< ယေဇကျေလ 14 >
1 ၁ ဣသရေလအမျိုးသားခေါင်းဆောင်အချို့ တို့သည် ငါ့ထံသို့လာ၍ ရှေ့တော်တွင်ထိုင် ကြ၏။-
Israil aⱪsaⱪallirining bǝziliri Mening yenimƣa kelip aldimda olturuxti.
2 ၂ ထိုအခါထာဝရဘုရား၏နှုတ်ကပတ် တော်သည် ငါ့အားမိန့်ကြားတော်မူ၏။-
Wǝ Pǝrwǝrdigarning sɵzi manga kelip mundaⱪ deyildi: —
3 ၃ ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
«I insan oƣli, muxu adǝmlǝr ɵz butlirini kɵngligǝ tiklǝp, adǝmlǝrni putlaxturidiƣan ɵz ⱪǝbiⱨlikini kɵz aldiƣa ⱪoyƣanidi. Əmdi ularning Meni izdǝp Mǝndin yol sorixini ⱪobul ⱪilamdimǝn?
4 ၄ ``သူတို့အားငါအရှင်ထာဝရဘုရား အ ဘယ်သို့မိန့်တော်မူသည်ကိုဆင့်ဆိုလော့။ ကိုယ်တော်ကဣသရေလအမျိုးသားတိုင်း သည်ရုပ်တုများကိုစိတ်စွဲလမ်း၍ မိမိတို့ ရှေ့တွင်ကောက်ကျစ်သောထိမိ၍လဲစရာ ကိုချထားပြီးမှ ပရောဖက်ထံသို့ချဉ်း ကပ်၍မေးမြန်းစုံစမ်းမှုကိုပြု၏။ ထိုသူ အားငါထာဝရဘုရားဖြေကြားမည်။ ထိုအဖြေကား ထိုသူကိုးကွယ်သည့်ရုပ် တုများရထိုက်သောအဖြေဖြစ်သည်။-
Əmdi ularƣa sɵz ⱪilip mundaⱪ degin: — Rǝb Pǝrwǝrdigar mundaⱪ dǝydu: «Israil jǝmǝtidiki kɵnglidǝ ɵz butlirini tiklǝp, adǝmlǝrni putlaxturidiƣan ɵz ⱪǝbiⱨlikini kɵz aldiƣa ⱪoyup, andin pǝyƣǝmbǝr aldiƣa kelidiƣan ⱨǝrbir adǝmni bolsa, Mǝnki Pǝrwǝrdigar uningƣa butlirining kɵplüki boyiqǝ jawab ⱪayturimǝn.
5 ၅ ထိုရုပ်တုများသည်ဣသရေလအမျိုး သားတို့အား ငါနှင့်ဝေးကွာစေပြီ။ သို့ရာ တွင်သူတို့သည်ငါပေးသည့်အဖြေကြောင့် ငါ့အားတစ်ဖန်ပြန်၍သစ္စာစောင့်ကြလိမ့် မည်။''
Xundaⱪ ⱪilip Mǝn Israil jǝmǝtining kɵnglini Ɵzümgǝ igildurimǝn; qünki ular barliⱪ butliri bilǝn Manga yat bolup kǝtti».
6 ၆ ``သို့ဖြစ်၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုလော့။ ငါအရှင်ထာဝရဘုရားမိန့် တော်မူသည်ကားနောင်တရကြလော့။ စက် ဆုပ်ဖွယ်ကောင်းသောသင်တို့၏လုပ်ရပ်များ ကိုစွန့်ပစ်၍ ရုပ်တုတို့ကိုထားခဲ့ကြလော့။''
— Xunga Israil jǝmǝtigǝ mundaⱪ degin: — Rǝb Pǝrwǝrdigar mundaⱪ dǝydu: «Towa ⱪilinglar! Butliringlardin yenip [yenimƣa] ⱪaytip kelinglar! Barliⱪ yirginqlik ⱪilmixinglardin yüzünglarni ɵrünglar!
7 ၇ ``ငါ၏ထံမှလွဲဖယ်၍ရုပ်တုများကိုကိုး ကွယ်ကာ မိမိတို့ရှေ့တွင်ကောက်ကျစ်၍လဲ စရာကိုချထားလျက်ပရောဖက်ထံလာ ရောက်စုံစမ်းမေးမြန်းသော ဣသရေလ အမျိုးသားသို့မဟုတ်ဣသရေလနိုင်ငံ ၌ နေထိုင်သူလူမျိုးခြားအားငါထာဝရ ဘုရားအဖြေပေးမည်။-
Qünki Israil jǝmǝtidiki ɵzlirini Mǝndin ayrip, ɵz butlirini kɵnglidǝ tiklǝp, adǝmlǝrni putlaxturidiƣan ɵz ⱪǝbiⱨlikini kɵz aldiƣa ⱪoyup, andin Mǝndin sorax üqün pǝyƣǝmbǝrning aldiƣa kelidiƣan ⱨǝrⱪaysi adǝm yaki xuningƣa ohxax Israilda turuwatⱪan ⱨǝrⱪaysi musapirlar bolsa, Mǝnki Pǝrwǝrdigar Ɵzüm ularƣa jawab ⱪayturimǝn;
8 ၈ ငါသည်သူတို့ကိုအတိုက်အခံပြုမည်။ သူ့ ကိုစံနမူနာနှင့်ကဲ့ရဲ့ပုံဆောင်ခံရသူအ ဖြစ်အသုံးပြုမည်။ ငါ၏လူမျိုးတော်အသိုင်း အဝိုင်းမှဖယ်ရှားမည်။ သို့မှသာလျှင်ငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။
Mǝn muxu kixini bir agaⱨ bexariti ⱪilip uni sɵz-qɵqǝkkǝ ⱪalduruxⱪa yüzümni uningƣa ⱪarxi ⱪilimǝn; Mǝn hǝlⱪimning arisidin uni üzüp taxlaymǝn; xuning bilǝn silǝr Mening Pǝrwǝrdigar ikǝnlikimni tonup yetisilǝr.
9 ၉ ``ပရောဖက်သည်ဖြားယောင်းခြင်းခံရ၍ ပရောဖက်ပြုသည်ဆိုအံ့။ ထိုသူအားငါ ထာဝရဘုရားဖြားယောင်းခြင်းပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်လျက် သူ့အားတိုက်ခိုက် ၍ဣသရေလအမျိုးသားတို့ထဲမှဖယ် ရှားမည်။-
Biraⱪ pǝyƣǝmbǝr ɵzi eziⱪturulup, bir bexarǝtlik sɵz ⱪilƣan bolsa, u qaƣda Ɵzüm Pǝrwǝrdigar xu pǝyƣǝmbǝrni ezitⱪuƣa uqratⱪanmǝn; Mǝn uningƣa ⱪarxi ⱪolumni uzartip, uni hǝlⱪim arisidin ⱨalak ⱪilimǝn.
10 ၁၀ ထိုပရောဖက်နှင့်သူ့ထံသို့စုံစမ်းမေးမြန်း သူအပါအဝင် တူညီသောအပြစ်ဒဏ်ကို ခံရကြလိမ့်မည်။-
Ular ⱪǝbiⱨlikining jazasini tartidu; pǝyƣǝmbǝrgǝ berilidiƣan jaza bilǝn soriƣuqiƣa berilidiƣan jaza ohxax bolidu.
11 ၁၁ ဣသရေလအမျိုးသားတို့သည်ငါ့ကို ပစ်ပယ်၍ မိမိတို့ကိုယ်ကိုအပြစ်များဖြင့် မညစ်ညမ်းစေရန် ဤသို့ငါပြုမည်။ သူတို့ သည်ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည် လည်းသူတို့၏ဘုရားဖြစ်မည်'' ဟုမိန့် တော်မူ၏။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
Xuning bilǝn Israil jǝmǝti yǝnǝ Mǝndin qǝtnǝp kǝtmǝydu, yaki yǝnǝ asiyliⱪliri bilǝn ɵzlirini bulƣimaydu; ular Mening hǝlⱪim, wǝ Mǝn ularning Hudasi bolimǝn» — dǝydu Rǝb Pǝrwǝrdigar».
12 ၁၂ ထာဝရဘုရား၏နှုတ်ကပတ်တော် သည်ငါ့ထံသို့ရောက်လာ၏။-
Wǝ Pǝrwǝrdigarning sɵzi manga kelip mundaⱪ deyildi: —
13 ၁၃ ``အချင်းလူသား၊ အကယ်၍တိုင်းနိုင်ငံတစ် ခုသည် အပြစ်ကူးလွန်၍ငါ့အားသစ္စာဖောက် ခဲ့သော် ငါသည်လက်တော်ကိုဆန့်တန်း၍ထို နိုင်ငံသို့ရိက္ခာကိုဖြတ်တောက်မည်။ အစာငတ် မွတ်ခေါင်းပါးခြင်းဘေးသက်ရောက်စေ၍ လူနှင့်တိရစ္ဆာန်ကိုပါသုတ်သင်ပစ်မည်။-
«I insan oƣli, mǝlum bir zemin Manga asiyliⱪ ⱪilip gunaⱨ ⱪilƣanda, Mǝn xuning bilǝn ⱪolumni uningƣa ⱪarxi uzartip, ularning yɵlǝnqüki bolƣan nenini ⱪurutuwetip, uning üstigǝ aqarqiliⱪni ǝwǝtimǝn ⱨǝm insan wǝ ⱨaywanlarni uningdin üzimǝn;
14 ၁၄ အကယ်၍ထိုနိုင်ငံတွင်နောဧ၊ ဒံယေလနှင့် ယောဘတို့သုံးဦးပင်ရှိနေစေကာမူ သူတို့ ၏ကောင်းမြတ်သောအကျင့်သည်သူတို့၏ အသက်ကိုသာလျှင်ချမ်းသာရာရစေလိမ့် မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ǝmdi u qaƣda Nuⱨ, Daniyal wǝ Ayuptin ibarǝt üq ⱨǝzrǝt uningda turuwatⱪan bolsimu, ular ɵz ⱨǝⱪⱪaniyliⱪi tüpǝylidin pǝⱪǝt ɵz janlirinila saⱪliyalƣan bolatti — dǝydu Rǝb Pǝrwǝrdigar.
15 ၁၅ ``သို့တည်းမဟုတ်ငါသည်လူတို့အားသုတ် သင်ရန် သားရဲတိရစ္ဆာန်များကိုစေလွှတ်သဖြင့် ထိုပြည်၌လူသူကင်းမဲ့လျက်ဖြတ်သန်း သွားလာရန်မဖြစ်နိုင်အောင် သားရဲတိရစ္ဆာန် များကြောင့်အန္တရာယ်ရှိလိမ့်မည်။-
Əgǝr Mǝn zemindin yirtⱪuq ⱨaywanlarni ɵtküzsǝm, ular uni baliliridin juda ⱪilsa, ⱨaywanlar tüpǝylidin uningdin ɵtküqi ⱨeqbir adǝm bolmay, u wǝyranǝ bolsa,
16 ၁၆ ထိုအခါငါအရှင်ထာဝရဘုရားသည် အသက်ရှင်တော်မူသောဘုရားဖြစ်သည်နှင့် အညီ ထိုသူသုံးဦးသည်ထိုအရပ်တွင်နေ ထိုင်လျက်ပင်ရှိနေစေကာမူ မိမိတို့၏ သားသမီးများကိုကယ်နိုင်ကြလိမ့်မည် မဟုတ်။ မိမိတို့အသက်ကိုသာလျှင်ကယ် နိုင်ကြလိမ့်မည်။ ထိုပြည်သည်လည်းလူ သူကင်းမဲ့လိမ့်မည်။''
ǝmdi Mǝn ɵz ⱨayatim bilǝn ⱪǝsǝm ⱪilimǝnki, — dǝydu Rǝb Pǝrwǝrdigar — muxu üq ⱨǝzrǝt uningda turuwatⱪan bolsimu, ular nǝ ɵz oƣulliri nǝ ⱪizlirini ⱪutⱪuzalmaytti; ular pǝⱪǝt ɵz janlirini ⱪutⱪuzalaytti, zeminning ɵzi wǝyranǝ peti ⱪalatti.
17 ၁၇ ``သို့တည်းမဟုတ်ငါသည် ထိုပြည်တွင်စစ် မက်ဖြစ်ပွားစေလျက်လူရောတိရစ္ဆာန်ပါ ပယ်ရှင်းပစ်ရန်ဖျက်ဆီးတတ်သည့်လက် နက်များကိုစေလွှတ်သောအခါ၊-
Yaki bolmisa Mǝn xu zeminƣa ⱪiliqni qüxürup, uningdin insan ⱨǝm ⱨaywanni üzüwǝtkǝn bolsam,
18 ၁၈ ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ ထို သူသုံးဦးတို့သည်ထိုအရပ်တွင်နေထိုင် လျက်ပင်ရှိနေစေကာမူ သူတို့သည်မိမိ တို့၏သားသမီးများကိုပင်ကယ်နိုင် ကြလိမ့်မည်မဟုတ်။ မိမိတို့အသက်သာ လျှင်ချမ်းသာရာရနိုင်ကြလိမ့်မည်။''
ǝmdi ⱨayatim bilǝn ⱪǝsǝm ⱪilimǝnki, — dǝydu Rǝb Pǝrwǝrdigar — muxu üq ⱨǝzrǝt uningda turuwatⱪan bolsimu, ular nǝ ɵz oƣulliri nǝ ⱪizlirini saⱪlap ⱪutⱪuzalmaytti; ular pǝⱪǝt ɵz janlirini ⱪutⱪuzalaytti.
19 ၁၉ ``ငါသည်ထိုပြည်အား အနာရောဂါကပ် ဆိုက်စေလျက်အမျက်တော်အားဖြင့် မြောက် မြားစွာရှိသောလူနှင့်တိရစ္ဆာန်တို့ကိုသေ ကြေပျက်စီးစေလျှင်၊-
Yaki bolmisa Mǝn xu zeminƣa waba kesilini qüxürup, Ɵz ⱪǝⱨrimni ⱪan tɵktürulüxi bilǝn üstigǝ tɵksǝm, uningdin insan ⱨǝm ⱨaywanni üzüwǝtkǝn bolsam,
20 ၂၀ ငါအရှင်ထာဝရဘုရားသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ နောဧ၊ ဒံယေလနှင့်ယောဘတို့သည်ထို အရပ်တွင်နေထိုင်လျက်ပင်ရှိကြစေကာ မူ သူတို့သည်မိမိတို့၏သားသမီးများ ကိုကယ်နိုင်ကြလိမ့်မည်မဟုတ်။ မိမိတို့ အသက်ကိုသာလျှင်ချမ်းသာရာရစေ နိုင်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ǝmdi ⱨayatim bilǝn ⱪǝsǝm ⱪilimǝnki, — dǝydu Rǝb Pǝrwǝrdigar — Nuⱨ, Daniyal wǝ Ayuptin ibarǝt üq ⱨǝzrǝt uningda turuwatⱪan bolsimu, ular nǝ ɵz oƣlini nǝ ⱪizini ⱪutⱪuzalmaytti; ular pǝⱪǝt ⱨǝⱪⱪaniyliⱪi bilǝn ɵz janlirini ⱪutⱪuzalaytti.
21 ၂၁ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်လူနှင့်တိရစ္ဆာန်တို့ကိုဖျက် ဆီးပစ်ရန်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေး၊ သားရဲတိရစ္ဆာန်တို့၏ဘေးနှင့် အနာရောဂါဘေးတည်းဟူသောအဆိုး ရွားဆုံးသောဘေးကြီးလေးပါးကိုယေရု ရှလင်မြို့ပေါ်သို့သက်ရောက်စေမည်။-
Əmdi Rǝb Pǝrwǝrdigar mundaⱪ dǝydu: — Əmdi xundaⱪ bolƣandin keyin, insan ⱨǝm ⱨaywanni üzüwetix üqün Yerusalemƣa tɵt jazayimni, yǝni ⱪiliq, aqarqiliⱪ, yirtⱪuq ⱨaywan wǝ waba kesilini qüxürsǝm ⱪandaⱪ bolar?
22 ၂၂ အကယ်၍ထိုဘေးများမှလွတ်မြောက်သူ သားသမီးများရှိ၍ သူတို့သည်သင်တို့ ထံသို့ရောက်လာကြသောအခါသူတို့ ၏ပြုမူလုပ်ဆောင်ချက်များကိုကြည့်၍ ယေရုရှလင်မြို့အားငါအပြစ်ဒဏ်ပေး ရာ၌ ပေးသမျှအပြစ်ဒဏ်များသည် လည်းတရားကြောင်းကိုသင်ကောင်းစွာ သိရှိရလိမ့်မည်။-
Biraⱪ mana, uningda ⱪelip ⱪalƣanlar bolidu, yǝni oƣul-ⱪizlar uningdin qiⱪirilip ⱪutⱪuzulidu; mana, ular silǝrning yeninglarƣa qiⱪip, silǝr ularning yolliri ⱨǝm ⱪilmixlirini kɵrüp yetisilǝr; xuning bilǝn silǝr Mǝn Yerusalemƣa qüxürgǝn külpǝt, yǝni uningƣa qüxürülgǝn barliⱪ ixlar toƣruluⱪ tǝsǝlli alisilǝr;
23 ၂၃ သင်သည်သူတို့၏ပြုမူလုပ်ဆောင်ချက် များကိုမြင်သောအခါ ငါသည်အဘယ် အမှုကိုမျှအကြောင်းမဲ့ပြုတော်မမူ တတ်ကြောင်းကို ကောင်းစွာသိရှိနားလည် လာလိမ့်မည်'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
ǝmdi silǝr ularning yolliri ⱨǝm ⱪilmixlirini kɵrgininglarda, ular silǝrgǝ tǝsǝlli epkelidu; silǝr Mening uningda barliⱪ ⱪilƣan ixlirimni bikardin-bikar ⱪilmiƣanliⱪimni tonup yetisilǝr, — dǝydu Rǝb Pǝrwǝrdigar».