< ထွက်မြောက်ရာ 4 >

1 မော​ရှေ​က``အ​ကယ်​၍​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​က အ​ကျွန်ုပ်​ကို​မ​ယုံ၊ အ​ကျွန်ုပ်​၏​စ​ကား​ကို နား​မ​ထောင်​ဘဲ`သင်​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ဖူး မြင်​ခဲ့​ရ​သည်​ဟု​ဆို​သည်​မှာ​မ​ဖြစ်​နိုင်' ဟု​ပြော ကြ​လျှင်​အ​ကျွန်ုပ်​မည်​သို့​ပြု​ရ​ပါ​မည်​နည်း'' ဟု လျှောက်​ထား​လေ​၏။
မောရှေ ကလည်း ၊ ထိုသူတို့သည် အကျွန်ုပ် ကို မ ယုံ ၊ အကျွန်ုပ် စကား ကို နား မ ထောင်ဘဲနေ၍ ၊ ထာဝရဘုရား သည် သင့် အား ထင်ရှား တော်မ မူဟု ဆို ကြပါ လိမ့်မည်ဟု ပြန်လျှောက် လေ၏။
2 ထာ​ဝ​ရ​ဘု​ရား​က``သင့်​လက်​ထဲ​တွင်​မည်​သည့် အ​ရာ​ရှိ​သ​နည်း'' ဟု​မေး​လျှင်၊ မော​ရှေ​က``တောင်​ဝှေး​ရှိ​ပါ​သည်'' ဟု​လျှောက်​၏။
ထာဝရဘုရား ကလည်း ၊ သင် ၏လက် ၌ အဘယ် အရာရှိသနည်းဟုမေး တော်မူလျှင်၊ လှံတံ ရှိပါ၏ဟု လျှောက် ၏။
3 ထာ​ဝ​ရ​ဘု​ရား​က``တောင်​ဝှေး​ကို​မြေ​ပေါ်​သို့ ပစ်​ချ​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည် တောင်​ဝှေး​ကို​ပစ်​ချ​လိုက်​သော​အ​ခါ၊ တောင် ဝှေး​သည်​မြွေ​ဖြစ်​လာ​သ​ဖြင့်​သူ​သည်​လန့် ၍​ထွက်​ပြေး​လေ​၏။-
မြေ ပေါ် မှာပစ်ချ လော့ဟု မိန့် တော်မူသည်အတိုင်း ပစ်ချ သဖြင့် ၊ လှံတံသည် မြွေ ဖြစ် ၍ ၊ မောရှေ သည် သူ့ ရှေ့ မှ ပြေး လေ၏။
4 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဆန့်​၍​မြွေ​အ​မြီး​ကို​ကိုင်​ဖမ်း​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​ဆန့်​၍ မြွေ​ကို​ကိုင်​ဖမ်း​လိုက်​သော​အ​ခါ လက်​ထဲ​၌ တောင်​ဝှေး​တစ်​ဖန်​ဖြစ်​လာ​ပြန်​လေ​သည်။-
ထာဝရဘုရား ကလည်း ၊ သင့် လက် ကိုဆန့် ၍ သူ့ အမြီး ကို ကိုင် ဘမ်းလော့ဟု မိန့်တော်မူသည်အတိုင်း ၊ မောရှေသည် လက် ကိုဆန့် ၍ ဘမ်း မိသဖြင့် ၊ သူ ၏လက် ၌ လှံတံ ဖြစ် ပြန်လေ၏။
5 ထာ​ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ရှေ့​တွင် ထို​သို့​ပြု​လုပ်​ပြ​လော့။ သို့ မှ​သာ​လျှင်​သင်​သည်​သူ​တို့​ဘိုး​ဘေး​တို့​၏ ထာ​ဝ​ရ​အ​ရှင်​ဘု​ရား​သ​ခင်၊ အာ​ဗြ​ဟံ ၏​ဘု​ရား၊ ဣ​ဇာက်​၏​ဘု​ရား၊ ယာ​ကုပ်​၏ ဘု​ရား​ကို​ဖူး​မြင်​ခဲ့​ရ​ကြောင်း​သူ​တို့​ယုံ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
သို့ပြုလျှင် သူ တို့ဘိုးဘေး များ၏ ဘုရား သခင်၊ အာဗြဟံ ၏ဘုရား ၊ ဣဇာက် ၏ဘုရား ၊ ယာကုပ် ၏ဘုရား တည်းဟူသောထာဝရဘုရား သည် သင့် အား ထင်ရှား တော်မူကြောင်း ကို ထိုသူတို့သည် ယုံ ကြလိမ့်မည်ဟု မိန့် တော်မူ၏။
6 တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က မော​ရှေ​အား``သင် ၏​လက်​ကို​ဝတ်​ရုံ​အောက်​သို့​သွင်း​လော့'' ဟု​မိန့် တော်​မူ​၏။ မော​ရှေ​သည်​မိန့်​တော်​မူ​သည့်​အ​တိုင်း ပြု​လုပ်​၏။ လက်​ကို​ပြန်​ထုတ်​လိုက်​သော​အ​ခါ လက်​သည်​အ​ရေ​ပြား​ရော​ဂါ​စွဲ​၍​မိုး​ပွင့် ကဲ့​သို့​ဖြူ​ဆွတ်​လာ​၏။-
တဖန် ထာဝရဘုရား က၊ သင် ၏လက် ကိုသင် ၏ ရင်ခွင် သို့ သွင်း လော့ဟု မိန့် တော်မူသည်အတိုင်း ၊ လက် ကို ရင်ခွင် သို့ သွင်း ၍ ထုတ် ပြန်သောအခါ ၊ လက် သည် မိုဃ်းပွင့် အဆင်းကဲ့သို့ နူ လေ၏။
7 ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သင်​၏​လက် ကို​ဝတ်​ရုံ​အောက်​သို့​တစ်​ဖန်​သွင်း​လော့'' ဟု မိန့်​တော်​မူ​၏။ မော​ရှေ​သည်​လက်​ကို​သွင်း​၍ ပြန်​ထုတ်​သော​အ​ခါ​အ​ခြား​ကိုယ်​ခန္ဓာ​အ​စိတ် အ​ပိုင်း​များ​ကဲ့​သို့​ပ​က​တိ​အ​ကောင်း အ​တိုင်း​ပြန်​ဖြစ်​လေ​၏။-
တဖန် သင် ၏လက် ကို သင့် ရင်ခွင် သို့ သွင်း ဦးလော့ဟု မိန့် တော်မူသည်အတိုင်း ၊ တဖန် လက် ကို ရင်ခွင် သို့ သွင်း၍ ထုတ် ပြန်သောအခါ ၊ ပကတိအသား ဖြစ် ပြန်လေ၏။
8 ``ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​သင့်​ကို မ​ယုံ၊ သင်​ပ​ထ​မ​ဦး​စွာ​ပြ​သော​သက်​သေ ကို​လည်း​လက်​မ​ခံ​လျှင်​သင်​၏​ဒုတိယ​သက် သေ​ကို​လက်​ခံ​ကြ​လိမ့်​မည်။-
ထိုသူတို့သည် သင့် ကို မ ယုံ ၊ ပဌမ နိမိတ် သက်သေကို နား မ ထောင်လျှင် ၊ နောက် ဖြစ်သော နိမိတ် သက်သေကို ယုံ ကြလိမ့်မည်။
9 အ​ကယ်​၍​သူ​တို့​သည်​ထို​သက်​သေ​နှစ်​မျိုး​စ​လုံး ကို​လက်​မ​ခံ၊ သင်​၏​စ​ကား​ကို​လည်း​နား​မ​ထောင် ကြ​သေး​လျှင်၊ သင်​သည်​နိုင်း​မြစ်​ထဲ​မှ​ရေ​ကို​ယူ ၍​ခြောက်​သွေ့​သော​ကုန်း​ပေါ်​သို့​လောင်း​ချ​လော့။ ထို​ရေ​သည်​သွေး​အ​ဖြစ်​သို့​ပြောင်း​လဲ​သွား လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
သို့မဟုတ် ထို နိမိတ် နှစ် ပါးကို မ ယုံ ၊ သင် ၏ စကား ကို နား မ ထောင်လျှင် ၊ သင်သည် မြစ် ရေ အချို့ကို ယူ ၍ ကုန်း ပေါ်မှာသွန်း လော့။ ထိုသို့ မြစ် ထဲက ယူ သော ရေ သည် ကုန်း ပေါ်မှာ အသွေး ဖြစ် လိမ့်မည်ဟု မိန့်တော်မူ ၏။
10 ၁၀ သို့​ရာ​တွင် မော​ရှေ​က​လည်း``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​အား​စေ​လွှတ်​တော်​မ​မူ​ပါ​နှင့်။ အကျွန်ုပ် သည်​မည်​သည့်​အ​ခါ​က​မျှ​နှုတ်​သတ္တိ​မ​ရှိ​ခဲ့ ပါ။ ကိုယ်​တော်​ရှင်​က​အ​ကျွန်ုပ်​အား​မိန့်​ကြား ပြီး​သည်​အ​ခါ​၌​ပင်၊ နှုတ်​သတ္တိ​မ​ရှိ​သေး​ပါ။ အ​ကျွန်ုပ်​သည်​နှုတ်​စ၊ လျှာ​စ​လေး​သူ၊ စ​ကား ပြော​နှေး​သူ​ဖြစ်​ပါ​သည်'' ဟု​လျှောက်​လေ​၏။
၁၀မောရှေ ကလည်း ၊ အို ဘုရား ရှင်၊ အကျွန်ုပ် သည် နှုတ် သတ္တိမ ရှိပါ။ အထက် ကလည်း မရှိပါ။ ကိုယ်တော် ကျွန် အား မိန့် တော်မူသောအခါ၌ပင် မရှိပါ။ နှုတ် လေး သောသူ၊ စကား နှေးနှေး ပြောတတ်သောသူဖြစ် ပါ၏ဟု ထာဝရဘုရား အား လျှောက် ဆို၏။
11 ၁၁ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``လူ​ကို​မည်​သူ က​စ​ကား​ပြော​စေ​သ​နည်း။ လူ​ကို​မည်​သူ​က နား​ထိုင်း​ဆွံ့​အ​စေ​သ​နည်း။ လူ​ကို​မည်​သူ​က စက္ခု​အ​လင်း​ရ​စေ​သ​နည်း။ သို့​မ​ဟုတ်​မျက်​စိ ကွယ်​စေ​သ​နည်း။ ငါ​ထာ​ဝ​ရ​ဘု​ရား​ပင် မ​ဟုတ်​ပါ​လော။-
၁၁ထာဝရဘုရား ကလည်း၊ လူ ၏နှုတ် ကို အဘယ်သူ ဖန်ဆင်း သနည်း။ စကားအ သောသူ၊ နားပင်း သောသူ၊ မျက်စိမြင် သောသူ၊ မမြင် သောသူတို့ကို အဘယ်သူ ဖန်ဆင်း သနည်း။ ငါ ထာဝရဘုရား ဖန်ဆင်းသည် မဟုတ် လော။
12 ၁၂ သင်​ယ​ခု​သွား​လော့။ သင့်​အား​နှုတ်​သတ္တိ​ကို ငါ​ပေး​မည်။ သင်​မည်​ကဲ့​သို့​ပြော​ရ​မည်​ကို ငါ​သွန်​သင်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၂သို့ဖြစ်၍ ယခု သွားလော့။ သင် ၏ နှုတ် ၌ ငါ ရှိ ၍ ၊ သင် သည် အဘယ်သို့ ပြော ရမည်ကို သွန်သင် မည်ဟု မိန့် တော်မူ၏။
13 ၁၃ သို့​သော်​လည်း​မော​ရှေ​က``အ​ရှင်​ဘု​ရား၊ အ​ခြား သူ​တစ်​ဦး​ကို​စေ​လွှတ်​တော်​မူ​ပါ'' ဟု​တောင်း​ပန် လေ​၏။
၁၃မောရှေကလည်း၊ အို ဘုရား ရှင်၊ အလိုတော်ရှိသောသူ၏လက်တွင် ပေး လိုက်တော်မူပါဟု လျှောက် သော်၊
14 ၁၄ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​မျက်​ထွက်​၍``သင်​၌​လေ​ဝိ​အ​မျိုး​သား အစ်​ကို​အာ​ရုန်​ရှိ​သည်​မ​ဟုတ်​လော။ သူ​သည် နှုတ်​သတ္တိ​ကောင်း​သူ​ဖြစ်​ကြောင်း​ငါ​သိ​၏။ သူ သည်​သင်​နှင့်​အ​လွန်​တွေ့​လို​၍ ယ​ခု​ပင်​လျှင် သင့်​ထံ​သို့​လာ​နေ​ပြီ။-
၁၄ထာဝရဘုရား သည် မောရှေ အား အမျက် တော်ထွက်၍ ၊ လေဝိ လူ အာရုန် သည် သင် ၏အစ်ကို ဖြစ်သည် မဟုတ် လော။ သူ သည် ကောင်းမွန် စွာပြောတတ်သည်ကို ငါသိ ၏။ သူ သည်လည်း သင့် ကိုခရီးဦးကြို ပြုခြင်းငှါ ယခုလာ ၏။ တွေ့ မြင်သောအခါ ဝမ်းမြောက် လိမ့်မည်။
15 ၁၅ သင်​ပြော​ရ​မည့်​စ​ကား​ကို​သူ့​အား​ပြော​ပြ လော့။ ငါ​သည်​သင်​တို့​နှစ်​ဦး​မည်​သို့​ပြော​ဆို ပြု​လုပ်​ရ​မည်​ကို​သွန်​သင်​မည်။-
၁၅သင်သည် သူ နှင့် စကားပြော ၍ ၊ သူ ပြောစရာစကား ကိုပေး ရမည်။ သင် ၏နှုတ် ၌ ၎င်း ၊ သူ ၏နှုတ် ၌ ၎င်း ငါ ရှိ ၍ ၊ သင် တို့သည် အဘယ်သို့ ပြု ရမည်ကို သွန်သင် မည်။
16 ၁၆ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ပြော ပြ​စ​ရာ​ရှိ​သ​မျှ​ကို သင့်​ကိုယ်​စား​ပြော​လိမ့်​မည်။ သူ​သည်​သင်​၏​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​ဖြစ်​လိမ့် မည်။ သူ​သည်​လည်း​သင်​ပြော​သ​မျှ​ကို​ဘု​ရား အ​မိန့်​ကဲ့​သို့​ခံ​ယူ​လိမ့်​မည်။-
၁၆သူ သည်လည်း လူ တို့ရှေ့မှာ သင် ၏ စကားပြန် လုပ်၍ ၊ သင် ၏ နှုတ် ကိုယ်စားဖြစ် လိမ့်မည်။ သင် သည် လည်း သူ ၏ဘုရား သခင်ကိုယ်စားဖြစ် လိမ့်မည်။
17 ၁၇ တောင်​ဝှေး​ကို​သင့်​လက်​ထဲ​၌​ဆောင်​ထား​လော့။ ထို​တောင်​ဝှေး​ဖြင့်​သင်​သည်​အံ့​သြ​ဖွယ်​သော အ​မှု​တို့​ကို​ပြု​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၇သင်သည် နိမိတ် သက်သေတို့ကို ပြ လတံ့သော ဤ လှံတံ ကိုလည်း၊ သင် ၏လက် ၌ ကိုင် ရမည်ဟု မိန့် တော်မူ ၏။
18 ၁၈ မော​ရှေ​သည်​သူ​၏​ယောက္ခ​မ​ယေ​သ​ရော​ထံ​သို့ ပြန်​လာ​၍``အီ​ဂျစ်​ပြည်​၌​ရှိ​သော​ကျွန်​တော် ၏​ဆွေ​မျိုး​များ​အ​သက်​ရှင်​လျက်​ရှိ​သေး သ​လော​ဟု​စုံ​စမ်း​ရန် ထို​ပြည်​သို့​ပြန်​ခွင့်​ပေး ပါ'' ဟု​အ​ခွင့်​တောင်း​လေ​၏။ ယေ​သ​ရော​က မော​ရှေ​အား​ကြည်​ဖြူ​စွာ​သွား​ခွင့်​ပြု​လေ​၏။
၁၈မောရှေ သည်လည်း ယောက္ခမ ယေသရော ထံသို့ ပြန် သွား၍ ၊ အဲဂုတ္တု ပြည်၌ ရှိသောကျွန်ုပ် အမျိုးသား ချင်းတို့သည် အသက်ရှင် သေးသလောဟုကြည့်ရှု ခြင်းငှါ၊ သူတို့ရှိရာသို့ ကျွန်ုပ်သွား ရသောအခွင့်ကိုပေး ပါလော့ဟု ဆို သော်၊ ယေသရော က၊ ငြိမ်ဝပ် စွာ သွား လော့ဟု ပြန်ဆို လေ၏။
19 ၁၉ မော​ရှေ​သည်​မိ​ဒျန်​ပြည်​၌​ရှိ​စဉ်၊ ထာ​ဝ​ရ ဘု​ရား​သည် သူ့​အား``အီ​ဂျစ်​ပြည်​သို့​ပြန် လော့။ သင့်​ကို​သတ်​လို​သူ​အ​ပေါင်း​တို့​သည် အ​နိစ္စ​ရောက်​ကြ​ကုန်​ပြီ'' ဟု​မိန့်​တော်​မူ​၏။-
၁၉ထာဝရဘုရား ကလည်း၊ အဲဂုတ္တု ပြည်သို့ ပြန် သွားလော့။ သင် ၏အသက် ကို ရှာ သောသူ အပေါင်း တို့သည် သေ ကြပြီဟု မိဒျန် ပြည်၌ မောရှေ အား မိန့် တော်မူ၏။
20 ၂၀ သို့​ဖြစ်​၍​မော​ရှေ​သည်​သူ​၏​မ​ယား​နှင့်​သား တို့​ကို​မြည်း​ပေါ်​တွင်​တင်​၍၊ ထာ​ဝ​ရ​ဘု​ရား ဆောင်​ထား​စေ​သော​တောင်​ဝှေး​ကို​လက်​ထဲ​တွင် ကိုင်​ဆောင်​လျက်​အီ​ဂျစ်​ပြည်​သို့​ထွက်​ခွာ​ခဲ့ လေ​သည်။
၂၀ထိုအခါ ၊ မောရှေ သည် မယား နှင့် သား နှစ်ယောက်တို့ကို ယူ ၍ မြည်း ကိုစီး စေသဖြင့် ၊ ဘုရား သခင်၏ လှံတံ တော်ကိုလက် စွဲ လျက် ၊ အဲဂုတ္တု ပြည် သို့ ပြန် လေ၏။
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင်​သည် ယ​ခု​အီ​ဂျစ်​ပြည်​သို့​ပြန်​မည်​ဖြစ်​ရာ၊ သင့် အား​ငါ​ပေး​ထား​သော​တန်​ခိုး​ဖြင့်​ဖာ​ရော ဘု​ရင်​ရှေ့​၌​အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လော့။ ငါ​သည်​သူ့​စိတ်​ကို​ခိုင်​မာ​စေ​သ​ဖြင့်၊ သူ​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​ကို​သွား ခွင့်​ပြု​လိမ့်​မည်​မ​ဟုတ်။-
၂၁ထာဝရဘုရား ကလည်း ၊ သင် သည် အဲဂုတ္တု ပြည်သို့ သွား ၍ ရောက် လျှင် ၊ သင် ၌ ငါအပ် သော အံ့ဘွယ် သော အမှုအလုံးစုံ တို့ကို ဖါရော ဘုရင်ရှေ့ မှာ ပြ လော့။ ထိုသို့ပြသော်လည်းသူ ၏နှလုံး ကို ငါ ခိုင်မာ စေ၍၊ သူသည် ဣသရေလလူ တို့ကို မ လွှတ် ဘဲ နေလိမ့်မည်။
22 ၂၂ ထို​အ​ခါ​၌​သင်​သည်​ဖာ​ရော​ဘု​ရင်​အား`ထာ ဝ​ရ​ဘု​ရား​က​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​ငါ​၏​သား​ဦး​ဖြစ်​၏။-
၂၂ဖါရော ဘုရင်ကို လည်း ထာဝရဘုရား က ဣသရေလ သည် ငါ့ သား ဖြစ်၏။ ငါ့ သားဦး ဖြစ်၏။
23 ၂၃ ငါ​၏​သား​သည်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​နိုင်​စေ ရန် သူ့​ကို​သွား​ခွင့်​ပြု​ရန်​အ​မိန့်​ရှိ​သော်​လည်း သင်​သည်​သွား​ခွင့်​မ​ပေး။ ထို့​ကြောင့်​ငါ​သည်​သင် ၏​သား​ဦး​ကို​သေ​စေ​မည်' ဟု​ဆင့်​ဆို​လော့'' ဟူ ၍​မိန့်​တော်​မူ​၏။
၂၃ငါ့ သား သည် ငါ့ အားဝတ်ပြု သောအခွင့် ရှိစေခြင်းငှါ လွှတ် လော့။ မလွှတ်ဘူးဟု ငြင်း လျှင်၊ သင် ၏သား ၊ သင် ၏သားဦး ကိုပင် ငါ ကွပ်မျက် မည်ဟု မိန့် တော်မူကြောင်းကို ဆင့်ဆို လော့ဟု မောရှေ အား မှာ ထားတော်မူ၏။
24 ၂၄ လမ်း​ခ​ရီး​တို့​တွင်​စ​ခန်း​ချ​ရာ​တစ်​နေ​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​နှင့်​တွေ့​ဆုံ​၍ သူ့​အား​အ​ဆုံး​စီ​ရင်​ရန်​ပြု​တော်​မူ​၏။-
၂၄ခရီး သွား စဉ်တွင် ၊ စားခန်း စရပ်၌ ထာဝရဘုရား သည် မောရှေ ကိုတွေ့ ၍ ကွပ်မျက် ခြင်းငှါရှာကြံ တော်မူ ၏။
25 ၂၅ ထို​အ​ခါ​သူ​၏​မ​ယား​ဇိ​ပေါ​ရ​သည်​ကျောက် စောင်း​တစ်​ခု​ကို​ယူ​၍ သား​၏​အ​ရေ​ဖျား​ကို ဖြတ်​ပြီး​လျှင်​ထို​အ​ရေ​ဖျား​ဖြင့် မော​ရှေ​၏ ခြေ​တို့​ကို​တို့​လေ​၏။ ထို​နောက်​အ​ရေ​ဖျား လှီး​ဖြတ်​ခြင်း​မင်္ဂ​လာ​ကြောင့် ဇိ​ပေါ​ရ​က``သင် သည်​ကျွန်​မ​၏​တ​ရား​ဝင်​လင်​ယောကျာ်း​ပင် ဖြစ်​၏'' ဟု​ဆို​လေ​၏။-
၂၅ထိုအခါ ၊ ဇိပေါရ သည် ထား ကိုယူ ၍ သား ၏ အရေဖျား ကို လှီးဖြတ် ပြီးမှ ၊ လင် ၏ခြေ ရင်း၌ ပြပ်ဝပ်လျက် ၊ အကယ် စင်စစ်သင် သည် အကျွန်ုပ် ၌ အသွေး နှင့်ယှဉ်သော လင် ဖြစ်သည်ဟု ဆို ၏။
26 ၂၆ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား အ​သက်​ချမ်း​သာ​ခွင့်​ပေး​တော်​မူ​၏။
၂၆ထိုအခါ မောရှေ ကို လွှတ် တော်မူ၏။ မယားကလည်း ၊ အရေဖျား လှီးမင်္ဂလာကြောင့် ၊ သင်သည် အကျွန်ုပ်၌ အသွေး နှင့်ယှဉ်သောလင် ဖြစ်၏ဟု ဆို သတည်း။
27 ၂၇ ထာ​ဝ​ရ​ဘု​ရား​က​အာ​ရုန်​အား``မော​ရှေ​နှင့် တွေ့​ဆုံ​ရန်​တော​ကန္တာ​ရ​သို့​သွား​လော့'' ဟု အ​မိန့်​ရှိ​တော်​မူ​သည်​အ​တိုင်း​သူ​သွား​လေ​၏။ သူ​သည်​မော​ရှေ​ကို ထာ​ဝ​ရ​ဘု​ရား​၏​တောင် ပေါ်​၌​တွေ့​ဆုံ​လျှင်​သူ့​ကို​နမ်း​၍​နှုတ်​ဆက်​၏။-
၂၇ထာဝရဘုရား ကလည်း ၊ မောရှေ ကို ခရီးဦးကြိုပြု ခြင်းငှါ တော သို့သွား လော့ဟု အာရုန် အား မိန့် တော်မူသည် အတိုင်း ၊ အာရုန်သည်သွား လျှင် ၊ ဘုရား သခင်၏ တောင် ပေါ်၌ မောရှေ ကို တွေ့ ၍ နမ်း ခြင်းကို ပြု၏။
28 ၂၈ မော​ရှေ​သည်​မိ​မိ​အား​စေ​လွှတ်​သော​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​သ​မျှ​တို့​နှင့် ပြု​လုပ်​ရ​မည့် အံ့​သြ​ဖွယ်​သော​အ​မှု​တို့​ကို​အာရုန်​အား ပြော​လေ​၏။-
၂၈မောရှေ သည်လည်း ၊ မိမိ ကိုစေလွှတ် တော်မူသော ထာဝရဘုရား ၏စကား တော်အလုံးစုံ တို့ကို၎င်း ၊ မှာ ထားတော်မူသမျှသော နိမိတ် သက်သေတို့ကို၎င်း၊ အာရုန် အား ကြားပြော လေ၏။
29 ၂၉ ထို​နောက်​မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ဣသ​ရေ​လ အ​မျိုး​သား​တို့​ထံ​သို့​သွား​၍​ခေါင်း​ဆောင်​များ ကို​စု​ရုံး​စေ​၏။-
၂၉ထို သူညီနောင်နှစ်ပါးတို့သည် သွား ၍ ဣသရေလ အမျိုးသား အသက်ကြီး သူတို့ကို စုဝေး စေပြီးလျင် ၊
30 ၃၀ အာ​ရုန်​သည်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား မိန့်​တော်​မူ​သ​မျှ​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ပြော​၍​သူ​တို့​ရှေ့​တွင်​အံ့​သြ ဖွယ်​သော​နိ​မိတ်​လက္ခ​ဏာ​တို့​ကို​ပြ​သ​ဖြင့်၊-
၃၀အာရုန် သည် မောရှေ အား ထာဝရဘုရား မိန့် တော်မူသော စကား တော်အလုံးစုံ တို့ကို ပြန်ပြော ၍ ၊ လူ တို့ရှေ့ မှာ နိမိတ် သက်သေတို့ကိုပြ လေ၏။
31 ၃၁ သူ​တို့​သည်​ပြော​ပြ​သ​မျှ​ကို​ယုံ​ကြ​၏။ ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​ထံ​သို့​ကြွ​လာ ၍ သူ​တို့​ခံ​ရ​သော​ဆင်း​ရဲ​ခြင်း​ကို​သိ​မှတ်​တော် မူ​ပြီ​ဖြစ်​ကြောင်း​ကို ကြား​သိ​ရ​သော​အ​ခါ​သူ တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား​ဦး​ညွှတ်​ရှိ​ခိုး ကြ​၏။
၃၁ထိုလူ များတို့သည် ယုံ ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့ကို အကြည့် အရှုကြွတော်မူသည် ကို ၎င်း ၊ သူ တို့ခံရသောဆင်းရဲ ခြင်းကို မှတ် တော်မူသည်ကို ၎င်းကြား သောအခါ ၊ ဦးညွှတ် ချ၍ ကိုးကွယ် ကြ၏။

< ထွက်မြောက်ရာ 4 >