< ယေဇကျေလ 15 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Og Herrens ord kom til meg; han sagde:
2 ၂ ကိုယ်တော်က``အချင်းလူသား၊ စပျစ်ပင်သည် သာမန်သစ်ပင်နှင့်အဘယ်သို့ခြားနားသနည်း။ စပျစ်နွယ်သားသည်တောမှသစ်ပင်များ၏ သစ်ကိုင်းများနှင့်အသုံးဝင်ပုံမည်သို့ခြား နားသနည်း။-
Menneskjeson! Kva fyremun hev vintreet framfor alle andre tre, den vintre-renningen som er millom trei i skogen?
3 ၃ သင်သည်စပျစ်နွယ်သားဖြင့်အဘယ်အရာ ကိုပြုလုပ်နိုင်သနည်း။ ပစ္စည်းတစ်စုံတစ်ခု ကိုဆွဲချိတ်ရန်အတွက်ယင်းကိုအစို့အဖြစ် ဖြင့်အသုံးပြုနိုင်သလော။-
Brukar ein det til noko slag gagnved? eller lagar ein av det ein nabb til å hengja noko slag bunad på?
4 ၄ စပျစ်ပင်သည်မီးမွှေးရန်အတွက်သာလျှင် ကောင်း၏။ အဖျားပိုင်းများလောင်ကျွမ်း၍အလယ် ပိုင်းသည်ပြာဖြစ်သွားသောအခါ သင်သည် ထိုစပျစ်ပင်ကိုအဘယ်သို့အသုံးပြုနိုင် မည်နည်း။-
Sjå, ein nører elden med det, og elden brenner båe endarne, og midluten vert sviden. Kann det då duga til noko yrke?
5 ၅ ယင်းသည်မီးမရှို့မီအခါကလည်းအသုံး မဝင်။ မီးရှို့၍ပြာဖြစ်သွားသောအခါ၌ လည်း ပို၍ပင်အသုံးမဝင်ချေ'' ဟုမိန့် တော်မူ၏။
Sjå, medan det var heilt, var det ikkje brukande til noko yrke: kor mykje minder når elden hev brent på det, og det er svide! Skulde det då vera brukande til yrke?
6 ၆ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``စပျစ်နွယ်သားကိုတောမှယူ၍မီး မွှေးကြသကဲ့သို့ ငါသည်ယေရုရှလင် မြို့မှလူတို့ကိုယူ၍၊-
Difor, so segjer Herren, Herren: Likeins som med veden av vintreet millom trei i skogen, som eg nører elden med, soleis gjer eg og med Jerusalems-buarne.
7 ၇ အပြစ်ဒဏ်ခတ်မည်။ သူတို့သည်မီးဘေး တစ်ခုမှလွတ်မြောက်ခဲ့ကြသော်လည်း ယခု အခါ၌အခြားမီးဘေးတစ်ခုသင့်ကြ လိမ့်မည်။ ထိုသူတို့အပြစ်ဒဏ်ခံရကြ သောအခါ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်တို့သိရှိကြလိမ့်မည်။-
Og eg vil setja mi åsyn mot deim; utor elden gjekk dei, men elden skal endå øyda deim ut. Og de skal sanna at eg er Herren, når eg set mi åsyn mot deim.
8 ၈ သူတို့သည်ငါ့အားသစ္စာဖောက်ကြသဖြင့် ငါသည်သူတို့၏ပြည်ကိုလူသူကင်းမဲ့ စေမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
Og eg vil gjera landet til ei øydemark, for di dei hev svike meg, segjer Herren, Herren.