< ထွက်မြောက်ရာ 9 >

1 ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍ ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ဤ​သို့​မိန့်​တော်​မူ ၏။ `ငါ့​အား​ဝတ်​ပြု​နိုင်​စေ​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
ויאמר יהוה אל משה בא אל פרעה ודברת אליו כה אמר יהוה אלהי העברים שלח את עמי ויעבדני
2 သင်​သည်​သွား​ခွင့်​မ​ပြု​ဘဲ​နေ​ဦး​မည်​ဆို​လျှင်၊-
כי אם מאן אתה לשלח ועודך מחזיק בם
3 ငါ​သည်​သင်​တို့​၏​မြင်း၊ မြည်း၊ ကု​လား​အုပ်၊ သိုး၊ နွား၊ ဆိတ်​တို့​ကို​ရော​ဂါ​ဆိုး​ဖြင့်​သေ​ကျေ ပျက်​စီး​စေ​မည်။-
הנה יד יהוה הויה במקנך אשר בשדה בסוסים בחמרים בגמלים בבקר ובצאן--דבר כבד מאד
4 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​နှင့် အီ​ဂျစ်​အ​မျိုး သား​တို့​၏​တိ​ရစ္ဆာန်​တို့​ကို​ခွဲ​ခြား​၍​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ပိုင်​သော​တိ​ရစ္ဆာန်​တစ်​ကောင်​မျှ မ​သေ​စေ​ရ။-
והפלה יהוה--בין מקנה ישראל ובין מקנה מצרים ולא ימות מכל לבני ישראל דבר
5 ငါ​သည်​နက်​ဖြန်​နေ့​၌​ထို​အ​မှု​ကို​ပြု​မည်' ဟု​ထာ​ဝ​ရ​ဘု​ရား​အ​ချိန်​ကန့်​သတ်​တော်​မူ ကြောင်း​ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
וישם יהוה מועד לאמר מחר יעשה יהוה הדבר הזה--בארץ
6 နောက်​တစ်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​မိန့် တော်​မူ​သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့် အီ​ဂျစ် အ​မျိုး​သား​တို့​၏​တိ​ရစ္ဆာန်​အား​လုံး​သေ​ကျေ ကြ​ကုန်​၏။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​တိရစ္ဆာန်​တစ်​ကောင်​မျှ​မ​သေ။-
ויעש יהוה את הדבר הזה ממחרת וימת כל מקנה מצרים וממקנה בני ישראל לא מת אחד
7 ဘု​ရင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏ တိ​ရစ္ဆာန် တစ်​ကောင်​မျှ​မ​သေ​ကြောင်း​ကို​စုံ​စမ်း သိ​ရှိ​ရ​လေ​၏။ သို့​သော်​ဘု​ရင်​သည်​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​သွား​ခွင့်​မ​ပြု​ဘဲ​နေ​လေ​၏။
וישלח פרעה--והנה לא מת ממקנה ישראל עד אחד ויכבד לב פרעה ולא שלח את העם
8 ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​နှင့်​အာ​ရုန် တို့​အား``မီး​ဖို​ထဲ​က​ပြာ​ကို​လက်​နှင့်​ဆုပ်​ယူ လော့။ မော​ရှေ​သည်​ဘု​ရင်​ရှေ့​တွင်​ပြာ​ကို​လေ ထဲ​သို့​ပစ်​လွှင့်​ရ​မည်။-
ויאמר יהוה אל משה ואל אהרן קחו לכם מלא חפניכם פיח כבשן וזרקו משה השמימה לעיני פרעה
9 ထို​ပြာ​သည်​အီ​ဂျစ်​တစ်​ပြည်​လုံး​တွင် မြေ​မှုန့်​ကဲ့ သို့​ပျံ့​နှံ့​၍ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ်​ပေါ်​၌ အ​နာ​ဆိုး​များ​ပေါက်​စေ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။-
והיה לאבק על כל ארץ מצרים והיה על האדם ועל הבהמה לשחין פרח אבעבעת--בכל ארץ מצרים
10 ၁၀ သို့​ဖြစ်​၍​သူ​တို့​သည်​ပြာ​ကို​ယူ​၍​ဘုရင်​ရှေ့ တွင်​ရပ်​နေ​ကြ​၏။ မော​ရှေ​သည်​ပြာ​ကို​လေ​ထဲ သို့​ပစ်​လွှင့်​လိုက်​ရာ လူ​နှင့်​တိ​ရစ္ဆာန်​တို့​၏​ကိုယ် ပေါ်​၌​အ​နာ​ဆိုး​များ​ပေါက်​စေ​လေ​၏။-
ויקחו את פיח הכבשן ויעמדו לפני פרעה ויזרק אתו משה השמימה ויהי שחין אבעבעת פרח באדם ובבהמה
11 ၁၁ အ​ခြား​သော​အီ​ဂျစ်​အ​မျိုး​သား​တို့​ကဲ့​သို့ မှော်​ဆ​ရာ​တို့​ကိုယ်​ပေါ်​တွင်​လည်း​အ​နာ​ဆိုး များ​ပေါက်​လျက်​ရှိ​သ​ဖြင့် သူ​တို့​သည် မော​ရှေ​ရှေ့​သို့​မ​လာ​နိုင်​ကြ​တော့​ချေ။-
ולא יכלו החרטמים לעמד לפני משה--מפני השחין כי היה השחין בחרטמם ובכל מצרים
12 ၁၂ သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ဘုရင်​ကို ခေါင်း​မာ​စေ​သ​ဖြင့် မော​ရှေ​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ဘု​ရင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​သွား​ခွင့် မ​ပြု​ဘဲ​နေ​လေ​၏။
ויחזק יהוה את לב פרעה ולא שמע אלהם כאשר דבר יהוה אל משה
13 ၁၃ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ဟေ​ဗြဲ အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​ကြောင်း​ပြော​ကြား​လော့။ ``နံ နက်​စော​စော​တွင် ဘု​ရင်​နှင့်​သွား​ရောက်​တွေ့​ဆုံ ပြီး​လျှင်`ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​ငါ​၏​လူ​မျိုး တော်​ကို​သွား​ခွင့်​ပြု​လော့။-
ויאמר יהוה אל משה השכם בבקר והתיצב לפני פרעה ואמרת אליו כה אמר יהוה אלהי העברים שלח את עמי ויעבדני
14 ၁၄ ကမ္ဘာ​လော​က​တစ်​ခု​လုံး​၌​ငါ​ကဲ့​သို့​သော ဘု​ရား​မ​ရှိ​ကြောင်း သင်​သိ​စေ​ရန်​ယ​ခု​အ​ကြိမ် တွင်​သင်​နှင့်​သင်​၏​မှူး​မတ်​ပြည်​သူ​တို့​အား ငါ ကိုယ်​တိုင်​ကပ်​သင့်​စေ​မည်။-
כי בפעם הזאת אני שלח את כל מגפתי אל לבך ובעבדיך ובעמך--בעבור תדע כי אין כמני בכל הארץ
15 ၁၅ အ​ကယ်​၍​ငါ​သည်​တန်​ခိုး​တော်​ဖြင့် သင်​နှင့် သင်​၏​လူ​မျိုး​ကို​ရောဂါ​ဘေး​သင့်​စေ​ခဲ့​ပါ​မူ သင်​တို့​အား​လုံး​ပင်​သေ​ကျေ​ပျက်​စီး​ကုန် မည်​ဖြစ်​သည်။-
כי עתה שלחתי את ידי ואך אותך ואת עמך בדבר ותכחד מן הארץ
16 ၁၆ သို့​ရာ​တွင်​ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​သည် ငါ ၏​ဘုန်း​တန်​ခိုး​ကို​တွေ့​မြင်​ကြ​စေ​ရန် ငါ သည်​သင်​တို့​ကို​အ​သက်​ချမ်း​သာ​ခွင့်​ပေး ခဲ့​၏။-
ואולם בעבור זאת העמדתיך בעבור הראתך את כחי ולמען ספר שמי בכל הארץ
17 ၁၇ သို့​သော်​လည်း​သင်​သည်​မောက်​မာ​မြဲ​မောက်​မာ လျက် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​မ​ပြုဘဲ နေ​သေး​၏။-
עודך מסתולל בעמי לבלתי שלחם
18 ၁၈ နက်​ဖြန်​နေ့​ဤ​အ​ချိန်​တွင်​အီ​ဂျစ်​ပြည်​၌ တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ရွာ​ဘူး​သော​မိုး​သီး မိုး​ကို​သည်း​ထန်​စွာ​ရွာ​သွန်း​စေ​မည်။-
הנני ממטיר כעת מחר ברד כבד מאד אשר לא היה כמהו במצרים למן היום הוסדה ועד עתה
19 ၁၉ ယ​ခု​သင်​သည်​သင်​၏​တိ​ရစ္ဆာန်​များ​နှင့်​ကွင်း ပြင်​၌​ရှိ​သ​မျှ​တို့​ကို အ​မိုး​အ​ကာ​အောက်​သို့ သွင်း​စေ​လော့။ အ​ကာ​အ​ကွယ်​မ​ရှိ​သော​လူ နှင့်​တိ​ရစ္ဆာန်​ရှိ​သ​မျှ​တို့​အ​ပေါ်​သို့ မိုး​ရွာ​ချ သ​ဖြင့်​သေ​ကျေ​ပျက်​စီး​ကြ​လိမ့်​မည်။''
ועתה שלח העז את מקנך ואת כל אשר לך בשדה כל האדם והבהמה אשר ימצא בשדה ולא יאסף הביתה--וירד עלהם הברד ומתו
20 ၂၀ ဘု​ရင်​၏​မှူး​မတ်​အ​ချို့​တို့​သည်​ထာ​ဝ​ရ ဘု​ရား​၏​မိန့်​တော်​မူ​ချက်​ကို​ယုံ​၍​ကြောက် ရွံ့​သ​ဖြင့် မိ​မိ​တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန် များ​ကို​အ​မိုး​အ​ကာ​အောက်​သို့​သွင်း​ထား ကြ​၏။-
הירא את דבר יהוה מעבדי פרעה--הניס את עבדיו ואת מקנהו אל הבתים
21 ၂၁ အ​ခြား​သော​သူ​များ​က​မူ​ထာ​ဝ​ရ​ဘု​ရား ၏​မိန့်​တော်​မူ​ချက်​ကို​ပ​မာ​ဏ​မ​ပြု​ဘဲ မိ​မိ တို့​၏​ကျေး​ကျွန်​နှင့်​တိ​ရစ္ဆာန်​များ​ကို​အ​မိုး အ​ကာ​အောက်​သို့​မ​သွင်း​ဘဲ​နေ​ကြ​၏။
ואשר לא שם לבו אל דבר יהוה--ויעזב את עבדיו ואת מקנהו בשדה
22 ၂၂ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``အီ​ဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​လူ​များ၊ တိ​ရစ္ဆာန်​များ၊ လယ်​ကွင်း​ရှိ​အ​ပင်​များ​ပေါ်​သို့ မိုး​ရွာ​ချ​စေ​ရန်​သင်​၏​လက်​ကို​ကောင်း​ကင် သို့​မြှောက်​လော့'' ဟု​မိန့်​တော်​မူ​၏။-
ויאמר יהוה אל משה נטה את ידך על השמים ויהי ברד בכל ארץ מצרים על האדם ועל הבהמה ועל כל עשב השדה--בארץ מצרים
23 ၂၃ မော​ရှေ​သည်​မိ​မိ​၏​တောင်​ဝှေး​ကို​ကောင်း​ကင် သို့​မြှောက်​လိုက်​ရာ ထာ​ဝ​ရ​ဘု​ရား​သည်​မိုး ထစ်​ချုန်း​ခြင်း၊ မိုး​ကြိုး​ပစ်​ခြင်း​နှင့်​တ​ကွ မိုး​သီး​မိုး​ရွာ​သွန်း​စေ​လေ​၏။ ထာ​ဝ​ရ ဘု​ရား​စေ​လွှတ်​တော်​မူ​သော-
ויט משה את מטהו על השמים ויהוה נתן קלת וברד ותהלך אש ארצה וימטר יהוה ברד על ארץ מצרים
24 ၂၄ ထို​မုန်​တိုင်း​သည် အ​လွန်​ဆိုး​ရွား​သော​မုန် တိုင်း​ဖြစ်​သ​ဖြင့် အီ​ဂျစ်​ပြည်​သ​မိုင်း​တွင် တစ်​ကြိမ်​တစ်​ခါ​မျှ​မ​ကြုံ​ဘူး​သော အ​ဆိုး​ရွား​ဆုံး​မုန်​တိုင်း​ဖြစ်​၏။-
ויהי ברד--ואש מתלקחת בתוך הברד כבד מאד--אשר לא היה כמהו בכל ארץ מצרים מאז היתה לגוי
25 ၂၅ အီဂျစ်​ပြည်​တစ်​လျှောက်​လုံး​တွင်​အ​ကာ အ​ကွယ်​မ​ရှိ​သော လူ​နှင့်​တိ​ရစ္ဆာန်​အ​ပေါင်း တို့​သည်​မိုး​သီး​ဒဏ်​ကြောင့်​သေ​ကျေ​ကြ ကုန်​၏။ လယ်​ကွင်း​ထဲ​၌​ရှိ​သော​သီး​နှံ​များ နှင့်​သစ်​ပင်​အား​လုံး​တို့​သည်​လည်း​ပျက်​စီး ကုန်​၏။-
ויך הברד בכל ארץ מצרים את כל אשר בשדה מאדם ועד בהמה ואת כל עשב השדה הכה הברד ואת כל עץ השדה שבר
26 ၂၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​သည်​သာ​လျှင် မိုး​သီး​မိုး ဒဏ်​မှ​လွတ်​ကင်း​သည်။
רק בארץ גשן אשר שם בני ישראל--לא היה ברד
27 ၂၇ ဘု​ရင်​သည်​မော​ရှေ​နှင့်​အာ​ရုန်​တို့​ကို​ခေါ်​ပြီး လျှင်``ဤ​တစ်​ကြိမ်​ငါ​ပြစ်​မှား​မိ​ပါ​ပြီ။ ထာ​ဝ​ရ ဘု​ရား​သည်​မှန်​ကန်​၍ ငါ​နှင့်​ငါ​၏​လူ​မျိုး​တို့ သည်​မှား​ပါ​၏။-
וישלח פרעה ויקרא למשה ולאהרן ויאמר אלהם חטאתי הפעם יהוה הצדיק ואני ועמי הרשעים
28 ၂၈ ငါ​တို့​သည်​မိုး​သီး​နှင့်​မိုး​ကြိုး​ဒဏ်​ကို​မ​ခံ နိုင်​တော့​ပြီ​ဖြစ်​၍ ထာ​ဝ​ရ​ဘု​ရား​ထံ​ဆု တောင်း​ပေး​ပါ​လော့။ ငါ​သည်​သင်​တို့​အား ချက်​ခြင်း​သွား​ခွင့်​ပေး​ပါ​မည်'' ဟု​ဆို​လေ​၏။
העתירו אל יהוה ורב מהית קלת אלהים וברד ואשלחה אתכם ולא תספון לעמד
29 ၂၉ ထို​အ​ခါ​မော​ရှေ​က``ကျွန်ုပ်​သည်​မြို့​ပြင်​သို့ ရောက်​လျှင် ထာ​ဝ​ရ​ဘု​ရား​ထံ​သို့​လက်​များ ကို​မြှောက်​၍​ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ ဘု​ရား​သည်​ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​တော် မူ​ကြောင်း ကိုယ်​တော်​သိ​စေ​ခြင်း​ငှာ​မိုး​ကြိုး သံ​နှင့်​မိုး​သီး​မိုး​ရပ်​စဲ​လိမ့်​မည်။-
ויאמר אליו משה כצאתי את העיר אפרש את כפי אל יהוה הקלות יחדלון והברד לא יהיה עוד למען תדע כי ליהוה הארץ
30 ၃၀ သို့​သော်​လည်း​သင်​နှင့်​သင်​၏​မှူး​မတ်​တို့​သည် ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ခြင်း​မ​ရှိ​သေး​ကြောင်း​ကျွန်ုပ်​သိ​ပါ​သည်'' ဟု​လျှောက်​လေ​၏။
ואתה ועבדיך ידעתי--כי טרם תיראון מפני יהוה אלהים
31 ၃၁ မု​ယော​စ​ပါး​တို့​သည်​မှည့်​၍​ပိုက်​ဆံ​ပင်​တို့ သည် အ​ဖူး​ထွက်​လျက်​ရှိ​သ​ဖြင့်​၎င်း​အ​ပင် တို့​သည်​ပျက်​စီး​ကုန်​၏။-
והפשתה והשערה נכתה כי השערה אביב והפשתה גבעל
32 ၃၂ သို့​ရာ​တွင်​ဂျုံ​စ​ပါး​ပင်​တို့​သည် အ​မှည့် နောက်​ကျ​သ​ဖြင့်​မ​ပျက်​စီး​ကြ​ချေ။
והחטה והכסמת לא נכו כי אפילת הנה
33 ၃၃ မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​၍ မြို့​ပြင်​သို့ သွား​ပြီး​လျှင်​လက်​များ​ကို​မြှောက်​၍ ထာ​ဝ​ရ ဘု​ရား​ထံ​ဆု​တောင်း​သ​ဖြင့်​မိုး​ကြိုး​သံ​နှင့် မိုး​သီး​များ​စဲ​လေ​၏။ မိုး​လည်း​ရပ်​စဲ​သွား​၏။-
ויצא משה מעם פרעה את העיר ויפרש כפיו אל יהוה ויחדלו הקלות והברד ומטר לא נתך ארצה
34 ၃၄ ထို​သို့​မိုး​မ​ရွာ၊ မိုး​ကြိုး​သံ​နှင့်​မိုး​သီး​များ ရပ်​စဲ​သည်​ကို​ဘု​ရင်​မြင်​သော​အ​ခါ သူ​နှင့် တ​ကွ​သူ​၏​မှူး​မတ်​တို့​သည်​က​တိ​မ​တည် ဘဲ ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက်​ရှိ​ကြ​၏။-
וירא פרעה כי חדל המטר והברד והקלת--ויסף לחטא ויכבד לבו הוא ועבדיו
35 ၃၅ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း ဘု​ရင်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​အား​သွား​ခွင့်​မ​ပြု​ဘဲ​နေ ပြန်​၏။
ויחזק לב פרעה ולא שלח את בני ישראל כאשר דבר יהוה ביד משה

< ထွက်မြောက်ရာ 9 >