< ယေဇကျေလ 13 >
1 ၁ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၏။-
Yehova anayankhulanso nane kuti,
2 ၂ ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏ပရောဖက်များကိုရှုတ်ချ လော့။ ဗျာဒိတ်စကားများကို မိမိတို့ကိုယ်တိုင် လုပ်ကြံဟောပြောကြသူတို့အား ထာဝရ ဘုရား၏အမိန့်တော်ကိုနားထောင်ကြရန် ပြောကြားလော့'' ဟုမိန့်တော်မူ၏။
“Iwe mwana wa munthu unenere modzudzula aneneri a Israeli amene akunenera za kukhosi kwawo. Uwawuze iwowa kuti, ‘Imvani mawu a Yehova!’
3 ၃ အရှင်ထာဝရဘုရားက``ဤပရောဖက်မိုက် တို့သည်အမင်္ဂလာရှိကြ၏။ သူတို့သည်ငါ ၏ဝိညာဉ်တော်နှိုးဆော်ခြင်းကိုမခံရဘဲ မိမိတို့ကိုယ်တိုင်ဗျာဒိတ်ရူပါရုံများ ကိုလုပ်ကြံဟောပြောကြ၏။-
Ambuye Yehova akuti, ‘Tsoka kwa aneneri opusa amene amangonenera zopeka ngakhale kuti sanaone kanthu konse!’
4 ၄ ဣသရေလအမျိုးသားတို့၊ သင်တို့၏ပရော ဖက်များသည် ယိုယွင်းပျက်စီးနေသောမြို့ရှိ ခွေးအများနှင့်တူကြ၏။-
Iwe Israeli, aneneri ako ali ngati nkhandwe pa mabwinja.
5 ၅ ထိုပရောဖက်တို့သည်မြို့ရိုးများပြိုကျ လျက်ရှိသည့်နေရာများကိုမစောင့်ကြပ်။ မြို့ရိုးတို့ကိုလည်းပြန်လည်၍မပြုပြင်။ သို့ဖြစ်၍ထာဝရဘုရား၏နေ့ရက်၌ စစ် ပွဲဝင်သောအခါဣသရေလနိုင်ငံကိုကာ ကွယ်နိုင်ကြလိမ့်မည်မဟုတ်။-
Simunakwere khoma kuti mukakonze mʼmene munagumuka, kuti Aisraeli adziteteze kolimba pa nkhondo pa tsiku la Yehova.
6 ၆ သူတို့မြင်ရသောဗျာဒိတ်ရူပါရုံများသည် အတုဖြစ်၍ သူတို့ကြိုတင်ဟောကြားချက် များသည်လည်းမုသားစကားများဖြစ်၏။ ထာဝရဘုရား၏ဗျာဒိတ်တော်ဖြစ်သည်ဟု ဆိုကြသော်လည်း ထိုဗျာဒိတ်ကိုငါမပေး ခဲ့။ သို့ပါလျက်သူတို့သည်ဟောကြားသည့် အတိုင်းဖြစ်ပျက်လိမ့်မည်ဟုစောင့်စားကြ ပါသည်တကား။-
Masomphenya awo ndi achabe ndipo kuwombeza kwawo ndi kwabodza. Iwo amati, ‘Yehova akutero,’ pomwe Yehova sanawatume. Komabe iwo amayembekezera kuti zimene ayankhulazo zichitikadi.
7 ၇ သူတို့အားဤသို့ဆင့်ဆိုလော့။ သင်တို့၏ ဗျာဒိတ်ရူပါရုံများသည်အတုဖြစ်၍ သင် တို့ကြိုတင်ဟောကြားချက်များသည်လည်း မုသားစကားများဖြစ်၏။ သင်တို့ကထို စကားများသည် ငါ၏ဗျာဒိတ်တော်ဖြစ် သည်ဟုဆိုသော်လည်း ငါသည်ထိုဗျာဒိတ် ကိုသင်တို့အားမပေးခဲ့'' ဟုမိန့်တော် မူ၏။
Koma Ine ndikuti masomphenya anu ngachabechabe ndi zimene mwawombedzazo nʼzabodza. Mumanena kuti, ‘Akutero Yehova,’ pamene sindinayankhule nʼkomwe.
8 ၈ ထို့ကြောင့်သူတို့အားထာဝရအရှင်ဘုရားသခင်မိန့်တော်မူသည်ကား``သင်တို့မြင်သော အရာများသည်မဟုတ်မမှန်။ သင်တို့၏ဗျာ ဒိတ်ရူပါရုံများသည်လည်းလီဆယ်မှုများ သာဖြစ်သဖြင့် ငါသည်သင်တို့အားဆန့်ကျင် ဘက်ပြုလျက်ရှိ၏ဟု ငါအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။-
“Tsono Ine Ambuye Wamphamvuzonse ndikukutsutsani chifukwa cha zoyankhula zanu zonama ndi masomphenya anu abodzawo. Ndikutero Ine Yehova.
9 ၉ ဗျာဒိတ်ရူပါရုံအတုများကိုမြင်၍မှား ယွင်းသောကြိုတင်ဟောပြောမှုကိုပြုကြ ၏။ အသင်ပရောဖက်တို့အားငါဒဏ်ခတ် တော်မူအံ့။ သင်တို့သည်ငါ၏လူမျိုးတော် တိုင်ပင်စည်းဝေးရာသို့ဝင်ရလိမ့်မည်မ ဟုတ်။ ဣသရေလနိုင်ငံသားတို့၏စာရင်း တွင်လည်းသင်တို့၏နာမည်များကိုမသွင်း ရ။ သင်တို့သည်မိမိတို့ပြည်သို့အဘယ် အခါ၌မျှမပြန်ရ။ ထိုအခါငါသည် အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
Ndidzalanga aneneri amene amanenera zabodza za zinthu zimene amati anaziona mʼmasomphenya. Sadzakhala nawo mʼbwalo la anthu anga ndipo mayina awo sadzalembedwa mu kawundula wa nzika za Israeli. Sadzalowa nawo mʼdziko la Israeli. Pamenepo mudzadziwa kuti Ine ndine Ambuye Yehova.
10 ၁၀ ``ပရောဖက်တို့သည်`အမှုခပ်သိမ်းအေးငြိမ်း ပါသည်' ဟုဆို၍ငါ့လူမျိုးတော်အားလှည့် စားခဲ့ကြ၏။ အမှုခပ်သိမ်းမှာမအေးမ ငြိမ်းသေးပါတကား။ ငါ၏လူမျိုးတော် သည်သရွတ်မကိုင်သည့်ကျောက်မြို့ရိုးကို တည်ဆောက်၍ပရောဖက်တို့ကလာ၍ထုံး သုတ်ပေးကြ၏။-
“Popeza kuti aneneri asocheretsa anthu anga pomanena kuti, ‘Kuli mtendere’ pamene mtendere palibe; ndiponso anthu akamanga khoma iwo nʼkumalipaka njereza,
11 ၁၁ ထိုမြို့ရိုးသည်ပြိုကျရလိမ့်မည်ဖြစ်ကြောင်း ထိုမြို့ရိုးကိုထုံးသုတ်သူတို့အားဆင့်ဆို လော့။ ငါသည်မိုးသည်းထန်စွာရွာသွန်းစေ မည်။ မိုးသီးများသည်မြို့ရိုးပေါ်သို့ကျ လျက်လေပြင်းမုန်တိုင်းတိုက်ခတ်လာ သဖြင့်၊-
choncho ufotokozere amene alipaka njerezawo kuti khomalo lidzagwa. Mvula idzagwa mwamphamvu, kudzagwa matalala akuluakulu, ndipo kudzawomba mphepo yamkuntho.
12 ၁၂ ထိုမြို့ရိုးသည်ပြိုကျလိမ့်မည်။ သို့ဖြစ်၍ သင်တို့ထုံးသုတ်ခဲ့သည့်အကျိုးကားအ ဘယ်မှာနည်းဟု လူတိုင်းပင်မေးမြန်းကြ လိမ့်မည်'' ဟူ၍ဖြစ်၏။
Pamene khomalo lagwa, kodi anthu sadzakufunsani kuti, ‘Kodi njereza yemwe munapaka uja ali kuti?’
13 ၁၃ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငါသည်အမျက်ထွက်၍ထိုမြို့ရိုး ကိုဖြိုရန်လေပြင်းမုန်တိုင်းကိုတိုက်စေမည်။ ဒေါသထွက်၍မိုးသည်းထန်စွာရွာသွန်း စေ၍မိုးသီးများကိုကျလျက်ပျက်စီး စေမည်။-
“Nʼchifukwa chake Ambuye Yehova akuti: Mwa ukali ndidzakunthitsa mphepo ya mkuntho. Ndidzagwetsa matalala akuluakulu ndili ndi ukali ndipo ndidzavumbwitsa mvula yamphamvu ndi mkwiyo mpaka khomalo litawonongeka kotheratu.
14 ၁၄ အုတ်မြစ်များအတိုင်းသားပေါ်လာစေ ရန်ရည်ရွယ်လျက် ငါသည်ပရောဖက်တို့ ထုံးသုတ်ထားသည့်မြို့ရိုးကိုဖြိုချချိုး ဖဲ့မည်။ မြို့ရိုးပြိုကျသောအခါ သင်တို့ သည်ပိ၍သေကြလိမ့်မည်။ ထိုအခါငါ သည်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်။''
Ndidzagwetsa khoma limene munalipaka njerezalo. Ndidzaligumuliratu mpaka pansi kotero kuti maziko ake adzaoneka. Khomalo likadzagwa, inu mudzawonongekamo; ndipo mudzadziwa kuti Ine ndine Yehova.
15 ၁၅ ``မြို့ရိုးနှင့်တကွယင်းကိုထုံးသုတ်ပေး ကြသူတို့သည် ငါ၏အမျက်တော်ဒဏ်ကို ခံရကြလိမ့်မည်။ ထိုအခါမြို့ရိုးကား ပြိုပျက်လေပြီ။ ယင်းကိုထုံးသုတ်ပေးကြ သူများနှင့်ယေရုရှလင်မြို့တွင်အစစ အရာရာအေးငြိမ်းမှုမရှိဘဲ အေးငြိမ်း သောရူပါရုံကိုမြင်ပါသည်ဟုဆိုကြ သောပရောဖက်များသည် မြို့ရိုးများနည်း တူပျက်စီးဆုံးပါးကြပြီ'' ဟုသင်တို့ အားငါပြောမည်ဟူ၍ဖြစ်၏။ ဤကား ထာဝရဘုရားမိန့်မြွက်တော်မူသော စကားဖြစ်သတည်း။
Kotero ndidzagwiritsa ntchito mkwiyo wanga pa khomali ndi pa amene analipaka njereza. Pambuyo pake ndidzakuwuzani kuti, ‘Khoma lagwa pamodzi ndi amene analipaka njereza.
Agwanso aneneri a Yerusalemu amene ankalosa za Yerusalemu nʼkumati anaona mʼmasomphenya za mtendere wa Yerusalemu pamene mtendere kunalibe konse, akutero Ambuye Wamphamvuzonse.’
17 ၁၇ ထာဝရဘုရားက``အချင်းလူသား၊ သင် ၏အမျိုးသားတို့အထဲတွင် ဗျာဒိတ်စကား များကိုလုပ်ကြံဟောပြောကြသူအမျိုး သမီးတို့ကိုကြည့်လော့။ သူတို့အားရှုတ် ချလော့။-
“Tsono iwe mwana wa munthu, yankhulapo pa nkhani za akazi amene ali pakati pa anthu ako. Iwo amanenera zopeka za mʼmutu mwawo. Tsono adzudzule.
18 ၁၈ ထိုနောက်သူတို့အားအရှင်ထာဝရဘုရား အောက်ပါအတိုင်းမိန့်တော်မူကြောင်းကို ဆင့်ဆိုရမည်မှာ ``အချင်းအမျိုးသမီးတို့သင်တို့သည်အ မင်္ဂလာရှိကြပါသည်တကား။ အခြားလူ တို့ကိုထောင်ချောက်ကဲ့သို့ချုပ်ကိုင်နိုင်သော တန်ခိုးကိုရရှိကြစေရန် လူတိုင်းအားသင် တို့သည်မှော်အတတ်စီရင်ထားသည့်လက် ပတ်များနှင့် ခေါင်းစည်းပုဝါများကိုချုပ် လုပ်တပ်ဆင်ပေးကြ၏။ သင်တို့သည်မိမိ တို့ကိုယ်ကျိုးအတွက် ငါ၏လူစုတော် အပေါ်သေမှုရှင်မှုတန်ခိုးကိုရလို ကြ၏။-
Uwawuze kuti, ‘Ambuye Yehova akuti: Tsoka kwa akazi amene amasoka zithumwa zapamkono, amenenso amasoka nsalu za kumutu za anthu. Kodi mufuna kukola mitima ya anthu anga, inuyo nʼkupulumutsa moyo wanu?
19 ၁၉ မုယောဆန်လက်ဆုပ်အနည်းငယ်နှင့်မုန့် အနည်းငယ်ရရန်အတွက် ငါ၏လူမျိုး တော်ရှေ့တွင်ငါ့အားရှုတ်ချကြ၏။ သင် တို့သည်မသေထိုက်သူတို့ကိုသတ်၍ သေ ထိုက်သူတို့ကိုမူအသက်ချမ်းသာပေးကြ ၏။ သို့ဖြစ်၍သင်တို့သည်ငါ၏လူမျိုး တော်အားလိမ်လည်ပြောကြ၏။ သူတို့ ကလည်းယုံကြ၏'' ဟူ၍တည်း။
Ponamiza anthu anga amene amamva za mabodza anu, inu mwapha anthu amene sanayenera kufa ndipo mwasiya ndi moyo amene sanayenera kukhala ndi moyo.
20 ၂၀ အရှင်ထာဝရဘုရားမိန့်တော်မူသည် ကား``ငှက်ကိုဖမ်းသကဲ့သို့၊ လူတို့အား ထောင်ချောက်ကဲ့သို့ထိန်းချုပ်ရန် သင်အသုံး ပြုသည့်လက်ပတ်များကိုငါမုန်း၏။ သင် ၏လက်မှလက်ပတ်များကိုဆွဲဖြတ်ကာ ငှက်များကဲ့သို့ထိန်းချုပ်ခံထားရသူ တို့အားသင်၏လက်မှငါလွတ်မြောက် စေမည်။-
“‘Nʼchifukwa chake Ine Ambuye Yehova ndikuti: Ine ndikudana ndi zithumwa zanu zimene mumakokera nazo mitima ya anthu ngati mbalame. Ndidzazingʼamba kudzichotsa pa mikono yanu. Choncho ndidzapulumutsa miyoyo ya anthu amene munawakola ngati mbalame.
21 ၂၁ သင်၏ခေါင်းစည်းပုဝါများကိုဆွဲဖြတ် ၍ ငါ၏လူမျိုးတော်အားသင့်လက်မှ အပြီးအပိုင်လွတ်မြောက်စေမည်။ ထို အခါငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်းသင်သိရှိလိမ့်မည်။
Ndidzangʼamba nsalu zanu za matsengazo ndi kupulumutsa anthu anga mʼmanja mwanu, ndipo simudzakhalanso ndi mphamvu yowakolera. Pamenepo inu mudzadziwa kuti Ine ndine Yehova.
22 ၂၂ ``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
Popeza kuti munatayitsa mtima anthu olungama ngakhale sindinafune kuti ataye mtima; ndipo munalimbitsa anthu oyipa kuti asaleka machimo awo motero sakutha kupulumutsa moyo wawo,
23 ၂၃ သို့ဖြစ်၍ သင်တို့သည်သင်တို့၏ဗျာဒိတ် ရူပါရုံအတုများကိုမြင်ရတော့မည် မဟုတ်။ မှောက်မှားလမ်းလွဲမှုကိုဖြစ်စေ သည့်ဗျာဒိတ်စကားများကိုဟောရတော့ မည်မဟုတ်။ ငါသည်ထာဝရဘုရားဖြစ် တော်မူကြောင်း သင်တို့သိရှိစေရန်ငါ ၏လူမျိုးတော်အားသင်တို့လက်မှ ငါကယ်ဆယ်မည်'' ဟူ၍တည်း။
choncho inu simudzaonanso masomphenya abodza kapena kuwombeza. Ine ndidzapulumutsa anthu anga mʼmanja mwanu. Ndipo pamenepo inu mudzadziwa kuti Ine ndine Yehova.’”