< ထွက်မြောက်ရာ 40 >
1 ၁ ထာဝရဘုရားကမောရှေအား၊
locutusque est Dominus ad Mosen dicens
2 ၂ ``ပထမလ၊ ပထမနေ့ရက်တွင်ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုစိုက်ထူလော့။-
mense primo die prima mensis eriges tabernaculum testimonii
3 ၃ တဲတော်တွင်ပညတ်တော်ဆယ်ပါးပါရှိ သောသေတ္တာတော်ကိုသွင်းထား၍၊ သေတ္တာ အရှေ့တွင်ကန့်လန့်ကာကို၊ ကာထားလော့။-
et pones in eo arcam dimittesque ante illam velum
4 ၄ တဲတော်ထဲသို့စားပွဲတော်ကိုသွင်း၍၊ ဆိုင် ရာပစ္စည်းများကို စားပွဲပေါ်တွင်တင်ထား လော့။ ဆီမီးတိုင်ကိုလည်းသွင်း၍ မီးခွက် များကိုတင်ထွန်းရမည်။-
et inlata mensa pones super eam quae rite praecepta sunt candelabrum stabit cum lucernis suis
5 ၅ နံ့သာပေါင်းမီးရှို့ရာရွှေပလ္လင်ကို၊ ပညတ် တော်ဆယ်ပါးပါရှိသော ပဋိညာဉ်သေတ္တာရှေ့ တွင်ထား၍၊ တဲတော်တံခါးဝတွင်ကန့်လန့် ကာကိုတပ်ဆင်လော့။-
et altare aureum in quo adoletur incensum coram arca testimonii tentorium in introitu tabernaculi pones
6 ၆ ယဇ်ကောင်မီးရှို့ရာပလ္လင်ကိုထာဝရဘုရား စံတော်မူရာ တဲတော်တံခါးဝရှေ့တွင်ထား လော့။-
et ante illud altare holocausti
7 ၇ အင်တုံကိုထာဝရဘုရားစံတော်မူရာတဲ တော်နှင့် ယဇ်ပလ္လင်စပ်ကြားတွင်ထား၍၊ အင်တုံ ၌ရေဖြည့်လော့။-
labrum inter altare et tabernaculum quod implebis aqua
8 ၈ တဲတော်ပတ်လည်တွင်ဝင်းကာ၍၊ ဝင်း တံခါးဝ၌ ကန့်လန့်ကာကိုတပ်ဆင်လော့။
circumdabisque atrium tentoriis et ingressum eius
9 ၉ ``တဲတော်နှင့်တဲတော်အတွင်း၌ရှိသမျှ သောအရာတို့ကို ဘိသိက်ဆီသွန်းလောင်း ၍၊ ထာဝရဘုရားထံဆက်ကပ်လော့။-
et adsumpto unctionis oleo ungues tabernaculum cum vasis suis ut sanctificentur
10 ၁၀ ထိုနောက်ယဇ်ကောင်မီးရှို့ရာပလ္လင်နှင့်ဆိုင် ရာပစ္စည်းရှိသမျှတို့ကိုလည်းဘိသိက် ဆီသွန်းလောင်း၍၊ အလွန်သန့်ရှင်းစေလော့။-
altare holocausti et omnia vasa eius
11 ၁၁ ထိုနည်းအတိုင်းအင်တုံနှင့်အောက်ခံခုံများ ကိုဆက်ကပ်လော့။
labrum cum basi sua omnia unctionis oleo consecrabis ut sint sancta sanctorum
12 ၁၂ ``အာရုန်နှင့်သားများကိုထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ်ဆောင် ၍၊ ရေဖြင့်ဆေးကြောသန့်စင်စေလော့။-
adplicabisque Aaron et filios eius ad fores tabernaculi testimonii et lotos aqua
13 ၁၃ အာရုန်အားယဇ်ပုရောဟိတ်အဝတ်တန်ဆာ များကိုဝတ်ဆင်စေ၍၊ ဘိသိက်ဆီလောင်း လျက်သူ့အားဆက်ကပ်၍၊ ငါ့အတွက်ယဇ် ပုရောဟိတ်အဖြစ်ဆောင်ရွက်စေလော့။-
14 ၁၄ သူ၏သားများကိုလည်းခေါ်၍အင်္ကျီဝတ် ပေးလော့။-
15 ၁၅ ထိုနောက်သူတို့အားယဇ်ပုရောဟိတ်အမှု ကိုဆောင်ရွက်စေရန် သူတို့၏အဖအားဘိ သိက်ပေးသကဲ့သို့၊ သူတို့အားဘိသိက်ဆီ လောင်း၍ဆက်ကပ်လော့။ သူတို့အားဤကဲ့ သို့ဘိသိက်ဆီလောင်းခြင်းအားဖြင့်၊ သူတို့ ၏သားစဉ်မြေးဆက်တို့သည် ယဇ်ပုရော ဟိတ်အရာကိုအမြဲဆက်ခံရကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
indues sanctis vestibus ut ministrent mihi et unctio eorum in sacerdotium proficiat sempiternum
16 ၁၆ မောရှေသည်ထာဝရဘုရားမိန့်တော်မူ သမျှအတိုင်းဆောင်ရွက်လေ၏။-
fecitque Moses omnia quae praeceperat Dominus
17 ၁၇ သူတို့သည်အီဂျစ်ပြည်မှထွက်ခွာခဲ့ပြီး နောက် ဒုတိယနှစ်ပထမလ၊ ပထမနေ့ တွင်ထာဝရဘုရားစံတော်မူရာတဲ တော်ကိုစိုက်ထူကြ၏။-
igitur mense primo anni secundi in prima die mensis conlocatum est tabernaculum
18 ၁၈ မောရှေသည်တဲတော်၏အောက်ခံခုံများကို နေရာချထား၏။ ထိုနောက်ဘောင်ခွေများကို ထောင်၍ ကန့်လန့်ကျင်များကိုလျှိုလျက်တိုင် များကိုထူ၏။-
erexitque illud Moses et posuit tabulas ac bases et vectes statuitque columnas
19 ၁၉ ထာဝရဘုရားကသူ့အားမိန့်တော်မူသည့် အတိုင်းတဲတော်အမိုးကိုဖြန့်မိုးလျက် ထို အမိုးအထက်အပေါ်ထပ်အမိုးကိုမိုး ပြန်၏။-
et expandit tectum super tabernaculum inposito desuper operimento sicut Dominus imperarat
20 ၂၀ ထိုနောက်သူသည်ကျောက်ပြားကိုသေတ္တာ တော်ထဲ၌ထည့်ထား၏။ သေတ္တာတော်ကွင်း များတွင်ထမ်းပိုးများကိုလျှို၍၊ သေတ္တာ တော်အဖုံးကိုတင်၏။-
posuit et testimonium in arca subditis infra vectibus et oraculum desuper
21 ၂၁ ထိုနောက်သူသည်သေတ္တာတော်ကိုတဲတော် အတွင်း၌သွင်း၍ ကန့်လန့်ကာကိုကာသ ဖြင့်၊ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သေတ္တာကိုကာထားလေ၏။-
cumque intulisset arcam in tabernaculum adpendit ante eam velum ut expleret Domini iussionem
22 ၂၂ သူသည်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းစားပွဲကိုထာဝရဘုရားစံတော် မူရာတဲတော်အတွင်း မြောက်ဘက်၊ ကန့်လန့် ကာအပြင်ဘက်တွင်နေရာချထား၍၊-
posuit et mensam in tabernaculo testimonii ad plagam septentrionalem extra velum
23 ၂၃ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ထာဝရဘုရားရှေ့တော်၌ဆက်သရန် မုန့်ကိုစားပွဲပေါ်၌တင်ထား၏။-
ordinatis coram propositionis panibus sicut praeceperat Dominus Mosi
24 ၂၄ သူသည်ဆီမီးတိုင်ကိုထာဝရဘုရား စံတော်မူရာတဲတော်အတွင်း၊ တောင်ဘက် စားပွဲ၏တစ်ဘက်တွင်ထား၏။-
posuit et candelabrum in tabernaculum testimonii e regione mensae in parte australi
25 ၂၅ ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့် အတိုင်း ထာဝရဘုရားရှေ့တော်တွင်မီး ခွက်များကိုထွန်းညှိလေ၏။-
locatis per ordinem lucernis iuxta praeceptum Domini
26 ၂၆ ရွှေပလ္လင်ကိုလည်းထာဝရဘုရားစံတော်မူ ရာတဲတော်အတွင်း၊ ကန့်လန့်ကာအရှေ့တွင် နေရာချထား၏။-
posuit et altare aureum sub tecto testimonii contra velum
27 ၂၇ ထိုနောက်ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ပလ္လင်ပေါ်တွင်နံ့သာပေါင်းကိုမီးရှို့လေ၏။-
et adolevit super eo incensum aromatum sicut iusserat Dominus
28 ၂၈ သူသည်တဲတော်တံခါးဝတွင်ကန့်လန့်ကာ ကိုတပ်ဆင်ပြီးနောက်-
posuit et tentorium in introitu tabernaculi
29 ၂၉ ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝရှေ့တွင် မီးရှို့ရာယဇ်ပလ္လင်ကိုနေရာချထား ၏။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း သူသည်မီးရှို့ရာယဇ်ကိုလည်းကောင်း၊ ဘောဇဉ် ပူဇော်သကာကိုလည်းကောင်းပလ္လင်ပေါ်တွင် ပူဇော်လေ၏။-
et altare holocausti in vestibulo testimonii offerens in eo holocaustum et sacrificia ut Dominus imperarat
30 ၃၀ သူသည်အင်တုံကိုထာဝရဘုရားစံတော်မူ ရာတဲတော်နှင့် ယဇ်ပလ္လင်အကြားတွင် နေရာချ ထား၍ရေထည့်ထား၏။-
labrum quoque statuit inter tabernaculum testimonii et altare implens illud aqua
31 ၃၁ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်းမောရှေ၊ အာရုန်နှင့်သူ၏သားများသည်ထာဝရဘုရား စံတော်မူရာတဲတော်ထဲသို့ဝင်သောအခါ၌ လည်းကောင်း၊ ယဇ်ပလ္လင်ရှိရာသို့ချဉ်းကပ်သော အခါ၌လည်းကောင်း သူတို့၏ခြေလက်များ ကိုထိုနေရာတွင်ဆေးကြောကြ၏။-
laveruntque Moses et Aaron ac filii eius manus suas et pedes
cum ingrederentur tectum foederis et accederent ad altare sicut praeceperat Dominus
33 ၃၃ ထိုနောက်သူသည်တဲတော်နှင့်ယဇ်ပလ္လင်ပတ် လည်တွင်ဝင်းကာ၍ ဝင်းတံခါးဝ၌ကန့်လန့် ကာကိုတပ်ဆင်လေ၏။ သို့ဖြစ်၍မောရှေသည် လုပ်ငန်းရှိသမျှကိုလုပ်ဆောင်ပြီးစီးလေ သည်။
erexit et atrium per gyrum tabernaculi et altaris ducto in introitu eius tentorio postquam cuncta perfecta sunt
34 ၃၄ ထိုအခါထာဝရဘုရားစံတော်မူရာတဲ တော်ကို မိုးတိမ်တိုက်လွှမ်း၍ထာဝရဘုရား ၏တောက်ပသောဘုန်းအသရေတော်သည် တဲတော်တွင်း၌ထွန်းတောက်လေ၏။-
operuit nubes tabernaculum testimonii et gloria Domini implevit illud
35 ၃၅ ထိုအခြင်းအရာကြောင့်မောရှေသည် ထာဝရ ဘုရားစံတော်မူရာတဲတော်တွင်းသို့မဝင် နိုင်ချေ။-
nec poterat Moses ingredi tectum foederis nube operiente omnia et maiestate Domini coruscante quia cuncta nubes operuerat
36 ၃၆ ဣသရေလအမျိုးသားတို့သည်တဲတော်မှ မိုးတိမ်တိုက်အထက်သို့တက်ခွာသောအခါ မှသာ ရှေ့စခန်းသို့ခရီးထွက်ကြသည်။-
si quando nubes tabernaculum deserebat proficiscebantur filii Israhel per turmas suas
37 ၃၇ တဲတော်ကိုမိုးတိမ်တိုက်လွှမ်းလျက်နေသည့် ကာလပတ်လုံး သူတို့သည်ခရီးမထွက် ကြချေ။-
si pendebat desuper manebant in eodem loco
38 ၃၈ ဣသရေလအမျိုးသားတို့သည်လှည့်လည်၍ ခရီးသွားရာလမ်းတစ်လျှောက်လုံးတွင်တဲ တော်ပေါ်၌နေ့အခါထာဝရဘုရား၏မိုး တိမ်တိုက်လွှမ်းလျက်ရှိသည်ကိုလည်းကောင်း၊ ညအခါမီးတောက်လျက်ရှိသည်ကိုလည်း ကောင်းတွေ့မြင်ရကြသတည်း။ ရှင်မောရှေစီရင်ရေးထားသောထွက်မြောက်ရာ ကျမ်းပြီး၏။
nubes quippe Domini incubabat per diem tabernaculo et ignis in nocte videntibus populis Israhel per cunctas mansiones suas