< ထွက်မြောက်ရာ 37 >
1 ၁ ဗေဇလေလသည်အလျားလေးဆယ့်ငါး လက်မ၊ အနံနှစ်ဆယ့်ခုနစ်လက်မ၊ အမြင့် နှစ်ဆယ့်ခုနစ်လက်မရှိသောပဋိညာဉ် သေတ္တာတော်ကို၊ အကာရှသစ်သားဖြင့် ပြုလုပ်၏။-
Bezalel went on to construct the ark of acacia wood, two and a half cubits long, a cubit and a half wide, and a cubit and a half high.
2 ၂ သေတ္တာတော်အတွင်းအပြင်ကိုရွှေချ၍၊ သေတ္တာတော်အနားပတ်လည်ကိုရွှေကွပ် ထား၏။-
He overlaid it with pure gold, both inside and out, and made a gold molding around it.
3 ၃ သေတ္တာတော်ကိုသယ်ဆောင်ရန်ရွှေကွင်းလေး ကွင်းကိုလုပ်၍၊ အောက်ခြေလေးထောင့်တွင်၊ နှစ်ကွင်းစီတပ်ဆင်၏။-
And he cast four gold rings for its four feet, two rings on one side and two on the other.
4 ၄ ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။-
Then he made poles of acacia wood and overlaid them with gold.
5 ၅ သေတ္တာတော်ကိုထမ်းရန်ထမ်းပိုးများကို သေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုသွင်း ထားလေသည်။-
He inserted the poles into the rings on the sides of the ark in order to carry it.
6 ၆ အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာဖုံးကိုရွှေဖြင့် လုပ်၏။-
He constructed a mercy seat of pure gold, two and a half cubits long and a cubit and a half wide.
7 ၇ သေတ္တာအဖုံးအစွန်းတစ်ဘက်စီပေါ်တွင်၊ ရွှေ စင်ဖြင့်ခေရုဗိမ်ရုပ်နှစ်ရုပ်ကိုထုလုပ်၏။ ခေ ရုဗိမ်ရုပ်များကိုလည်းသေတ္တာတော်အဖုံး နှင့်တစ်သားတည်းရှိအောင်ပြုလုပ်၏။-
He made two cherubim of hammered gold at the ends of the mercy seat,
one cherub on one end and one on the other, all made from one piece of gold.
9 ၉ ခေရုဗိမ်များသည်မျက်နှာချင်းဆိုင်လျက် သူတို့၏အတောင်ပံများကိုဖြန့်၍သေတ္တာ တော်အဖုံးကိုအုပ်ထား၏။
And the cherubim had wings that spread upward, overshadowing the mercy seat. The cherubim faced each other, looking toward the mercy seat.
10 ၁၀ သူသည်အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက် မရှိသောစားပွဲကိုအကာရှသစ်သားဖြင့် ပြုလုပ်၏။-
He also made the table of acacia wood two cubits long, a cubit wide, and a cubit and a half high.
11 ၁၁ စားပွဲကိုရွှေချ၍၊ အနားပတ်လည်တွင် ရွှေ ပြော့ကြောင်းထိုးထား၏။-
He overlaid it with pure gold and made a gold molding around it.
12 ၁၂ စားပွဲပတ်လည်တွင်၊ လေးလက်မဗြက်ရှိ သောဘောင်ကိုလုပ်၍၊ အနားကိုရွှေကွပ် ထား၏။-
And he made a rim around it a handbreadth wide and put a gold molding on the rim.
13 ၁၃ စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ် ယူရန်၊ ရွှေကွင်းလေးကွင်းတပ်ထား၏။-
He cast four gold rings for the table and fastened them to the four corners at its four legs.
14 ၁၄ ထိုကွင်းများကိုဘောင်အနီးတွင်ကပ်၍ တပ် ထား၏။-
The rings were placed close to the rim, to serve as holders for the poles used to carry the table.
15 ၁၅ ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထား၏။-
He made the poles of acacia wood for carrying the table and overlaid them with gold.
16 ၁၆ စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရား၊ စပျစ်ရည်ဆက်သရန်ဖလားတို့ကိုရွှေ ဖြင့်ပြုလုပ်၏။
He also made the utensils for the table out of pure gold: its plates and dishes, as well as its bowls and pitchers for pouring drink offerings.
17 ၁၇ သူသည်ဆီမီးတိုင်ကိုရွှေဖြင့်ပြုလုပ်၏။ ဆီမီး တိုင်အောက်ခံခုံနှင့်တိုင်ကို၊ ရွှေဖြင့်ပြုလုပ်၏။ ဆီ မီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသောအလှ ပန်းများကို၊ ဆီမီးတိုင်နှင့်တစ်သားတည်းပြု လုပ်သည်။-
Then he made the lampstand out of pure hammered gold, all of one piece: its base and shaft, its cups, and its buds and petals.
18 ၁၈ ဆီမီးတိုင်တစ်ဘက်တစ်ချက်မှအကိုင်းသုံး ခက်စီဖြင့်၊ အကိုင်းခြောက်လက်ဖြာထွက်၏။-
Six branches extended from the sides, three on one side and three on the other.
19 ၁၉ အကိုင်းခြောက်လက်မှတစ်လက်စီတွင်ပွင့် ဖူး၊ ပွင့်ချပ်များပါရှိသောဗာဒံပွင့်နှင့်တူ သည့်အလှပန်းပွင့်သုံးပွင့်ရှိလေသည်။-
There were three cups shaped like almond blossoms on the first branch, each with buds and petals, three on the next branch, and the same for all six branches that extended from the lampstand.
20 ၂၀ ဆီမီးတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များ ပါသော ဗာဒံပွင့်နှင့်တူသည့်အလှပန်းပွင့်လေးပွင့် ရှိလေသည်။-
And on the lampstand were four cups shaped like almond blossoms with buds and petals.
21 ၂၁ အကိုင်းသုံးစုံတွင်၊ တစ်စုံစီအောက်၌ပွင့်ဖူး တစ်ဖူးရှိသည်။-
A bud was under the first pair of branches that extended from the lampstand, a bud under the second pair, and a bud under the third pair.
22 ၂၂ ပွင့်ဖူး၊ အကိုင်းနှင့်ဆီမီးတိုင်တို့သည်တစ် သားတည်းဖြစ်၍၊ ရွှေဖြင့်ထုလုပ်၏။-
The buds and branches were all of one piece with the lampstand, hammered out of pure gold.
23 ၂၃ သူသည်ဆီမီးတိုင်အတွက်ဆီမီးခွက် ခုနစ်လုံး၊ မီးညှပ်နှင့်မီးညှပ်ခံခွက်များ ကိုရွှေဖြင့်ပြုလုပ်၏။-
He also made its seven lamps, its wick trimmers, and trays of pure gold.
24 ၂၄ သူသည်ဆီမီးတိုင်နှင့်ဆီမီးတိုင်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကို၊ ရွှေချိန်ခုနစ်ဆယ့် ငါးပေါင်ဖြင့်ပြုလုပ်လေ၏။
He made the lampstand and all its utensils from a talent of pure gold.
25 ၂၅ သူသည်နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှသစ်သားဖြင့်ပြုလုပ်၏။ ထိုပလ္လင် သည်အလျားတစ်ဆယ့်ရှစ်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်သုံးဆယ့်ခြောက် လက်မရှိ၏။ ဦးချိုပုံသဏ္ဌာန်ထောင့်ချွန် အတက်များသည်ပလ္လင်နှင့်တစ်သားတည်း ရှိ၏။-
He made the altar of incense out of acacia wood. It was square, a cubit long, a cubit wide, and two cubits high. Its horns were of one piece.
26 ၂၆ ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်လေး ဘက်နှင့်ထောင့်ချွန်အတက်တို့ကိုရွှေချ၍၊ အပေါ်နားပတ်လည်တွင်ရွှေပြော့ကြောင်း ထိုးထား၏။-
And he overlaid with pure gold the top and all the sides and horns. Then he made a molding of gold around it.
27 ၂၇ ပလ္လင်တော်၏ဘေးနှစ်ဘက်အနားထောင့်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်စုံကိုတပ် ထားသည်။-
He made two gold rings below the molding on opposite sides to hold the poles used to carry it.
28 ၂၈ ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍၊ ရွှေချထား၏။
And he made the poles of acacia wood and overlaid them with gold.
29 ၂၉ သူသည်သန့်ရှင်းသောဘိသိက်ဆီနှင့်မွေးကြိုင်၍ စင်ကြယ်သောမီးရှို့ရာနံ့သာပေါင်းကိုဖော်စပ် လေ၏။
He also made the sacred anointing oil and the pure, fragrant incense, the work of a perfumer.