< ယေဇကျေလ 13 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
Mi fu rivolta ancora questa parola del Signore:
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​ပ​ရော​ဖက်​များ​ကို​ရှုတ်​ချ လော့။ ဗျာ​ဒိတ်​စ​ကား​များ​ကို မိ​မိ​တို့​ကိုယ်​တိုင် လုပ်​ကြံ​ဟော​ပြော​ကြ​သူ​တို့​အား ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​နား​ထောင်​ကြ​ရန် ပြော​ကြား​လော့'' ဟု​မိန့်​တော်​မူ​၏။
«Figlio dell'uomo, profetizza contro i profeti d'Israele, profetizza e dì a coloro che profetizzano secondo i propri desideri: Udite la parola del Signore:
3 အ​ရှင်​ထာ​ဝရ​ဘု​ရား​က``ဤ​ပ​ရော​ဖက်​မိုက် တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သူ​တို့​သည်​ငါ ၏​ဝိ​ညာဉ်​တော်​နှိုး​ဆော်​ခြင်း​ကို​မ​ခံ​ရ​ဘဲ မိ​မိ​တို့​ကိုယ်​တိုင်​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ ကို​လုပ်​ကြံ​ဟော​ပြော​ကြ​၏။-
Così dice il Signore Dio: Guai ai profeti stolti, che seguono il loro spirito senza avere avuto visioni.
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​၏​ပ​ရော ဖက်​များ​သည် ယို​ယွင်း​ပျက်​စီး​နေ​သော​မြို့​ရှိ ခွေး​အ​များ​နှင့်​တူ​ကြ​၏။-
Come sciacalli fra le macerie, tali sono i tuoi profeti, Israele.
5 ထို​ပ​ရော​ဖက်​တို့​သည်​မြို့​ရိုး​များ​ပြို​ကျ လျက်​ရှိ​သည့်​နေ​ရာ​များ​ကို​မ​စောင့်​ကြပ်။ မြို့​ရိုး​တို့​ကို​လည်း​ပြန်​လည်​၍​မ​ပြု​ပြင်။ သို့​ဖြစ်​၍​ထာ​ဝ​ရ​ဘု​ရား​၏​နေ့​ရက်​၌ စစ် ပွဲ​ဝင်​သော​အ​ခါ​ဣ​သ​ရေ​လ​နိုင်ငံ​ကို​ကာ ကွယ်​နိုင်​ကြ​လိမ့်​မည်​မ​ဟုတ်။-
Voi non siete saliti sulle brecce e non avete costruito alcun baluardo in difesa degli Israeliti, perché potessero resistere al combattimento nel giorno del Signore.
6 သူ​တို့​မြင်​ရ​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​တု​ဖြစ်​၍ သူ​တို့​ကြို​တင်​ဟော​ကြား​ချက် များ​သည်​လည်း​မု​သား​စ​ကား​များ​ဖြစ်​၏။ ထာ​ဝရ​ဘု​ရား​၏​ဗျာ​ဒိတ်​တော်​ဖြစ်​သည်​ဟု ဆို​ကြ​သော်​လည်း ထို​ဗျာ​ဒိတ်​ကို​ငါ​မ​ပေး ခဲ့။ သို့​ပါ​လျက်​သူ​တို့​သည်​ဟော​ကြား​သည့် အ​တိုင်း​ဖြစ်​ပျက်​လိမ့်​မည်​ဟု​စောင့်​စား​ကြ ပါ​သည်​တ​ကား။-
Hanno avuto visioni false, vaticini menzogneri coloro che dicono: Oracolo del Signore, mentre il Signore non li ha inviati. Eppure confidano che si avveri la loro parola!
7 သူ​တို့​အား​ဤ​သို့​ဆင့်​ဆို​လော့။ သင်​တို့​၏ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည်​အ​တု​ဖြစ်​၍ သင် တို့​ကြို​တင်​ဟော​ကြား​ချက်​များ​သည်​လည်း မု​သား​စ​ကား​များ​ဖြစ်​၏။ သင်​တို့​က​ထို စ​ကား​များ​သည် ငါ​၏​ဗျာ​ဒိတ်​တော်​ဖြစ် သည်​ဟု​ဆို​သော်​လည်း ငါ​သည်​ထို​ဗျာ​ဒိတ် ကို​သင်​တို့​အား​မ​ပေး​ခဲ့'' ဟု​မိန့်​တော် မူ​၏။
Non avete forse avuto una falsa visione e preannunziato vaticini bugiardi, quando dite: Parola del Signore, mentre io non vi ho parlato?
8 ထို့​ကြောင့်​သူ​တို့​အား​ထာ​ဝရ​အ​ရှင်​ဘု​ရား​သ​ခင်​မိန့်​တော်​မူ​သည်​ကား``သင်​တို့​မြင်​သော အ​ရာ​များ​သည်​မ​ဟုတ်​မ​မှန်။ သင်​တို့​၏​ဗျာ ဒိတ်​ရူ​ပါ​ရုံ​များ​သည်​လည်း​လီ​ဆယ်​မှု​များ သာ​ဖြစ်​သ​ဖြင့် ငါ​သည်​သင်​တို့​အား​ဆန့်​ကျင် ဘက်​ပြု​လျက်​ရှိ​၏​ဟု ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။-
Pertanto dice il Signore Dio: Poiché voi avete detto il falso e avuto visioni bugiarde, eccomi dunque contro di voi, dice il Signore Dio.
9 ဗျာ​ဒိတ်​ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​၍​မှား ယွင်း​သော​ကြို​တင်​ဟော​ပြော​မှု​ကို​ပြု​ကြ ၏။ အ​သင်​ပ​ရော​ဖက်​တို့​အား​ငါ​ဒဏ်​ခတ် တော်​မူ​အံ့။ သင်​တို့​သည်​ငါ​၏​လူ​မျိုး​တော် တိုင်​ပင်​စည်း​ဝေး​ရာ​သို့​ဝင်​ရ​လိမ့်​မည်​မ ဟုတ်။ ဣ​သ​ရေ​လ​နိုင်​ငံ​သား​တို့​၏​စာ​ရင်း တွင်​လည်း​သင်​တို့​၏​နာ​မည်​များ​ကို​မ​သွင်း ရ။ သင်​တို့​သည်​မိ​မိ​တို့​ပြည်​သို့​အ​ဘယ် အ​ခါ​၌​မျှ​မ​ပြန်​ရ။ ထို​အ​ခါ​ငါ​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
La mia mano sarà sopra i profeti dalle false visioni e dai vaticini bugiardi; non avranno parte nell'assemblea del mio popolo, non saranno scritti nel libro d'Israele e non entreranno nel paese d'Israele: saprete che io sono il Signore Dio,
10 ၁၀ ``ပ​ရော​ဖက်​တို့​သည်`အ​မှု​ခပ်​သိမ်း​အေး​ငြိမ်း ပါ​သည်' ဟု​ဆို​၍​ငါ့​လူ​မျိုး​တော်​အား​လှည့် စား​ခဲ့​ကြ​၏။ အ​မှု​ခပ်​သိမ်း​မှာ​မ​အေး​မ ငြိမ်း​သေး​ပါ​တ​ကား။ ငါ​၏​လူ​မျိုး​တော် သည်​သ​ရွတ်​မ​ကိုင်​သည့်​ကျောက်​မြို့​ရိုး​ကို တည်​ဆောက်​၍​ပ​ရော​ဖက်​တို့​က​လာ​၍​ထုံး သုတ်​ပေး​ကြ​၏။-
poiché ingannano il mio popolo dicendo: Pace! e la pace non c'è; mentre egli costruisce un muro, ecco essi lo intonacano di mota.
11 ၁၁ ထို​မြို့​ရိုး​သည်​ပြို​ကျ​ရ​လိမ့်​မည်​ဖြစ်​ကြောင်း ထို​မြို့​ရိုး​ကို​ထုံး​သုတ်​သူ​တို့​အား​ဆင့်​ဆို လော့။ ငါ​သည်​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း​စေ မည်။ မိုး​သီး​များ​သည်​မြို့​ရိုး​ပေါ်​သို့​ကျ လျက်​လေ​ပြင်း​မုန်​တိုင်း​တိုက်​ခတ်​လာ သ​ဖြင့်၊-
Dì a quegli intonacatori di mota: Cadrà! Scenderà una pioggia torrenziale, una grandine grossa, si scatenerà un uragano
12 ၁၂ ထို​မြို့​ရိုး​သည်​ပြို​ကျ​လိမ့်​မည်။ သို့​ဖြစ်​၍ သင်​တို့​ထုံး​သုတ်​ခဲ့​သည့်​အ​ကျိုး​ကား​အ ဘယ်​မှာ​နည်း​ဟု လူ​တိုင်း​ပင်​မေး​မြန်း​ကြ လိမ့်​မည်'' ဟူ​၍​ဖြစ်​၏။
ed ecco, il muro è abbattuto. Allora non vi sarà forse domandato: Dov'è la calcina con cui lo avevate intonacato?
13 ၁၃ အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငါ​သည်​အ​မျက်​ထွက်​၍​ထို​မြို့​ရိုး ကို​ဖြို​ရန်​လေ​ပြင်း​မုန်​တိုင်း​ကို​တိုက်​စေ​မည်။ ဒေါ​သ​ထွက်​၍​မိုး​သည်း​ထန်​စွာ​ရွာ​သွန်း စေ​၍​မိုး​သီး​များ​ကို​ကျ​လျက်​ပျက်​စီး စေ​မည်။-
Perciò dice il Signore Dio: Con ira scatenerò un uragano, per la mia collera cadrà una pioggia torrenziale, nel mio furore per la distruzione cadrà grandine come pietre;
14 ၁၄ အုတ်​မြစ်​များ​အ​တိုင်း​သား​ပေါ်​လာ​စေ ရန်​ရည်​ရွယ်​လျက် ငါ​သည်​ပ​ရော​ဖက်​တို့ ထုံး​သုတ်​ထား​သည့်​မြို့​ရိုး​ကို​ဖြို​ချ​ချိုး ဖဲ့​မည်။ မြို့​ရိုး​ပြို​ကျ​သော​အ​ခါ သင်​တို့ သည်​ပိ​၍​သေ​ကြ​လိမ့်​မည်။ ထို​အ​ခါ​ငါ သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။''
demolirò il muro che avete intonacato di mota, lo atterrerò e le sue fondamenta rimarranno scoperte; esso crollerà e voi perirete insieme con esso e saprete che io sono il Signore.
15 ၁၅ ``မြို့​ရိုး​နှင့်​တ​ကွ​ယင်း​ကို​ထုံး​သုတ်​ပေး ကြ​သူ​တို့​သည် ငါ​၏​အ​မျက်​တော်​ဒဏ်​ကို ခံ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​မြို့​ရိုး​ကား ပြို​ပျက်​လေ​ပြီ။ ယင်း​ကို​ထုံး​သုတ်​ပေး​ကြ သူ​များ​နှင့်​ယေ​ရု​ရှ​လင်​မြို့​တွင်​အ​စ​စ အ​ရာ​ရာ​အေး​ငြိမ်း​မှု​မ​ရှိ​ဘဲ အေး​ငြိမ်း သော​ရူ​ပါ​ရုံ​ကို​မြင်​ပါ​သည်​ဟု​ဆို​ကြ သော​ပ​ရော​ဖက်​များ​သည် မြို့​ရိုး​များ​နည်း တူ​ပျက်​စီး​ဆုံး​ပါး​ကြ​ပြီ'' ဟု​သင်​တို့ အား​ငါ​ပြော​မည်​ဟူ​၍​ဖြစ်​၏။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ​သော စ​ကား​ဖြစ်​သ​တည်း။
Quando avrò sfogato l'ira contro il muro e contro coloro che lo intonacarono di mota, io vi dirò: Il muro non c'è più e neppure gli intonacatori,
16 ၁၆
i profeti d'Israele che profetavano su Gerusalemme e vedevano per essa una visione di pace, mentre non vi era pace. Oracolo del Signore.
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​လူ​သား၊ သင် ၏​အ​မျိုး​သား​တို့​အ​ထဲ​တွင် ဗျာ​ဒိတ်​စ​ကား များ​ကို​လုပ်​ကြံ​ဟော​ပြော​ကြ​သူ​အ​မျိုး သ​မီး​တို့​ကို​ကြည့်​လော့။ သူ​တို့​အား​ရှုတ် ချ​လော့။-
Ora tu, figlio dell'uomo, rivolgiti alle figlie del tuo popolo che profetizzano secondo i loro desideri e profetizza contro di loro.
18 ၁၈ ထို​နောက်​သူ​တို့​အား​အ​ရှင်​ထာ​ဝရ​ဘု​ရား အောက်​ပါ​အ​တိုင်း​မိန့်​တော်​မူ​ကြောင်း​ကို ဆင့်​ဆို​ရ​မည်​မှာ ``အ​ချင်း​အ​မျိုး​သ​မီး​တို့​သင်​တို့​သည်​အ မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။ အ​ခြား​လူ တို့​ကို​ထောင်​ချောက်​ကဲ့​သို့​ချုပ်​ကိုင်​နိုင်​သော တန်​ခိုး​ကို​ရ​ရှိ​ကြ​စေ​ရန် လူ​တိုင်း​အား​သင် တို့​သည်​မှော်​အ​တတ်​စီ​ရင်​ထား​သည့်​လက် ပတ်​များ​နှင့် ခေါင်း​စည်း​ပု​ဝါ​များ​ကို​ချုပ် လုပ်​တပ်​ဆင်​ပေး​ကြ​၏။ သင်​တို့​သည်​မိ​မိ တို့​ကိုယ်​ကျိုး​အ​တွက် ငါ​၏​လူ​စု​တော် အ​ပေါ်​သေ​မှု​ရှင်​မှု​တန်​ခိုး​ကို​ရ​လို ကြ​၏။-
Dirai loro: Dice il Signore Dio: Guai a quelle che cuciono nastri magici a ogni polso e preparano veli per le teste di ogni grandezza per dar la caccia alle persone. Pretendete forse di dare la caccia alla gente del mio popolo e salvare voi stesse?
19 ၁၉ မု​ယော​ဆန်​လက်​ဆုပ်​အ​နည်း​ငယ်​နှင့်​မုန့် အ​နည်း​ငယ်​ရ​ရန်​အ​တွက် ငါ​၏​လူ​မျိုး တော်​ရှေ့​တွင်​ငါ့​အား​ရှုတ်​ချ​ကြ​၏။ သင် တို့​သည်​မ​သေ​ထိုက်​သူ​တို့​ကို​သတ်​၍ သေ ထိုက်​သူ​တို့​ကို​မူ​အ​သက်​ချမ်း​သာ​ပေး​ကြ ၏။ သို့​ဖြစ်​၍​သင်​တို့​သည်​ငါ​၏​လူ​မျိုး တော်​အား​လိမ်​လည်​ပြော​ကြ​၏။ သူ​တို့ က​လည်း​ယုံ​ကြ​၏'' ဟူ​၍​တည်း။
Voi mi avete disonorato presso il mio popolo per qualche manciata d'orzo e per un tozzo di pane, facendo morire chi non doveva morire e facendo vivere chi non doveva vivere, ingannando il mio popolo che crede alle menzogne.
20 ၂၀ အ​ရှင်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည် ကား``ငှက်​ကို​ဖမ်း​သ​ကဲ့​သို့၊ လူ​တို့​အား ထောင်​ချောက်​ကဲ့​သို့​ထိန်း​ချုပ်​ရန် သင်​အ​သုံး ပြု​သည့်​လက်​ပတ်​များ​ကို​ငါ​မုန်း​၏။ သင် ၏​လက်​မှ​လက်​ပတ်​များ​ကို​ဆွဲ​ဖြတ်​ကာ ငှက်​များ​ကဲ့​သို့​ထိန်း​ချုပ်​ခံ​ထား​ရ​သူ တို့​အား​သင်​၏​လက်​မှ​ငါ​လွတ်​မြောက် စေ​မည်။-
Perciò dice il Signore Dio: Eccomi contro i vostri nastri magici con i quali voi date la caccia alla gente come a uccelli; li strapperò dalle vostre braccia e libererò la gente che voi avete catturato come uccelli.
21 ၂၁ သင်​၏​ခေါင်း​စည်း​ပု​ဝါ​များ​ကို​ဆွဲ​ဖြတ် ၍ ငါ​၏​လူ​မျိုး​တော်​အား​သင့်​လက်​မှ အ​ပြီး​အ​ပိုင်​လွတ်​မြောက်​စေ​မည်။ ထို အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း​သင်​သိ​ရှိ​လိမ့်​မည်။
Straccerò i vostri veli e libererò il mio popolo dalle vostre mani e non sarà più una preda in mano vostra; saprete così che io sono il Signore.
22 ၂၂ ``သင်​တို့​သည် ငါ​မ​ညှိုး​ငယ်​စေ​လို​သော သူ​တော်​ကောင်း​တို့​အား​မု​သား​ကို​သုံး​၍ စိတ်​ပျက်​အား​လျော့​စေ​၏။ သင်​တို့​သည် ဆိုး​ညစ်​သူ​တို့​အား​အ​ကျင့်​ဆိုး​များ​ကို မ​စွန့်​လွှတ်​ကြ​စေ​ရန် အား​ပေး​အား​မြှောက် ပြု​၍​သူ​တို့​၏​အ​သက်​များ​ကို​ဆုံး​ရှုံး စေ​လေ​သည်။-
Voi infatti avete rattristato con menzogne il cuore del giusto, mentre io non l'avevo rattristato e avete rafforzato il malvagio perché non desistesse dalla sua vita malvagia e vivesse.
23 ၂၃ သို့​ဖြစ်​၍ သင်​တို့​သည်​သင်​တို့​၏​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ​ကို​မြင်​ရ​တော့​မည် မ​ဟုတ်။ မှောက်​မှား​လမ်း​လွဲ​မှု​ကို​ဖြစ်​စေ သည့်​ဗျာ​ဒိတ်​စ​ကား​များ​ကို​ဟော​ရ​တော့ မည်​မ​ဟုတ်။ ငါ​သည်​ထာ​ဝရ​ဘု​ရား​ဖြစ် တော်​မူ​ကြောင်း သင်​တို့​သိ​ရှိ​စေ​ရန်​ငါ ၏​လူ​မျိုး​တော်​အား​သင်​တို့​လက်​မှ ငါ​ကယ်​ဆယ်​မည်'' ဟူ​၍​တည်း။
Per questo non avrete più visioni false, né più spaccerete incantesimi: libererò il mio popolo dalle vostre mani e saprete che io sono il Signore».

< ယေဇကျေလ 13 >