< ထွက်မြောက်ရာ 36 >
1 ၁ ``ဗေဇလေလနှင့် အဟောလျဘတို့သည် လည်းကောင်း၊ တဲတော်ကိုဆောက်ရန်ထာဝရ ဘုရားထံတော်မှ လိုအပ်သောကျွမ်းကျင် မှုနှင့်နားလည်မှုကိုရရှိထားသူ အခြား အတတ်ပညာရှင်အပေါင်းတို့သည်လည်း ကောင်း ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းဆောင်ရွက်ရကြမည်'' ဟုဆင့်ဆို လေ၏။
貝匝肋耳和敖曷里雅布以及所有各種技工,即上主賜給他們才能智慧為明瞭做聖所的一切工程的人,全按照上主所吩咐的一切去做。
2 ၂ မောရှေသည်ဗေဇလေလနှင့် အဟောလျဘ တို့ကိုလည်းကောင်း၊ တဲတော်ဆောက်ရန်ထာဝရ ဘုရားထံမှလိုအပ်သောအတတ်ပညာကို ရရှိထားသူများနှင့် ကူညီရန်စေတနာ ထက်သန်သူအပေါင်းတို့ကိုလည်းကောင်း ဆင့်ခေါ်၍လုပ်ငန်းကိုစတင်ဆောင်ရွက် စေ၏။-
梅瑟將貝匝肋耳和敖曷里雅布以及上主賜給他們才能的一切技工,所有心甘情願來工作的人,都叫了來。
3 ၃ သူတို့သည်တဲတော်ကိုဆောက်လုပ်ရန်၊ ဣသ ရေလအမျိုးသားတို့ယူဆောင်ခဲ့သောလှူ ဖွယ်ပစ္စည်းရှိသမျှကို၊ မောရှေထံမှလက်ခံ ရရှိကြ၏။ နံနက်တိုင်းဣသရေလအမျိုး သားတို့သည်၊ မိမိတို့၏လှူဖွယ်ပစ္စည်းများ ကို၊ မောရှေထံသို့ဆက်လက်၍ယူဆောင် လာကြသေး၏။-
他們當著梅瑟的面,接收了以色列子民為建造聖所的各種工程送來的一切獻儀。但以色列子民仍天天早晨將自願的獻儀送來;
4 ၄ ထိုအခါတဲတော်ကိုဆောက်လုပ်နေကြသော အတတ်ပညာရှင်တို့သည်မောရှေထံသို့ လာ၍၊-
因此建造聖所各種的技工,人人都停止他們所做的工程,
5 ၅ ``လူတို့ယူလာကြသောပစ္စည်းများသည် ထာဝရဘုရားစေခိုင်းတော်မူသောလုပ်ငန်း အတွက်လိုအပ်သည်ထက်ပိုနေပါသည်'' ဟု ပြောကြ၏။
來向梅瑟說:「百姓送來的太多,已超過上主命令為完成這工程所需要的。」
6 ၆ ထို့အခါမောရှေက``မည်သူမျှတဲတော် အတွက်လှူဖွယ်ပစ္စည်းများကိုထပ်မံ၍ မလှူဒါန်းရ'' ဟုအမိန့်ထုတ်၍စခန်းရှိ လူအပေါင်းတို့အားကြေညာစေ၏။ ထို ကြောင့်လူတို့သည်လှူဖွယ်ပစ္စည်းများကို မယူခဲ့ကြတော့ချေ။-
梅瑟遂吩咐在營中傳令說:「無論男女,不必再為聖所的工程送獻儀。」百姓這才停止不送。
7 ၇ ရရှိခဲ့သမျှသောပစ္စည်းတို့သည်လုပ်ငန်း ရှိသမျှအတွက်လိုအပ်သည်ထက်ပိုလျှံ လျက်ရှိ၏။
送來的材料足夠全工程之用,而且有餘。製帳棚的布幔和頂
8 ၈ အတတ်ပညာရှင်များအနက်၊ အကျွမ်းကျင် ဆုံးသောအတတ်ပညာရှင်တို့သည်၊ ထာဝရ ဘုရားစံတော်မူရာတဲတော်ကိုဆောက်လုပ် ကြ၏။ သူတို့သည်ပိတ်ချောနှင့်အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးတို့ဖြင့် ရက်လုပ်၍၊ ခေရုဗိမ် အရုပ်များကိုပန်းဖော်ထားသည့်ကန့်လန့် ကာဆယ်ထည်ဖြင့်၊ တဲတော်ကိုဆောက်လုပ် ကြ၏။-
在作工的人中,最有技術的工人用十幅布幔做了帳棚;布幔是用捻的細麻,紫色、紅色、朱紅色的毛線做的,用繡工繡上革魯賓。
9 ၉ ကန့်လန့်ကာအားလုံးသည်အရွယ်တူဖြစ် ၍၊ တစ်ခုစီသည်အလျားတစ်ဆယ့်လေး ကိုက်၊ အနံနှစ်ကိုက်ရှိ၏။-
每幅布幔長二十八肘,寬四肘;每幅布幔都是一樣的尺寸。
10 ၁၀ သူတို့သည်ကန့်လန့်ကာငါးထည်ကိုစပ် ၍ချုပ်၏။ အခြားငါးထည်ကိုလည်းထို အတိုင်းချုပ်ကြ၏။-
五幅布幔相連縫在一起,另五幅相連縫在一起。
11 ၁၁ ကန့်လန့်ကာတစ်စပ်စီ၏အပြင်ဘက်အနား တပ်ရန်ပိတ်တွင်၊ အပြာကွင်းများကိုချုပ် ကြ၏။-
在這一組布幔末幅的邊上做了紫色的鈕,在另一組布幔末幅的邊上也照樣做了;
12 ၁၂ ပထမအစပ်၏ပထမကန့်လန့်ကာတွင် ကွင်းငါးဆယ်ကိုလည်းကောင်း၊ ဒုတိယအစပ် ၏နောက်ဆုံးကန့်လန့်ကာတွင်ကွင်းငါးဆယ် ကိုလည်းကောင်း၊ ကွင်းချင်းဆိုင်မိအောင်တပ် ကြ၏။-
在這一幅上做了五十個鈕,在另一組布幔末幅的邊上,也做了五十個鈕;這些鈕都彼此相對。
13 ၁၃ သူတို့သည်ရွှေချိတ်ငါးဆယ်ကိုလုပ်၍၊ ထို ချိတ်များဖြင့် ကန့်လန့်ကာနှစ်စပ်ကိုပူးတွဲ ၍၊ တစ်ခုတည်းဖြစ်စေကြ၏။
又做了五十個金鉤,用金鉤使布幔彼此相連,這樣成了一個帳棚。
14 ၁၄ ထိုနောက်သူတို့သည်တဲတော်အမိုးအတွက်၊ ဆိတ်မွေးဖြင့်ရက်သောအထည်တစ်ဆယ့် တစ်ထည်ကိုချုပ်ကြ၏။-
又用山羊毛做了布幔,作帳棚頂用,共做了十一幅布幔,
15 ၁၅ တစ်ဆယ့်တစ်ထည်စလုံးအလျားအနံတူ ဖြစ်၍၊ တစ်ထည်စီသည်အလျားတစ်ဆယ့် ငါးကိုက်နှင့်အနံနှစ်ကိုက်ရှိ၏။-
每幅長三十肘,寬四肘;十一幅布幔都是一樣尺寸。
16 ၁၆ သူတို့သည်အမိုးငါးထည်ကိုတစ်စပ်ချုပ် ၏။ အခြားခြောက်ထည်ကိုနောက်တစ်စပ် ချုပ်ကြ၏။-
將五幅布幔縫在一起,
17 ၁၇ ပထမအစပ်၏နောက်ဆုံးအထည်အနား တွင်ကွင်းငါးဆယ်ကိုလည်းကောင်း၊ အခြား တစ်စပ်၏အနားတွင်ကွင်းငါးဆယ်ကို လည်းကောင်းတပ်ကြ၏။-
將另六幅也縫在一起;在這一組布幔末幅的邊上做了五十個鈕,在另一組布幔末幅的一邊上,也做了五十個鈕;
18 ၁၈ သူတို့သည်တဲတော်အမိုးအတွက်၊ ကြေးနီ ချိတ်ငါးဆယ်ကိုပြုလုပ်၍အစပ်နှစ်စပ် ကိုဆက်သဖြင့်၊ အမိုးတစ်ခုတည်းဖြစ် လာ၏။-
又製了五十個銅鉤,使棚頂連結在一起,成為一個。
19 ၁၉ ထပ်မံ၍အမိုးနှစ်ထပ်ကိုပြုလုပ်ကြ၏။ တစ်ထည်ကိုအနီရောင်ဆိုးသောသိုးထီး သားရေဖြင့်လည်းကောင်း၊ ထိုအပေါ်တွင် ဖြန့်အုပ်ရန်အထပ်ကိုသားရေချောဖြင့် လည်းကောင်း၊ ပြုလုပ်ကြ၏။
以後用染紅的公羊皮作了棚頂的罩,上邊又蒙上一塊海豚皮的罩。帳棚的木架
20 ၂၀ သူတို့သည်တဲတော်အတွင်းဘောင်ခွေများ ကို အကာရှသစ်သားဖြင့်ပြုလုပ်ကြ၏။-
為支帳棚,用皂莢木做了豎立的木板。
21 ၂၁ ဘောင်ခွေတစ်ချပ်စီသည်အလျားတစ်ဆယ့် ငါးပေနှင့်အနံနှစ်ဆယ့်ခုနစ်လက်မရှိ၍၊-
每塊木板高十肘,寬一肘半。
22 ၂၂ ဘောင်ခွေများကိုစရွေးဖြင့်ဆက်စပ်ထား၏။ တဲတော်အတွက်ဘောင်ခွေအားလုံးတွင်စ ရွေးဖော်ထားလေ၏။-
每塊木板下有兩個筍頭彼此並列,帳棚的一切木板;都是這樣做。
23 ၂၃ တဲတော်တောင်ဘက်၌ကာရန်၊ ဘောင်ခွေနှစ် ဆယ်ကိုလုပ်၍၊-
支帳棚的木板,在向陽的一面,即南邊,做了二十塊木板;
24 ၂၄ ဘောင်ခွေတစ်ခုစီအောက်တွင်ခြေထောက် နှစ်ခုကိုစွပ်ရန်၊ အောက်ခံငွေခြေစွပ်ခုံနှစ် ခုကျဖြင့်၊ ခြေစွပ်ခုံလေးဆယ်တပ်ဆင်၏။-
在二十塊木板下邊做了四十個銀卯座,每塊木板下兩個銀卯座,為安木板的兩筍頭。
25 ၂၅ ထိုနည်းတူတဲတော်မြောက်ဘက်၌ကာရန်၊ ဘောင်ခွေနှစ်ဆယ်ကိုလုပ်၍၊-
為帳棚的另一面,即北邊,也做了二十塊木板,
26 ၂၆ ဘောင်ခွေတစ်ခုစီအောက်တွင်၊ ငွေအောက်ခံ ခြေစွပ်ခုံနှစ်ခုကျဖြင့်၊ ခြေစွပ်ခုံလေး ဆယ်တပ်ဆင်၏။
也做了四十個銀卯座,每塊木板下兩個卯座。
27 ၂၇ အနောက်မျက်နှာရှိတဲတော်၏ကျောဘက်ကို ကာရန်၊ ဘောင်ခွေခြောက်ခုကိုလည်းကောင်း၊-
為帳棚的後面,即西邊做了六塊木板。
28 ၂၈ အနောက်ဘက်ထောင့်တစ်ဘက်တစ်ချက်၌ကာ ရန်၊ ဘောင်ခွေနှစ်ခုကိုလည်းကောင်းလုပ်ကြ၏။-
在帳棚的後面的兩角上,做了兩塊木板,
29 ၂၉ ထိုထောင့်ဘောင်ခွေတို့ကိုအောက်ခြေ၌လည်း ကောင်း၊ အထက်၌လည်းကောင်း၊ ကွင်းများဖြင့် ထိန်းချုပ်ထား၏။ ထောင့်နှစ်ထောင့်အတွက် ဘောင်ခွေနှစ်ခုကိုထိုနည်းအတိုင်းပြုလုပ် ကြ၏။-
木板下端是雙的,直到上端第一環都是雙的;兩塊木板都照樣做了,形成兩個角。
30 ၃၀ သို့ဖြစ်၍ဘောင်ခွေတစ်ခုစီအောက်တွင်အောက် ခံငွေခြေစွပ်ခုံနှစ်ခုရှိသဖြင့်၊ ဘောင်ခွေရှစ်ခု နှင့်ငွေအောက်ခံခြေစွပ်ခုံတစ်ဆယ့်ခြောက်ခု ရှိလေသည်။
所以共有八塊木板,十六個銀卯座,每塊板下兩個卯座。
31 ၃၁ သူတို့သည်တဲတော်အတွင်းဘောင်ခွေများ အတွက် ကန့်လန့်ကျင်များကိုအကာရှသစ် သားဖြင့်ပြုလုပ်ကြ၏။ တဲတော်တောင်ဘက် အတွက်ကန့်လန့်ကျင်ငါးချောင်း၊-
又用皂莢木做了橫木為帳棚這一面木板做了五根,
32 ၃၂ မြောက်ဘက်အတွက်ကန့်လန့်ကျင်ငါးချောင်း နှင့် အနောက်ဘက်အတွက်ကန့်လန့်ကျင်ငါး ချောင်းကိုပြုလုပ်ကြ၏။-
為帳棚另一面木板,也做了五根橫木,為帳棚後面即西邊的木板,也做了五根橫木。
33 ၃၃ အလယ်ကန့်လန့်ကျင်ကို တဲတော်အစွန်း တစ်ဘက်တစ်ချက်တို့တွင်အဆုံးသတ် စေ၏။-
又做了木板中間的那根橫木,從這頭穿到那頭。
34 ၃၄ ဘောင်ခွေတို့ကိုရွှေချ၍၊ ကန့်လန့်ကျင်များ ကိုထိန်းရန် ရွှေကွင်းများတပ်ဆင်ထားသည်။ ကန့်လန့်ကျင်များကိုလည်းရွှေချထား၏။
木板上包了金;做了穿橫木的金環,橫木上也包了金。帳棚與門簾
35 ၃၅ သူတို့သည်ကန့်လန့်ကာကိုအပြာရောင်၊ ခရမ်း ရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက် လုပ်၍၊ ခေရုဗိမ်ရုပ်များကိုပန်းပေါက်ဖော် ထားကြသည်။-
隨後用紫色、紅色、朱紅色的毛線和捻的細麻,做了一個帳幔,用繡工繡上革魯賓。
36 ၃၆ ကန့်လန့်ကာကိုထိန်းထားရန်၊ ရွှေချိတ်များ တပ်ဆင်ထားသော တိုင်လေးတိုင်ကို၊ အကာရှ သစ်သားဖြင့်ပြုလုပ်ကြ၏။ တိုင်များကိုရွှေ ချ၍၊ တိုင်များကိုစိုက်ထူရန်၊ အောက်ခံငွေ ခြေစွပ်ခုံလေးခုကိုပြုလုပ်ကြ၏။-
為掛帳幔做了四根皂莢木柱子,包上金,柱釘是金的,又鑄了四個銀卯座。
37 ၃၇ တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍၊ ပန်းပေါက်ဖော် ထားသည်။-
又做了會幕的門簾,是用紫色、紅色、朱紅色的毛線和捻的細麻編成的。
38 ၃၈ ကန့်လန့်ကာအတွက်၊ တိုင်ငါးတိုင်ကိုလုပ်၍၊ ကွင်းများတပ်လျက်၊ တိုင်ထိပ်နှင့်တိုင်ခါးပန်း တို့ကိုရွှေချထား၏။ တိုင်အောက်ခံခြေစွပ်ခုံ ငါးခုကိုကြေးဝါဖြင့်ပြုလုပ်၏။
為掛門簾,又做了五根柱子和柱釘,柱帽和橫棍包了金;又做了五個銅卯座。