< ထွက်မြောက်ရာ 9 >
1 ၁ ထာဝရဘုရားက မောရှေအား``ဘုရင်ထံ သို့သွား၍ ဟေဗြဲအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားဤသို့မိန့်တော်မူ ၏။ `ငါ့အားဝတ်ပြုနိုင်စေရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
耶和华吩咐摩西说:“你进去见法老,对他说:‘耶和华—希伯来人的 神这样说:容我的百姓去,好事奉我。
2 ၂ သင်သည်သွားခွင့်မပြုဘဲနေဦးမည်ဆိုလျှင်၊-
你若不肯容他们去,仍旧强留他们,
3 ၃ ငါသည်သင်တို့၏မြင်း၊ မြည်း၊ ကုလားအုပ်၊ သိုး၊ နွား၊ ဆိတ်တို့ကိုရောဂါဆိုးဖြင့်သေကျေ ပျက်စီးစေမည်။-
耶和华的手加在你田间的牲畜上,就是在马、驴、骆驼、牛群、羊群上,必有重重的瘟疫。
4 ၄ သို့ရာတွင်ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့၏တိရစ္ဆာန်နှင့် အီဂျစ်အမျိုး သားတို့၏တိရစ္ဆာန်တို့ကိုခွဲခြား၍ဣသရေလ အမျိုးသားတို့ပိုင်သောတိရစ္ဆာန်တစ်ကောင်မျှ မသေစေရ။-
耶和华要分别以色列的牲畜和埃及的牲畜,凡属以色列人的,一样都不死。’”
5 ၅ ငါသည်နက်ဖြန်နေ့၌ထိုအမှုကိုပြုမည်' ဟုထာဝရဘုရားအချိန်ကန့်သတ်တော်မူ ကြောင်းကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
耶和华就定了时候,说:“明天耶和华必在此地行这事。”
6 ၆ နောက်တစ်နေ့တွင်ထာဝရဘုရားသည်မိန့် တော်မူသည့်အတိုင်းပြုတော်မူသဖြင့် အီဂျစ် အမျိုးသားတို့၏တိရစ္ဆာန်အားလုံးသေကျေ ကြကုန်၏။ သို့ရာတွင်ဣသရေလအမျိုး သားတို့၏တိရစ္ဆာန်တစ်ကောင်မျှမသေ။-
第二天,耶和华就行这事。埃及的牲畜几乎都死了,只是以色列人的牲畜,一个都没有死。
7 ၇ ဘုရင်သည်ဣသရေလအမျိုးသားတို့၏ တိရစ္ဆာန် တစ်ကောင်မျှမသေကြောင်းကိုစုံစမ်း သိရှိရလေ၏။ သို့သော်ဘုရင်သည်ခေါင်းမာ မြဲခေါင်းမာလျက် ဣသရေလအမျိုးသား တို့ကိုသွားခွင့်မပြုဘဲနေလေ၏။
法老打发人去看,谁知以色列人的牲畜连一个都没有死。法老的心却是固执,不容百姓去。
8 ၈ ထိုနောက်ထာဝရဘုရားက မောရှေနှင့်အာရုန် တို့အား``မီးဖိုထဲကပြာကိုလက်နှင့်ဆုပ်ယူ လော့။ မောရှေသည်ဘုရင်ရှေ့တွင်ပြာကိုလေ ထဲသို့ပစ်လွှင့်ရမည်။-
耶和华吩咐摩西、亚伦说:“你们取几捧炉灰,摩西要在法老面前向天扬起来。
9 ၉ ထိုပြာသည်အီဂျစ်တစ်ပြည်လုံးတွင် မြေမှုန့်ကဲ့ သို့ပျံ့နှံ့၍ လူနှင့်တိရစ္ဆာန်တို့၏ကိုယ်ပေါ်၌ အနာဆိုးများပေါက်စေလိမ့်မည်'' ဟုမိန့်တော် မူ၏။-
这灰要在埃及全地变作尘土,在人身上和牲畜身上成了起泡的疮。”
10 ၁၀ သို့ဖြစ်၍သူတို့သည်ပြာကိုယူ၍ဘုရင်ရှေ့ တွင်ရပ်နေကြ၏။ မောရှေသည်ပြာကိုလေထဲ သို့ပစ်လွှင့်လိုက်ရာ လူနှင့်တိရစ္ဆာန်တို့၏ကိုယ် ပေါ်၌အနာဆိုးများပေါက်စေလေ၏။-
摩西、亚伦取了炉灰,站在法老面前。摩西向天扬起来,就在人身上和牲畜身上成了起泡的疮。
11 ၁၁ အခြားသောအီဂျစ်အမျိုးသားတို့ကဲ့သို့ မှော်ဆရာတို့ကိုယ်ပေါ်တွင်လည်းအနာဆိုး များပေါက်လျက်ရှိသဖြင့် သူတို့သည် မောရှေရှေ့သို့မလာနိုင်ကြတော့ချေ။-
行法术的在摩西面前站立不住,因为在他们身上和一切埃及人身上都有这疮。
12 ၁၂ သို့ရာတွင်ထာဝရဘုရားသည်ဘုရင်ကို ခေါင်းမာစေသဖြင့် မောရှေအားထာဝရ ဘုရားမိန့်တော်မူခဲ့သည့်အတိုင်းဘုရင်သည် ဣသရေလအမျိုးသားတို့အားသွားခွင့် မပြုဘဲနေလေ၏။
耶和华使法老的心刚硬,不听他们,正如耶和华对摩西所说的。
13 ၁၃ ထိုနောက်ထာဝရဘုရားကမောရှေအား ဟေဗြဲ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား ဤသို့မိန့်တော်မူကြောင်းပြောကြားလော့။ ``နံ နက်စောစောတွင် ဘုရင်နှင့်သွားရောက်တွေ့ဆုံ ပြီးလျှင်`ငါ့အားဝတ်ပြုနိုင်ရန်ငါ၏လူမျိုး တော်ကိုသွားခွင့်ပြုလော့။-
耶和华对摩西说:“你清早起来,站在法老面前,对他说:‘耶和华—希伯来人的 神这样说:容我的百姓去,好事奉我。
14 ၁၄ ကမ္ဘာလောကတစ်ခုလုံး၌ငါကဲ့သို့သော ဘုရားမရှိကြောင်း သင်သိစေရန်ယခုအကြိမ် တွင်သင်နှင့်သင်၏မှူးမတ်ပြည်သူတို့အား ငါ ကိုယ်တိုင်ကပ်သင့်စေမည်။-
因为这一次我要叫一切的灾殃临到你和你臣仆并你百姓的身上,叫你知道在普天下没有像我的。
15 ၁၅ အကယ်၍ငါသည်တန်ခိုးတော်ဖြင့် သင်နှင့် သင်၏လူမျိုးကိုရောဂါဘေးသင့်စေခဲ့ပါမူ သင်တို့အားလုံးပင်သေကျေပျက်စီးကုန် မည်ဖြစ်သည်။-
我若伸手用瘟疫攻击你和你的百姓,你早就从地上除灭了。
16 ၁၆ သို့ရာတွင်ကမ္ဘာသူကမ္ဘာသားတို့သည် ငါ ၏ဘုန်းတန်ခိုးကိုတွေ့မြင်ကြစေရန် ငါ သည်သင်တို့ကိုအသက်ချမ်းသာခွင့်ပေး ခဲ့၏။-
其实,我叫你存立,是特要向你显我的大能,并要使我的名传遍天下。
17 ၁၇ သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။-
你还向我的百姓自高,不容他们去吗?
18 ၁၈ နက်ဖြန်နေ့ဤအချိန်တွင်အီဂျစ်ပြည်၌ တစ်ကြိမ်တစ်ခါမျှမရွာဘူးသောမိုးသီး မိုးကိုသည်းထန်စွာရွာသွန်းစေမည်။-
到明天约在这时候,我必叫重大的冰雹降下,自从埃及开国以来,没有这样的冰雹。
19 ၁၉ ယခုသင်သည်သင်၏တိရစ္ဆာန်များနှင့်ကွင်း ပြင်၌ရှိသမျှတို့ကို အမိုးအကာအောက်သို့ သွင်းစေလော့။ အကာအကွယ်မရှိသောလူ နှင့်တိရစ္ဆာန်ရှိသမျှတို့အပေါ်သို့ မိုးရွာချ သဖြင့်သေကျေပျက်စီးကြလိမ့်မည်။''
现在你要打发人把你的牲畜和你田间一切所有的催进来;凡在田间不收回家的,无论是人是牲畜,冰雹必降在他们身上,他们就必死。’”
20 ၂၀ ဘုရင်၏မှူးမတ်အချို့တို့သည်ထာဝရ ဘုရား၏မိန့်တော်မူချက်ကိုယုံ၍ကြောက် ရွံ့သဖြင့် မိမိတို့၏ကျေးကျွန်နှင့်တိရစ္ဆာန် များကိုအမိုးအကာအောက်သို့သွင်းထား ကြ၏။-
法老的臣仆中,惧怕耶和华这话的,便叫他的奴仆和牲畜跑进家来。
21 ၂၁ အခြားသောသူများကမူထာဝရဘုရား ၏မိန့်တော်မူချက်ကိုပမာဏမပြုဘဲ မိမိ တို့၏ကျေးကျွန်နှင့်တိရစ္ဆာန်များကိုအမိုး အကာအောက်သို့မသွင်းဘဲနေကြ၏။
但那不把耶和华这话放在心上的,就将他的奴仆和牲畜留在田里。
22 ၂၂ ထိုနောက်ထာဝရဘုရားကမောရှေအား ``အီဂျစ်ပြည်တစ်လျှောက်လုံးတွင်လူများ၊ တိရစ္ဆာန်များ၊ လယ်ကွင်းရှိအပင်များပေါ်သို့ မိုးရွာချစေရန်သင်၏လက်ကိုကောင်းကင် သို့မြှောက်လော့'' ဟုမိန့်တော်မူ၏။-
耶和华对摩西说:“你向天伸杖,使埃及遍地的人身上和牲畜身上,并田间各样菜蔬上,都有冰雹。”
23 ၂၃ မောရှေသည်မိမိ၏တောင်ဝှေးကိုကောင်းကင် သို့မြှောက်လိုက်ရာ ထာဝရဘုရားသည်မိုး ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းနှင့်တကွ မိုးသီးမိုးရွာသွန်းစေလေ၏။ ထာဝရ ဘုရားစေလွှတ်တော်မူသော-
摩西向天伸杖,耶和华就打雷下雹,有火闪到地上;耶和华下雹在埃及地上。
24 ၂၄ ထိုမုန်တိုင်းသည် အလွန်ဆိုးရွားသောမုန် တိုင်းဖြစ်သဖြင့် အီဂျစ်ပြည်သမိုင်းတွင် တစ်ကြိမ်တစ်ခါမျှမကြုံဘူးသော အဆိုးရွားဆုံးမုန်တိုင်းဖြစ်၏။-
那时,雹与火搀杂,甚是厉害,自从埃及成国以来,遍地没有这样的。
25 ၂၅ အီဂျစ်ပြည်တစ်လျှောက်လုံးတွင်အကာ အကွယ်မရှိသော လူနှင့်တိရစ္ဆာန်အပေါင်း တို့သည်မိုးသီးဒဏ်ကြောင့်သေကျေကြ ကုန်၏။ လယ်ကွင်းထဲ၌ရှိသောသီးနှံများ နှင့်သစ်ပင်အားလုံးတို့သည်လည်းပျက်စီး ကုန်၏။-
在埃及遍地,雹击打了田间所有的人和牲畜,并一切的菜蔬,又打坏田间一切的树木。
26 ၂၆ ဣသရေလအမျိုးသားတို့နေထိုင်ရာ ဂေါရှင်ဒေသသည်သာလျှင် မိုးသီးမိုး ဒဏ်မှလွတ်ကင်းသည်။
惟独以色列人所住的歌珊地没有冰雹。
27 ၂၇ ဘုရင်သည်မောရှေနှင့်အာရုန်တို့ကိုခေါ်ပြီး လျှင်``ဤတစ်ကြိမ်ငါပြစ်မှားမိပါပြီ။ ထာဝရ ဘုရားသည်မှန်ကန်၍ ငါနှင့်ငါ၏လူမျိုးတို့ သည်မှားပါ၏။-
法老打发人召摩西、亚伦来,对他们说:“这一次我犯了罪了。耶和华是公义的;我和我的百姓是邪恶的。
28 ၂၈ ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
这雷轰和冰雹已经够了。请你们求耶和华,我就容你们去,不再留住你们。”
29 ၂၉ ထိုအခါမောရှေက``ကျွန်ုပ်သည်မြို့ပြင်သို့ ရောက်လျှင် ထာဝရဘုရားထံသို့လက်များ ကိုမြှောက်၍ဆုတောင်းပေးပါမည်။ ထာဝရ ဘုရားသည်ကမ္ဘာမြေကြီးကိုအစိုးရတော် မူကြောင်း ကိုယ်တော်သိစေခြင်းငှာမိုးကြိုး သံနှင့်မိုးသီးမိုးရပ်စဲလိမ့်မည်။-
摩西对他说:“我一出城,就要向耶和华举手祷告;雷必止住,也不再有冰雹,叫你知道全地都是属耶和华的。
30 ၃၀ သို့သော်လည်းသင်နှင့်သင်၏မှူးမတ်တို့သည် ထာဝရအရှင်ဘုရားသခင်ကိုကြောက်ရွံ့ ခြင်းမရှိသေးကြောင်းကျွန်ုပ်သိပါသည်'' ဟုလျှောက်လေ၏။
至于你和你的臣仆,我知道你们还是不惧怕耶和华 神。”(
31 ၃၁ မုယောစပါးတို့သည်မှည့်၍ပိုက်ဆံပင်တို့ သည် အဖူးထွက်လျက်ရှိသဖြင့်၎င်းအပင် တို့သည်ပျက်စီးကုန်၏။-
那时,麻和大麦被雹击打;因为大麦已经吐穗,麻也开了花。
32 ၃၂ သို့ရာတွင်ဂျုံစပါးပင်တို့သည် အမှည့် နောက်ကျသဖြင့်မပျက်စီးကြချေ။
只是小麦和粗麦没有被击打,因为还没有长成。)
33 ၃၃ မောရှေသည်ဘုရင်ထံမှထွက်၍ မြို့ပြင်သို့ သွားပြီးလျှင်လက်များကိုမြှောက်၍ ထာဝရ ဘုရားထံဆုတောင်းသဖြင့်မိုးကြိုးသံနှင့် မိုးသီးများစဲလေ၏။ မိုးလည်းရပ်စဲသွား၏။-
摩西离了法老出城,向耶和华举手祷告;雷和雹就止住,雨也不再浇在地上了。
34 ၃၄ ထိုသို့မိုးမရွာ၊ မိုးကြိုးသံနှင့်မိုးသီးများ ရပ်စဲသည်ကိုဘုရင်မြင်သောအခါ သူနှင့် တကွသူ၏မှူးမတ်တို့သည်ကတိမတည် ဘဲ ခေါင်းမာမြဲခေါင်းမာလျက်ရှိကြ၏။-
法老见雨和雹与雷止住,就越发犯罪;他和他的臣仆都硬着心。
35 ၃၅ ထာဝရဘုရားသည်မောရှေအားမိန့်တော် မူခဲ့သည့်အတိုင်း ဘုရင်သည်ဣသရေလ အမျိုးသားတို့အားသွားခွင့်မပြုဘဲနေ ပြန်၏။
法老的心刚硬,不容以色列人去,正如耶和华借着摩西所说的。