< ထွက်မြောက်ရာ 39 >
1 ၁ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။
Or Béséléel fit aussi d’hyacinthe, de pourpre, et d’écarlate et de lin fin, les vêtements dont devait être revêtu Aaron, quand il servait dans les lieux saints, comme avait ordonné le Seigneur à Moïse.
2 ၂ ယဇ်ပုရောဟိတ်သင်တိုင်းကိုပိတ်ချော၊ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးနှင့်ရွှေ ချည်တို့ဖြင့်ရက်လုပ်၏။-
Il fit donc l’éphod d’or, d’hyacinthe, de pourpre, d’écarlate deux fois teinte, et de fin lin retors,
3 ၃ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။-
D’un ouvrage de tisseur en diverses couleurs, et il tailla des feuilles d’or, et les réduisit en fils, pour qu’elles pussent être retordues dans le tissu des couleurs précédentes.
4 ၄ သင်တိုင်းကိုချည်ထားရန်ပခုံးသိုင်းကြိုးနှစ် ချောင်းကိုတပ်ထား၏။-
Il fit de plus les deux bords de l’éphod joints l’un à l’autre aux deux côtés des sommités,
5 ၅ ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
Et la ceinture des mêmes couleurs, comme avait ordonné le Seigneur à Moïse.
6 ၆ သူတို့သည်မဟူရာကျောက်များကိုသွေး၍ ရွှေပန်းထည်၌ထည့်ပြီးလျှင်၊ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့၏နာမည်များ ကိုကျောက်များပေါ်တွင်ထွင်းထားလေသည်။-
Il prépara aussi les deux pierres d’onyx, attachées et enchâssées dans de l’or et portant les noms des enfants d’Israël gravés selon l’art d’un lapidaire;
7 ၇ ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ဣသရေလအမျိုးတစ်ဆယ့် နှစ်မျိုးတို့ကိုကိုယ်စားပြုရန်၊ ထိုကျောက် များကိုပခုံးသိုင်းကြိုးများပေါ်တွင်တပ် ဆင်ထားကြ၏။
Puis il les plaça aux côtés de l’éphod, en souvenir des fils d’Israël, comme avait ordonné le Seigneur à Moïse.
8 ၈ သူတို့သည်ရင်ဖုံးကိုသင်တိုင်းချုပ်သည့်ပစ္စည်း များနှင့်ချုပ်၍ အလားတူပန်းထိုးထားကြ သည်။-
Il fit encore le rational, d’un ouvrage de tisseur en diverses couleurs, selon le travail de l’éphod, d’or, d’hyacinthe, de pourpre, d’écarlate deux fois teinte, et de fin lin retors.
9 ၉ ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျား၊ အနံ မှာကိုးလက်မစီရှိသည်။-
Il le fit carré, double, de la mesure d’une palme.
10 ၁၀ သူတို့သည်ထိုရင်ဖုံးပေါ်တွင်ကျောက်မျက် လေးတန်းတပ်ဆင်ထား၏။ ပထမအတန်း တွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
Et il posa quatre rangs de pierres précieuses. À la première rangée il y avait une sardoine, une topaze, une émeraude;
11 ၁၁ ဒုတိယအတန်းတွင်မြ၊ နီလာ၊ စိန်၊
À la seconde, une escarboucle, un saphir et un jaspe;
12 ၁၂ တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊
À la troisième, un ligure, une agate et une améthyste;
13 ၁၃ စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။-
À la quatrième, un chrysolithe, un onyx et un béryl, après les avoir environnés d’or et les y avoir enchâssés, selon leurs rangs.
14 ၁၄ ကျောက်မျက်တစ်လုံးပေါ်တွင်နာမည်တစ်ခု ကျစီဖြင့်၊ ကျောက်မျက်တစ်ဆယ့်နှစ်လုံးပေါ် တွင်ဣသရေလတစ်ဆယ့်နှစ်မျိုးကိုကိုယ်စား ပြုရန်၊ ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက် တို့၏နာမည်များကိုထွင်းထားလေသည်။-
Et ces douze pierres elles-mêmes portaient gravés les douze noms des tribus d’Israël, chaque pierre chaque nom.
15 ၁၅ သူတို့သည်ရင်ဖုံးအတွက်ရွှေကြိုးလိမ် များကိုပြုလုပ်၏။-
Ils firent aussi au rational deux chaînettes, se tenant l’une à l’autre, d un or très-pur;
16 ၁၆ ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။-
Deux agrafes et autant d’anneaux d’or. Or, ils posèrent aux deux côtés du rational les anneaux.
17 ၁၇ ရွှေကြိုးလိမ်နှစ်ပင်ကိုရင်ဖုံးထောင့်ရှိကွင်း ၌တပ်၍၊-
Desquels pendaient les deux chaînes d’or qu’ils attachèrent aux agrafes qui sortaient des angles de l’éphod.
18 ၁၈ အခြားအဖျားနှစ်ခုကိုရွှေပန်းထည်နှစ်ခု တွင်ချည်နှောင်ထား၏။ ဤနည်းအားဖြင့်ရွှေ ကြိုးလိမ်များသည်၊ သင်တိုင်း၏ပခုံးသိုင်း ကြိုးများအရှေ့ပိုင်းတွင်တပ်ထားလျက် ရှိလေ၏။-
Tout cela était ajusté devant et derrière, de manière que l’éphod et le rational se tenaient unis l’un à l’autre,
19 ၁၉ သူတို့သည်နောက်ထပ်ရွှေကွင်းကိုပြုလုပ်၍၊ သင်တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက် ထောင့်အတွင်းနားတွင်တပ်ထား၏။-
Etant serrés près de la ceinture, et fortement liés par des anneaux que joignaient ensemble un ruban d’hyacinthe, afin qu’ils ne fussent point lâches, et qu’ils ne s’écartassent pas l’un de l’autre, comme a ordonné le Seigneur à Moïse.
20 ၂၀ သူတို့သည်ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြု လုပ်၍၊ လှပစွာရက်ထားသောရင်စည်း အထက်၊ သင်တိုင်း၏ပခုံးကြိုးနှစ်ခုအရှေ့ အနားပတ်အနီးတွင်တပ်ထား၏။-
Ils firent aussi la tunique de l’éphod toute d’hyacinthe,
21 ၂၁ ထာဝရဘုရားကမောရှေအားမိန့်တော် မူသည့်အတိုင်း၊ ရင်ဖုံးမှကွင်းများကိုသင် တိုင်းမှကွင်းများနှင့်ကြိုးပြာဖြင့်ချည် ထားသဖြင့်၊ ရင်ဖုံးသည်လျှောမကျဘဲ ရင်စည်းထက်တွင်တည်မြဲနေ၏။
Une ouverture à la partie supérieure vers le milieu, et un bord tissu autour de l’ouverture;
22 ၂၂ သူတို့သည်သင်တိုင်းအပေါ်တွင်ဝတ်ရသော ဝတ်ရုံတစ်ခုလုံးကို သိုးမွေးအပြာဖြင့်ရက် လုပ်ကြ၏။-
Mais au bas, vers les pieds, des grenades d’hyacinthe, de pourpre, d’écarlate et de fin lin retors;
23 ၂၃ ထိုဝတ်ရုံ၏လည်စွပ်ကိုမစုတ်မပြဲစေရန် ရက်ထည်ဖြင့်အနားကွပ်ထားသည်။-
Et des sonnettes d’un or pur, qu’ils posèrent entre les grenades, à la partie inférieure de la tunique, tout autour:
24 ၂၄ ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း ဝတ်ရုံ၏အောက်နားပတ်လည် တွင်ပိတ်ချော၊ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးသလဲသီးလုံးများနှင့်ရွှေ ဆည်းလည်းများကိုတစ်လုံးကျော်စီတပ် ဆင်ထားသည်။
Une sonnette d’or et une grenade; c’est revêtu de ces ornements que le pontife exerçait les fonctions de son ministère, comme avait ordonné le Seigneur à Moïse.
Ils firent encore les tuniques tissues de fin lin pour Aaron et ses fils,
Les mitres avec leurs petites couronnes de fin lin;
27 ၂၇ သူတို့သည်အာရုန်နှင့်သူ၏သားများအတွက် အတွင်းခံအင်္ကျီ၊-
Et aussi de fin lin, les caleçons de lin,
28 ၂၈ ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊
Mais la ceinture de fin lin retors, d’hyacinthe, de pourpre et d’écarlate deux fois teintes, en broderie, comme avait ordonné le Seigneur à Moïse.
29 ၂၉ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
Ils firent de plus la lame de la sainte vénération, d’un or très pur, et ils y écrivirent en ouvrage de lapidaire: La sainteté du Seigneur;
30 ၃၀ သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-
Et ils la lièrent à la mitre avec un ruban d’hyacinthe, comme avait ordonné le Seigneur à Moïse.
31 ၃၁ ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။
Ainsi, tout l’ouvrage du tabernacle et du toit de témoignage fut achevé; et les enfants d’Israël firent tout ce qu’avait ordonné le Seigneur à Moïse.
32 ၃၂ နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
Et ils présentèrent le tabernacle et son toit et toutes ses dépendances, les anneaux, les ais, les leviers, les colonnes et les soubassements;
33 ၃၃ သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
La couverture de peaux de béliers teintes en rouge, et l’autre couverture de peaux violettes;
34 ၃၄ အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
Le voile, l’arche, les leviers, le propitiatoire;
35 ၃၅ ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-
La table et ses vases et les pains de proposition,
36 ၃၆ စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
Le chandelier, les lampes, et leurs ustensiles avec l’huile;
37 ၃၇ ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊-
L’autel d’or, le parfum à oindre et le parfum à brûler, composé d’aromates;
38 ၃၈ ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
Le voile à l’entrée du tabernacle;
39 ၃၉ ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်း ပိုး၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံးတို့ကို လည်းကောင်း၊ ရွှေအင်တုံနှင့်အောက်ခုံကိုလည်း ကောင်း၊-
L’autel d’airain, la grille, les leviers et tous ses vases; le bassin avec sa base; les rideaux du parvis, et les colonnes avec leurs soubassements;
40 ၄၀ တဲတော်ဝင်းအတွက်ကန့်လန့်ကာများ၊ တိုင် များနှင့်အောက်ခြေခံများ၊ တဲတော်ဝင်း တံခါးဝအတွက်ကန့်လန့်ကာနှင့်ကြိုးများ၊ တဲတော်ကြက်ဆူးများကိုလည်းကောင်း၊ ထာဝရဘုရားစံတော်မူရာတဲတော် အတွင်းဆောင်ရွက်ခြင်းဆိုင်ရာပစ္စည်းရှိ သမျှကိုလည်းကောင်း၊-
Le voile à l’entrée du parvis, ses cordages et ses pieux. Rien ne manqua des choses que, pour le service du tabernacle et pour le toit d’alliance. Dieu avait commandé de faire.
41 ၄၁ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။-
Et aussi les vêtements dont les prêtres se servent dans le sanctuaire, c’est-à-dire Aaron et ses fils,
42 ၄၂ ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။-
Les enfants d’Israël les présentèrent, comme avait ordonné le Seigneur.
43 ၄၃ မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။
Après que Moïse eut vu toutes ces choses achevées, il les bénit.