< ထွက်မြောက်ရာ 4 >
1 ၁ မောရှေက``အကယ်၍ဣသရေလအမျိုးသား တို့က အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကို နားမထောင်ဘဲ`သင်သည်ထာဝရဘုရားကိုဖူး မြင်ခဲ့ရသည်ဟုဆိုသည်မှာမဖြစ်နိုင်' ဟုပြော ကြလျှင်အကျွန်ုပ်မည်သို့ပြုရပါမည်နည်း'' ဟု လျှောက်ထားလေ၏။
摩西回答说:“他们必不信我,也不听我的话,必说:‘耶和华并没有向你显现。’”
2 ၂ ထာဝရဘုရားက``သင့်လက်ထဲတွင်မည်သည့် အရာရှိသနည်း'' ဟုမေးလျှင်၊ မောရှေက``တောင်ဝှေးရှိပါသည်'' ဟုလျှောက်၏။
耶和华对摩西说:“你手里是什么?”他说:“是杖。”
3 ၃ ထာဝရဘုရားက``တောင်ဝှေးကိုမြေပေါ်သို့ ပစ်ချလော့'' ဟုမိန့်တော်မူ၏။ မောရှေသည် တောင်ဝှေးကိုပစ်ချလိုက်သောအခါ၊ တောင် ဝှေးသည်မြွေဖြစ်လာသဖြင့်သူသည်လန့် ၍ထွက်ပြေးလေ၏။-
耶和华说:“丢在地上。”他一丢下去,就变作蛇;摩西便跑开。
4 ၄ ထိုအခါထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဆန့်၍မြွေအမြီးကိုကိုင်ဖမ်းလော့'' ဟုမိန့်တော်မူ၏။ မောရှေသည်လက်ကိုဆန့်၍ မြွေကိုကိုင်ဖမ်းလိုက်သောအခါ လက်ထဲ၌ တောင်ဝှေးတစ်ဖန်ဖြစ်လာပြန်လေသည်။-
耶和华对摩西说:“伸出手来,拿住它的尾巴,它必在你手中仍变为杖;
5 ၅ ထာဝရဘုရားကဣသရေလအမျိုး သားတို့ရှေ့တွင် ထိုသို့ပြုလုပ်ပြလော့။ သို့ မှသာလျှင်သင်သည်သူတို့ဘိုးဘေးတို့၏ ထာဝရအရှင်ဘုရားသခင်၊ အာဗြဟံ ၏ဘုရား၊ ဣဇာက်၏ဘုရား၊ ယာကုပ်၏ ဘုရားကိုဖူးမြင်ခဲ့ရကြောင်းသူတို့ယုံ ကြမည်'' ဟုမိန့်တော်မူ၏။
如此好叫他们信耶和华—他们祖宗的 神,就是亚伯拉罕的 神,以撒的 神,雅各的 神,是向你显现了。”
6 ၆ တစ်ဖန်ထာဝရဘုရားက မောရှေအား``သင် ၏လက်ကိုဝတ်ရုံအောက်သို့သွင်းလော့'' ဟုမိန့် တော်မူ၏။ မောရှေသည်မိန့်တော်မူသည့်အတိုင်း ပြုလုပ်၏။ လက်ကိုပြန်ထုတ်လိုက်သောအခါ လက်သည်အရေပြားရောဂါစွဲ၍မိုးပွင့် ကဲ့သို့ဖြူဆွတ်လာ၏။-
耶和华又对他说:“把手放在怀里。”他就把手放在怀里,及至抽出来,不料,手长了大麻风,有雪那样白。
7 ၇ ထိုအခါထာဝရဘုရားက``သင်၏လက် ကိုဝတ်ရုံအောက်သို့တစ်ဖန်သွင်းလော့'' ဟု မိန့်တော်မူ၏။ မောရှေသည်လက်ကိုသွင်း၍ ပြန်ထုတ်သောအခါအခြားကိုယ်ခန္ဓာအစိတ် အပိုင်းများကဲ့သို့ပကတိအကောင်း အတိုင်းပြန်ဖြစ်လေ၏။-
耶和华说:“再把手放在怀里。”他就再把手放在怀里,及至从怀里抽出来,不料,手已经复原,与周身的肉一样;
8 ၈ ``ဣသရေလအမျိုးသားတို့သည်သင့်ကို မယုံ၊ သင်ပထမဦးစွာပြသောသက်သေ ကိုလည်းလက်မခံလျှင်သင်၏ဒုတိယသက် သေကိုလက်ခံကြလိမ့်မည်။-
又说:“倘或他们不听你的话,也不信头一个神迹,他们必信第二个神迹。
9 ၉ အကယ်၍သူတို့သည်ထိုသက်သေနှစ်မျိုးစလုံး ကိုလက်မခံ၊ သင်၏စကားကိုလည်းနားမထောင် ကြသေးလျှင်၊ သင်သည်နိုင်းမြစ်ထဲမှရေကိုယူ ၍ခြောက်သွေ့သောကုန်းပေါ်သို့လောင်းချလော့။ ထိုရေသည်သွေးအဖြစ်သို့ပြောင်းလဲသွား လိမ့်မည်'' ဟုမိန့်တော်မူ၏။
这两个神迹若都不信,也不听你的话,你就从河里取些水,倒在旱地上,你从河里取的水必在旱地上变作血。”
10 ၁၀ သို့ရာတွင် မောရှေကလည်း``အို ထာဝရဘုရား၊ အကျွန်ုပ်အားစေလွှတ်တော်မမူပါနှင့်။ အကျွန်ုပ် သည်မည်သည့်အခါကမျှနှုတ်သတ္တိမရှိခဲ့ ပါ။ ကိုယ်တော်ရှင်ကအကျွန်ုပ်အားမိန့်ကြား ပြီးသည်အခါ၌ပင်၊ နှုတ်သတ္တိမရှိသေးပါ။ အကျွန်ုပ်သည်နှုတ်စ၊ လျှာစလေးသူ၊ စကား ပြောနှေးသူဖြစ်ပါသည်'' ဟုလျှောက်လေ၏။
摩西对耶和华说:“主啊,我素日不是能言的人,就是从你对仆人说话以后,也是这样。我本是拙口笨舌的。”
11 ၁၁ ထိုအခါထာဝရဘုရားက``လူကိုမည်သူ ကစကားပြောစေသနည်း။ လူကိုမည်သူက နားထိုင်းဆွံ့အစေသနည်း။ လူကိုမည်သူက စက္ခုအလင်းရစေသနည်း။ သို့မဟုတ်မျက်စိ ကွယ်စေသနည်း။ ငါထာဝရဘုရားပင် မဟုတ်ပါလော။-
耶和华对他说:“谁造人的口呢?谁使人口哑、耳聋、目明、眼瞎呢?岂不是我—耶和华吗?
12 ၁၂ သင်ယခုသွားလော့။ သင့်အားနှုတ်သတ္တိကို ငါပေးမည်။ သင်မည်ကဲ့သို့ပြောရမည်ကို ငါသွန်သင်မည်'' ဟုမိန့်တော်မူ၏။
现在去吧,我必赐你口才,指教你所当说的话。”
13 ၁၃ သို့သော်လည်းမောရှေက``အရှင်ဘုရား၊ အခြား သူတစ်ဦးကိုစေလွှတ်တော်မူပါ'' ဟုတောင်းပန် လေ၏။
摩西说:“主啊,你愿意打发谁,就打发谁去吧!”
14 ၁၄ ထိုအခါထာဝရဘုရားသည်မောရှေအား အမျက်ထွက်၍``သင်၌လေဝိအမျိုးသား အစ်ကိုအာရုန်ရှိသည်မဟုတ်လော။ သူသည် နှုတ်သတ္တိကောင်းသူဖြစ်ကြောင်းငါသိ၏။ သူ သည်သင်နှင့်အလွန်တွေ့လို၍ ယခုပင်လျှင် သင့်ထံသို့လာနေပြီ။-
耶和华向摩西发怒说:“不是有你的哥哥利未人亚伦吗?我知道他是能言的;现在他出来迎接你,他一见你,心里就欢喜。
15 ၁၅ သင်ပြောရမည့်စကားကိုသူ့အားပြောပြ လော့။ ငါသည်သင်တို့နှစ်ဦးမည်သို့ပြောဆို ပြုလုပ်ရမည်ကိုသွန်သင်မည်။-
你要将当说的话传给他;我也要赐你和他口才,又要指教你们所当行的事。
16 ၁၆ သူသည်ဣသရေလအမျိုးသားတို့အားပြော ပြစရာရှိသမျှကို သင့်ကိုယ်စားပြောလိမ့်မည်။ သူသည်သင်၏ပြောရေးဆိုခွင့်ရှိသူဖြစ်လိမ့် မည်။ သူသည်လည်းသင်ပြောသမျှကိုဘုရား အမိန့်ကဲ့သို့ခံယူလိမ့်မည်။-
他要替你对百姓说话;你要以他当作口,他要以你当作 神。
17 ၁၇ တောင်ဝှေးကိုသင့်လက်ထဲ၌ဆောင်ထားလော့။ ထိုတောင်ဝှေးဖြင့်သင်သည်အံ့သြဖွယ်သော အမှုတို့ကိုပြုလိမ့်မည်'' ဟုမိန့်တော်မူ၏။
你手里要拿这杖,好行神迹。”
18 ၁၈ မောရှေသည်သူ၏ယောက္ခမယေသရောထံသို့ ပြန်လာ၍``အီဂျစ်ပြည်၌ရှိသောကျွန်တော် ၏ဆွေမျိုးများအသက်ရှင်လျက်ရှိသေး သလောဟုစုံစမ်းရန် ထိုပြည်သို့ပြန်ခွင့်ပေး ပါ'' ဟုအခွင့်တောင်းလေ၏။ ယေသရောက မောရှေအားကြည်ဖြူစွာသွားခွင့်ပြုလေ၏။
于是,摩西回到他岳父叶忒罗那里,对他说:“求你容我回去见我在埃及的弟兄,看他们还在不在。”叶忒罗对摩西说:“你可以平平安安地去吧!”
19 ၁၉ မောရှေသည်မိဒျန်ပြည်၌ရှိစဉ်၊ ထာဝရ ဘုရားသည် သူ့အား``အီဂျစ်ပြည်သို့ပြန် လော့။ သင့်ကိုသတ်လိုသူအပေါင်းတို့သည် အနိစ္စရောက်ကြကုန်ပြီ'' ဟုမိန့်တော်မူ၏။-
耶和华在米甸对摩西说:“你要回埃及去,因为寻索你命的人都死了。”
20 ၂၀ သို့ဖြစ်၍မောရှေသည်သူ၏မယားနှင့်သား တို့ကိုမြည်းပေါ်တွင်တင်၍၊ ထာဝရဘုရား ဆောင်ထားစေသောတောင်ဝှေးကိုလက်ထဲတွင် ကိုင်ဆောင်လျက်အီဂျစ်ပြည်သို့ထွက်ခွာခဲ့ လေသည်။
摩西就带着妻子和两个儿子,叫他们骑上驴,回埃及地去。摩西手里拿着 神的杖。
21 ၂၁ ထာဝရဘုရားကမောရှေအား``သင်သည် ယခုအီဂျစ်ပြည်သို့ပြန်မည်ဖြစ်ရာ၊ သင့် အားငါပေးထားသောတန်ခိုးဖြင့်ဖာရော ဘုရင်ရှေ့၌အံ့သြဖွယ်သောအမှုတို့ကို ပြုလော့။ ငါသည်သူ့စိတ်ကိုခိုင်မာစေသဖြင့်၊ သူသည်ဣသရေလအမျိုးသားတို့ကိုသွား ခွင့်ပြုလိမ့်မည်မဟုတ်။-
耶和华对摩西说:“你回到埃及的时候,要留意将我指示你的一切奇事行在法老面前。但我要使他的心刚硬,他必不容百姓去。
22 ၂၂ ထိုအခါ၌သင်သည်ဖာရောဘုရင်အား`ထာ ဝရဘုရားကဣသရေလအမျိုးသားတို့ သည်ငါ၏သားဦးဖြစ်၏။-
你要对法老说:‘耶和华这样说:以色列是我的儿子,我的长子。
23 ၂၃ ငါ၏သားသည်ငါ့အားဝတ်ပြုကိုးကွယ်နိုင်စေ ရန် သူ့ကိုသွားခွင့်ပြုရန်အမိန့်ရှိသော်လည်း သင်သည်သွားခွင့်မပေး။ ထို့ကြောင့်ငါသည်သင် ၏သားဦးကိုသေစေမည်' ဟုဆင့်ဆိုလော့'' ဟူ ၍မိန့်တော်မူ၏။
我对你说过:容我的儿子去,好事奉我。你还是不肯容他去。看哪,我要杀你的长子。’”
24 ၂၄ လမ်းခရီးတို့တွင်စခန်းချရာတစ်နေရာ၌ ထာဝရဘုရားသည်မောရှေနှင့်တွေ့ဆုံ၍ သူ့အားအဆုံးစီရင်ရန်ပြုတော်မူ၏။-
摩西在路上住宿的地方,耶和华遇见他,想要杀他。
25 ၂၅ ထိုအခါသူ၏မယားဇိပေါရသည်ကျောက် စောင်းတစ်ခုကိုယူ၍ သား၏အရေဖျားကို ဖြတ်ပြီးလျှင်ထိုအရေဖျားဖြင့် မောရှေ၏ ခြေတို့ကိုတို့လေ၏။ ထိုနောက်အရေဖျား လှီးဖြတ်ခြင်းမင်္ဂလာကြောင့် ဇိပေါရက``သင် သည်ကျွန်မ၏တရားဝင်လင်ယောကျာ်းပင် ဖြစ်၏'' ဟုဆိုလေ၏။-
西坡拉就拿一块火石,割下他儿子的阳皮,丢在摩西脚前,说:“你真是我的血郎了。”
26 ၂၆ ထို့ကြောင့်ထာဝရဘုရားသည်မောရှေအား အသက်ချမ်းသာခွင့်ပေးတော်မူ၏။
这样,耶和华才放了他。西坡拉说:“你因割礼就是血郎了。”
27 ၂၇ ထာဝရဘုရားကအာရုန်အား``မောရှေနှင့် တွေ့ဆုံရန်တောကန္တာရသို့သွားလော့'' ဟု အမိန့်ရှိတော်မူသည်အတိုင်းသူသွားလေ၏။ သူသည်မောရှေကို ထာဝရဘုရား၏တောင် ပေါ်၌တွေ့ဆုံလျှင်သူ့ကိုနမ်း၍နှုတ်ဆက်၏။-
耶和华对亚伦说:“你往旷野去迎接摩西。”他就去,在 神的山遇见摩西,和他亲嘴。
28 ၂၈ မောရှေသည်မိမိအားစေလွှတ်သောထာဝရ ဘုရားမိန့်မှာသမျှတို့နှင့် ပြုလုပ်ရမည့် အံ့သြဖွယ်သောအမှုတို့ကိုအာရုန်အား ပြောလေ၏။-
摩西将耶和华打发他所说的言语和嘱咐他所行的神迹都告诉了亚伦。
29 ၂၉ ထိုနောက်မောရှေနှင့်အာရုန်တို့သည် ဣသရေလ အမျိုးသားတို့ထံသို့သွား၍ခေါင်းဆောင်များ ကိုစုရုံးစေ၏။-
摩西、亚伦就去招聚以色列的众长老。
30 ၃၀ အာရုန်သည်ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလအမျိုး သားတို့အားပြော၍သူတို့ရှေ့တွင်အံ့သြ ဖွယ်သောနိမိတ်လက္ခဏာတို့ကိုပြသဖြင့်၊-
亚伦将耶和华对摩西所说的一切话述说了一遍,又在百姓眼前行了那些神迹,
31 ၃၁ သူတို့သည်ပြောပြသမျှကိုယုံကြ၏။ ထာဝရဘုရားသည်သူတို့ထံသို့ကြွလာ ၍ သူတို့ခံရသောဆင်းရဲခြင်းကိုသိမှတ်တော် မူပြီဖြစ်ကြောင်းကို ကြားသိရသောအခါသူ တို့သည်ထာဝရဘုရားအားဦးညွှတ်ရှိခိုး ကြ၏။
百姓就信了。以色列人听见耶和华眷顾他们,鉴察他们的困苦,就低头下拜。