< ထွက်မြောက်ရာ 4 >
1 ၁ မောရှေက``အကယ်၍ဣသရေလအမျိုးသား တို့က အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကို နားမထောင်ဘဲ`သင်သည်ထာဝရဘုရားကိုဖူး မြင်ခဲ့ရသည်ဟုဆိုသည်မှာမဖြစ်နိုင်' ဟုပြော ကြလျှင်အကျွန်ုပ်မည်သို့ပြုရပါမည်နည်း'' ဟု လျှောက်ထားလေ၏။
A Ka whakahoki a Mohi, ka mea, Na, e kore ratou e whakapono ki ahau, e kore hoki e whakarongo ki toku reo; e mea hoki ratou, Kahore a Ihowa i puta mai ki a koe.
2 ၂ ထာဝရဘုရားက``သင့်လက်ထဲတွင်မည်သည့် အရာရှိသနည်း'' ဟုမေးလျှင်၊ မောရှေက``တောင်ဝှေးရှိပါသည်'' ဟုလျှောက်၏။
A ka mea a Ihowa ki a ia, He aha tena i tou ringa? A ka mea ia, He tokotoko.
3 ၃ ထာဝရဘုရားက``တောင်ဝှေးကိုမြေပေါ်သို့ ပစ်ချလော့'' ဟုမိန့်တော်မူ၏။ မောရှေသည် တောင်ဝှေးကိုပစ်ချလိုက်သောအခါ၊ တောင် ဝှေးသည်မြွေဖြစ်လာသဖြင့်သူသည်လန့် ၍ထွက်ပြေးလေ၏။-
Na ka mea ia, Maka atu ki te whenua. Na maka ana e ia ki te whenua, na, he nakahi! ko te tino rerenga o Mohi i tona aroaro.
4 ၄ ထိုအခါထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဆန့်၍မြွေအမြီးကိုကိုင်ဖမ်းလော့'' ဟုမိန့်တော်မူ၏။ မောရှေသည်လက်ကိုဆန့်၍ မြွေကိုကိုင်ဖမ်းလိုက်သောအခါ လက်ထဲ၌ တောင်ဝှေးတစ်ဖန်ဖြစ်လာပြန်လေသည်။-
Ka mea ano a Ihowa ki a Mohi, Totoro atu tou ringa, hopukia i te hiku: ko te toronga atu o tona ringaringa, hopukina iho, na, kua tokotoko ano ki tona ringa.
5 ၅ ထာဝရဘုရားကဣသရေလအမျိုး သားတို့ရှေ့တွင် ထိုသို့ပြုလုပ်ပြလော့။ သို့ မှသာလျှင်သင်သည်သူတို့ဘိုးဘေးတို့၏ ထာဝရအရှင်ဘုရားသခင်၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားကိုဖူးမြင်ခဲ့ရကြောင်းသူတို့ယုံ ကြမည်'' ဟုမိန့်တော်မူ၏။
Kia whakapono ai ratou kua puta ki a koe a Ihowa, te Atua o o ratou matua, te Atua o Aperahama, te Atua o Ihaka, te Atua o Hakopa.
6 ၆ တစ်ဖန်ထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဝတ်ရုံအောက်သို့သွင်းလော့'' ဟုမိန့် တော်မူ၏။ မောရှေသည်မိန့်တော်မူသည့်အတိုင်း ပြုလုပ်၏။ လက်ကိုပြန်ထုတ်လိုက်သောအခါ လက်သည်အရေပြားရောဂါစွဲ၍မိုးပွင့် ကဲ့သို့ဖြူဆွတ်လာ၏။-
I mea ano a Ihowa ki a ia, Tena, kuhua tou ringa ki tou uma: a kuhua ana e ia tona ringa ki tona uma; te unuhanga ano, na, kua repera tona ringa, kua rite ki te hukarere.
7 ၇ ထိုအခါထာဝရဘုရားက``သင်၏လက် ကိုဝတ်ရုံအောက်သို့တစ်ဖန်သွင်းလော့'' ဟု မိန့်တော်မူ၏။ မောရှေသည်လက်ကိုသွင်း၍ ပြန်ထုတ်သောအခါအခြားကိုယ်ခန္ဓာအစိတ် အပိုင်းများကဲ့သို့ပကတိအကောင်း အတိုင်းပြန်ဖြစ်လေ၏။-
I mea ano ia, Whakahokia ano tou ringa ki tou uma: a whakahokia ana ano e ia tona ringa ki tona uma; a, no te unuhanga i tona uma, na, kua hoki, kua rite ki tona kiri ano.
8 ၈ ``ဣသရေလအမျိုးသားတို့သည်သင့်ကို မယုံ၊ သင်ပထမဦးစွာပြသောသက်သေ ကိုလည်းလက်မခံလျှင်သင်၏ဒုတိယသက် သေကိုလက်ခံကြလိမ့်မည်။-
A, ki te kore ratou e whakapono ki a koe, ki te kore e whakarongo ki te reo o te tohu tuatahi, na, ka whakapono ki te reo o to muri tohu.
9 ၉ အကယ်၍သူတို့သည်ထိုသက်သေနှစ်မျိုးစလုံး ကိုလက်မခံ၊ သင်၏စကားကိုလည်းနားမထောင် ကြသေးလျှင်၊ သင်သည်နိုင်းမြစ်ထဲမှရေကိုယူ ၍ခြောက်သွေ့သောကုန်းပေါ်သို့လောင်းချလော့။ ထိုရေသည်သွေးအဖြစ်သို့ပြောင်းလဲသွား လိမ့်မည်'' ဟုမိန့်တော်မူ၏။
A, ki te kore ano ratou e whakapono ki enei tohu e rua, ki te kore e whakarongo ki tou reo, utuhia e koe ki te wai o te awa, ka riringi ki te oneone maroke; a, ko te wai e utuhia e koe i te awa, hei toto ki runga ki te whenua maroke.
10 ၁၀ သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
Na ka ki a Mohi ki a Ihowa, E toku Ariki, ehara ahau i te pukorero, i mua, i muri ranei i tau korerotanga ki tau pononga; he reo ngoikore hoki toku he arero paremo.
11 ၁၁ ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
Na ka mea a Ihowa ki a ia, Na wai i hunga te mangai o te tangata? Na wai hoki i mea kia wahangu, kia turi, kia titiro ranei, kia matapo ranei? Ehara koia i ahau, i a Ihowa?
12 ၁၂ သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
Na, haere, a hei tou waha ahau, ako ai i a koe ki tau e korero ai.
13 ၁၃ သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။
Na ka mea ia, E toku Ariki, mau ra e nga tau e unga ai.
14 ၁၄ ထိုအခါထာဝရဘုရားသည်မောရှေအား အမျက်ထွက်၍``သင်၌လေဝိအမျိုးသား အစ်ကိုအာရုန်ရှိသည်မဟုတ်လော။ သူသည် နှုတ်သတ္တိကောင်းသူဖြစ်ကြောင်းငါသိ၏။ သူ သည်သင်နှင့်အလွန်တွေ့လို၍ ယခုပင်လျှင် သင့်ထံသို့လာနေပြီ။-
Na ka mura te riri a Ihowa ki a Mohi; ka mea ia, Ehara ianei a Arona Riwaiti i te tuakana nou? E matau ana ahau he pukorero ia. Ina hoki, na, e haere mai nei ia ki te whakatau i a koe; a, ka kite i a koe, ka koa tona ngakau.
15 ၁၅ သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။-
A mau e korero ki a ia, e hoatu nga kupu ki tona waha: a hei tou mangai ahau, hei tona mangai hoki, whakaako ai i a korua ki ta korua e mea ai.
16 ၁၆ သူသည်ဣသရေလအမျိုးသားတို့အားပြော ပြစရာရှိသမျှကို သင့်ကိုယ်စားပြောလိမ့်မည်။ သူသည်သင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်လိမ့် မည်။ သူသည်လည်းသင်ပြောသမျှကိုဘုရား အမိန့်ကဲ့သို့ခံယူလိမ့်မည်။-
A ko ia hei kaikorero mau ki te iwi; a, ko ia, ina, ka ai ia hei mangai mou, ko koe hoki hei atua ki a ia.
17 ၁၇ တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
Maua atu ano tenei tokotoko i tou ringa, e mea ai koe i nga tohu.
18 ၁၈ မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
Na haere ana a Mohi, hoki ana ki a Ietoro, ki tona hungawai, a ka mea ki a ia, Tukua ahau kia haere, kia hoki ki oku tuakana i Ihipa, kia kite kei te ora ano ranei ratou. A ka mea a Ietoro ki a Mohi, Haere i runga i te pai.
19 ၁၉ မောရှေသည်မိဒျန်ပြည်၌ရှိစဉ်၊ ထာဝရ ဘုရားသည် သူ့အား``အီဂျစ်ပြည်သို့ပြန် လော့။ သင့်ကိုသတ်လိုသူအပေါင်းတို့သည် အနိစ္စရောက်ကြကုန်ပြီ'' ဟုမိန့်တော်မူ၏။-
I mea ano a Ihowa ki a Mohi i Miriana, Haere, e hoki ki Ihipa: kua mate katoa hoki nga tangata i whai i a koe kia patua.
20 ၂၀ သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။
Na ka mau a Mohi ki tana wahine ratou ko ana tama, a whakanohoia ana ki runga ki te kaihe, a hoki ana ki te whenua o Ihipa: i tango ano a Mohi i te tokotoko a te Atua ki tona ringa.
21 ၂၁ ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-
I mea ano a Ihowa ki a Mohi, E haere koe, e hoki ki Ihipa, kia mahara kia meatia ki te aroaro o Parao ena merekara katoa kua hoatu na e ahau ki tou ringa: otiia maku e whakapakeke tona ngakau, kia kore ai ia e tuku i te iwi.
22 ၂၂ ထိုအခါ၌သင်သည်ဖာရောဘုရင်အား`ထာ ဝရဘုရားကဣသရေလအမျိုးသားတို့ သည်ငါ၏သားဦးဖြစ်၏။-
A ka mea koe ki a Parao, Ko te kupu tenei a Ihowa, Ko Iharaira taku tama, taku matamua:
23 ၂၃ ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
Ko taku kupu ano tenei ki a koe, Tukua taku tama kia mahi ki ahau: a ki te kore koe e rongo ki te tuku i a ia, na, ka patua e ahau tau tama, tau matamua.
24 ၂၄ လမ်းခရီးတို့တွင်စခန်းချရာတစ်နေရာ၌ ထာဝရဘုရားသည်မောရှေနှင့်တွေ့ဆုံ၍ သူ့အားအဆုံးစီရင်ရန်ပြုတော်မူ၏။-
A i a ratou i te whare tira i te ara, na pono pu a Ihowa ki a ia, a ka whai i a ia kia whakamatea.
25 ၂၅ ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။-
A ka tango a Hipora i tetahi kohatu koi, a kotia iho te kiri matamata o tana tama, na whakapakia ana e ia ki ona waewae, ka mea, He tane toto koe ki ahau.
26 ၂၆ ထို့ကြောင့်ထာဝရဘုရားသည်မောရှေအား အသက်ချမ်းသာခွင့်ပေးတော်မူ၏။
Heoi ka tuku atu ia i a ia: i reira ano ka mea te wahine, He tane toto koe; mo te kotinga hoki.
27 ၂၇ ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။-
Na ka mea a Ihowa ki a Arona, Haere ki te koraha, ki te whakatau i a Mohi, A haere ana ia, a ka tutaki ki a ia ki te maunga o te Atua, ka kihi i a ia.
28 ၂၈ မောရှေသည်မိမိအားစေလွှတ်သောထာဝရ ဘုရားမိန့်မှာသမျှတို့နှင့် ပြုလုပ်ရမည့် အံ့သြဖွယ်သောအမှုတို့ကိုအာရုန်အား ပြောလေ၏။-
A korerotia ana e Mohi ki a Arona nga kupu katoa a Ihowa i unga nei i a ia, me nga tohu katoa i ako ai ia ki a ia.
29 ၂၉ ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဣသရေလ အမျိုးသားတို့ထံသို့သွား၍ခေါင်းဆောင်များ ကိုစုရုံးစေ၏။-
Na haere ana a Mohi raua ko Arona, a whakaminea ana nga kaumatua katoa o nga tama a Iharaira:
30 ၃၀ အာရုန်သည်ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလအမျိုး သားတို့အားပြော၍သူတို့ရှေ့တွင်အံ့သြ ဖွယ်သောနိမိတ်လက္ခဏာတို့ကိုပြသဖြင့်၊-
Na korerotia ana e Arona nga kupu katoa i korero ai a Ihowa ki a Mohi, mahia ana hoki e ia nga tohu i te tirohanga a te iwi.
31 ၃၁ သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
A whakapono tonu te iwi: a, ka rongo ratou kua tae mai a Ihowa ki nga tama a Iharaira, kua titiro ki to ratou whakawhiunga, ka tuohu ratou, ka koropiko.