< ထွက်မြောက်ရာ 38 >

1 သူ​သည်​ယဇ်​ပလ္လင်​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ဆောက်​လုပ်​၏။ ထို​ပလ္လင်​သည်​အ​လျား​ခု​နစ် ပေ​ခွဲ၊ အ​နံ​ခု​နစ်​ပေ​ခွဲ၊ အ​မြင့်​လေး​ပေ​ခွဲ ရှိ​၏။-
တနည်းကား၊ အလျား ငါး တောင် ၊ အနံ ငါး တောင် ရှိ၍ စတုရန်း လေးထောင့်ဖြစ်သော မီးရှို့ ရာ ယဇ်ပလ္လင် ကို အကာရှ သား နှင့်လုပ် လေ၏။ အမြင့် လည်း သုံး တောင် ရှိ၏။
2 ထောင့်​လေး​ထောင့်​ရှိ​ဦး​ချို​သဏ္ဌာန်​အ​တက်​များ သည် ပလ္လင်​နှင့်​တစ်​သား​တည်း​ရှိ​၏။ ပလ္လင်​တစ်​ခု လုံး​ကို​ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
ယဇ်ပလ္လင် လေး ထောင့် အပေါ် မှာ ဦးချို လေးချောင်းကို အကာရှ သားနှင့်လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ လေ၏။
3 ပလ္လင်​နှင့်​ဆိုင်​သည့်​ပစ္စည်း​များ​ဖြစ်​သော​ပြာ​နှင့် အ​ဆီ​ခံ​အိုး၊ ဂေါ်ပြား၊ အင်​တုံ၊ ချိတ်၊ မီး​ကျီး​ခံ အိုး​တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။-
အိုး နှင့်တကွ တူးရွင်း ပြား၊ အင်တုံ ၊ အမဲသား ချိတ်၊ လင်ပန်း အစရှိသော ယဇ်ပလ္လင် နှင့် ဆိုင်သောတန်ဆာ ရှိသမျှ တို့ကို ကြေးဝါ နှင့်လုပ် လေ၏။
4 ကြေး​ဝါ​ဆန်​ခါ​ကို၊ ပလ္လင်​အ​နား​အောက် အ​မြင့်​ထက်​ဝက်​နေ​ရာ​တွင်​တပ်​ဆင်​ထား​၏။-
ကြေးဝါ ဆန်ခါ ကို လုပ် ၍ ယဇ်ပလ္လင် ခါးပန်း အောက် အလယ် ၌ထား၍၊
5 ကြေး​ဝါ​ဆန်​ခါ​ထောင့်​လေး​ထောင့်​တွင်​ထမ်း ပိုး​လျှို​ရန် ကွင်း​ကို​ပြု​လုပ်​၏။-
ထမ်းဘိုး ထား ရာ ဆန်ခါ လေး ထောင့် ၌ တပ်ရသောကြေးဝါ လေး ကွင်း ကို သွန်း
6 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် လုပ်​၍၊ ကြေး​ဝါ​ပြား​ကပ်​ထား​၏။-
အကာရှ သား ထမ်းဘိုး တို့ကို လုပ် ၍ ကြေးဝါ နှင့် မွမ်းမံ ပြီးမှ၊
7 ထမ်း​ပိုး​များ​ကို​ပလ္လင်​နံ​ဘေး​နှစ်​ဘက်​ရှိ ကွင်း​များ​တွင်​လျှို​ထား​၏။ ပလ္လင်​ကို​ဟင်း လင်း​ဖြစ်​စေ​ရန်၊ ပျဉ်​ဖြင့်​စပ်​လုပ်​၏။
ယဇ်ပလ္လင် ကို ထမ်း စရာဘို့ တဘက် တချက်ကွင်း များ၌ လျှိုထား လေ၏။ ထိုယဇ်ပလ္လင်ကို အပေါ်အောက် ဟင်းလင်း ဖြစ်စေခြင်းငှာ၊ ပျဉ်ပြား နှင့် လုပ် လေ၏။
8 သူ​သည်​ထာ​ဝရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ တော်​တံ​ခါး​ဝ​တွင် တာ​ဝန်​ကျ​သော​အ​မျိုး သ​မီး​တို့​၏​ကြေး​မုံ​များ​ဖြင့်၊ ကြေး​ဝါ အင်​တုံ​နှင့်​အောက်​ခံ​ကို​ပြု​လုပ်​၏။
ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ရှေ့မှာ စည်းဝေး တတ်သော မိန်းမ တို့၏ ကြေးဝါ မှန် များကို ယူ၍ ကြေးဝါ အင်တုံ နှင့် ကြေးဝါ ခြေထောက် ကို လုပ် လေ၏။
9 သူ​သည်​တဲ​တော်​ကို​ကာ​ရန်​ကန့်​လန့်​ကာ​များ ကို ပိတ်​ချော​ဖြင့်​ပြု​လုပ်​၏။ တောင်​ဘက်​၌​ကာ​ရန် ကန့်​လန့်​ကာ​သည်၊ အ​လျား​ကိုက်​ငါး​ဆယ်​ရှိ​၏။-
တဲတော်ဝင်း ကာရန်မူကား၊ အလျားအတောင် တရာ ရှိသော ပိတ်ချော နှင့် တောင် ဘက်၌ ကုလားကာ ကို လုပ် လေ၏။
10 ၁၀ ကန့်​လန့်​ကာ​ကို​ချိတ်​ဆွဲ​ရန်​တိုင်​နှစ်​ဆယ်​နှင့် တိုင်​ဖိ​နပ်​နှစ်​ဆယ်​တိုင်​ကို​ကြေး​ဝါ​ဖြင့်​လည်း ကောင်း၊ ချိတ်​များ​နှင့်​တန်း​များ​ကို​ငွေ​ဖြင့် လည်း​ကောင်း​ပြု​လုပ်​၏။-
၁၀ထိုကုလားကာ ဘို့ တိုင် နှစ်ဆယ် ၊ တိုင် ခြေစွပ် နှစ်ဆယ် ကို ကြေးဝါ နှင့်လုပ်၍ တိုင် တံစို့ ၊ တိုင်တန်း တို့ကို ငွေ ဖြင့်ပြီး စေ၏။
11 ၁၁ မြောက်​ဘက်​ကန့်​လန့်​ကာ​သည်​လည်း၊ တောင် ဘက်​ကန့်​လန့်​ကာ​အ​တိုင်း​ပင်​ဖြစ်​၏။-
၁၁ထိုနည်းတူမြောက် ဘက် ၌ ကာရန်အလျားအတောင် တရာ ရှိသော ကုလားကာနှင့်တကွ ငွေတံစို့ ၊ ငွေ တန်း ပါသောကြေးဝါ တိုင် နှစ်ဆယ် ၊ ကြေးဝါ ခြေစွပ် နှစ်ဆယ် ရှိ၏။
12 ၁၂ အ​နောက်​ဘက်​၌​ကာ​ရန်​ကန့်​လန့်​ကာ​သည်၊ အ​လျား​နှစ်​ဆယ့်​ငါး​ကိုက်​ရှိ​၍၊ တိုင်​ဆယ်​တိုင်၊ တိုင်​ဖိ​နပ်​ဆယ်​ခု၊ ချိတ်၊ တန်း​များ​ကို​ငွေ​ဖြင့် ပြု​လုပ်​၏။-
၁၂အနောက် ဘက် ၌ ကာရန် အလျားအတောင် ငါးဆယ် ရှိသောကုလားကာ နှင့်တကွ တိုင် တဆယ် ၊ ခြေစွပ် တဆယ် ရှိ၏။
13 ၁၃ တံ​ခါး​ဝ​ရှိ​ရာ​တဲ​တော်​အ​ရှေ့​ဘက်​ဝင်း​သည် လည်း နှစ်​ဆယ့်​ငါး​ကိုက်​ကျယ်​၏။-
၁၃အရှေ့ ဘက် ၌လည်း အတောင် ငါးဆယ် ရှိ၏။
14 ၁၄ တဲ​တော်​တံ​ခါး​ဝ​တစ်​ဘက်​တစ်​ချက်​တွင်၊ အ​နံ​ခု​နစ်​ကိုက်​ခွဲ​ရှိ​သော​ကန့်​လန့်​ကာ​နှင့် တိုင်​သုံး​တိုင်၊ တိုင်​ဖိ​နပ်​သုံး​ခု​စီ​ရှိ​၏။-
၁၄တံခါး ဝ တဘက် တချက်၌ ကာရန် အလျားဆယ် ငါး တောင် ရှိသောကုလားကာ နှင့်တကွ တိုင် သုံး တိုင်၊ ခြေစွပ် သုံး ခုရှိ၏။
15 ၁၅
၁၅
16 ၁၆ တဲ​တော်​ဝင်း​တစ်​လျှောက်​ရှိ​ကန့်​လန့်​ကာ အား​လုံး​ကို​ပိတ်​ချော​ဖြင့်​ပြု​လုပ်​သည်။-
၁၆ဝင်း ပတ်လည် ၌ကာသော ကုလားကာ ရှိသမျှ တို့သည် ပိတ်ချော ဖြင့်ပြီး ၏။
17 ၁၇ တိုင်​ဖိ​နပ်​များ​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၍၊ တိုင် ချိတ်​များ၊ တိုင်​တန်း​များ​နှင့်​တိုင်​ထိပ်​အုပ်​များ ကို​ငွေ​ဖြင့်​ပြု​လုပ်​သည်။ တိုင်​အား​လုံး​ကို​ငွေ တန်း​များ​ဖြင့်​ဆက်​ထား​၏။-
၁၇တိုင် တို့သည် ကြေးဝါ ခြေစွပ် ၊ ငွေတံစို့ ၊ ငွေ တန်း နှင့်ပြည့်စုံ၍ တိုင် ထိပ် များကိုလည်း ငွေ နှင့် မွမ်းမံ လေ၏။ ဝင်း တိုင် တန်း ရှိသမျှ တို့သည် ငွေ တန်းဖြစ်၏။
18 ၁၈ တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍​ပန်း​ထိုး​ထား​၏။ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​ကဲ့​သို့​တံ​ခါး ဝ​ကန့်​လန့်​ကာ​သည်​အ​လျား​တစ်​ဆယ်​ကိုက် နှင့်​အ​မြင့်​နှစ်​ကိုက်​ခွဲ​ရှိ​၏။-
၁၈ဝင်း တံခါး ဝ၌ ကာရန် ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍ ချယ်လှယ် သော ကုလားကာ ၊ အလျား အတောင် နှစ်ဆယ် ၊ အမြင့် ငါး တောင် ရှိ၍၊ ဝင်း ကာသော ကုလားကာ နှင့် တညီတည်း ဖြစ်၏။
19 ၁၉ ထို​ကန့်​လန့်​ကာ​ကို​ကြေး​ဝါ​ဖိ​နပ်​လေး​ခု​စွပ် ထား​သော​တိုင်​လေး​တိုင်​တို့​တွင်​ချိတ်​ဆွဲ​ထား ၏။ ချိတ်​များ၊ ထိပ်​အုပ်​များ​နှင့်​တန်း​များ​ကို ငွေ​ဖြင့်​ပြု​လုပ်​၏။-
၁၉ဝင်း တံခါးဝတိုင် လေး ခုရှိ၍၊ ကြေးဝါ ခြေစွပ် လေး ခု၊ ငွေ တံစို့ ၊ ငွေ တန်း များ၊ ငွေနှင့်မွမ်းမံ သော ထိပ် များနှင့် ပြည့်စုံကြ၏။
20 ၂၀ တဲ​တော်​နှင့်​ဝင်း​အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ တို့​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
၂၀တဲ တော်တံသင်ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ တို့သည် ကြေးဝါ တံသင်ဖြစ်ကြ၏။
21 ၂၁ ပ​ညတ်​တော်​ဆယ်​ပါး​ရေး​ထိုး​ထား​သော ကျောက်​ပြား​ထား​ရှိ​ရာ​တဲ​တော်​အ​တွက် အ​သုံး​ပြု​သော​သတ္တု​စာ​ရင်း​ကို​ဖော်​ပြ ပေ​အံ့။ ထို​စာ​ရင်း​မှာ​ယဇ်​ပု​ရော​ဟိတ်​အာ​ရုန် ၏​သား​ဣ​သ​မာ​ဦး​စီး​သော လေ​ဝိ​အ​မျိုး သား​တို့​က​မော​ရှေ​၏​အ​မိန့်​အ​ရ​ပြု​စု သော​စာ​ရင်း​ဖြစ်​၏။
၂၁ဤ ရွေ့ကား၊ မောရှေ စီရင် သည်အတိုင်း၊ ယဇ်ပုရောဟိတ် အာရုန် ၏သား ဣသမာ သည်၊ လေဝိ လူများ အမှု တော်ဆောင်စရာ တဲ တော်ကို ရေတွက်မှတ်သား သော သက်သေခံ ချက် တဲ တော်စာရင်း ပေတည်း။
22 ၂၂ ယု​ဒ​အ​နွယ်​ဟု​ရ​၏​မိ​သား​စု​မှ​ဥ​ရိ​၏​သား ဗေ​ဇ​လေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ အား​မိန့်​မှာ​တော်​မူ​သ​မျှ​တို့​ကို​တာ​ဝန်​ယူ ဆောင်​ရွက်​လေ​၏။-
၂၂မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသမျှတို့ ကို ၊ ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော၊ ဥရိ ၏ သား ဗေဇလေလ သည် လုပ် လေ၏။
23 ၂၃ သူ​၏​အ​ကူ​အ​ညီ​ဖြစ်​သူ​ဒန်​၏​အ​နွယ်​ထဲ​မှ အ​ဟိ​သ​မက်​၏​သား​အ​ဟော​လျ​ဘ​သည် ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​အ​တတ်​ကို​တတ် ကျွမ်း​သူ၊ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​တို့​ကို​ရက်​တတ်​သူ​ဖြစ်​၏။
၂၃ထိုမှတပါး ၊ ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြား သော လက်သမား အလုပ်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ၏ အလုပ်ကို လုပ်တတ်သော ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ လည်းရှိ ၏။
24 ၂၄ တဲ​တော်​အ​တွက်​လူ​တို့​လှူ​ဒါန်း​သော​ရွှေ​ချိန် စု​စု​ပေါင်း​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ နှစ်​ထောင့်​တစ်​ရာ​ကိုး​ဆယ့်​ငါး​ပေါင်​ရှိ​၏။-
၂၄သန့်ရှင်း ရာ ဌာနတော်ပြီး အောင် လှူ ၍ လုပ်သော ရွှေ ချိန်ပေါင်း ကား အကျပ်တော်အတိုင်း အခွက် နှစ်ရာ ကိုးဆယ် ခုနစ် ပိဿာ သုံးဆယ် ဖြစ် သတည်း။
25 ၂၅ သန်း​ခေါင်​စာ​ရင်း​ကောက်​ယူ​စဉ်​အ​ခါ​က၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ရ​ရှိ​သော ငွေ​ချိန်​မှာ​တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ ခု​နစ်​ထောင့်​ငါး​ရာ​ငါး​ဆယ်​ပေါင်​ရှိ​၏။-
၂၅စာရင်း ဝင်သော ပရိသတ် များပေးသော ငွေ ချိန်ပေါင်းကား၊ အကျပ် တော်အတိုင်း အခွက် တထောင် နှင့် တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ် ဖြစ်သတည်း။
26 ၂၆ ထို​ငွေ​ချိန်​သည်​သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တစ်​ဦး ချင်း​က တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​ပေး​ဆောင် သော​ငွေ​ချိန်​စု​စု​ပေါင်း​ဖြစ်​သ​တည်း။ အ​သက် နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သူ​သန်း​ခေါင်​စာ​ရင်း​ဝင် အ​မျိုး​သား​ဦး​ရေ​မှာ ခြောက်​သိန်း​သုံး​ထောင်​ငါး ရာ​ငါး​ဆယ်​ယောက်​ဖြစ်​သည်။-
၂၆အသက် နှစ်ဆယ် မှစ၍ ပိုလွန် သမျှသောသူ စာရင်း ဝင်သည်အတိုင်း၊ လူခြောက် သိန်းသုံး ထောင် ငါး ရာ ငါးဆယ် တို့သည်၊ အကျပ် တော်အလိုက် ငွေချိန်အကျပ် တဝက် စီ ပေးရကြ၏။
27 ၂၇ အောက်​ခံ​တစ်​ခု​လျှင်​ငွေ​ချိန်​ခု​နစ်​ဆယ့်​ငါး ပေါင်​ကျ​ဖြင့် တဲ​တော်​နှင့်​ကန့်​လန့်​ကာ​အောက် ခံ​တစ်​ရာ​အ​တွက်​ငွေ​ချိန်​ခု​နစ်​ထောင့်​ငါး ရာ​ပေါင်​ကို​အ​သုံး​ပြု​သည်။-
၂၇ခြေစွပ် တခု၌ ငွေအခွက် တဆယ် စီဝင်သည်ဖြစ်၍၊ ငွေ အခွက် တထောင် နှင့် တဲ တော် ခြေစွပ် ၊ အတွင်းကုလားကာ ခြေစွပ် တည်းဟူသောခြေစွပ် တရာ ကို သွန်း လေ၏။
28 ၂၈ ချိတ်​များ၊ ထိပ်​အုပ်​များ၊ တန်း​များ​အ​တွက် ကျန်​သေး​သော​ငွေ​ချိန်​ပေါင်​ငါး​ဆယ်​ကို သုံး​၏။-
၂၈ကျန်သောငွေအခွက်တဆယ် ခုနစ် ပိဿာခုနစ်ဆယ် ငါး ကျပ်နှင့် တိုင် တံစို့ နှင့် တိုင်တန်းတို့ကို လုပ် ၍ တိုင် ထိပ် များကို မွမ်းမံ လေ၏။
29 ၂၉ လူ​တို့​လှူ​ဒါန်း​သော​ကြေး​ဝါ​ချိန်​စု​စု​ပေါင်း မှာ ငါး​ထောင်​သုံး​ရာ့​တစ်​ဆယ်​ပေါင်​ဖြစ်​၏။-
၂၉လှူ သော ကြေးဝါ ပေါင်းကား အခွက် ခုနစ်ရာ နှစ်ဆယ် နှင့် လေး ပိဿာ ဖြစ်သတည်း။
30 ၃၀ ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​တံ​ခါး ဝ​အ​တွက် အောက်​ခံ​များ၊ ကြေး​ဝါ​ပလ္လင်၊ ကြေး ဝါ​ဆန်​ခါ၊ ပလ္လင်​နှင့်​ဆိုင်​သော​ပစ္စည်း​အား​လုံး၊-
၃၀ထိုကြေးဝါ နှင့် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး ဝခြေစွပ် ၊ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ယဇ် ပလ္လင်တန်ဆာ ရှိသမျှ ကို၎င်း၊
31 ၃၁ တဲ​တော်​ဝင်း​နှင့်​တံ​ခါး​ဝ​အ​တွက်​အောက်​ခံ များ၊ တဲ​တော်​နှင့်​တဲ​တော်​ဝင်း​အ​ကာ​အ​ရံ အ​တွက်​ကြက်​ဆူး​ရှိ​သ​မျှ​တို့​ကို​ထို ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
၃၁ကာသောဝင်း ခြေစွပ် ၊ ဝင်း တံခါး ဝခြေစွပ် ၊ တဲ တော်တံသင် ၊ ဝင်း ပတ်လည် ၌ စိုက်သော တံသင် ရှိသမျှ ကို ၎င်းလုပ် လေ၏။

< ထွက်မြောက်ရာ 38 >