< ယေဇကျေလ 15 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
HERRENS Ord kom til mig saaledes:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ စ​ပျစ်​ပင်​သည် သာ​မန်​သစ်​ပင်​နှင့်​အ​ဘယ်​သို့​ခြား​နား​သ​နည်း။ စ​ပျစ်​နွယ်​သား​သည်​တော​မှ​သစ်​ပင်​များ​၏ သစ်​ကိုင်း​များ​နှင့်​အ​သုံး​ဝင်​ပုံ​မည်​သို့​ခြား နား​သ​နည်း။-
Menneskesøn! Hvad har Vinstokken forud for alle andre Træer, Ranken, som staar iblandt Skovens Træer?
3 သင်​သည်​စ​ပျစ်​နွယ်​သား​ဖြင့်​အ​ဘယ်​အ​ရာ ကို​ပြု​လုပ်​နိုင်​သ​နည်း။ ပစ္စည်း​တစ်​စုံ​တစ်​ခု ကို​ဆွဲ​ချိတ်​ရန်​အ​တွက်​ယင်း​ကို​အ​စို့​အ​ဖြစ် ဖြင့်​အ​သုံး​ပြု​နိုင်​သ​လော။-
Tager man Gavntræ deraf? Eller tager man deraf en Knag til at hænge alskens Redskaber paa?
4 စ​ပျစ်​ပင်​သည်​မီး​မွှေး​ရန်​အ​တွက်​သာ​လျှင် ကောင်း​၏။ အဖျား​ပိုင်း​များ​လောင်​ကျွမ်း​၍​အ​လယ် ပိုင်း​သည်​ပြာ​ဖြစ်​သွား​သော​အ​ခါ သင်​သည် ထို​စ​ပျစ်​ပင်​ကို​အ​ဘယ်​သို့​အ​သုံး​ပြု​နိုင် မည်​နည်း။-
Naar den saa oven i købet har været givet Ilden til Føde, saa at Ilden har fortæret begge dens Ender, og Midten er svedet, duer den saa til noget?
5 ယင်း​သည်​မီး​မ​ရှို့​မီ​အ​ခါ​က​လည်း​အ​သုံး မ​ဝင်။ မီး​ရှို့​၍​ပြာ​ဖြစ်​သွား​သော​အ​ခါ​၌ လည်း ပို​၍​ပင်​အ​သုံး​မ​ဝင်​ချေ'' ဟု​မိန့် တော်​မူ​၏။
Se, da den endnu var uskadt, brugtes den ikke til noget, endsige at den skulde kunne bruges til noget nu, da Ilden har fortæret den og den er svedet.
6 အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``စ​ပျစ်​နွယ်​သား​ကို​တော​မှ​ယူ​၍​မီး မွှေး​ကြ​သ​ကဲ့​သို့ ငါ​သည်​ယေ​ရု​ရှ​လင် မြို့​မှ​လူ​တို့​ကို​ယူ​၍၊-
Derfor, saa siger den Herre HERREN: Som det gaar Vinstokken blandt Skovens Træer, hvilke jeg giver Ilden til Føde, saaledes giver jeg Jerusalems Indbyggere hen;
7 အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​သည်​မီး​ဘေး တစ်​ခု​မှ​လွတ်​မြောက်​ခဲ့​ကြ​သော်​လည်း ယ​ခု အ​ခါ​၌​အ​ခြား​မီး​ဘေး​တစ်​ခု​သင့်​ကြ လိမ့်​မည်။ ထို​သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​ကြ သော​အ​ခါ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
jeg vender mit Aasyn imod dem; af Ilden slap de ud, men Ild skal dog fortære dem; og I skal kende, at jeg er HERREN, naar jeg vender mit Aasyn imod dem.
8 သူ​တို့​သည်​ငါ့​အား​သစ္စာ​ဖောက်​ကြ​သ​ဖြင့် ငါ​သည်​သူ​တို့​၏​ပြည်​ကို​လူ​သူ​ကင်း​မဲ့ စေ​မည်'' ဟူ​၍​တည်း။ ဤ​ကား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏။
Og jeg gør Landet øde, fordi de var troløse, lyder det fra den Herre HERREN.

< ယေဇကျေလ 15 >