< ထွက်မြောက်ရာ 7 >

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``အီ​ဂျစ်​ဘု​ရင် ၏​ရှေ့​တွင်​သင်​သည်​ဘု​ရား​ကဲ့​သို့​လည်း​ကောင်း၊ သင်​၏​အစ်​ကို​အာ​ရုန်​သည်​သင့်​ကိုယ်​စား​ပြော ဆို​ရ​သော​ပ​ရော​ဖက်​ကဲ့​သို့​လည်း​ကောင်း​ငါ ဖြစ်​စေ​မည်။-
Dixitque Dominus ad Moysen: Ecce constitui te deum Pharaonis: et Aaron frater tuus erit propheta tuus.
2 ငါ​သည်​သင့်​အား​မိန့်​ကြား​သ​မျှ​ကို​အာ​ရုန် အား​ပြော​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထွက်​ခွင့်​ပြု​စေ​ရန် သူ သည်​ဖာ​ရော​ဘု​ရင်​အား​လျှောက်​ထား​ရ​မည်။-
Tu loqueris ei omnia quæ mando tibi: et ille loquetur ad Pharaonem, ut dimittat filios Israel de terra sua.
3 သို့​ရာ​တွင်​ငါ​သည်​ဘု​ရင်​အား​ခေါင်း​မာ​စေ သ​ဖြင့် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​အံ့​သြ​ဖွယ် ရာ​အ​မှု​တို့​ကို​ငါ​ပြ​သော်​လည်း၊-
Sed ego indurabo cor eius, et multiplicabo signa et ostenta mea in Terra Ægypti,
4 သူ​သည်​သင်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လိမ့်​မည်။ ထို​အ​ခါ​အီ​ဂျစ်​ပြည်​တွင်​ငါ​၏​တန်​ခိုး​ကို ပြ​၍ ပြည်​သူ​ပြည်​သား​တို့​ကို​ပြင်း​ထန်​စွာ ဒဏ်​ခတ်​လျက် ငါ​၏​လူ​မျိုး​တော်​ဖြစ်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​ဗိုလ်​ခြေ​အ​ပေါင်း တို့​ကို​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​မည်။-
et non audiet vos: immittamque manum meam super Ægyptum, et educam exercitum et populum meum filios Israel de Terra Ægypti per iudicia maxima.
5 ထို​သို့​အီ​ဂျစ်​အ​မျိုး​သား​တို့​အား​တန်​ခိုး ကို​ပြ​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​ထုတ် ဆောင်​သော​အ​ခါ၊ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​ကြောင်း​အီ​ဂျစ်​အ​မျိုး​သား​တို့​သိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။-
Et scient Ægyptii quia ego sum Dominus qui extenderim manum meam super Ægyptum, et eduxerim filios Israel de medio eorum.
6 မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း ဘု​ရင်​အား​လျှောက် ထား​ကြ​၏။-
Fecit itaque Moyses et Aaron sicut præceperat Dominus: ita egerunt.
7 ဘု​ရင်​ထံ​သို့​ဝင်​၍​လျှောက်​ထား​ချိန်​၌​မော​ရှေ သည် အ​သက်​ရှစ်​ဆယ်၊ အာ​ရုန်​သည်​အ​သက်​ရှစ် ဆယ်​သုံး​နှစ်​ရှိ​ကြ​သ​တည်း။
Erat autem Moyses octoginta annorum, et Aaron octoginta trium, quando locuti sunt ad Pharaonem.
8 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​နှင့်​အာ​ရုန်​တို့ အား၊-
Dixitque Dominus ad Moysen et Aaron:
9 ``အ​ကယ်​၍​ဖာ​ရော​ဘု​ရင်​က`ငါ​ယုံ​နိုင်​ရန် နိ​မိတ်​လက္ခ​ဏာ​ကို​ပြ​လော့' ဟု​ဆို​လျှင်​သင် သည်​အာ​ရုန်​အား`ဘု​ရင်​ရှေ့​၌​သင်​၏​တောင် ဝှေး​ကို​ပစ်​ချ​ရန်​ပြော​လော့။ တောင်​ဝှေး​သည် မြွေ​ဖြစ်​လိမ့်​မည်'' ဟူ​၍​မိန့်​တော်​မူ​၏။-
Cum dixerit vobis Pharao, Ostendite signa: dices ad Aaron: Tolle virgam tuam, et proiice eam coram Pharaone, ac vertetur in colubrum.
10 ၁၀ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း ဘု​ရင်​ထံ​သို့​ဝင်​ကြ ၏။ ထို​နောက်​အာ​ရုန်​သည်​သူ​၏​တောင်​ဝှေး​ကို ဘု​ရင်​နှင့်​မှူး​မတ်​များ​ရှေ့​တွင်​ပစ်​ချ​လိုက် ရာ​တောင်​ဝှေး​သည်​မြွေ​ဖြစ်​လေ​၏။-
Ingressi itaque Moyses et Aaron ad Pharaonem, fecerunt sicut præceperat Dominus. tulitque Aaron virgam coram Pharaone et servis eius, quæ versa est in colubrum.
11 ၁၁ ထို​အ​ခါ​ဘု​ရင်​သည်​သူ​၏​ပ​ညာ​ရှိ​များ​နှင့် မှော်​ဆ​ရာ​များ​ကို​ဆင့်​ခေါ်​၍၊ သူ​တို့​သည် မှော်​အ​တတ်​ဖြင့်​အ​လား​တူ​ပ​ညာ​စွမ်း​ကို ပြ​ကြ​၏။-
Vocavit autem Pharao sapientes et maleficos: et fecerunt etiam ipsi per incantationes Ægyptiacas et arcana quædam similiter.
12 ၁၂ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​တောင်​ဝှေး​များ​ကို ပစ်​ချ​ရာ တောင်​ဝှေး​များ​သည်​မြွေ​ဖြစ်​ကြ ကုန်​၏။ သို့​ရာ​တွင်​အာ​ရုန်​၏​မြွေ​က​ထို​သူ တို့​၏​မြွေ​များ​ကို​မျို​လိုက်​လေ​၏။-
Proieceruntque singuli virgas suas, quæ versæ sunt in dracones: sed devoravit virga Aaron virgas eorum.
13 ၁၃ ဘု​ရင်​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ​ခေါင်း​မာ​လျက်​နေ​လေ​၏။
Induratumque est cor Pharaonis, et non audivit eos, sicut præceperat Dominus.
14 ၁၄ ထို​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဘု​ရင် သည်​အ​လွန်​ခေါင်း​မာ​လျက်​ရှိ​၏။ သူ​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​မ​လွှတ်​ဘဲ​နေ​၏။-
Dixit autem Dominus ad Moysen: Ingravatum est cor Pharaonis, non vult dimittere populum.
15 ၁၅ နံ​နက်​တွင်​ဘု​ရင်​သည်​နိုင်း​မြစ်​ကမ်း​သို့​ဆင်း သော​အ​ခါ​သူ့​ထံ​သို့​သွား​လော့။ မြွေ​အ​ဖြစ် သို့​ပြောင်း​ခဲ့​သော​တောင်​ဝှေး​ကို​ယူ​ဆောင်​၍ မြစ်​ကမ်း​ပေါ်​တွင်​စောင့်​နေ​လော့။-
Vade ad eum mane, ecce egredietur ad aquas: et stabis in occursum eius super ripam fluminis: et virgam, quæ conversa est in draconem, tolles in manu tua.
16 ၁၆ ဘု​ရင်​အား`ဟေ​ဗြဲ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က မိ​မိ​၏​လူ​မျိုး​တော် သည်​တော​ကန္တာ​ရ​တွင်​မိ​မိ​အား​ဝတ်​ပြု​နိုင်​ရန် သွား​ခွင့်​ပေး​ရန် ကျွန်ုပ်​ကို​ပြော​ခိုင်း​သည်။ သို့​ရာ တွင်​ကိုယ်​တော်​သည်​ယ​ခု​တိုင်​အောင်​အ​မိန့် တော်​ကို​မ​လိုက်​နာ​ပါ။-
Dicesque ad eum: Dominus Deus Hebræorum misit me ad te, dicens: Dimitte populum meum ut sacrificet mihi in deserto: et usque ad præsens audire noluisti.
17 ၁၇ အ​ရှင်​မင်း​ကြီး၊ ထာ​ဝ​ရ​ဘု​ရား​က​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း ယ​ခု​ငါ​ပြု မည့်​အ​မှု​ဖြင့်​သင်​သိ​ရ​လိမ့်​မည်​ဟု​မိန့်​တော် မူ​ပြီ။ ကျွန်ုပ်​သည်​ဤ​တောင်​ဝှေး​နှင့်​မြစ်​ရေ​ကို ရိုက်​သ​ဖြင့်​ရေ​သည်​သွေး​ဖြစ်​လိမ့်​မည်။-
Hæc igitur dicit Dominus: In hoc scies quod sim Dominus: ecce percutiam virga, quæ in manu mea est, aquam fluminis, et vertetur in sanguinem.
18 ၁၈ မြစ်​ထဲ​ရှိ​ငါး​တို့​သေ​၍​မြစ်​ရေ​သည်​နံ​စော် သ​ဖြင့်၊ အီ​ဂျစ်​ပြည်​သား​တို့​သည်​ထို​ရေ​ကို မ​သောက်​သုံး​နိုင်​ဖြစ်​ရ​လိမ့်​မည်' ဟု​ဘု​ရင် ကို​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
Pisces quoque, qui sunt in fluvio, morientur, et computrescent aquæ, et affligentur Ægyptii bibentes aquam fluminis.
19 ၁၉ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​ကို​မိန့်​တော် မူ​သည်​မှာ ``အာ​ရုန်​အား သင်​သည်​အီ​ဂျစ်​ပြည် တွင်​ရှိ​သ​မျှ​သော မြစ်၊ ချောင်း၊ အင်း၊ အိုင်​ရေ လှောင်​ကန်​တို့​၏​ရေ​ပေါ်​၌ တောင်​ဝှေး​ကို​ကိုင်​၍ လက်​ဆန့်​လော့။ တစ်​ပြည်​လုံး​တွင်​သစ်​သား​ခွက်၊ ကျောက်​ခွက်​တို့​ပါ​မ​ကျန်​ရှိ​သ​မျှ​သော​ရေ တို့​သည်​သွေး​ဖြစ်​လိမ့်​မည်' ဟု​ပြော​လော့'' ဟူ​၍​မိန့်​တော်​မူ​၏။
Dixit quoque Dominus ad Moysen: Dic ad Aaron, Tolle virgam tuam, et extende manum tuam super aquas Ægypti, et super fluvios eorum, et rivos ac paludes, et omnes lacus aquarum, ut vertantur in sanguinem: et sit cruor in omni Terra Ægypti, tam in ligneis vasis quam in saxeis.
20 ၂၀ မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့် တော်​မူ​သည့်​အ​တိုင်း​လိုက်​နာ​ဆောင်​ရွက်​ကြ​၏။ အာ​ရုန်​သည်​ဘု​ရင်​နှင့်​သူ​၏​မှူး​မတ်​များ​၏ ရှေ့​တွင်​တောင်​ဝှေး​ကို​မြှောက်​၍ မြစ်​ရေ​ကို​ရိုက် ရာ​မြစ်​ရေ​သည်​သွေး​ဖြစ်​လေ​၏။-
Feceruntque Moyses et Aaron sicut præceperat Dominus: et elevans virgam percussit aquam fluminis coram Pharaone et servis eius: quæ versa est in sanguinem.
21 ၂၁ မြစ်​ထဲ​၌​ရှိ​သော​ငါး​တို့​သည်​သေ​ကုန်​၏။ ရေ သည်​အ​လွန်​အ​နံ့​ဆိုး​သ​ဖြင့် အီ​ဂျစ်​ပြည် သား​တို့​သည်​ထို​ရေ​ကို​မ​သောက်​သုံး​နိုင် ကြ​ချေ။ အီ​ဂျစ်​တစ်​ပြည်​လုံး​နေ​ရာ​အ​နှံ့ တွင်​သွေး​နှင့်​ပြည့်​လေ​၏။-
Et pisces, qui erant in flumine, mortui sunt: computruitque fluvius, et non poterant Ægyptii bibere aquam fluminis, et fuit sanguis in tota Terra Ægypti.
22 ၂၂ သို့​ရာ​တွင်​အီ​ဂျစ်​မှော်​ဆ​ရာ​တို့​က​လည်း၊ မိ​မိ​တို့​၏​အ​တတ်​ဖြင့်​ရေ​ကို​သွေး​ဖြစ်​စေ ကြ​ရာ​ဘု​ရင်​သည် ယ​ခင်​နည်း​တူ​ခေါင်း​မာ မြဲ​ခေါင်း​မာ​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း သူ​သည်​မော​ရှေ နှင့်​အာ​ရုန်​တို့​၏​စ​ကား​ကို​နား​မ​ထောင် ဘဲ​နေ​လေ​၏။-
Feceruntque similiter malefici Ægyptiorum incantationibus suis: et induratum est cor Pharaonis, nec audivit eos, sicut præceperat Dominus.
23 ၂၃ ဘု​ရင်​သည်​ထို​အ​မှု​အ​ရာ​ကို​အ​ရေး​မ ကြီး​သော​ကိစ္စ​ဟူ​၍ သ​ဘော​ပိုက်​ကာ​နန်း တော်​သို့​ပြန်​သွား​လေ​၏။-
Avertitque se, et ingressus est domum suam, nec apposuit cor etiam hac vice.
24 ၂၄ အီ​ဂျစ်​ပြည်​သား​တို့​သည်​မြစ်​ရေ​ကို​မ​သောက် သုံး​နိုင်​ကြ​သ​ဖြင့်၊ မြစ်​ကမ်း​တစ်​လျှောက် တွင်​သောက်​ရေ​အ​တွက်​တွင်း​တူး​ကြ​၏။
Foderunt autem omnes Ægyptii per circuitum fluminis aquam ut biberent: non enim poterant bibere de aqua fluminis.
25 ၂၅ ထာ​ဝ​ရ​ဘု​ရား​သည်​မြစ်​ကို​သွေး​ဖြစ်​စေ ပြီး​နောက် ခု​နစ်​ရက်​ကြာ​လေ​၏။
Impletique sunt septem dies, postquam percussit Dominus fluvium.

< ထွက်မြောက်ရာ 7 >