို့နှင့်မှားယွင်းပြန်၏။ သို့ရာ တွင်သင်၏အလိုမပြည့်နိုင်သေး။-
Thou hast played the harlot also with the Assyrians, because thou wast not satisfied; yea, thou hast played the harlot with them, and yet couldest not be satisfied.
29 ၂၉ သို့ဖြစ်၍သင်သည်ကုန်သည်နိုင်ငံဖြစ်သည့် ဗာဗုလုန်ပြည်မှအမျိုးသားတို့နှင့်လည်း မှားယွင်းပြန်၏။ သို့ရာတွင်သင်၏အလို မပြည့်နိုင်သေး'' ဟုမိန့်တော်မူ၏။
Thou hast moreover multiplied thy harlotry in the land of Canaan to Chaldea; and yet with this thou wast not satisfied.
30 ၃၀ အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား``သင် သည်စိတ်အလွန်ပျော့၍ အရှက်မရှိသည့် ပြည့်တန်ဆာကဲ့သို့ဤအမှုအရာတို့ကို ပြု၏။-
How weak is thy heart, saith the Lord GOD, seeing thou doest all these things, the work of an imperious harlot;
31 ၃၁ သင်သည်လမ်းထိပ်တိုင်း၌သင်ကိုးကွယ်ရန် တောင်ကုန်းများကိုဆောက်၍ စျေးရပ်ကွက် တိုင်း၌မြင့်သောကိုးကွယ်ရာဌာနများ ကိုတည်ဆောက်သောအခါ ပြည့်တန်ဆာ အလုပ်ကိုလုပ်သော်လည်းသာမန်ပြည့် တန်ဆာများကဲ့သို့အခကြေးငွေကို မတောင်း။-
In that thou buildest thy eminent place in the head of every way, and makest thy high place in every street; and hast not been as an harlot, in that thou scornest hire;
32 ၃၂ သင်သည်ကားမိမိ၏ခင်ပွန်းကိုချစ်မြတ် နိုးမည့်အစား သူစိမ်းတစ်ရံဆံများနှင့် မေထုန်မှီဝဲလိုသည့်မိန်းမနှင့်တူ၏။-
But as a wife that committeth adultery, who taketh strangers instead of her husband!
33 ၃၃ ပြည့်တန်ဆာအားအခကြေးငွေပေးရ၏။ သင်မူကားချစ်သူတို့ကိုအရပ်တကာမှ လာ၍ သင်နှင့်အိပ်စက်ကြစေရန်လက်ဆောင် များကိုပေးလေသည်။-
They give gifts to all harlots: but thou givest thy gifts to all thy lovers, and hirest them, that they may come to thee on every side for thy harlotry.
34 ၃၄ သင်သည်ထူးခြားသောပြည့်တန်ဆာဖြစ်၏။ အဘယ်သူမျှသင့်အားအခကြေးငွေပေး၍ ပြည့်တန်ဆာလုပ်စေသည်မဟုတ်။ သင်သည် အခကြေးငွေလည်းမရ။ သင်ကသာလျှင် ပေး၏။ သင်သည်အကယ်ပင်ထူးပါပေ သည်'' ဟူ၍တည်း။
And thou art the opposite from other women in thy harlotries, though none followeth thee to commit harlotries: and in that thou givest a reward, and no reward is given to thee, therefore thou art the opposite.
35 ၃၅ သို့ဖြစ်၍အချင်းပြည့်တန်ဆာ၊ ထာဝရ ဘုရားမိန့်တော်မူသည်ကိုနားထောင်လော့။
Therefore, O harlot, hear the word of the LORD:
36 ၃၆ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``သင်သည်ကာမရာဂကြီးလျက်အဝတ် များကိုချွတ်၍ ပြည့်တန်ဆာကဲ့သို့မိမိ ကိုယ်ကိုချစ်သူများသို့လည်းကောင်း၊ စက် ဆုပ်ဖွယ်ကောင်းသည့်ရုပ်တုများသို့လည်း ကောင်းပေးအပ်ကာ မိမိ၏သားသမီးများ အားရုပ်တုများကိုပူဇော်ရာယဇ်ကောင် များအဖြစ်ဖြင့်သတ်၏။-
Thus saith the Lord GOD; Because thy filthiness was poured out, and thy nakedness uncovered through thy harlotries with thy lovers, and with all the idols of thy abominations, and by the blood of thy children, which thou didst give to them;
37 ၃၇ ဤအကြောင်းကြောင့်ငါသည်သင်နှစ်သက် သောသင်၏ချစ်သူများကိုစုဝေးစေပြီး နောက် သင်ချစ်သူမုန်းသူအားလုံးကိုစု ဝေးစေပြီးလျှင်သင့်အားဝန်းရံ၍နေစေ မည်။ ထိုနောက်သင်၏အဝတ်များကိုချွတ် ၍ သင်အဝတ်အချည်းစည်းဖြစ်နေပုံ ကိုပြမည်။-
Behold, therefore I will gather all thy lovers, with whom thou hast taken pleasure, and all them that thou hast loved, with all them that thou hast hated; I will even gather them on every side against thee, and will uncover thy nakedness to them, that they may see all thy nakedness.
38 ၃၈ ငါသည်သင့်အားသူတစ်ပါးအိမ်ရာကို ပြစ်မှားမှု၊ လူသတ်မှုတို့အတွက်ပြစ်ဒဏ် စီရင်မည်။ ငါသည်ပြင်းစွာဒေါသအမျက် ထွက်၍ မရှုစိမ့်သဖြင့်သင့်အားကလဲ့စား ချေ၍သေဒဏ်ပေးမည်။-
And I will judge thee, as women that break wedlock and shed blood are judged; and I will give thee blood in fury and jealousy.
39 ၃၉ ငါသည်သင့်ကိုသူတို့၏လက်သို့အပ်နှံ မည်။ သူတို့သည်သင်၏မြင့်သောတောင်ကုန်း များ ဝတ်ပြုရာဌာနများကိုဖြိုဖျက်ကြ လိမ့်မည်။ သူတို့သည်သင်၏အဝတ်အစား များနှင့်ကျောက်မျက်ရတနာများကိုယူ ၍ သင့်အားအဝတ်အချည်းစည်းထား ကြလိမ့်မည်။
And I will also give thee into their hand, and they shall throw down thy eminent place, and shall break down thy high places: they shall strip thee also of thy clothes, and shall take thy fair jewels, and leave thee naked and bare.
40 ၄၀ ``သင့်အားခဲနှင့်ပေါက်၍ဋ္ဌားနှင့်အပိုင်းပိုင်း ဖြတ်ကြစေရန် သူတို့သည်လူအုပ်ကြီးတစ် စုကိုလှုံ့ဆော်ပေးကြလိမ့်မည်။-
They shall also bring up a company against thee, and they shall stone thee with stones, and thrust thee through with their swords.
41 ၄၁ သူတို့သည်သင်၏အိမ်များကိုမီးရှို့ကြ ပြီးလျှင် သင်အပြစ်ဒဏ်ခံရပုံကိုမြောက် မြားစွာသောအမျိုးသမီးတို့အားပြကြ လိမ့်မည်။ သင်၏ပြည့်တန်ဆာအလုပ်နှင့် ချစ်သူတို့အား လက်ဆောင်ပေးကမ်းမှုကို ငါရပ်စဲစေမည်။-
And they shall burn thy houses with fire, and execute judgments upon thee in the sight of many women: and I will cause thee to cease from playing the harlot, and thou also shalt give no hire any more.
42 ၄၂ ထိုနောက်ငါသည်အမျက်ပြေ၍တည်ငြိမ် လိမ့်မည်။ နောက်တစ်ဖန်အမျက်ထွက်တော့မည် မဟုတ်။ မနာလိုစိတ်လည်းရှိတော့မည်မဟုတ်။-
So will I make my fury toward thee to rest, and my jealousy shall depart from thee, and I will be quiet, and will be no more angry.
43 ၄၃ ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
Because thou hast not remembered the days of thy youth, but hast provoked me in all these things; behold, therefore I also will recompense thy way upon thy head, saith the Lord GOD: and thou shalt not commit this lewdness above all thy abominations.
44 ၄၄ ထာဝရဘုရားက``အို ယေရုရှလင်မြို့၊ လူ တို့သည်သင်၏အကြောင်းနှင့်ပတ်သက်၍`အမိ စရိုက်သမီးလိုက်' ဟူသောစကားပုံကို သုံးစွဲကြလိမ့်မည်။-
Behold, every one that useth proverbs shall use this proverb against thee, saying, As is the mother, so is her daughter.
45 ၄၅ သင်သည်အမှန်ပင်အမေ့သမီးပီသပါပေ သည်။ သင်၏မိခင်သည်ခင်ပွန်းနှင့်သားသမီး တို့ကိုရွံမုန်းသူဖြစ်၏။ သင်နှင့်သင့်ညီအစ်မ တို့သည်တူညီ၍၊ သူတို့သည်မိမိခင်ပွန်းနှင့် သားသမီးတို့ကိုရွံမုန်းကြ၏။ သင်၏မိခင် သည်ဟိတ္တိအမျိုးသမီးဖြစ်၍ဖခင်မှာ အာမောရိအမျိုးသား ဖြစ်၏။
Thou art thy mother’s daughter, that lotheth her husband and her children; and thou art the sister of thy sisters, who lothed their husbands and their children: your mother was an Hittite, and your father an Amorite.
46 ၄၆ ``သင်၏အစ်မသည်မိမိ၏သမီးများနှင့် တကွ နေထိုင်လျက်ရှိသည့်မြောက်အရပ်တွင် ရှိသောရှမာရိမြို့ဖြစ်၏။ သင့်ညီမကား မိမိ၏သမီးများနှင့်တကွနေထိုင်လျက် ရှိသောတောင်အရပ်တွင်ရှိသည့်သောဒုံမြို့ ဖြစ်၏။-
And thy elder sister is Samaria, she and her daughters that dwell at thy left hand: and thy younger sister, that dwelleth at thy right hand, is Sodom and her daughters.
47 ၄၇ သင်သည်သူတို့၏ခြေရာကိုနင်းလျက်စက် ဆုပ်ဖွယ်ရာအကျင့်များကိုပြုကျင့်ရုံဖြင့် ကျေနပ်ပါသလော။ မကျေနပ်။ အချိန်အနည်း ငယ်အတွင်းသင်သည်သူတို့ပြုသမျှသော အမှုအပေါင်းတို့ထက်ပိုမိုဆိုးရွားသော အမှုကိုပြုကျင့်ခဲ့၏။-
Yet hast thou not walked after their ways, nor done after their abominations: but, as if that were a very little thing, thou wast corrupted more than they in all thy ways.
48 ၄၈ အရှင်ထာဝရဘုရားက``ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်၏ညီမသောဒုံမြို့နှင့်သူ့သမီး တို့သည် သင်နှင့်သင့်သမီးများပြုကျင့်ခဲ့ သည့်ဆိုးညစ်မှုမျိုးကိုအဘယ်အခါက မျှမပြုမကျင့်ခဲ့ကြ။-
As I live, saith the Lord GOD, Sodom thy sister hath not done, she nor her daughters, as thou hast done, thou and thy daughters.
49 ၄၉ ဤကားသင့်ညီမသောဒုံပြုသောအမှုဖြစ် သည်။ သူတို့သည်မာနကြီးလျက်အစာရေ စာအဝလွန်၍ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ဆင်းရဲသူများနှင့် အခွင့်အရေးနိမ့်သူလူ တန်းစားတို့အား ကူညီစောင့်ရှောက်မှုကို မပြုကြ။-
Behold, this was the iniquity of thy sister Sodom, pride, fulness of bread, and abundance of idleness was in her and in her daughters, neither did she strengthen the hand of the poor and needy.
50 ၅၀ သူတို့သည်မာနကြီး၍ငါမုန်းသည့်အမှု တို့ကိုပြုကြ၏။ သို့ဖြစ်၍သင်ကောင်းစွာ သိသည်အတိုင်း ငါသည်သူတို့အားပျက်စီး စေ၏။
And they were haughty, and committed abomination before me: therefore I took them away as I saw good.
51 ၅၁ ``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
Neither hath Samaria committed half of thy sins; but thou hast multiplied thy abominations more than they, and hast justified thy sisters in all thy abominations which thou hast done.
52 ၅၂ ယခုသင်သည်မိမိအရှက်ကွဲမှုကိုခံစား ရမည်။ သင့်ညီအစ်မများအတွက် တရားမျှ တမှုအချို့ဆောင်ရွက်ခဲ့ပြီ။ သင်၏အပြစ် များသည်သင့်ညီအစ်မတို့၏အပြစ်များ ထက် လွန်စွာပို၍ဆိုးရွားသဖြင့် သူတို့သည် သင်နှင့်စာသော်အပြစ်မဲ့သူများကဲ့သို့ ဖြစ်ကြ၏။ ယင်းသို့မိမိ၏ညီအစ်မတို့အား အပြစ်မဲ့သူများကဲ့သို့ထင်မှတ်စေသော ကြောင့် သင်သည်မိမိအရှက်ကွဲမှုကိုခံစား လော့'' ဟုမိန့်တော်မူ၏။
Thou also, who hast judged thy sisters, bear thy own shame for thy sins that thou hast committed more abominable than they: they are more righteous than thou: yea, be thou confounded also, and bear thy shame, in that thou hast justified thy sisters.
53 ၅၃ ``သောဒုံမြို့နှင့်ထိုမြို့၏သမီးများနှင့် ရှမာ ရိမြို့နှင့်ထိုမြို့၏သမီးများကိုငါသည် တစ်ဖန်ပြန်လည်စည်ကားစေမည်။ သင့်ကို လည်းပြန်လည်စည်ကားလာစေမည်။-
When I shall bring again their captivity, the captivity of Sodom and her daughters, and the captivity of Samaria and her daughters, then will I bring again the captivity of thy captives in the midst of them:
54 ၅၄ သင်သည်မိမိကိုယ်ကိုရှက်လိမ့်မည်။ သင်၏ အသရေပျက်မှုသည်သင့်ညီအစ်မတို့အား မိမိတို့အဘယ်မျှကောင်းစားလာကြောင်း ထင်ပေါ်စေလိမ့်မည်။-
That thou mayest bear thy own shame, and mayest be confounded in all that thou hast done, in that thou art a comfort to them.
55 ၅၅ သင်၏ညီအစ်မများဖြစ်သောသောဒုံနှင့် သူ၏သမီးများ၊ ရှမာရိနှင့်သူ၏သမီး များတို့သည် တစ်ဖန်ပြန်လည်စည်ကားလာ ကြလိမ့်မည်။ သင်နှင့်သင့်သမီးများသည် လည်းပြန်လည်ထူထောင်လာလိမ့်မည်။-
When thy sisters, Sodom and her daughters, shall return to their former state, and Samaria and her daughters shall return to their former state, then thou and thy daughters shall return to your former state.
56 ၅၆ မိမိ၏ဆိုးညစ်မှုများကိုလူမသိမီမာန် မာနထောင်လွှားနေစဉ်အခါက သင်သည် သင်၏ညီမသောဒုံမြို့၏နာမည်ကိုဖော်ပြ ခြင်းမပြုခဲ့ ယခုအခါ၌သင်ကိုယ်တိုင် သည်ဧဒုံသမီးပျိုနှင့်အိမ်နီးချင်းများ၊ ဖိလိတ္တိသမီးပျိုနှင့်အိမ်နီးချင်းများနှင့် သင့်ကိုမုန်းသောသူတို့ပြက်ရယ်ပြုစရာ ဖြစ်လေပြီ။-
For thy sister Sodom was not mentioned by thy mouth in the day of thy pride,
Before thy wickedness was discovered, as at the time of thy reproach of the daughters of Syria, and all that are around her, the daughters of the Philistines, who despise thee on every side.
58 ၅၈ သင်သည်မိမိပြုခဲ့သည့်ညစ်ညမ်းစက်ဆုပ် ရွံရှာဖွယ်ကောင်းသည့်အမှုများ၏အကျိုး ဆက်ကိုခံရမည်'' ဟုမိန့်တော်မူ၏။ ဤကား ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
Thou hast borne thy lewdness and thy abominations, saith the LORD.
59 ၅၉ အရှင်ထာဝရဘုရားက``သင်သည်သင်၏ ကတိသစ္စာတို့ကိုပမာဏမပြု၊ ပဋိညာဉ် ကိုလည်းချိုးဖောက်သဖြင့် သင်ခံထိုက်သည့် အပြစ်ကိုငါပေးမည်။-
For thus saith the Lord GOD; I will even deal with thee as thou hast done, who hast despised the oath in breaking the covenant.
60 ၆၀ သို့ရာတွင်သင်ငယ်စဉ်အခါကငါပြုခဲ့သည့် ပဋိညာဉ်ကိုပြန်လည်သတိရ၍ သင်နှင့်ထာဝ စဉ်တည်မြဲသည့်ပဋိညာဉ်ကိုငါဖွဲ့ဦးမည်။-
Nevertheless I will remember my covenant with thee in the days of thy youth, and I will establish to thee an everlasting covenant.
61 ၆၁ သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။-
Then thou shalt remember thy ways, and be ashamed, when thou shalt receive thy sisters, thy elder and thy younger: and I will give them to thee for daughters, but not by thy covenant.
62 ၆၂ ငါသည်သင်နှင့်ပဋိညာဉ်ကိုအသစ်တစ်ဖန်ပြန် ၍ဖွဲ့မည်။ ထိုအခါငါသည်ထာဝရဘုရား ဖြစ်တော်မူကြောင်းသင်သိရှိရလိမ့်မည်။-
And I will establish my covenant with thee; and thou shalt know that I am the LORD:
63 ၆၃ သင်ပြုခဲ့သမျှသောအမှားတို့ကိုငါခွင့် လွှတ်သောအခါ သင်သည်ယင်းအမှားတို့ ကိုသတိရလျက်ရှက်သဖြင့် နှုတ်ကိုပင် မဖွင့်နိုင်သည်တိုင်အောင်အရှက်ရလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
That thou mayest remember, and be confounded, and never open thy mouth any more because of thy shame, when I am pacified toward thee for all that thou hast done, saith the Lord GOD.