< ထွက်မြောက်ရာ 36 >

1 ``ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ​တို့​သည် လည်း​ကောင်း၊ တဲ​တော်​ကို​ဆောက်​ရန်​ထာ​ဝရ ဘု​ရား​ထံ​တော်​မှ လို​အပ်​သော​ကျွမ်း​ကျင် မှု​နှင့်​နား​လည်​မှု​ကို​ရ​ရှိ​ထား​သူ အ​ခြား အ​တတ်​ပ​ညာ​ရှင်​အ​ပေါင်း​တို့​သည်​လည်း ကောင်း ထာ​ဝရ​ဘု​ရား​မိန့်​တော်​မူ​သည့် အ​တိုင်း​ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို လေ​၏။
"Donc Beçalel et Oholiab et tous les hommes de talent à qui le Seigneur a dispensé industrie et intelligence pour concevoir et pour exécuter, exécuteront tout le travail de la sainte entreprise, conformément à ce qu’a ordonné l’Éternel."
2 မော​ရှေ​သည်​ဗေ​ဇ​လေ​လ​နှင့် အ​ဟော​လျ​ဘ တို့​ကို​လည်း​ကောင်း၊ တဲ​တော်​ဆောက်​ရန်​ထာ​ဝ​ရ ဘု​ရား​ထံ​မှ​လို​အပ်​သော​အ​တတ်​ပ​ညာ​ကို ရ​ရှိ​ထား​သူ​များ​နှင့် ကူ​ညီ​ရန်​စေ​တ​နာ ထက်​သန်​သူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း ဆင့်​ခေါ်​၍​လုပ်​ငန်း​ကို​စ​တင်​ဆောင်​ရွက် စေ​၏။-
Moïse manda Beçalel et Oholiab, ainsi que tous les hommes de talent à qui le Seigneur avait départi un génie industrieux, quiconque se sentait digne d’entreprendre l’œuvre, capable de l’exécuter.
3 သူ​တို့​သည်​တဲ​တော်​ကို​ဆောက်​လုပ်​ရန်၊ ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ယူ​ဆောင်​ခဲ့​သော​လှူ ဖွယ်​ပစ္စည်း​ရှိ​သ​မျှ​ကို၊ မော​ရှေ​ထံ​မှ​လက်​ခံ ရ​ရှိ​ကြ​၏။ နံ​နက်​တိုင်း​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​သည်၊ မိ​မိ​တို့​၏​လှူ​ဖွယ်​ပစ္စည်း​များ ကို၊ မော​ရှေ​ထံ​သို့​ဆက်​လက်​၍​ယူ​ဆောင် လာ​ကြ​သေး​၏။-
Ils emportèrent de devant Moïse, pour la mettre en œuvre, toute l’offrande présentée par les Israélites pour l’exécution de la sainte œuvre. Mais ceux-ci continuant de lui apporter, chaque matin, des dons volontaires,
4 ထို​အ​ခါ​တဲ​တော်​ကို​ဆောက်​လုပ်​နေ​ကြ​သော အ​တတ်​ပ​ညာ​ရှင်​တို့​သည်​မော​ရှေ​ထံ​သို့ လာ​၍၊-
tous les artistes qui travaillaient aux diverses parties de la tâche sacrée, revinrent chacun du travail dont ils s’occupaient
5 ``လူ​တို့​ယူ​လာ​ကြ​သော​ပစ္စည်း​များ​သည် ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း​တော်​မူ​သော​လုပ်​ငန်း အ​တွက်​လို​အပ်​သည်​ထက်​ပို​နေ​ပါ​သည်'' ဟု ပြော​ကြ​၏။
et dirent à Moïse: "Le peuple fait surabondamment d’offrandes, au delà de ce qu’exige l’ouvrage que l’Éternel a ordonné de faire."
6 ထို့​အ​ခါ​မော​ရှေ​က``မည်​သူ​မျှ​တဲ​တော် အ​တွက်​လှူ​ဖွယ်​ပစ္စည်း​များ​ကို​ထပ်​မံ​၍ မ​လှူ​ဒါန်း​ရ'' ဟု​အ​မိန့်​ထုတ်​၍​စ​ခန်း​ရှိ လူ​အ​ပေါင်း​တို့​အား​ကြေ​ညာ​စေ​၏။ ထို ကြောင့်​လူ​တို့​သည်​လှူ​ဖွယ်​ပစ္စည်း​များ​ကို မ​ယူ​ခဲ့​ကြ​တော့​ချေ။-
Sur l’ordre de Moïse, on fit circuler dans le camp cette proclamation: "Que ni homme ni femme ne préparent plus de matériaux pour la contribution des choses saintes!" Et le peuple s’abstint de faire des offrandes.
7 ရ​ရှိ​ခဲ့​သ​မျှ​သော​ပစ္စည်း​တို့​သည်​လုပ်​ငန်း ရှိ​သ​မျှ​အ​တွက်​လို​အပ်​သည်​ထက်​ပို​လျှံ လျက်​ရှိ​၏။
Les matériaux suffirent et par delà, pour l’exécution de tout l’ouvrage.
8 အ​တတ်​ပ​ညာ​ရှင်​များ​အ​နက်၊ အ​ကျွမ်း​ကျင် ဆုံး​သော​အ​တတ်​ပ​ညာ​ရှင်​တို့​သည်၊ ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။ သူ​တို့​သည်​ပိတ်​ချော​နှင့်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး​တို့​ဖြင့် ရက်​လုပ်​၍၊ ခေ​ရု​ဗိမ် အ​ရုပ်​များ​ကို​ပန်း​ဖော်​ထား​သည့်​ကန့်​လန့် ကာ​ဆယ်​ထည်​ဖြင့်၊ တဲ​တော်​ကို​ဆောက်​လုပ် ကြ​၏။-
Les plus habiles parmi les ouvriers composèrent les dix tapis de l’enceinte, en lin retors, étoffes d’azur, de pourpre et d’écarlate, artistement damassés de chérubins.
9 ကန့်​လန့်​ကာ​အား​လုံး​သည်​အ​ရွယ်​တူ​ဖြစ် ၍၊ တစ်​ခု​စီ​သည်​အ​လျား​တစ်​ဆယ့်​လေး ကိုက်၊ အနံ​နှစ်​ကိုက်​ရှိ​၏။-
Longueur de chaque tapis, vingt-huit coudées; largeur, quatre coudées, même dimension pour tous les tapis.
10 ၁၀ သူ​တို့​သည်​ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ် ၍​ချုပ်​၏။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို အ​တိုင်း​ချုပ်​ကြ​၏။-
On attacha cinq des tapis bout à bout et bout à bout aussi les cinq autres.
11 ၁၁ ကန့်​လန့်​ကာ​တစ်​စပ်​စီ​၏​အ​ပြင်​ဘက်​အ​နား တပ်​ရန်​ပိတ်​တွင်၊ အ​ပြာ​ကွင်း​များ​ကို​ချုပ် ကြ​၏။-
On disposa des nœuds de laine azurée au bord du tapis extrême d’un assemblage et de même au bord du tapis terminant le second assemblage.
12 ၁၂ ပ​ထ​မ​အ​စပ်​၏​ပ​ထ​မ​ကန့်​လန့်​ကာ​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အစပ် ၏​နောက်​ဆုံး​ကန့်​လန့်​ကာ​တွင်​ကွင်း​ငါး​ဆယ် ကို​လည်း​ကောင်း၊ ကွင်း​ချင်း​ဆိုင်​မိ​အောင်​တပ် ကြ​၏။-
On mit cinquante de ces nœuds à un tapis et cinquante nœuds au bord du tapis terminant le second assemblage; ces nœuds étaient en regard l’un de l’autre.
13 ၁၃ သူ​တို့​သည်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​လုပ်​၍၊ ထို ချိတ်​များ​ဖြင့် ကန့်​လန့်​ကာ​နှစ်​စပ်​ကို​ပူး​တွဲ ၍၊ တစ်​ခု​တည်း​ဖြစ်​စေ​ကြ​၏။
On fit cinquante agrafes d’or, par lesquelles on joignit les tapis l’un à l’autre, de sorte que l’enceinte se trouva continue.
14 ၁၄ ထို​နောက်​သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ဆိတ်​မွေး​ဖြင့်​ရက်​သော​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို​ချုပ်​ကြ​၏။-
On fabriqua des tapis en poil de chèvre, pour servir de pavillon à cette enceinte; on les fit au nombre de onze.
15 ၁၅ တစ်​ဆယ့်​တစ်​ထည်​စ​လုံး​အ​လျား​အ​နံ​တူ ဖြစ်​၍၊ တစ်​ထည်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ကိုက်​နှင့်​အ​နံ​နှစ်​ကိုက်​ရှိ​၏။-
Longueur d’un tapis, trente coudées; largeur de chacun, quatre coudées: dimension égale pour les onze tapis.
16 ၁၆ သူ​တို့​သည်​အ​မိုး​ငါး​ထည်​ကို​တစ်​စပ်​ချုပ် ၏။ အ​ခြား​ခြောက်​ထည်​ကို​နောက်​တစ်​စပ် ချုပ်​ကြ​၏။-
On joignit cinq des tapis séparément et les six autres séparément.
17 ၁၇ ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​အ​နား တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ အ​ခြား တစ်​စပ်​၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို လည်း​ကောင်း​တပ်​ကြ​၏။-
On disposa cinquante nœuds au bord du tapis terminant un assemblage et cinquante nœuds au bord du tapis extrême du second assemblage.
18 ၁၈ သူ​တို့​သည်​တဲ​တော်​အ​မိုး​အ​တွက်၊ ကြေး​နီ ချိတ်​ငါး​ဆယ်​ကို​ပြု​လုပ်​၍​အ​စပ်​နှစ်​စပ် ကို​ဆက်​သ​ဖြင့်၊ အ​မိုး​တစ်​ခု​တည်း​ဖြစ် လာ​၏။-
On fit cinquante agrafes de cuivre, destinées à réunir le pavillon en un seul corps.
19 ၁၉ ထပ်​မံ​၍​အ​မိုး​နှစ်​ထပ်​ကို​ပြု​လုပ်​ကြ​၏။ တစ်​ထည်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး သား​ရေ​ဖြင့်​လည်း​ကောင်း၊ ထို​အ​ပေါ်​တွင် ဖြန့်​အုပ်​ရန်​အ​ထပ်​ကို​သား​ရေ​ချော​ဖြင့် လည်း​ကောင်း၊ ပြု​လုပ်​ကြ​၏။
On arrangea, pour couvrir ce pavillon, des peaux de bélier teintes en rouge, puis, par-dessus, une couverture de peaux de tahach.
20 ၂၀ သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ ကို အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။-
On fit les solives destinées au tabernacle: des ais de chittîm, perpendiculaires.
21 ၂၁ ဘောင်​ခွေ​တစ်​ချပ်​စီ​သည်​အ​လျား​တစ်​ဆယ့် ငါး​ပေ​နှင့်​အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​ရှိ​၍၊-
Dix coudées formaient la longueur de chaque solive, une coudée et demie la largeur de chacune.
22 ၂၂ ဘောင်​ခွေ​များ​ကို​စ​ရွေး​ဖြင့်​ဆက်​စပ်​ထား​၏။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင်​စ ရွေး​ဖော်​ထား​လေ​၏။-
Chaque solive portait deux tenons, parallèles l’un à l’autre; ce qu’on pratiqua pour toutes les solives du tabernacle.
23 ၂၃ တဲ​တော်​တောင်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ် ဆယ်​ကို​လုပ်​၍၊-
On prépara ainsi les solives du tabernacle vingt solives pour le côté du sud, regardant le midi.
24 ၂၄ ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ခြေ​ထောက် နှစ်​ခု​ကို​စွပ်​ရန်၊ အောက်​ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ် ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး​ဆယ်​တပ်​ဆင်​၏။-
Quarante socles d’argent furent destinés aux vingt solives: deux socles sous une solive, recevant ses deux tenons et deux socles sous une autre, pour ses deux tenons.
25 ၂၅ ထို​နည်း​တူ​တဲ​တော်​မြောက်​ဘက်​၌​ကာ​ရန်၊ ဘောင်​ခွေ​နှစ်​ဆယ်​ကို​လုပ်​၍၊-
Pour le second côté du tabernacle, à la face nord, on fit vingt solives,
26 ၂၆ ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်၊ ငွေ​အောက်​ခံ ခြေ​စွပ်​ခုံ​နှစ်​ခု​ကျ​ဖြင့်၊ ခြေ​စွပ်​ခုံ​လေး ဆယ်​တပ်​ဆင်​၏။
ainsi que leurs quarante socles d’argent: deux socles sous une solive, deux socles sous l’autre.
27 ၂၇ အ​နောက်​မျက်​နှာ​ရှိ​တဲ​တော်​၏​ကျော​ဘက်​ကို ကာ​ရန်၊ ဘောင်​ခွေ​ခြောက်​ခု​ကို​လည်း​ကောင်း၊-
Pour le côté postérieur du tabernacle, à l’occident, on fit six solives
28 ၂၈ အ​နောက်​ဘက်​ထောင့်​တစ်​ဘက်​တစ်​ချက်​၌​ကာ ရန်၊ ဘောင်​ခွေ​နှစ်​ခု​ကို​လည်း​ကောင်း​လုပ်​ကြ​၏။-
et l’on ajouta deux solives pour les angles postérieurs du tabernacle.
29 ၂၉ ထို​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​၌​လည်း ကောင်း၊ အ​ထက်​၌​လည်း​ကောင်း၊ ကွင်း​များ​ဖြင့် ထိန်း​ချုပ်​ထား​၏။ ထောင့်​နှစ်​ထောင့်​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း​အ​တိုင်း​ပြု​လုပ် ကြ​၏။-
Elles devaient être accouplées par le bas et s’ajuster également vers le sommet par un seul anneau: on le fit ainsi pour toutes deux, pour les deux encoignures.
30 ၃၀ သို့​ဖြစ်​၍​ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​အောက် ခံ​ငွေ​ခြေ​စွပ်​ခုံ​နှစ်​ခု​ရှိ​သ​ဖြင့်၊ ဘောင်​ခွေ​ရှစ်​ခု နှင့်​ငွေ​အောက်​ခံ​ခြေ​စွပ်​ခုံ​တစ်​ဆယ့်​ခြောက်​ခု ရှိ​လေ​သည်။
Cela devait former huit solives, avec leurs socles d’argent, soit seize socles: deux socles uniformément sous chaque solive.
31 ၃၁ သူ​တို့​သည်​တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ အ​တွက် ကန့်​လန့်​ကျင်​များ​ကို​အ​ကာ​ရှ​သစ် သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တဲ​တော်​တောင်​ဘက် အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း၊-
Puis on fit des traverses en bois de chittîm cinq pour les solives d’une face du tabernacle;
32 ၃၂ မြောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး​ချောင်း နှင့် အ​နောက်​ဘက်​အ​တွက်​ကန့်​လန့်​ကျင်​ငါး ချောင်း​ကို​ပြု​လုပ်​ကြ​၏။-
cinq autres traverses pour les solives de la seconde face du tabernacle; enfin, cinq pour les solives du tabernacle situées du côté postérieur, vers l’occident.
33 ၃၃ အ​လယ်​ကန့်​လန့်​ကျင်​ကို တဲ​တော်​အ​စွန်း တစ်​ဘက်​တစ်​ချက်​တို့​တွင်​အ​ဆုံး​သတ် စေ​၏။-
On tailla la traverse du milieu, devant passer dans l’intérieur des solives d’une extrémité à l’autre.
34 ၃၄ ဘောင်​ခွေ​တို့​ကို​ရွှေ​ချ​၍၊ ကန့်​လန့်​ကျင်​များ ကို​ထိန်း​ရန် ရွှေ​ကွင်း​များ​တပ်​ဆင်​ထား​သည်။ ကန့်​လန့်​ကျင်​များ​ကို​လည်း​ရွှေ​ချ​ထား​၏။
Ces solives, on les recouvrit d’or; on fit en or leurs anneaux, qui devaient recevoir les traverses et l’on recouvrit les traverses d’or.
35 ၃၅ သူ​တို့​သည်​ကန့်​လန့်​ကာ​ကို​အ​ပြာ​ရောင်၊ ခ​ရမ်း ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက် လုပ်​၍၊ ခေ​ရု​ဗိမ်​ရုပ်​များ​ကို​ပန်း​ပေါက်​ဖော် ထား​ကြ​သည်။-
Puis on fit le voile, en étoffes d’azur, de pourpre, d’écarlate et de lin retors; on le fabriqua artistement en le damassant de chérubins.
36 ၃၆ ကန့်​လန့်​ကာ​ကို​ထိန်း​ထား​ရန်၊ ရွှေ​ချိတ်​များ တပ်​ဆင်​ထား​သော တိုင်​လေး​တိုင်​ကို၊ အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​ကြ​၏။ တိုင်​များ​ကို​ရွှေ ချ​၍၊ တိုင်​များ​ကို​စိုက်​ထူ​ရန်၊ အောက်​ခံ​ငွေ ခြေ​စွပ်​ခုံ​လေး​ခု​ကို​ပြု​လုပ်​ကြ​၏။-
On confectionna pour lui quatre piliers de chittîm que l’on recouvrit d’or, dont les crochets furent d’or et pour lesquels on moula quatre socles d’argent.
37 ၃၇ တဲ​တော်​တံ​ခါး​ဝ​အ​တွက်​ကန့်​လန့်​ကာ​ကို အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော​တို့​ဖြင့်​ရက်​လုပ်​၍၊ ပန်း​ပေါက်​ဖော် ထား​သည်။-
Et l’on fit un rideau pour l’entrée de la tente: en azur, pourpre, écarlate et lin retors, artistement brodés;
38 ၃၈ ကန့်​လန့်​ကာ​အ​တွက်၊ တိုင်​ငါး​တိုင်​ကို​လုပ်​၍၊ ကွင်း​များ​တပ်​လျက်၊ တိုင်​ထိပ်​နှင့်​တိုင်​ခါး​ပန်း တို့​ကို​ရွှေ​ချ​ထား​၏။ တိုင်​အောက်​ခံ​ခြေ​စွပ်​ခုံ ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​၏။
plus, ses cinq piliers avec leurs crochets. On en dora les chapiteaux et les tringles et on fit leurs cinq socles en cuivre.

< ထွက်မြောက်ရာ 36 >