< ထွက်မြောက်ရာ 35 >

1 မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို​စု​ရုံး​စေ​၍``သင်​တို့​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ပ​ညတ်​တော်​မူ​သည်။-
မောရှေ သည်၊ ဣသရေလ အမျိုး ပရိသတ် အပေါင်း ကို စည်းဝေး စေ၍ ၊ ထာဝရဘုရား မိန့် တော်မူသော သင်တို့ကျင့်ဝတ်တရားဟူမူကား၊
2 သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-
ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ ရက်သည် သင် တို့၌ သန့်ရှင်း သောနေ့၊ ထာဝရဘုရား အဘို့ ငြိမ်ဝပ် စွာ နေရသော ဥပုသ် နေ့ဖြစ် ၏။ ထိုနေ့ ၌ အလုပ် လုပ် သော သူ မည်သည်ကား အသေ ခံရမည်။
3 ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။
သင် တို့နေရာ အရပ်၌ ဥပုသ် နေ့ မှာ မီး ကို မ မွေး ရဟု ဆင့်ဆို ၏။
4 တစ်​ဖန်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``သင်​တို့​အား​ထာ​ဝရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။-
တဖန် မောရှေ သည်၊ ဣသရေလ အမျိုးသား ပရိသတ် အလယ်၌ ထာဝရဘုရား ၏အမိန့် တော်ကို ဆင့်ဆို သည်ကား၊
5 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​လှူ​ဝတ္ထု ဆက်​သ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​အ​လှူ ဝတ္ထု​ဆက်​ကပ်​လို​သူ​တို့​သည်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
သင် တို့တွင် ထာဝရဘုရား အား လှူသော အလှူ ကို ပြင်ဆင် ကြလော့။ ကြည်ညို သော စေတနာစိတ် ရှိသမျှ သောသူတို့ သည်၊ ရွှေ ၊ ငွေ ၊ ကြေးဝါ၊
6 ပိတ်​ချော၊ အ​ပြာ​ရောင်​သိုး​မွေး၊ ခ​ရမ်း​ရောင် သိုး​မွေး၊ အ​နီ​ရောင်​သိုး​မွေး၊ ဆိတ်​မွေး​အ​ထည်၊-
ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊
7 အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ ချော၊ အ​ကာ​ရှ​သစ်​သား၊-
အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ် သား၊
8 မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-
လိမ်း ရန် ဆီ ဘော်ဘို့ ၊ မီးရှို့ရာနံ့သာ ပေါင်း မွှေး ဘော်ဘို့ ရာနံ့သာ မျိုး၊ မီး ထွန်းစရာဆီ ၊
9 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။
ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် မြတ်တည်းဟူသောထာဝရဘုရား အား လှူ သောအလှူကို ဆောင် ခဲ့ကြလော့။
10 ၁၀ ``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။-
၁၀သင် တို့တွင် လိမ္မာ သောသူ ရှိသမျှ တို့သည်လာ ၍ ၊
11 ၁၁ တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-
၁၁တဲ တော်နှင့် အပေါ်တဲ ၊ အပေါ်တဲအဖုံး ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တို့ကို၎င်း၊
12 ၁၂ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-
၁၂သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သေတ္တာအဖုံး ၊ ကာ ရသော ကုလားကာ ကို၎င်း၊
13 ၁၃ စား​ပွဲ​နှင့်​ထမ်း​ပိုး​တန်း​များ၊ စား​ပွဲ​နှင့်​ဆိုင် သော​ပစ္စည်း​များ၊ ရှေ့​တော်​ဆက်​မုန့်၊-
၁၃စားပွဲ နှင့် သူ ၏ထမ်းဘိုး ၊ သူ ၏တန်ဆာ ရှိသမျှ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
14 ၁၄ ဆီ​မီး​ခုံ​နှင့်​ဆီ​မီး​ခုံ​ပစ္စည်း​များ၊ မီး​ခွက် များ​နှင့်​မီး​ထွန်း​ရန်​ဆီ၊-
၁၄မီး ထွန်းစရာဘို့ မီးခုံ နှင့် သူ ၏တန်ဆာ ၊ မီးခွက် များ၊ မီး ထွန်းစရာဆီ ကို၎င်း ၊
15 ၁၅ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​နှင့် ထမ်း​ပိုး​တန်း များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊-
၁၅နံ့သာ ပေါင်းရှို့သော ပလ္လင် နှင့် သူ ၏ထမ်းဘိုး ၊ လိမ်း ရန်ဆီ ၊ မွှေး သော နံ့သာ ပေါင်း၊ တဲ တော်တံခါး ဝ ကာရန် ကုလားကာ ကို၎င်း၊
16 ၁၆ ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင် အ​တွက်​ထမ်း​ပိုး​တန်း​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ၊-
၁၆မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် နှင့် ကြေးဝါ ဆန်ခါ ၊ ထမ်းဘိုး ၊ တန်ဆာ ရှိသမျှ ၊ အင်တုံ နှင့် ခြေထောက် ကို၎င်း၊
17 ၁၇ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​နှင့်​တိုင်​များ၊ ခြေ​စွပ်​များ၊ ဝင်း​ပေါက်​ကန့်​လန့်​ကာ၊-
၁၇တဲတော်ဝင်း ကုလားကာ ၊ တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါးဝ ကာစရာ ကုလားကာ ကို၎င်း၊
18 ၁၈ တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-
၁၈တဲ တော်တံသင် ၊ ဝင်း တံသင် ကြိုး များကို၎င်း၊
19 ၁၉ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့်​သူ​၏​သား​များ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​ထမ်း​ဆောင် စဉ်​ဝတ်​ဆင်​ရန်၊ ထည်​ဝါ​ခန့်​ညား​သော​အဝတ် အ​ထည်​များ​စ​သည်​တို့​အ​တွက်​စီ​မံ ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို​လေ​၏။
၁၉သန့်ရှင်း ရာဌာန၌ အမှုတော်ကို ထမ်း စရာအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ်၍ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား မှာ ထားတော်မူသမျှ အတိုင်း လုပ် ရကြမည်ဟု ဆင့်ဆို ၏။
20 ၂၀ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မော​ရှေ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​၏။-
၂၀ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ မောရှေ ထံ မှ ထွက်သွား ကြ၍ ၊
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ဝတ္ထု​ဆက်​ကပ် ရန် စိတ်​စေ​တ​နာ​ရှိ​သူ​အ​ပေါင်း​တို့​သည်၊ ထာ ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​အ​တွက်၊ လှူ ဖွယ်​ဝတ္ထု​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သူ​တို့ သည်​ဘု​ရား​ဝတ်​ပြု​ရာ​၌​လို​အပ်​သော​ပစ္စည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ပြု​လုပ်​ရန်​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။-
၂၁မိမိ စိတ်နှလုံး နှိုးဆော် သော သူ ၊ ကြည်ညိုသောစေတနာစိတ် သဘောရှိသော သူ အပေါင်း တို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်လုပ် ဘို့ ၎င်း ၊ အမှု တော်ထမ်းစရာဘို့ ၎င်း၊ သန့်ရှင်း သောအဝတ် ကို၎င်း၊ ထာဝရဘုရား အား လှူသောအလှူ ကို ဆောင် လျက် လာကြ၏။
22 ၂၂ စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊
၂၂ကြည်ညိုသော စေတနာ စိတ် ရှိသောယောက်ျား မိန်းမ တို့သည်၊ လက်ကောက် ၊ နားတောင်း ၊ လက်စွပ် ၊ နှာခေါင်းဘူး၊ ရွှေ တန်ဆာ ရှိသမျှ ကို ဆောင် ခဲ့သဖြင့် ၊ လှူ သောသူ အသီးအသီး တို့သည်၊ ထာဝရဘုရား အား ရွှေ ကို လှူကြ၏။
23 ၂၃ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော၊ ဆိတ်​မွေး​ထည်၊ အ​နီ​ဆိုး​သိုး​ထီး​သား ရေ၊ သား​ရေ​ချော​ပိုင်​ရှင်​အ​ပေါင်း​တို့​သည်၊ ထို ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။-
၂၃ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး၊ အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ရှိ သော သူ တိုင်း ဆောင် ခဲ့၏။
24 ၂၄ ငွေ​သို့​မ​ဟုတ်​ကြေး​ဝါ​လှူ​နိုင်​သူ​တို့​က​ထာ​ဝ​ရ ဘု​ရား​အား​ထို​ပစ္စည်း​များ​ကို​ဆက်​ကပ်​ကြ​၏။ အ​ကာ​ရှ​သစ်​ရှိ​သူ​တို့​က၊ ဆောက်​လုပ်​ရာ​၌ အ​သုံး​ပြု​ရန်​ထို​ပစ္စည်း​ကို​ဆက်​ကပ်​ကြ​၏။-
၂၄ငွေ နှင့် ကြေးဝါ ကို လှူ သောသူတိုင်း ထာဝရဘုရား အား လှူ လေ၏။ အမှုတော်နှင့်ယှဉ်သော အလုပ် လုပ်စရာဘို့ အကာရှ သစ် သားရှိ သော သူတိုင်း လည်း ဆောင် ခဲ့လေ၏။
25 ၂၅ ချည်​ငင်​ကျွမ်း​ကျင်​သူ​အမျိုး​သမီး​အ​ပေါင်း​သည်၊ သိုး​မွေး​ချည်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​နှင့် ပိတ်​ချော​ချည်၊ ဆိတ်​မွေး​ချည်​တို့​ကို​ဆက်​ကပ် ကြ​၏။-
၂၅ရက်ကန်းတတ် သော မိန်းမ အပေါင်း တို့လည်း ၊ ကိုယ် လက် နှင့် ရက် ၍ ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ရက် သမျှကို ဆောင် ခဲ့ကြ၏။
26 ၂၆
၂၆မိမိ ဉာဏ် နှိုးဆော် သော မိန်းမ အပေါင်း တို့သည် ဆိတ် မွေးကို ရက် ကြ၏။
27 ၂၇ ဣ​သ​ရေ​လ​အမျိုး​သား​အကြီး​အကဲ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ဖြစ်​သော​သင်​တိုင်း​နှင့်​ရင်​စည်း​အ​ဝတ်​တို့ တွင်​တပ်​ဆင်​ရန်၊ ကျောက်​နီ​နှင့်​အ​ခြား ကျောက်​မျက်​ရ​တ​နာ​တို့​ကို​လည်း​ကောင်း၊-
၂၇သူကြီး တို့သည်လည်း ၊ ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီ စရာကျောက် ကို၎င်း၊
28 ၂၈ မီး​ခွက်​များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်​နှင့်​ဆီ​တို့​ကို လည်း​ကောင်း၊ ဆက်​ကပ်​ကြ​၏။-
၂၈မီး ထွန်းစရာဘို့ လိမ်း ရန် ဆီ ဘော်ဘို့ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ ရာနံ့သာ မျိုးနှင့် ဆီ ကို၎င်း ဆောင်ခဲ့ကြ၏။
29 ၂၉ မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။
၂၉ထိုသို့ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသော အလုပ် အမျိုးမျိုး ရှိသမျှအဘို့ ၊ ဣသရေလ အမျိုးသား တို့တွင် ကြည်ညိုသော စေတနာစိတ် နှိုးဆော် သော ယောက်ျား မိန်းမ အပေါင်း တို့သည်၊ ထာဝရဘုရား အား ကြည်ညို သောစိတ် နှင့် လှူ ကြ၏။
30 ၃၀ မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။-
၃၀တဖန် မောရှေ က၊ နားထောင် ကြလော့။ ထာဝရဘုရား သည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထားတော်မူပြီ။
31 ၃၁ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊-
၃၁သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့်အမျိုးမျိုး သောအလုပ်ကို ထူးဆန်းစွာလုပ်တတ်မည်အကြောင်း၊ ဉာဏ်ပညာ နှင့်တကွသိပ္ပံ အတတ်အမျိုးမျိုး ကိုပေး၍၊ ဘုရားသခင် ၏ဝိညာဉ် တော်နှင့်ပြည့်စုံ စေတော်မူပြီ။
32 ၃၂
၃၂
33 ၃၃ ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။-
၃၃
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​လည်း​ကောင်း၊ ဒန်​အ​နွယ်​မှ​အ​ဟိ​သ​မက်​၏​သား​အ​ဟော လျ​ဘ​အား​လည်း​ကောင်း၊ မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ကို​အ​ခြား​သူ​တို့​အား​သင်​ပေး​နိုင် စွမ်း​ပေး​ထား​တော်​မူ​၏။-
၃၄သူ နှင့် ဒန် အမျိုးသား အဟိသမက် ၏သား အဟောလျဘ သည်၊ သူတပါးအား အတတ်သင် ပေးနိုင် မည်အကြောင်း ၊ ဉာဏ် ကိုပေး တော်မူပြီ။
35 ၃၅ သူ​တို့​အား​ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​သော အ​တတ်၊ အ​ပြာ​ရောင်၊ ခရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​နှင့်​အ​ခြား​အ​ထည်​တို့ ကို​ယက်​လုပ်​သည့်​အ​တတ်​ပ​ညာ​အ​မျိုး​မျိုး ကို​ပေး​တော်​မူ​၏။ သူ​တို့​သည်​အ​တတ်​ပ​ညာ အ​မျိုး​မျိုး​တို့​တွင်​ထူး​ချွန်​၍ ပုံ​စံ​ထုတ် ရာ​တွင်​ပြောင်​မြောက်​သူ​များ​ဖြစ်​ကြ​၏။
၃၅ထိုသူ တို့သည် ထုလုပ်တတ်သောသူ၏ အလုပ်၊ ဆန်းပြားသောလက်သမား၏ အလုပ်၊ ပြာ သော အထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ကို ချယ်လှယ် တတ်သောသူ ၏အလုပ်၊ ရက် တတ်သောသူ၏အလုပ်၊ အနည်းနည်းလုပ်တတ်သောသူ၏အလုပ် ၊ ထူးဆန်းစွာကြံစည်တတ်သောသူ၏အလုပ်အမျိုးမျိုးရှိသမျှ တို့ကို လုပ် တတ်မည် အကြောင်း ၊ ဉာဏ် ပညာနှင့် ပြည့်စုံ တော်မူပြီ။

< ထွက်မြောက်ရာ 35 >