< ထွက်မြောက်ရာ 6 >
1 ၁ ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
Na LEUM GOD El fahk nu sel Moses, “Inge kom ac fah liye ma nga ac oru nu sel tokosra. Ke po ku luk, nga ac oru elan fuhlela mwet luk uh in som. Aok, nga ac oru elan luselosla liki facl sel uh.”
2 ၂ ဘုရားသခင်က မောရှေအား``ငါသည်ထာဝရ ဘုရားဖြစ်၏။-
God El kaskas nu sel Moses ac fahk, “Nga pa LEUM GOD.
3 ၃ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါသည်အနန္တ တန်ခိုးရှင်ဘုရားသခင်အဖြစ်နှင့်ထင်ရှားခဲ့ သော်လည်း ထာဝရဘုရားဟူသောနာမဖြင့် သူတို့သည်ငါ့ကိုမသိကြ။-
Nga tuh sikyang nu sel Abraham, ac Isaac, ac Jacob, oana ke nga God Kulana, tusruktu nga tiana fahkyuyak nu selos ke Ine mutal luk: LEUM GOD.
4 ၄ ထို့အပြင်သူတို့သည်ဧည့်သည်အဖြစ်ဖြင့်နေ ထိုင်ခဲ့ရသောခါနာန်ပြည်ကို သူတို့အားပေး မည်ဟုငါသည်သူတို့နှင့်ပဋိညာဉ်ပြုခဲ့၏။-
Nga oayapa oakiya wuleang luk yorolos in sang nu selos facl Canaan, facl se su elos tuh mutangan mwetsac we.
5 ၅ ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။-
Inge nga lohng sasao lun mwet Israel, su mwet Egypt akkohsye, ac nga esam na wuleang luk.
6 ၆ ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
Ouinge fahk nu sin mwet Israel lah nga fahk mu, ‘Nga pa LEUM GOD. Nga fah tulekowosla ac aksukosokyekowos liki moul in kohs lowos yurin mwet Egypt. Nga fah asroela po kulana luk in use kaiyuk upa nu faclos, ac nga fah molikowosla.
7 ၇ ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
Nga fah oru tuh komws in mwet luk sifacna, ac nga fah God lowos. Kowos fah etu lah nga pa LEUM GOD lowos ke pacl se nga ac aksukosokye kowos liki moul in kohs lowos in Egypt.
8 ၈ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
Nga ac fah us kowos nu in sie facl su nga orek wulela ku kac in sang nu sel Abraham, Isaac, ac Jacob. Ac nga ac sot nu suwos tuh in facl suwos. Nga LEUM GOD.’”
9 ၉ မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။
Moses el fahk ma inge nu sin mwet Israel, tusruktu elos tiana porongel, mweyen wanginla finsrak lalos ke sripen upala akkohs orek nu selos.
10 ၁၀ ထိုနောက်ထာဝရဘုရားကမောရှေအား၊-
Na LEUM GOD El fahk nu sel Moses,
11 ၁၁ ``အီဂျစ်ဘုရင်ထံသို့ဝင်၍သူ၏တိုင်းပြည် မှ ဣသရေလအမျိုးသားတို့အားထွက်ခွင့် ပြုစေရန်ပြောလော့'' ဟုမိန့်တော်မူ၏။
“Som ac fahk nu sel tokosra lun Egypt elan fuhlela mwet Israel in som liki facl sel an.”
12 ၁၂ ထိုအခါမောရှေက``ဣသရေလအမျိုးသား တို့ကပင်လျှင် အကျွန်ုပ်၏စကားကိုနားမ ထောင်ဘဲ စကားထစ်သူအကျွန်ုပ်၏စကား ကိုဘုရင်ကမည်သို့နားထောင်ပါမည်နည်း'' ဟုထာဝရဘုရားအားလျှောက်လေ၏။
Tuh Moses el topuk fahk, “Mwet Israel inge elos tiana lohngyu, na ac fuka tuh tokosra elan lohngyu? Nga mwet na supah in kas se.”
13 ၁၃ ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ အား``ဣသရေလအမျိုးသားတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ရန်သင်တို့အား ငါအမိန့် ပေးတော်မူကြောင်းဣသရေလအမျိုးသား တို့နှင့်အီဂျစ်ဘုရင်အားပြောကြားလော့'' ဟုမိန့်တော်မူ၏။
LEUM GOD El fahk nu sel Moses ac Aaron, “Fahkang nu sin mwet Israel ac Tokosra Egypt lah nga supwekomtal in kolla mwet Israel liki facl Egypt.”
14 ၁၄ ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။-
Reuben, wen se emeet natul Jacob, oasr wen akosr natul: Hanoch, Pallu, Hezron, ac Carmi. Eltal pa mwet matu mutaweyen sou inge su ekin inelos.
15 ၁၅ ရှိမောင်၏သားခြောက်ယောက်မှာယမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာနှင့်ခါနာန် အမျိုးသမီးမှဖွားသောရှောလတို့ဖြစ်ကြ ၏။ ဤသူတို့သည်မိမိတို့၏နာမည်များကို ခံယူသောအဆက်အနွယ်များ၏ဖခင်များ ဖြစ်ကြ၏။-
Simeon, oasr wen onkosr natul: Jemuel, Jamin, Ohad, Jachin, Zohar, ac Shaul, wen nutin mutan Canaan se. Eltal pa mwet matu mutaweyen sou inge su ekin inelos.
16 ၁၆ လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။-
Levi, oasr wen tolu natul: Gershon, Kohath, ac Merari. Eltal pa mwet matu mutaweyen sou inge su ekin inelos. Levi el moul yac siofok tolngoul itkosr.
17 ၁၇ ဂေရရှုံ၏သားနှစ်ယောက်မှာလိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။ သူတို့၌သားမြေးများစွာ ရှိကြ၏။-
Oasr wen luo natul Gershon: Libni ac Shimei, ac pukanten fwilin tulik natulos.
18 ၁၈ ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
Oasr wen akosr natul Kohath: Amram, Izhar, Hebron, ac Uzziel. Kohath el moul yac siofok tolngoul tolu.
19 ၁၉ မေရာရိ၏သားနှစ်ယောက်မှာမဟာလိနှင့် မုရှိတို့ဖြစ်ကြ၏။ အထက်ဖော်ပြပါတို့ သည်လေဝိ၏အဆက်အနွယ်များဖြစ် ကြသတည်း။
Oasr wen luo natul Merari: Mahli ac Mushi. Pa inge sou nukewa lal Levi ac takinyen fwilin tulik natulos.
20 ၂၀ အာမရံသည်ဖခင်၏နှမ ယောခေဗက်နှင့် စုံဖက်၍ယောခေဗက်သည် သားအာရုန်နှင့် မောရှေတို့ကိုဖွားမြင်၏။ အာမရံသည်တစ် ရာသုံးဆယ့်ခုနစ်နှစ်အထိအသက်ရှည်၏။-
Amram el payuk sin mutan se wien papa tumal ah, Jochebed, su oswella Aaron ac Moses. Amram el moul yac siofok tolngoul itkosr.
21 ၂၁ ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။-
Wen tolu natul Izhar: Korah, Nepheg, ac Zichri.
22 ၂၂ သြဇေလ၏သားတို့မှာမိရှေလ၊ ဧလဇာဖန်၊ သိသရိတို့ဖြစ်ကြ၏။
Wen tolu pac natul Uzziel: Mishael, Elzaphan, ac Sithri.
23 ၂၃ အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-
Aaron el payuk sel Elisheba, acn natul Amminadab ac ma wial Nahshon. El oswella Nadab, Abihu, Eleazar, ac Ithamar.
24 ၂၄ ကောရ၏သားသုံးယောက်တို့မှာအဿိရ၊ ဧလ ကာန၊ အဗျာသပ်တို့ဖြစ်ကြ၏။ ဤသူတို့သည် ကောရမှဆင်းသက်သောအဆက်အနွယ်များ ၏ဖခင်များဖြစ်ကြသည်။-
Wen tolu natul Korah: Assir, Elkanah, ac Abiasaph. Elos pa mwet matu mutaweyen sou nukewa natul Korah.
25 ၂၅ အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
Elezar, wen natul Aaron, el payuk sin sie acn natul Putiel, su oswella Phinehas. Pa inge sifen sou nukewa ke sruf lun Levi.
26 ၂၆ ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အား အီဂျစ်ပြည်မှထုတ်ဆောင်လော့'' ဟု စေခိုင်းတော်မူခြင်းခံရသူတို့သည်ကား အာရုန်နှင့်မောရှေတို့ဖြစ်သတည်း။-
Aaron ac Moses pa LEUM GOD El fahk nu se, “Kolla sruf nukewa lun Israel liki facl Egypt.”
27 ၂၇ ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည် မှထွက်ခွင့်ပေးရန် အီဂျစ်ဘုရင်အားတောင်း ဆိုသူတို့သည်ကားအာရုန်နှင့်မောရှေတို့ ပင်ဖြစ်သတည်း။
Eltal pa mwet ma fahkang nu sin tokosra Egypt in aksukosokyela mwet Israel.
28 ၂၈ ထာဝရဘုရားက``ငါသည်ထာဝရဘုရား ဖြစ်၏။ ငါမိန့်ကြားသမျှကိုအီဂျစ်ဘုရင် အားပြောလော့'' ဟုအီဂျစ်ပြည်တွင်ရောက် ရှိနေသောမောရှေအားမိန့်တော်မူ၏။
Ke LEUM GOD El kaskas nu sel Moses in acn Egypt,
El fahk, “Nga pa LEUM GOD. Fahk nu sin Tokosra Egypt ma nukewa nga fahk nu sum uh.”
30 ၃၀ မောရှေက``အကျွန်ုပ်သည် နှုတ်သတ္တိမရှိသူ ဖြစ်ကြောင်းကိုယ်တော်သိတော်မူပါ၏။ ဖာရော ဘုရင်သည် အကျွန်ုပ်ပြောသောစကားကိုနား ထောင်မည်မဟုတ်ပါ'' ဟု ထာဝရဘုရားအား လျှောက်ထားလေ၏။
Tuh Moses el topuk, “Kom etu lah nga mwet na supah in kas se. Na ac fuka tuh tokosra elan lohngyu?”