< ထွက်မြောက်ရာ 5 >
1 ၁ ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဖာရော ဘုရင်ထံသို့ဝင်ရောက်၍``ဣသရေလအမျိုး သားတို့၏ဘုရားသခင်ထာဝရဘုရား က`ဣသရေလအမျိုးသားတို့သည်တော ကန္တာရတွင်ဘုရားပွဲတော်ကျင်းပနိုင်ရန် သူတို့ကိုသွားခွင့်ပေးလော့' ဟုမိန့်တော်မူ ပါသည်'' ဟူ၍လျှောက်ထားကြ၏။
后来摩西、亚伦去对法老说:“耶和华—以色列的 神这样说:‘容我的百姓去,在旷野向我守节。’”
2 ၂ ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
法老说:“耶和华是谁,使我听他的话,容以色列人去呢?我不认识耶和华,也不容以色列人去!”
3 ၃ သူတို့က``ဟေဗြဲအမျိုးသားတို့၏ဘုရား ကို အကျွန်ုပ်တို့ဖူးတွေ့ခဲ့ရပြီ။ အကျွန်ုပ်တို့ ၏ဘုရားသခင်ထာဝရဘုရားအားယဇ် ပူဇော်နိုင်ရန် တောကန္တာရသို့သုံးရက်ခရီး သွားခွင့်ပေးတော်မူပါ။ အကျွန်ုပ်တို့သည် ထိုဝတ်ကိုမပြုရလျှင်ဘုရားသခင်သည် အကျွန်ုပ်တို့အားရောဂါဘေးသို့မဟုတ် ဋ္ဌားဘေးသင့်စေပါမည်'' ဟုလျှောက်ကြ၏။
他们说:“希伯来人的 神遇见了我们。求你容我们往旷野去,走三天的路程,祭祀耶和华—我们的 神,免得他用瘟疫、刀兵攻击我们。”
4 ၄ ထိုအခါဖာရောဘုရင်က မောရှေနှင့်အာရုန် တို့အား``ဤသူတို့ကိုအဘယ်ကြောင့်အလုပ် ပျက်အောင်ပြုလိုကြသနည်း။ အလုပ်ခွင် သို့ပြန်ကြစေ။-
埃及王对他们说:“摩西、亚伦!你们为什么叫百姓旷工呢?你们去担你们的担子吧!”
5 ၅ သင်တို့လူမျိုးသည်အီဂျစ်လူမျိုးတို့ထက် များပြားလာကြလေပြီ။ ယခုသင်တို့အလုပ် မှရပ်နားလိုကြသည်တကား'' ဟုဆိုလေ၏။
又说:“看哪,这地的以色列人如今众多,你们竟叫他们歇下担子!”
6 ၆ ထိုနေ့၌ပင်ဖာရောဘုရင်သည် အီဂျစ်အမျိုး သားအုပ်ချုပ်သူ၊ ဣသရေလအမျိုးသား အလုပ်ကြပ်တို့အား၊-
当天,法老吩咐督工的和官长说:
7 ၇ ``ဣသရေလအမျိုးသားတို့ကိုအုတ်ဖုတ် ရန်အတွက် ကောက်ရိုးကိုယခင်ကကဲ့သို့ မပေးရ။ သူတို့ကိုယ်တိုင်ရှာယူကြစေ။-
“你们不可照常把草给百姓做砖,叫他们自己去捡草。
8 ၈ သို့ရာတွင်သူတို့ဖုတ်ရမည့်အုတ်အရေ အတွက်မှာ ယခင်ကထက်မနည်းစေရ။ မည် သည့်အကြောင်းကြောင့်မျှအရေအတွက် မလျော့စေရ။ သူတို့သည်ပျင်း၏။ ထို့ကြောင့် သူတို့က`ငါတို့၏ဘုရားအားယဇ်ပူဇော် ရန်သွားခွင့်ပေးပါ' ဟုတောင်းဆို၏။-
他们素常做砖的数目,你们仍旧向他们要,一点不可减少;因为他们是懒惰的,所以呼求说:‘容我们去祭祀我们的 神。’
9 ၉ သူတို့အားအလုပ်ကိုအားသွန်ခွန်စိုက်လုပ် ဆောင်ကြစေ။ သို့မှသာလျှင်သူတို့သည်လိမ် လည်လှည့်စားသည့်စကားကိုနားမယောင်၊ အလုပ်မပျက်ဘဲလုပ်ကိုင်ကြလိမ့်မည်'' ဟု မိန့်မြွက်လေ၏။
你们要把更重的工夫加在这些人身上,叫他们劳碌,不听虚谎的言语。”
10 ၁၀ အုပ်ချုပ်သူတို့နှင့်ဣသရေလအလုပ်ကြပ် တို့က ဣသရေလအမျိုးသားတို့ထံသို့ သွားရောက်၍``ဖာရောဘုရင်က`ငါသည်သင် တို့အားကောက်ရိုးကိုပေးတော့မည်မဟုတ်။-
督工的和官长出来对百姓说:“法老这样说:‘我不给你们草。
11 ၁၁ သင်တို့ကိုယ်တိုင်ကောက်ရိုးရနိုင်မည့်အရပ်မှ ကောက်ရိုးကိုရှာယူရမည်။ သို့ရာတွင်သင်တို့ ဖုတ်ရမည့်အုတ်အရေအတွက်မှာ ယခင်က ထက်မနည်းစေရ' ဟုမိန့်ကြားတော်မူသည်'' ဟူ၍ပြောလေ၏။-
你们自己在哪里能找草,就往那里去找吧!但你们的工一点不可减少。’”
12 ၁၂ ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် အီဂျစ်ပြည်အနှံ့အပြားသို့သွားရောက်၍ ကောက်ရိုးရှာရလေ၏။-
于是百姓散在埃及遍地,捡碎秸当作草。
13 ၁၃ အုပ်ချုပ်သူတို့က``သင်တို့သည်ကောက်ရိုးရ စဉ်က နေ့စဉ်ဖုတ်ပြီးသမျှအုတ်အရေအတွက် နှုန်းအတိုင်း ယခုလည်းပြီးစီးစေရမည်'' ဟု ဆိုလျက်ဣသရေလအမျိုးသားတို့အား အသော့ခိုင်းလေ၏။-
督工的催着说:“你们一天当完一天的工,与先前有草一样。”
14 ၁၄ အီဂျစ်အမျိုးသားအုပ်ချုပ်သူတို့က ဣသ ရေလအမျိုးသားအလုပ်ကြပ်တို့ကိုရိုက် နှက်လျက်``ယနေ့သင်တို့သည်အဘယ်ကြောင့် ယခင်အုတ်အရေအတွက်နှုန်းကိုမီအောင် မထုတ်နိုင်သနည်း'' ဟုမေးကြ၏။
法老督工的,责打他所派以色列人的官长,说:“你们昨天今天为什么没有照向来的数目做砖、完你们的工作呢?”
15 ၁၅ ထိုအခါအလုပ်ကြပ်တို့သည်ဖာရောဘုရင် ထံသို့ဝင်၍``အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် တို့အားအဘယ်ကြောင့်ဤသို့ပြုပါသနည်း။-
以色列人的官长就来哀求法老说:“为什么这样待你的仆人?
16 ၁၆ ကိုယ်တော်ကျွန်တို့အားကောက်ရိုးကိုမပေးဘဲ အုတ်ဖုတ်ရမည်ဟုအမိန့်ပေးပါသည်။ ကိုယ် တော်ကြောင့်ယခုကိုယ်တော်ကျွန်တို့အရိုက် အနှက်ခံနေရပါသည်'' ဟုလျှောက်ထား ကြ၏။
督工的不把草给仆人,并且对我们说:‘做砖吧!’看哪,你仆人挨了打,其实是你百姓的错。”
17 ၁၇ ထိုအခါဖာရောဘုရင်က``သင်တို့သည်ပျင်း၏။ အလွန်ပျင်းသောကြောင့်သင်တို့က`အကျွန်ုပ်တို့ ၏ထာဝရဘုရားအားယဇ်ပူဇော်ရန်သွားပါ ရစေ' ဟုတောင်းလျှောက်ကြ၏။-
但法老说:“你们是懒惰的!你们是懒惰的!所以说:‘容我们去祭祀耶和华。’
18 ၁၈ အလုပ်ခွင်သို့ပြန်သွားကြ။ သင်တို့အားကောက် ရိုးပေးမည်မဟုတ်။ သို့သော်ယခင်အုတ်အရေ အတွက်နှုန်းအတိုင်းထုတ်လုပ်ရမည်'' ဟုမိန့် ကြားလေ၏။-
现在你们去做工吧!草是不给你们的,砖却要如数交纳。”
19 ၁၉ ယခင်နေ့စဉ်ထုတ်လုပ်သော အုတ်အရေအတွက် နှုန်းအတိုင်းထုတ်လုပ်ရမည်ဖြစ်ကြောင်းကို ကြားရသောအခါ ဣသရေလအမျိုးသား အလုပ်ကြပ်တို့သည်မိမိတို့၌ဒုက္ခရောက် မည့်အရေးကိုတွေ့မြင်လာကြလေသည်။
以色列人的官长听说“你们每天做砖的工作一点不可减少”,就知道是遭遇祸患了。
20 ၂၀ သူတို့သည်ဖာရောဘုရင်ထံမှထွက်ခွာလာ ကြသောအခါ သူတို့အားစောင့်နေသော မောရှေနှင့်အာရုန်တို့ကိုတွေ့လျှင်၊-
他们离了法老出来,正遇见摩西、亚伦站在对面,
21 ၂၁ ``ဖာရောဘုရင်နှင့်သူ၏အရာရှိတို့ကကျွန်ုပ် တို့အားရွံမုန်းလာစေရန် သင်တို့ပြုလုပ်သည့် အတွက်ကြောင့်ထာဝရဘုရားသည်သင်တို့ အားစီရင်တော်မူပါစေသော။ ကျွန်ုပ်တို့အား သတ်ရန်သင်တို့သည်သူတို့လက်၌ဋ္ဌားကို အပ်ပေးလေပြီ'' ဟုဆိုကြ၏။
就向他们说:“愿耶和华鉴察你们,施行判断;因你们使我们在法老和他臣仆面前有了臭名,把刀递在他们手中杀我们。”
22 ၂၂ ထိုနောက်မောရှေသည်ထာဝရဘုရားထံတော် သို့``အို အရှင်ဘုရား၊ အဘယ်ကြောင့်ဤသူတို့ ကိုဒုက္ခရောက်စေပါသနည်း။ အကျွန်ုပ်အား အဘယ်ကြောင့်စေလွှတ်တော်မူပါသနည်း။-
摩西回到耶和华那里,说:“主啊,你为什么苦待这百姓呢?为什么打发我去呢?
23 ၂၃ အကျွန်ုပ်သည်ကိုယ်တော်၏အမိန့်တော်အရ ဖာရောဘုရင်ထံလျှောက်ထားသည့်အချိန်မှ စ၍ သူသည်ကိုယ်တော်၏လူမျိုးတော်ကိုနှိပ် စက်ခဲ့ပါပြီ။ သို့သော်လည်းကိုယ်တော်သည် သူတို့အားမည်သည့်အကူအညီကိုမျှ မပေးခဲ့ပါ'' ဟုလျှောက်ထားလေ၏။
自从我去见法老,奉你的名说话,他就苦待这百姓,你一点也没有拯救他们。”