< ထွက်မြောက်ရာ 8 >

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင်​ထံ သို့​သွား​၍`ငါ​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု နိုင်​ရန် ငါ​၏​လူ​မျိုး​တော်​ကို​သွား​ခွင့်​ပြု လော့။-
And the LORD spoke unto Moses: 'Go in unto Pharaoh, and say unto him: Thus saith the LORD: Let My people go, that they may serve Me.
2 သင်​သည်​သူ​တို့​ကို​သွား​ခွင့်​မ​ပြု​လျှင် ငါ သည်​သင်​၏​တစ်​တိုင်း​ပြည်​လုံး​ကို​ဖား​ဖြင့် ဒဏ်​ခတ်​မည်။-
And if thou refuse to let them go, behold, I will smite all thy borders with frogs.
3 မြစ်​ထဲ​တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​မည်။ ထို​ဖား တို့​သည်​မြစ်​ထဲ​မှ​သင်​၏​နန်း​တော်၊ အိပ်​ခန်း၊ အိပ်​ရာ၊ သင်​၏​မှူး​မတ်​နှင့်​ပြည်​သား​တို့​၏​အိမ် များ၊ သင်​၏​မီး​ဖို​နှင့်​မုန့်​နယ်​ရာ​ခွက်​များ​သို့ တက်​လာ​ကြ​လိမ့်​မည်။-
And the river shall swarm with frogs, which shall go up and come into thy house, and into thy bed-chamber, and upon thy bed, and into the house of thy servants, and upon thy people, and into thine ovens, and into thy kneading-troughs.
4 ဖား​တို့​သည်​သင်​နှင့်​သင်​၏​မှူး​မတ်၊ ပြည်​သူ​တို့ အ​ပေါ်​သို့​ခုန်​တက်​ကြ​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
And the frogs shall come up both upon thee, and upon thy people, and upon all thy servants.'
5 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြစ် များ၊ ချောင်း​များ၊ အင်း​အိုင်​များ​ပေါ်​သို့​သင်​၏ တောင်​ဝှေး​ကို​ကိုင်​၍​လက်​ကို​ဆန့်​သော​အား ဖြင့်​ဖား​များ​တက်​လာ​၍ အီ​ဂျစ်​တစ်​ပြည်​လုံး တွင်​ဖား​များ​ဖြင့်​ပြည့်​စေ​လော့'' ဟု​မော​ရှေ အား​မိန့်​တော်​မူ​၏။-
And the LORD said unto Moses: 'Say unto Aaron: Stretch forth thy hand with thy rod over the rivers, over the canals, and over the pools, and cause frogs to come up upon the land of Egypt.'
6 ထို့​ကြောင့်​အာ​ရုန်​သည်​ရေ​ပြင်​ရှိ​သ​မျှ​ပေါ် သို့​သူ​၏​လက်​ကို​ဆန့်​သ​ဖြင့် ဖား​များ​အ​လွန် မြောက်​မြား​စွာ​တက်​လာ​၍​အီ​ဂျစ်​တစ်​ပြည် လုံး​တွင်​ဖား​တို့​ဖြင့်​ပြည့်​နှက်​လျက်​ရှိ​လေ​၏။-
And Aaron stretched out his hand over the waters of Egypt; and the frogs came up, and covered the land of Egypt.
7 မှော်​ဆ​ရာ​တို့​က​လည်း​မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ဖြင့် အီ​ဂျစ်​ပြည်​သို့​ဖား​များ​တက် လာ​စေ​ကြ​၏။
And the magicians did in like manner with their secret arts, and brought up frogs upon the land of Egypt.
8 ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍ ``ငါ​နှင့်​ငါ​၏​ပြည်​သား​တို့​ထံ​မှ ဖား​တို့​ကို​ဖယ်​ရှား​ပေး​ရန်​ထာ​ဝ​ရ​ဘု​ရား ထံ​ဆု​တောင်း​ပါ​လော့။ သို့​ပြု​လျှင်​သင်​တို့​၏ အ​မျိုး​သား​များ ထာ​ဝ​ရ​ဘု​ရား​ကို​ယဇ် ပူ​ဇော်​ရန်​သွား​ခွင့်​ကို​ငါ​ပြု​မည်'' ဟု​ဆို​၏။
Then Pharaoh called for Moses and Aaron, and said: 'Entreat the LORD, that He take away the frogs from me, and from my people; and I will let the people go, that they may sacrifice unto the LORD.'
9 မော​ရှေ​က``ကိုယ်​တော်​နှင့်​ကိုယ်​တော်​၏​မှူး​မတ် ပြည်​သူ​တို့​၏​အိမ်​များ​မှ​ဖား​တို့​ကို​ဖယ်​ရှား ၍ နိုင်း​မြစ်​ထဲ​၌​သာ​ဖား​များ​နေ​စေ​ရန်​မည် သည့်​အ​ချိန်​တွင်​ဆု​တောင်း​ပေး​ရ​ပါ​မည် နည်း'' ဟု​မေး​လျှောက်​သော်၊
And Moses said unto Pharaoh: 'Have thou this glory over me; against what time shall I entreat for thee, and for thy servants, and for thy people, that the frogs be destroyed from thee and thy houses, and remain in the river only?'
10 ၁၀ ဖာ​ရော​ဘု​ရင်​က``နက်​ဖြန်​နေ့​တွင်​ဆု​တောင်း ပေး​ပါ​လော့'' ဟု​ဆို​လေ​၏။ ထို​အ​ခါ​မော​ရှေ​က``ကိုယ်​တော်​ပြော​သည် အ​တိုင်း ဆု​တောင်း​ပေး​ပါ​မည်။ အ​ကျွန်ုပ်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့်​တူ သော အ​ခြား​ဘု​ရား​မ​ရှိ​ကြောင်း​ကိုယ်​တော် သိ​ပါ​လိမ့်​မည်။-
And he said: 'Against to-morrow.' And he said: 'Be it according to thy word; that thou mayest know that there is none like unto the LORD our God.
11 ၁၁ ဖား​တို့​ကို​ကိုယ်​တော်​၏​နန်း​တော်​နှင့်​ကိုယ် တော်​၏​မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ​ဖယ်​ရှား​၍ မြစ်​ထဲ​၌​သာ​နေ​စေ​လိမ့်​မည်'' ဟု​လျှောက် ထား​ပြီး​လျှင်၊-
And the frogs shall depart from thee, and from thy houses, and from thy servants, and from thy people; they shall remain in the river only.'
12 ၁၂ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ဘု​ရင်​ထံ​မှ​ထွက် ခဲ့​ကြ​၏။ ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​သင့်​စေ သော​ဖား​များ​၏​ဘေး​မှ​လွတ်​မြောက်​ရန်​အ​တွက် မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တွင်​ဆု​တောင်း လေ​၏။-
And Moses and Aaron went out from Pharaoh; and Moses cried unto the LORD concerning the frogs, which He had brought upon Pharaoh.
13 ၁၃ ထာ​ဝ​ရ​ဘု​ရား​သ​ခင်​သည်​မော​ရှေ​ဆု​တောင်း သည့်​အ​တိုင်း​ပြု​တော်​မူ​သ​ဖြင့်​အိမ်​များ၊ ခြံ များ၊ လယ်​ကွင်း​များ​ထဲ​ရှိ​ဖား​များ​သေ​ကြ ကုန်​၏။-
And the LORD did according to the word of Moses; and the frogs died out of the houses, out of the courts, and out of the fields.
14 ၁၄ အီ​ဂျစ်​ပြည်​သား​တို့​သည်​ဖား​သေ​ကောင်​များ ကို​စု​ပုံ​ထား​ကြ​ရာ​တစ်​ပြည်​လုံး​တွင်​နံ​စော် လျက်​ရှိ​လေ​၏။-
And they gathered them together in heaps; and the land stank.
15 ၁၅ တိုင်း​ပြည်​တွင်​အ​ခြေ​အ​နေ​ကောင်း​လာ​ကြောင်း ကို​တွေ့​မြင်​ရ​သော​အ​ခါ၊ ဘု​ရင်​သည်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စကား ကို​နား​မ​ထောင်​ဘဲ​နေ​လေ​၏။
But when Pharaoh saw that there was respite, he hardened his heart, and hearkened not unto them; as the LORD had spoken.
16 ၁၆ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က``အာ​ရုန်​အား​မြေ ကြီး​ကို​သင်​၏​တောင်​ဝှေး​နှင့်​ရိုက်​လော့။ အီ​ဂျစ် တစ်​ပြည်​လုံး​တွင်​မြေ​မှုန့်​ရှိ​သ​မျှ​သည်​တော ခြင်​များ​ဖြစ်​လာ​လိမ့်​မည်​ဟု​ပြော​လော့'' ဟူ ၍​မော​ရှေ​အား​မိန့်​တော်​မူ​၏။-
And the LORD said unto Moses: 'Say unto Aaron: Stretch out thy rod, and smite the dust of the earth, that it may become gnats throughout all the land of Egypt.'
17 ၁၇ ထို့​ကြောင့်​အာ​ရုန်​သည်​တောင်​ဝှေး​ဖြင့်​မြေ ကြီး​ကို​ရိုက်​သ​ဖြင့် အီ​ဂျစ်​ပြည်​ရှိ​မြေ​မှုန့် ရှိ​သ​မျှ​သည်​တော​ခြင်​ဖြစ်​လာ​၍ လူ​နှင့် တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ်​လေ​၏။-
And they did so; and Aaron stretched out his hand with his rod, and smote the dust of the earth, and there were gnats upon man, and upon beast; all the dust of the earth became gnats throughout all the land of Egypt.
18 ၁၈ မှော်​ဆ​ရာ​တို့​လည်း​မိ​မိ​တို့​၏​အ​တတ်​ပ​ညာ ဖြင့် တော​ခြင်​များ​ဖြစ်​လာ​ရန်​အား​ထုတ်​ကြ သော်​လည်း​မ​အောင်​မြင်​ကြ​ချေ။ တော​ခြင် များ​သည်​လူ​နှင့်​တိ​ရစ္ဆာန်​တို့​၌​တွယ်​ကပ် လေ​သည်။-
And the magicians did so with their secret arts to bring forth gnats, but they could not; and there were gnats upon man, and upon beast.
19 ၁၉ ထို​အ​ခါ​မှော်​ဆ​ရာ​တို့​က​ဘု​ရင်​အား``ဤ အ​မှု​အ​ရာ​သည်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ဖြစ်​၏'' ဟု​လျှောက်​ကြ​၏။ သို့ ရာ​တွင်​ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​ခဲ့​သည့်​အ​တိုင်း​ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား မ​ထောင်​ဘဲ​နေ​လေ​၏။
Then the magicians said unto Pharaoh: 'This is the finger of God'; and Pharaoh's heart was hardened, and he hearkened not unto them; as the LORD had spoken.
20 ၂၀ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``နံ​နက် စော​စော​အ​ချိန်​၌​ဘု​ရင်​သည်​ရေ​ဆိပ်​သို့​သွား သော​အ​ခါ သူ​နှင့်​တွေ့​ဆုံ​၍`ငါ​၏​လူ​မျိုး​တော် သည်​ငါ့​အား​ဝတ်​ပြု​နိုင်​ရန်​သူ​တို့​ကို​သွား ခွင့်​ပြု​လော့။-
And the LORD said unto Moses: 'Rise up early in the morning, and stand before Pharaoh; lo, he cometh forth to the water; and say unto him: Thus saith the LORD: Let My people go, that they may serve Me.
21 ၂၁ သွား​ခွင့်​မ​ပြု​လျှင်​သင်​နှင့်​သင်​၏​မှူး​မတ် ပြည်​သူ​တို့​ထံ​သို့​မှက်​ကောင်​များ​ကို​ငါ စေ​လွှတ်​မည်။ အီ​ဂျစ်​ပြည်​သား​တို့​၏​အိမ် များ​နှင့်​မြေ​တစ်​ပြင်​လုံး​ကို​မှက်​ကောင် များ​ဖြင့်​ပြည့်​စေ​မည်။-
Else, if thou wilt not let My people go, behold, I will send swarms of flies upon thee, and upon thy servants, and upon thy people, and into thy houses; and the houses of the Egyptians shall be full of swarms of flies, and also the ground whereon they are.
22 ၂၂ ထို​နေ့​တွင်​ငါ​၏​လူ​မျိုး​တော်​နေ​ထိုင်​ရာ ဂေါ​ရှင်​ဒေ​သ​ကို​ချန်​လှပ်​၍​ထား​သ​ဖြင့် ထို ဒေ​သ​၌​မှက်​ကောင်​မ​ရှိ​စေ​ရ။ ထို​သို့​ပြု​ခြင်း အား​ဖြင့်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဤ​ပြည် တွင်​ရှိ​တော်​မူ​ကြောင်း​ကို​သင်​သိ​ရ​လိမ့်​မည်။-
And I will set apart in that day the land of Goshen, in which My people dwell, that no swarms of flies shall be there; to the end that thou mayest know that I am the LORD in the midst of the earth.
23 ၂၃ ငါ​သည်​ငါ​၏​လူ​မျိုး​တော်​နှင့်​သင်​၏​လူ​မျိုး ကို​ခြား​နား​၍​ထား​မည်။ ဤ​နိ​မိတ်​လက္ခ​ဏာ ကို​နက်​ဖြန်​နေ့​တွင်​ငါ​ပြ​မည်' ဟု​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​ကြောင်း​ပြော​လော့'' ဟူ​၍ မိန့်​တော်​မူ​သည်။-
And I will put a division between My people and thy people — by to-morrow shall this sign be.'
24 ၂၄ ထာ​ဝ​ရ​ဘု​ရား​သည်​မှက်​ကောင်​အုပ်​ကြီး​များ ကို​ဘု​ရင်​၏​နန်း​တော်၊ မှူး​မတ်​တို့​၏​အိမ်​များ နှင့်​အီ​ဂျစ်​တစ်​ပြည်​လုံး​သို့​စေ​လွှတ်​တော်​မူ ၏။ မှက်​ကောင်​များ​ကြောင့်​တိုင်း​ပြည်​ပျက် ရ​လေ​၏။
And the LORD did so; and there came grievous swarms of flies into the house of Pharaoh, and into his servants' houses; and in all the land of Egypt the land was ruined by reason of the swarms of flies.
25 ၂၅ ထို​အ​ခါ​ဘု​ရင်​သည် မော​ရှေ​နှင့်​အာ​ရုန်​တို့ ကို​ခေါ်​၍``သင်​တို့​၏​ဘု​ရား​အား​ဤ​ပြည် ထဲ​၌​ယဇ်​ပူ​ဇော်​လော့'' ဟု​ဆို​လေ​၏။
And Pharaoh called for Moses and for Aaron, and said: 'Go ye, sacrifice to your God in the land.'
26 ၂၆ မော​ရှေ​က``အ​ကျွန်ုပ်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​ယဇ်​ကောင် များ​ကို​အီ​ဂျစ်​အ​မျိုး​သား​တို့​က​ရွံ​ရှာ ကြ​မည်​ဖြစ်​သော​ကြောင့် ထို​ကဲ့​သို့​မ​ပြု​လုပ် သင့်​ပါ။ အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​ယဇ် ကောင်​များ​ပူ​ဇော်​ခြင်း​ကို​မြင်​လျှင် အ​ကျွန်ုပ် တို့​အား​ခဲ​နှင့်​ပစ်​၍​သတ်​ကြ​ပါ​လိမ့်​မည်။-
And Moses said: 'It is not meet so to do; for we shall sacrifice the abomination of the Egyptians to the LORD our God; lo, if we sacrifice the abomination of the Egyptians before their eyes, will they not stone us?
27 ၂၇ အ​ကျွန်ုပ်​တို့​သည်​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သည့်​အ​တိုင်း တော​ကန္တာ​ရ သို့​သုံး​ရက်​ခ​ရီး​သွား​၍​ယဇ်​ပူ​ဇော်​ရ​ပါ မည်'' ဟု​လျှောက်​ဆို​၏။
We will go three days' journey into the wilderness, and sacrifice to the LORD our God, as He shall command us.'
28 ၂၈ ဖာ​ရော​ဘု​ရင်​က``သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား တော​ကန္တာ​ရ​၌​ယဇ်​ပူ ဇော်​ရန်​ငါ​စေ​လွှတ်​မည်။ သို့​ရာ​တွင်​ခ​ရီး ဝေး​မ​သွား​ရ။ ငါ့​အ​တွက်​ဆု​တောင်း​ပေး ပါ​လော့'' ဟု​ဆို​လေ​၏။
And Pharaoh said: 'I will let you go, that ye may sacrifice to the LORD your God in the wilderness; only ye shall not go very far away; entreat for me.'
29 ၂၉ မော​ရှေ​က``နက်​ဖြန်​နေ့​တွင်​ကိုယ်​တော်​နှင့် မှူး​မတ်​ပြည်​သူ​တို့​ထံ​မှ မှက်​ကောင်​များ​ကို ဖယ်​ရှား​ပေး​ရန်​ယ​ခု​ကိုယ်​တော်​ထံ​မှ​ထွက် သွား​လျှင်​သွား​ချင်း ထာ​ဝ​ရ​ဘု​ရား​ထံ​၌ ဆု​တောင်း​ပေး​ပါ​မည်။ ထာ​ဝ​ရ​ဘု​ရား​ကို ယဇ်​ပူ​ဇော်​ရန်​ဣသ​ရေ​လ​အ​မျိုး​သား​တို့ အား ယ​ခု​သွား​ခွင့်​ပြု​ပြီး​မှ​မ​သွား​ရ​ဟု နောက်​တစ်​ဖန်​မ​လှည့်​စား​မ​တား​ဆီး​ပါ နှင့်'' ဟု​လျှောက်​ထား​လေ​၏။
And Moses said: 'Behold, I go out from thee, and I will entreat the LORD that the swarms of flies may depart from Pharaoh, from his servants, and from his people, tomorrow; only let not Pharaoh deal deceitfully any more in not letting the people go to sacrifice to the LORD.'
30 ၃၀ ထို​နောက်​မော​ရှေ​သည်​ဘု​ရင်​ထံ​မှ​ထွက်​ခဲ့ ပြီး​နောက် ထာ​ဝ​ရ​ဘု​ရား​ထံ​၌​ဆု​တောင်း လေ​၏။-
And Moses went out from Pharaoh, and entreated the LORD.
31 ၃၁ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​ဆု​တောင်း​သည့် အ​တိုင်း ဘု​ရင်​နှင့်​မှူး​မတ်​ပြည်​သူ​တို့​ထံ​၌ မှက်​တစ်​ကောင်​မျှ​မ​ကျန်​စေ​ရန်​မှက်​အား​လုံး ကို​ဖယ်​ရှား​တော်​မူ​၏။-
And the LORD did according to the word of Moses; and He removed the swarms of flies from Pharaoh, from his servants, and from his people; there remained not one.
32 ၃၂ သို့​ရာ​တွင်​ဘု​ရင်​သည်​ယ​ခု​အ​ကြိမ်​၌​လည်း ခေါင်း​မာ​မြဲ​ခေါင်း​မာ​လျက် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ကို​သွား​ခွင့်​မ​ပြု​ချေ။
And Pharaoh hardened his heart this time also, and he did not let the people go.

< ထွက်မြောက်ရာ 8 >