< ယေဇကျေလ 12 >

1 ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
ثُمَّ أَوْحَى إِلَيَّ الرَّبُّ بِكَلِمَتِهِ قَائِلاً:١
2 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​ပုန်​ကန် တတ်​သည့်​လူ​မျိုး​အ​ထဲ​မှာ​နေ​ရ​၏။ သူ​တို့​သည် မျက်​စိ​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ​မြင် ကြ။ နား​ရှိ​လျက်​နှင့်​အ​ဘယ်​အ​ရာ​ကို​မျှ​မ ကြား​ကြ။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​သည် ပုန်​ကန်​တတ်​သူ​များ​ဖြစ်​သော​ကြောင့်​တည်း။''
«يَا ابْنَ آدَمَ، أَنْتَ مُقِيمٌ فِي وَسَطِ شَعْبٍ مُتَمَرِّدٍ، لَهُمْ عُيُونٌ لِيَرَوْا وَلَكِنْ لَا يُبْصِرُونَ، وَلَهُمْ آذَانٌ لِيَسْمَعُوا وَلَكِنْ لَا يُصْغُونَ، لأَنَّهُمْ شَعْبٌ مُتَمَرِّدٌ.٢
3 ``အ​ချင်း​လူ​သား၊ ယ​ခု​သင်​သည်​ဒုက္ခ​သည် တစ်​ဦး​ကဲ့​သို့ အ​ထုပ်​အ​ပိုး​ကို​ယူ​၍​နေ့ အ​ချိန်​၌​ထွက်​ခွာ​သွား​လော့။ ယင်း​သို့​သင် အ​ရပ်​တစ်​ပါး​သို့​ထွက်​ခွာ​သွား​သည်​ကို လူ​တိုင်း​မြင်​ပါ​စေ။ ပုန်​ကန်​တတ်​သူ​တို့​သည် လည်း​သင့်​အား​နား​လည်​ကောင်း​နား​လည် ကြ​လိမ့်​မည်။-
أَمَّا أَنْتَ يَا ابْنَ آدَمَ فَتَأَهَّبْ لِلسَّبْيِ وَاخْرُجْ نَهَاراً عَلَى مَرْأَى مِنْهُمْ وَامْضِ مِنْ مَوْضِعِكَ إِلَى مَوْضِعٍ آخَرَ لَعَلَّهُمْ يَفْهَمُونَ، فَإِنَّهُمْ شَعْبٌ مُتَمَرِّدٌ.٣
4 သူ​တို့​မြင်​နိုင်​စေ​ရန်​နေ့​အ​ချိန်​၌ သင်​သည် အ​ရပ်​တစ်​ပါး​သို့​ပြောင်း​ရွှေ့​မည့်​အ​မူ​အ​ရာ ဖြင့်​အ​ထုပ်​အ​ပိုး​ပြင်​ဆင်​၍ ည​နေ​ချိန်​၌ သူ​တို့​၏​မျက်​မှောက်​တွင်​ဒုက္ခ​သည်​ကဲ့​သို့ ထွက်​ခွာ​သွား​လော့။-
فَتُخْرِجُ مَتَاعَكَ، مَتَاعَ السَّفَرِ نَهَاراً عَلَى مَشْهَدٍ مِنْهُمْ، ثُمَّ تُغَادِرُ أَنْتَ مَسَاءً أَمَامَهُمْ كَالذَّاهِبِينَ إِلَى السَّبْيِ.٤
5 သူ​တို့​ရှေ့​မှောက်​၌​ပင်​သင်​သည်​မိ​မိ​၏​အိမ် နံ​ရံ​တွင်​အ​ပေါက်​ဖောက်​၍ ထို​အ​ပေါက်​မှ သင်​၏​အ​ထုပ်​အ​ပိုး​ကို​ထုတ်​ယူ​လော့။-
انْقُبْ لَكَ حَائِطاً أَمَامَ عُيُونِهِمْ وَاخْرُجْ مِنْهُ.٥
6 ထို​အ​ထုပ်​အ​ပိုး​ကို​ပ​ခုံး​ပေါ်​သို့​တင်​သည် ကို​လည်း​ကောင်း၊ မိ​မိ​သွား​မည့်​လမ်း​ကို​မ​မြင် နိုင်​စေ​ရန်​မျက်​နှာ​ကို​ဖုံး​၍​မှောင်​ထဲ​တွင် သင် ထွက်​ခွာ​သည်​ကို​လည်း​ကောင်း​ထို​သူ​တို့​မြင် ကြ​ပါ​စေ။ သင်​ပြု​သော​အ​မှု​သည်​ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အ​တွက် သ​တိ​ပေး​သည့် နိ​မိတ်​လက္ခ​ဏာ​ဖြစ်​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
وَعَلَى مَشْهَدٍ مِنْهُمْ احْمِلْ مَتَاعَكَ عَلَى كَتِفِكَ وَانْقُلْهُ عِنْدَ الْعَتْمَةِ. غَطِّ وَجْهَكَ لِكَيْ لَا تَرَى الأَرْضَ لأَنِّي جَعَلْتُكَ آيَةً لِشَعْبِ إِسْرَائِيلَ».٦
7 ငါ​သည်​ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ပြု​၏။ ထို​နေ့​၌​ဒုက္ခ​သည်​တစ်​ဦး​ကဲ့​သို့​ငါ​သည် အ​ထုပ်​အ​ပိုး​ကို​ယူ​ပြီး​နောက်​ည​နေ​ချိန်​မှောင် စ​ပြု​သော​အ​ခါ အိမ်​နံ​ရံ​ကို​လက်​ဖြင့်​တူး ဖောက်​ကာ​ထို​သူ​တို့​၏​ရှေ့​တွင်​အ​ထုပ်​ကို ပ​ခုံး​ပေါ်​သို့​တင်​၏။
فَفَعَلْتُ كَمَا أُمِرْتُ، فَأَخْرَجْتُ نَهَاراً مَتَاعِي. وَعِنْدَ الْمَسَاءِ نَقَبْتُ الْحَائِطَ بِيَدِي وَنَقَلْتُ أَحْمَالِي عَلَى كَتِفِي عِنْدَ الْعَتْمَةِ أَمَامَهُمْ.٧
8 နောက်​တစ်​နေ့​နံ​နက်​၌ ထာ​ဝ​ရ​ဘု​ရား​၏ နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
ثُمَّ فِي الصَّبَاحِ أُعْلِنَتْ لِي كَلِمَةُ الرَّبِّ قَائِلَةً:٨
9 ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ ပုန်​ကန်​တတ် သော​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယ​ခု သင်​အ​ဘယ်​အ​မှု​ကို​ပြု​လျက်​နေ​သည်​ကို မေး​မြန်း​နေ​ကြ​ပြီ​ဖြစ်​၍။-
«يَا ابْنَ آدَمَ، أَلَمْ يَسْأَلْكَ شَعْبُ إِسْرَائِيلَ الْمُتَمَرِّدُ مَاذَا تَصْنَعُ؟٩
10 ၁၀ သူ​တို့​အား​ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​အ​ဘယ် သို့​မိန့်​ဆို​တော်​မူ​သည်​ကို​ဆင့်​ဆို​လော့။ ဤ မိန့်​ဆို​ချက်​သည်​ယေ​ရု​ရှ​လင်​မြို့​ကို​အုပ် စိုး​လျက်​ရှိ​သော​မင်း​နှင့်​ထို​မြို့​ရှိ​လူ​တို့ အ​တွက်​ဖြစ်​၏။-
أَبْلِغْهُمْ مَا يُعْلِنُهُ الرَّبُّ: هَذِهِ نُبُوءَةٌ بِشَأْنِ رَئِيسِ أُورُشَلِيمَ وَكَافَّةِ شَعْبِ إِسْرَائِيلَ السَّاكِنِينَ فِيهَا.١٠
11 ၁၁ သင်​ပြု​သော​အ​မှု​များ​သည်​သူ​တို့​တွေ့​ကြုံ ရ​ကြ​မည့်​အ​မှု​အ​ရာ​များ​၏​ရှေ့​ပြေး နိ​မိတ်​ဖြစ်​၍​သူ​တို့​သည်​ဒုက္ခ​သည်​များ၊ သုံ့​ပန်း​များ​ဖြစ်​ရ​ကြ​မည်​ဖြစ်​ကြောင်း ဆင့်​ဆို​လော့။-
قُلْ لَهُمْ: أَنَا آيَةٌ لَكُمْ. فَكَمَا صَنَعْتُ يُصْنَعُ بِهِمْ، فَيَذْهَبُونَ كُلُّهُمْ إِلَى الْجَلاءِ وَإِلَى السَّبْيِ.١١
12 ၁၂ သူ​တို့​အား​အုပ်​စိုး​လျက်​ရှိ​သော​မင်း​သည်​မိ​မိ အ​ထုပ်​ကို​ထမ်း​၍​အုတ်​တံ​တိုင်း​တွင်​သူ​တို့​တူး ဖောက်​ပေး​သည့်​အ​ပေါက်​မှ​ထွက်​ပြေး​ရ​လိမ့်​မည်။ သူ​၏​မျက်​စိ​များ​ကို​ဖုံး​၍​ထား​သ​ဖြင့်​သူ​သည် မိ​မိ​သွား​ရာ​လမ်း​ကို​မြင်​ရ​လိမ့်​မည်​မ​ဟုတ်။-
وَيَحْمِلُ الرَّئِيسُ الْمُتَوَلِّي شُؤُونَهُمْ أَحْمَالَهُ عَلَى كَتِفِهِ فِي الْعَتْمَةِ وَيَخْرُجُ. وَتُنْقَبُ لَهُ ثُغْرَةٌ فِي الْحَائِطِ لِيَخْرُجَ مِنْهَا وَهُوَ يُغَطِّي وَجْهَهُ لِئَلّا يَرَى الأَرْضَ بِعَيْنَيْهِ.١٢
13 ၁၃ ငါ​သည်​ပိုက်​ကွန်​ကို​ဖြန့်​၍​သူ့​အား​အုပ်​မိ​ကာ ငါ​၏​ထောင်​ချောက်​တွင်​မိ​စေ​လျက်​ခါ​လ​ဒဲ ပြည်​ဗာ​ဗု​လုန်​မြို့​သို့​ခေါ်​ဆောင်​သွား​မည်။ သူ​သည်​ထို​မြို့​ကို​မ​မြင်​ရ​ဘဲ​ထို​မြို့​၌ ပင်​သေ​ရ​လိမ့်​မည်။-
وَأَبْسُطُ شَبَكَتِي عَلَيْهِ فَيَقَعُ فِي شَرَكِي، وَأُحْضِرُهُ إِلَى بَابِلَ إِلَى أَرْضِ الْكَلْدَانِيِّينَ، وَلَكِنْ لَنْ يَرَاهَا، هُنَاكَ يَمُوتُ.١٣
14 ၁၄ ငါ​သည်​သူ​၏​မှူး​မတ်​များ၊ အ​ကြံ​ပေး​အ​ရာ ရှိ​များ​နှင့်​ကိုယ်​ရံ​တော်​တပ်​သား​များ​အား အ​ရပ်​တ​ကာ​သို့​ပျံ့​လွင့်​သွား​စေ​မည်။ လူ တို့​သည်​သူ​တို့​ကို​ဋ္ဌား​ဖြင့်​သတ်​ဖြတ်​ရန် လိုက်​လံ​ရှာ​ဖွေ​ကြ​လိမ့်​မည်။
وَأُبَدِّدُ حَاشِيَتَهُ وَأَعْوَانَهُ وَكُلَّ جُيُوشِهِ فِي كُلِّ مَكَانٍ وَأَتَعَقَّبُهُمْ بِسَيْفٍ مَسْلُولٍ.١٤
15 ၁၅ ``ငါ​သည်​သူ​တို့​အား​အ​တိုင်း​တိုင်း​အ​ပြည် ပြည်​နှင့်​လူ​မျိုး​တ​ကာ​တို့​ထံ​သို့​ပျံ့​လွင့် စေ​သော​အ​ခါ သူ​တို့​သည်​ငါ​ကား​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​ကို​သိ​ရှိ​ကြ လိမ့်​မည်။-
فَيُدْرِكُونَ أَنِّي أَنَا الرَّبُّ حِينَ أُشَتِّتُهُمْ بَيْنَ الأُمَمِ وَأُبَدِّدُهُمْ فِي الْبِلادِ.١٥
16 ၁၆ သူ​တို့​အ​နက်​အ​နည်း​ငယ်​အား​စစ်​ဘေး၊ ငတ်​မွတ်​ခေါင်း​ပါး​ခြင်း​ဘေး​နှင့်​အနာ​ရော​ဂါ ဘေး​တို့​မှ​ငါ​ချမ်း​သာ​ပေး​မည်။ သို့​မှ​သာ လျှင်​လူ​မျိုး​တ​ကာ​တို့​တွင်​ရောက်​ရှိ​နေ​သော သူ​တို့​သည် မိ​မိ​တို့​ပြု​ခဲ့​သော​အ​မှု​များ​ကို စက်​ဆုပ်​ဖွယ်​ဖြစ်​ကြောင်း​နား​လည်​သ​ဘော ပေါက်​၍​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော် မူ​ကြောင်း​ကို​သိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။
وَأُبْقِي عَلَى فِئَةٍ قَلِيلَةٍ مِنْهُمْ أُنَجِّيهَا مِنَ السَّيْفِ وَالْجُوعِ وَالْوَبَاءِ، لِكَيْ يُحَدِّثُوا بِكُلِّ رَجَاسَاتِهِمْ بَيْنَ الأُمَمِ الَّتِي فَرَّقْتُهُمْ فِيهَا فَيُدْرِكُونَ أَنِّي أَنَا الرَّبُّ».١٦
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည်​ငါ့ ထံ​သို့​ရောက်​လာ​၏။-
ثُمَّ أَوْحَى إِلَيَّ الرَّبُّ بِكَلِمَتِهِ قَائِلاً:١٧
18 ၁၈ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည် တုန်​လှုပ်​လျက်​အ​စား​အ​စာ​ကို​စား​လော့။ ကြောက်​လန့်​တုန်​လှုပ်​လျက်​ရေ​ကို​သောက် လော့။-
«يَا ابْنَ آدَمَ، كُلْ خُبْزَكَ بِارْتِعَاشٍ، وَاشْرَبْ مَاءَكَ بِارْتِعَادٍ وَخَوْفٍ،١٨
19 ၁၉ အ​ရှင်​ထာ​ဝရ​ဘု​ရား​ပေး​တော်​မူ​သော​ဤ ဗျာ​ဒိတ်​တော်​ကို​ဣ​သ​ရေ​လ​ပြည်​ယေ​ရု ရှ​လင်​မြို့​တွင် ယ​ခု​နေ​ထိုင်​လျက်​ရှိ​သော လူ​တို့​အ​တွက်​ဖြစ်​ကြောင်း​ပြော​ကြား​လော့။ ထို​သူ​တို့​သည်​တုန်​လှုပ်​လျက်​အ​စား​အ​စာ ကို​စား​ရ​ကြ​လိမ့်​မည်။ ကြောက်​လန့်​တုန်​လှုပ် လျက်​ရေ​ကို​သောက်​ရ​ကြ​လိမ့်​မည်။ လူ​တိုင်း ပင်​တ​ရား​လက်​လွတ်​ပြု​ကျင့်​ကြ​သည်​ဖြစ် ၍ သူ​တို့​၏​ပြည်​ကို​ငါ​သည်​ပြောင်​တ​လင်း ဖြစ်​စေ​မည်။-
وَقُلْ لِشَعْبِ الأَرْضِ: هَذَا مَا يُعْلِنُهُ السَّيِّدُ الرَّبُّ عَنْ أَهْلِ أُورُشَلِيمَ فِي أَرْضِ إِسْرَائِيلَ: سَيَأْكُلُونَ خُبْزَهُمْ بِفَزَعٍ، وَيَشْرَبُونَ مَاءَهُمْ بِارْتِعَادٍ، لأَنَّ الأَرْضَ تُقْفِرُ مِنْ قَاطِنِيهَا مِنْ جَرَّاءِ ظُلْمِ الْمُقِيمِينَ فِيهَا.١٩
20 ၂၀ လူ​နေ​စည်​ကား​သည့်​မြို့​ကြီး​တို့​ကို​ဖြို ဖျက်​ကာ တစ်​ပြည်​လုံး​ကို​လူ​သူ​ကင်း​မဲ့​စေ မည်။ ထို​အ​ခါ​ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​ကြောင်း သူ​တို့​သိ​ရှိ​ကြ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။
وَيُصِيبُ الْمُدُنَ الآهِلَةَ الْخَرَابُ. وَتُوْحِشُ الأَرْضُ، فَتُدْرِكُونَ أَنِّي أَنَا الرَّبُّ».٢٠
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
ثُمَّ أَوْحَى إِلَيَّ الرَّبُّ بِكَلِمَتِهِ قَائِلاً:٢١
22 ၂၂ ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ အ​ဘယ်​ကြောင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်`အ​ချိန်​သာ ကုန်​လွန်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကား​အ ကောင်​အ​ထည်​မ​ပေါ်​လာ' ဟူ​သော​စ​ကား​ပုံ ကို​အ​ဖန်​တ​လဲ​လဲ​သုံး​စွဲ​နေ​ကြ​သ​နည်း။-
«يَا ابْنَ آدَمَ، مَا هَذَا الْمَثَلُ الشَّائِعُ فِي أَرْضِ إِسْرَائِيلَ الْقَائِلُ: قَدْ طَالَتِ الأَيَّامُ وَكَذِبَتْ كُلُّ رُؤْيَا؟٢٢
23 ၂၃ ထို​စ​ကား​ပုံ​နှင့်​ပတ်​သက်​၍​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို​သူ​တို့ အား ယ​ခု​ပြော​ကြား​လော့။ ငါ​သည်​ထို​စ​ကား ပုံ​ကို​ပ​ပျောက်​စေ​မည်။ ဣ​သ​ရေ​လ​ပြည် တွင်​အ​ဘယ်​အ​ခါ​၌​မျှ​ထပ်​မံ​၍​သုံး​စွဲ​ရ ကြ​မည်​မ​ဟုတ်။ အ​ချိန်​ကာ​လ​ကျ​ရောက်​လာ ပြီ​ဖြစ်​၍​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​သည် အ​ကောင် အ​ထည်​ပေါ်​လာ​မည်​ဖြစ်​ကြောင်း​ထို​သူ​တို့ အား​ဆင့်​ဆို​လော့။''
لِذَلِكَ قُلْ لَهُمْ: هَذَا مَا يُعْلِنُهُ السَّيِّدُ الرَّبُّ: هَا أَنَا قَدْ أَبْطَلْتُ هَذَا الْمَثَلَ فَلا يَعُودُونَ يُرَدِّدُونَهُ فِي إِسْرَائِيلَ، بَلْ قُلْ لَهُمْ: قَدْ أَزِفَتِ الأَيَّامُ وَحَانَ تَحْقِيقُ كَلامِ كُلِّ رُؤْيَا،٢٣
24 ၂၄ ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင်​ဗျာ​ဒိတ် ရူ​ပါ​ရုံ​အ​တု​များ၊ မှား​ယွင်း​သော​ဗျာ​ဒိတ် များ၊ နောက်​ထပ်​မ​ပေါ်​ပေါက်​ရ။-
إِذْ لَنْ تَكُونَ بَعْدُ رُؤْيَا بَاطِلَةٌ وَلا عِرَافَةٌ مُتَمَلِّقَةٌ فِي وَسَطِ شَعْبِ إِسْرَائِيلَ.٢٤
25 ၂၅ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​သည်​အ​တိုင်း​ပြု​ရ​မည်။ ကြန့်​ကြာ မှု​ရှိ​တော့​မည်​မ​ဟုတ်။ အ​ချင်း​ပုန်​ကန်​တတ်​သူ တို့၊ သင်​တို့​အား​ငါ​သ​တိ​ပေး​ခဲ့​သည့်​အ​တိုင်း သင်​တို့​လက်​ထက်​၌​ပင်​ငါ​ပြု​မည်။ ဤ​ကား​ငါ မိန့်​မြွက်​တော်​မူ​သည့်​စ​ကား​ဖြစ်​၏'' ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​၏။
لأَنِّي أَنَا الرَّبُّ أَتَكَلَّمُ، وَالْكَلِمَةُ الَّتِي أَقْضِي بِها تَتِمُّ، مِنْ غَيْرِ مُمَاطَلَةٍ، بَلْ هَا أَنَا أَنْطِقُ بِقَضَائِي فِي أَيَّامِكُمْ أَيُّهَا الشَّعْبُ الْمُتَمَرِّدُ وَأُنَفِّذُهُ فِي حِينِهِ، يَقُولُ السَّيِّدُ الرَّبُّ».٢٥
26 ၂၆ ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​ရောက်​လာ​၏။-
ثُمَّ أَوْحَى إِلَيَّ الرَّبُّ بِكَلِمَتِهِ قَائِلاً:٢٦
27 ၂၇ ``အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ က​သင်​မြင်​သော​ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​နှင့် သင် ဟော​ကြား​သော​ဗျာ​ဒိတ်​စ​ကား​များ​သည် ဝေး ကွာ​သည့်​အ​နာ​ဂတ်​ကာ​လ​နှင့်​ဆိုင်​သည်​ဟု ထင်​မှတ်​ကြ​၏။-
«يَا ابْنَ آدَمَ، هَا شَعْبُ إِسْرَائِيلَ يَقُولُونَ: إِنَّ الرُّؤْيَا الَّتِي تَرَاهَا لَا تَتِمُّ إِلا بَعْدَ أَيَّامٍ كَثِيرَةٍ، وَنُبُوءَتَكَ لَا تَتَحَقَّقُ إِلا فِي أَزْمِنَةٍ بَعِيدَةٍ٢٧
28 ၂၈ သို့​ဖြစ်​၍​ကြန့်​ကြာ​မှု​ရှိ​တော့​မည်​မ​ဟုတ်။ ငါ ဖော်​ပြ​ခဲ့​သည့်​အ​တိုင်း​ဖြစ်​လိမ့်​မည်​ဟု ငါ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ​ဖြစ် ကြောင်း ထို​သူ​တို့​အား​ဆင့်​ဆို​လော့။ ဤ​ကား ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မြွက်​တော်​မူ သည့်​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။
لِذَلِكَ قُلْ لَهُمْ: هَذَا مَا يُعْلِنُهُ السَّيِّدُ الرَّبُّ: لَنْ يَتَأَخَّرَ بَعْدُ تَنْفِيذُ كَلِمَةٍ مِنْ كَلامِي الَّذِي قَضَيْتُ بِهِ، فَكُلُّ كَلِمَةٍ نَطَقْتُ بِها لابُدَّ أَنْ تَتِمَّ، يَقُولُ السَّيِّدُ الرَّبُّ».٢٨

< ယေဇကျေလ 12 >