< ထွက်မြောက်ရာ 7 >
1 ၁ ထာဝရဘုရားကမောရှေအား``အီဂျစ်ဘုရင် ၏ရှေ့တွင်သင်သည်ဘုရားကဲ့သို့လည်းကောင်း၊ သင်၏အစ်ကိုအာရုန်သည်သင့်ကိုယ်စားပြော ဆိုရသောပရောဖက်ကဲ့သို့လည်းကောင်းငါ ဖြစ်စေမည်။-
I MAI la o Iehova ia Mose, e nana hoi, ua hoonoho wau ia oe i akua no Parao, a o Aarona kou kaikuaana, oia no auanei kou kaula.
2 ၂ ငါသည်သင့်အားမိန့်ကြားသမျှကိုအာရုန် အားပြောရမည်။ ဣသရေလအမျိုးသား တို့ကိုအီဂျစ်ပြည်မှထွက်ခွင့်ပြုစေရန် သူ သည်ဖာရောဘုရင်အားလျှောက်ထားရမည်။-
O na mea a pau a'u e kauoha aku ai ia oe, oia kau e hai aku ai: a o Aarona kou kaikuaana ke olelo aku ia Parao, e hoouna aku ia i na mamo a Iseraela mai kona aina aku.
3 ၃ သို့ရာတွင်ငါသည်ဘုရင်အားခေါင်းမာစေ သဖြင့် နိမိတ်လက္ခဏာများနှင့်အံ့သြဖွယ် ရာအမှုတို့ကိုငါပြသော်လည်း၊-
A e hoopaakiki auanei au i ka naau o Parao, a e hana no au i ko'u mau ouli a nui, a me ko'u mau mea mana ma ka aina o Aigupita.
4 ၄ သူသည်သင်တို့၏စကားကိုနားမထောင် ဘဲနေလိမ့်မည်။ ထိုအခါအီဂျစ်ပြည်တွင်ငါ၏တန်ခိုးကို ပြ၍ ပြည်သူပြည်သားတို့ကိုပြင်းထန်စွာ ဒဏ်ခတ်လျက် ငါ၏လူမျိုးတော်ဖြစ်သော ဣသရေလအမျိုးသားဗိုလ်ခြေအပေါင်း တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်မည်။-
Aole nae e hoolohe mai o Parao ia olua, i kau aku ai au i ko'u lima maluna o Aigupita, a e lawe mai iwaho i ko'u poe kaua i ka poe kanaka o'u, i na mamo a Iseraela, mai ka aina o Aigupita mai, me ka hoopai nui aku.
5 ၅ ထိုသို့အီဂျစ်အမျိုးသားတို့အားတန်ခိုး ကိုပြ၍ ဣသရေလအမျိုးသားတို့ကိုထုတ် ဆောင်သောအခါ၊ ငါသည်ထာဝရဘုရား ဖြစ်ကြောင်းအီဂျစ်အမျိုးသားတို့သိ ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
A e ike auanei ko Aigupita, owau no Iehova, ia'u e hookakauha aku ai i ko'u lima maluna o Aigupita, a e lawe mai i na mamo a Iseraela maiwaena mai o lakou.
6 ၆ မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်မှာတော်မူသည့်အတိုင်း ဘုရင်အားလျှောက် ထားကြ၏။-
Hana iho la o Mose laua o Aarona, e like me ka Iehova i kauoha mai ai ia laua; pela laua i hana aku ai.
7 ၇ ဘုရင်ထံသို့ဝင်၍လျှောက်ထားချိန်၌မောရှေ သည် အသက်ရှစ်ဆယ်၊ အာရုန်သည်အသက်ရှစ် ဆယ်သုံးနှစ်ရှိကြသတည်း။
He kanawalu na makahiki o Mose, a he kanawalu na makahiki o Aarona a me kumamakolu, i ka wa a laua i olelo aku ai ia Parao.
8 ၈ ထာဝရဘုရားကမောရှေနှင့်အာရုန်တို့ အား၊-
Olelo mai la o Iehova ia Mose a me Aarona, i mai la,
9 ၉ ``အကယ်၍ဖာရောဘုရင်က`ငါယုံနိုင်ရန် နိမိတ်လက္ခဏာကိုပြလော့' ဟုဆိုလျှင်သင် သည်အာရုန်အား`ဘုရင်ရှေ့၌သင်၏တောင် ဝှေးကိုပစ်ချရန်ပြောလော့။ တောင်ဝှေးသည် မြွေဖြစ်လိမ့်မည်'' ဟူ၍မိန့်တော်မူ၏။-
I ka wa e olelo mai ai o Parao ia olua, i ka i ana mai, E hoike mai olua i kekahi hana mana; alaila e olelo ae oe ia Aarona, E lalau i kou kookoo, a e kiola iho imua o Parao, a e lilo ia i nahesa:
10 ၁၀ မောရှေနှင့်အာရုန်တို့သည်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း ဘုရင်ထံသို့ဝင်ကြ ၏။ ထိုနောက်အာရုန်သည်သူ၏တောင်ဝှေးကို ဘုရင်နှင့်မှူးမတ်များရှေ့တွင်ပစ်ချလိုက် ရာတောင်ဝှေးသည်မြွေဖြစ်လေ၏။-
Hele aku la o Mose laua o Aarona io Parao la, hana iho la laua e like me ke kauoha ana a Iehova, a kiola iho la o Aarona i kona kookoo imua o Parao, a imua o kana poe kauwa, a lilo iho la ia i nahesa.
11 ၁၁ ထိုအခါဘုရင်သည်သူ၏ပညာရှိများနှင့် မှော်ဆရာများကိုဆင့်ခေါ်၍၊ သူတို့သည် မှော်အတတ်ဖြင့်အလားတူပညာစွမ်းကို ပြကြ၏။-
Kii aku la hoi o Parao i na kanaka akamai, a me na kilo; a o na magoi o Aigupita, hana iho la hoi lakou pela, i ko lakou kilokilo ana.
12 ၁၂ ထိုသူတို့သည်မိမိတို့၏တောင်ဝှေးများကို ပစ်ချရာ တောင်ဝှေးများသည်မြွေဖြစ်ကြ ကုန်၏။ သို့ရာတွင်အာရုန်၏မြွေကထိုသူ တို့၏မြွေများကိုမျိုလိုက်လေ၏။-
No ka mea, kiola iho la kela kanaka keia kanaka a pau i kona kookoo iho, i lilo lakou i mau nahesa: aka, o ke kookoo o Aarona, moni iho la ia i ko lakou mau kookoo.
13 ၁၃ ဘုရင်သည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း မောရှေနှင့်အာရုန်တို့၏စကားကို နားမထောင်ဘဲခေါင်းမာလျက်နေလေ၏။
A hoopaakikiia mai la ka naau o Parao, i hoolohe ole ai oia ia laua, e like me ka mea a Iehova i olelo mai ai.
14 ၁၄ ထိုနောက်ထာဝရဘုရားကမောရှေအား``ဘုရင် သည်အလွန်ခေါင်းမာလျက်ရှိ၏။ သူသည်ဣသ ရေလအမျိုးသားတို့အားမလွှတ်ဘဲနေ၏။-
I mai la o Iehova ia Mose, Ua hoopaakikiia ko Parao naau, i ole ai ia e hookuu mai i ka poe kanaka.
15 ၁၅ နံနက်တွင်ဘုရင်သည်နိုင်းမြစ်ကမ်းသို့ဆင်း သောအခါသူ့ထံသို့သွားလော့။ မြွေအဖြစ် သို့ပြောင်းခဲ့သောတောင်ဝှေးကိုယူဆောင်၍ မြစ်ကမ်းပေါ်တွင်စောင့်နေလော့။-
A kakahiaka ae, e hele oe io Parao la, aia e hele ana no ia i ka wai; e ku oe ma ke kapa o ka muliwai e halawai me ia: a e lawe oe ma kou lima i ke kookoo i lilo ai i nahesa.
16 ၁၆ ဘုရင်အား`ဟေဗြဲအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရားက မိမိ၏လူမျိုးတော် သည်တောကန္တာရတွင်မိမိအားဝတ်ပြုနိုင်ရန် သွားခွင့်ပေးရန် ကျွန်ုပ်ကိုပြောခိုင်းသည်။ သို့ရာ တွင်ကိုယ်တော်သည်ယခုတိုင်အောင်အမိန့် တော်ကိုမလိုက်နာပါ။-
A e olelo aku oe ia ia, Ua hoouna mai nei ke Akua o ka poe Hebera ia'u ion nei, ua i mai, E hookuu mai oe i ko'u poe kanaka, i hookauwa mai lakou na'u ma ka waonahele: aia hoi, aole oe i manao e hoolohe mamua.
17 ၁၇ အရှင်မင်းကြီး၊ ထာဝရဘုရားကငါသည် ထာဝရဘုရားဖြစ်ကြောင်း ယခုငါပြု မည့်အမှုဖြင့်သင်သိရလိမ့်မည်ဟုမိန့်တော် မူပြီ။ ကျွန်ုပ်သည်ဤတောင်ဝှေးနှင့်မြစ်ရေကို ရိုက်သဖြင့်ရေသည်သွေးဖြစ်လိမ့်မည်။-
Ke olelo mai nei o Iehova penei, Ma keia mea e ike auanei oe, owau no Iehova: aia hoi, e hahau no wau i keia kookoo ma kuu lima, maluna o ka wai maloko o ka muliwai, a e lilo ia i koko.
18 ၁၈ မြစ်ထဲရှိငါးတို့သေ၍မြစ်ရေသည်နံစော် သဖြင့်၊ အီဂျစ်ပြည်သားတို့သည်ထိုရေကို မသောက်သုံးနိုင်ဖြစ်ရလိမ့်မည်' ဟုဘုရင် ကိုပြောလော့'' ဟူ၍မိန့်တော်မူ၏။
A e make no ka ia maloko o ka muliwai, a e hoopailua ko Aigupita ke inu i ka wai o ka muliwai.
19 ၁၉ တစ်ဖန်ထာဝရဘုရားက မောရှေကိုမိန့်တော် မူသည်မှာ ``အာရုန်အား သင်သည်အီဂျစ်ပြည် တွင်ရှိသမျှသော မြစ်၊ ချောင်း၊ အင်း၊ အိုင်ရေ လှောင်ကန်တို့၏ရေပေါ်၌ တောင်ဝှေးကိုကိုင်၍ လက်ဆန့်လော့။ တစ်ပြည်လုံးတွင်သစ်သားခွက်၊ ကျောက်ခွက်တို့ပါမကျန်ရှိသမျှသောရေ တို့သည်သွေးဖြစ်လိမ့်မည်' ဟုပြောလော့'' ဟူ၍မိန့်တော်မူ၏။
I mai la o Iehova ia Mose, E olelo aku oe ia Aarona, E lalau oe i kou kookoo, a e o aku kou lima maluna o na wai o Aigupita, ma na kahawai, a ma na muliwai, a ma na loko, a ma na huinawai a pau o lakou, i lilo ai lakou i koko: i hiki mai ke koko ma na aina a pau o Aigupita nei, maloko o ka laau, a maloko o ka pohaku.
20 ၂၀ မောရှေနှင့်အာရုန်တို့သည် ထာဝရဘုရားမိန့် တော်မူသည့်အတိုင်းလိုက်နာဆောင်ရွက်ကြ၏။ အာရုန်သည်ဘုရင်နှင့်သူ၏မှူးမတ်များ၏ ရှေ့တွင်တောင်ဝှေးကိုမြှောက်၍ မြစ်ရေကိုရိုက် ရာမြစ်ရေသည်သွေးဖြစ်လေ၏။-
A hana iho la o Mose laua o Aarona e like me ka mea a Iehova i olelo mai ai. Hapai ae la ia i ke kookoo a hahau iho la i ka wai maloko o ka muliwai, imua i ke alo o Parao, a imua i ke alo o kana poe kauwa: a lilo ae la ka wai a pau o ka muliwai i koko.
21 ၂၁ မြစ်ထဲ၌ရှိသောငါးတို့သည်သေကုန်၏။ ရေ သည်အလွန်အနံ့ဆိုးသဖြင့် အီဂျစ်ပြည် သားတို့သည်ထိုရေကိုမသောက်သုံးနိုင် ကြချေ။ အီဂျစ်တစ်ပြည်လုံးနေရာအနှံ့ တွင်သွေးနှင့်ပြည့်လေ၏။-
A make iho la ka ia maloko o ka muliwai; pilau mai la ka muliwai; aole i hiki i ko Aigupita ke inu i ka wai o ua muliwai la: a he koko no ma ka aina o Aigupita a pau.
22 ၂၂ သို့ရာတွင်အီဂျစ်မှော်ဆရာတို့ကလည်း၊ မိမိတို့၏အတတ်ဖြင့်ရေကိုသွေးဖြစ်စေ ကြရာဘုရင်သည် ယခင်နည်းတူခေါင်းမာ မြဲခေါင်းမာလျက်နေ၏။ ထာဝရဘုရား မိန့်တော်မူသည့်အတိုင်း သူသည်မောရှေ နှင့်အာရုန်တို့၏စကားကိုနားမထောင် ဘဲနေလေ၏။-
Hana iho la no pela na magoi o Aigupita i ko lakou mea e kilokilo ai; a ua hoopaakikiia ka naau o Parao, aole hoi ia i hoolohe mai ia laua, e like no me ka mea a Iehova i olelo mai ai.
23 ၂၃ ဘုရင်သည်ထိုအမှုအရာကိုအရေးမ ကြီးသောကိစ္စဟူ၍ သဘောပိုက်ကာနန်း တော်သို့ပြန်သွားလေ၏။-
Huli ae la o Parao, a hoi aku la i kona hale; aole hoi ia i kau aku i kona manao ma ia mea.
24 ၂၄ အီဂျစ်ပြည်သားတို့သည်မြစ်ရေကိုမသောက် သုံးနိုင်ကြသဖြင့်၊ မြစ်ကမ်းတစ်လျှောက် တွင်သောက်ရေအတွက်တွင်းတူးကြ၏။
Kohi iho la ko Aigupita a pau i na wahi e kokoke ana i ka muliwai, i loaa'i ka wai e inu: no ka mea, aole i hiki ia lakou ke inu i ka wai o ka muliwai.
25 ၂၅ ထာဝရဘုရားသည်မြစ်ကိုသွေးဖြစ်စေ ပြီးနောက် ခုနစ်ရက်ကြာလေ၏။
A ua hala ae la na la ehiku mai ka wa mai o ko Iehova hahau ana i ka muliwai.