< ထွက်မြောက်ရာ 35 >

1 မော​ရှေ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ ပေါင်း​တို့​ကို​စု​ရုံး​စေ​၍``သင်​တို့​လိုက်​နာ​ရန် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​ပ​ညတ်​တော်​မူ​သည်။-
HOAKOAKOA iho la o Mose i ka aha kanaka a pau o ka Iseraela, i mai la ia lakou, Eia na olelo a Iehova i kauoha mai ai, i hana oukou ia mau mea.
2 သင်​တို့​သည်​ရက်​သတ္တ​တစ်​ပတ်​တွင်​ခြောက်​ရက် အ​လုပ်​လုပ်​နိုင်​၏။ သို့​ရာ​တွင်​သတ္တ​မ​နေ့​သည်၊ ငါ​ထာ​ဝ​ရ​ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ ထူး​မြတ်​သည့်​နား​ရက်​ဖြစ်​ရ​မည်။ ထို့​နေ့​တွင် အ​လုပ်​လုပ်​သော​သူ​ကို​သေ​ဒဏ်​စီ​ရင်​ရ မည်။-
I eono la e hanaia'i ka hana, aka o ka hiku o ka la, he la hoano ia, he Sabati e hoomaha'i no Iehova. O ka mea hana i ka hana ia la, e pepehiia oia.
3 ဥ​ပုသ်​နေ့​တွင်​သင်​တို့​၏​နေ​အိမ်​များ​၌​မီး​ကို ပင်​မ​မွေး​ရ'' ဟု​ဆင့်​ဆို​၏။
Mai hoa oukou i ke ahi ma ko oukou mau wahi e noho ai a pau loa, i ka la Sabati.
4 တစ်​ဖန်​မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​အား``သင်​တို့​အား​ထာ​ဝရ​ဘု​ရား ဤ​သို့​မိန့်​တော်​မူ​သည်။-
Olelo mai la o Mose i ka aha kanaka a pau o ka Iseraela, i mai la, Eia ka mea a Iehova i kauoha mai ai, i mai la,
5 သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​အား အ​လှူ​ဝတ္ထု ဆက်​သ​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​အား​အ​လှူ ဝတ္ထု​ဆက်​ကပ်​လို​သူ​တို့​သည်​ရွှေ၊ ငွေ၊ ကြေး​ဝါ၊-
E lawe oukou, maiwaena aku o oukou, i mohai na Iehova; o na mea naau manawalea a pau, e lawe mai lakou i mohai na Iehova; i gula, a i kala, a i keleawe,
6 ပိတ်​ချော၊ အ​ပြာ​ရောင်​သိုး​မွေး၊ ခ​ရမ်း​ရောင် သိုး​မွေး၊ အ​နီ​ရောင်​သိုး​မွေး၊ ဆိတ်​မွေး​အ​ထည်၊-
A i uliuli, a i poni, a i ulaula, a i olona keokeo, a i hulu kao;
7 အ​နီ​ဆိုး​သော​သိုး​ထီး​သား​ရေ၊ သား​ရေ ချော၊ အ​ကာ​ရှ​သစ်​သား၊-
A me na ili hipakane i hooluu ulaula ia, a me na ili tehasa, a me ka laau sitima;
8 မီး​ထွန်း​ရန်​ဆီ၊ ဘိ​သိက်​ဆီ​နှင့်​နံ့​သာ​ပေါင်း အ​တွက်​အ​မွှေး​အ​ကြိုင်၊-
A me ka aila no ka malamalama, a me na hua ala no ka aila poni, a no ka mea ala maikai;
9 ယဇ်​ပု​ရော​ဟိတ်​မင်း​၏​သင်​တိုင်း​နှင့်​ရင်​ဖုံး အဝတ်​တို့​တွင်​စီ​ချယ်​သည့်​မ​ဟူ​ရာ​ကျောက် နှင့်​အ​ခြား​ကျောက်​မျက်​ရ​တ​နာ​များ​ကို ယူ​ဆောင်​ခဲ့​ရ​မည်'' ဟု​ဆင့်​ဆို​၏။
A me na pohaku onika, a me na pohaku e kau ai maloko o ka epoda, a maloko o ka paleumauma.
10 ၁၀ ``သင်​တို့​တွင်​ရှိ​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​သည် ထာ​ဝရ​ဘု​ရား​မိန့်​မှာ​တော် မူ​သည့်​အ​တိုင်း​လာ​၍​လုပ်​ဆောင်​ရ​ကြ​မည်။-
A e hele mai no na mea naau akamai a pau, a e hana i na mea a pau a Iehova i kauoha mai ai;
11 ၁၁ တဲ​တော်​နှင့်​အ​မိုး​အ​ကာ၊ တဲ​တော်​ချိတ်​များ၊ ဘောင်​ခွေ​များ၊ ကန့်​လန့်​ကျင်​များ၊ တိုင်​များ​နှင့် အောက်​ခြေ​စွပ်​များ၊-
I ka halelewa, i kona halelole a me kona uhi, a me kona mau lou, a me kona mau papa, a me kona mau auamo, a me kona mau kia, a me kona mau kumu;
12 ၁၂ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​နှင့်​ထမ်း​ပိုး​တန်း​များ၊ သေတ္တာ​တော်​အ​ဖုံး၊ သေတ္တာ​တော်​ကို​ကာ​ရံ ထား​သော​ကန့်​လန့်​ကာ၊-
I ka pahu, a me kona mau auamo, a me ka noho aloha, a me ka paku e uhi ai;
13 ၁၃ စား​ပွဲ​နှင့်​ထမ်း​ပိုး​တန်း​များ၊ စား​ပွဲ​နှင့်​ဆိုင် သော​ပစ္စည်း​များ၊ ရှေ့​တော်​ဆက်​မုန့်၊-
I ka papaaina, a me kona mau auamo, a me kona oihana a pau, a me ka berena hoike;
14 ၁၄ ဆီ​မီး​ခုံ​နှင့်​ဆီ​မီး​ခုံ​ပစ္စည်း​များ၊ မီး​ခွက် များ​နှင့်​မီး​ထွန်း​ရန်​ဆီ၊-
I ka ipukukui hoi no ka malamalama, a me kona oihana, a me kona mau ipu aila, me ka aila no ka malamalama;
15 ၁၅ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ​ပလ္လင်​နှင့် ထမ်း​ပိုး​တန်း များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း၊ တဲ​တော်​တံ​ခါး​ဝ​ကန့်​လန့်​ကာ၊-
I ke kuahu no ka mea ala, a me kona mau auamo, a me ka aila poni, a me ka mea ala maikai, a me ka paku no ka puka e komo aku ai iloko o ka halelewa;
16 ၁၆ ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​ကြေး​ဝါ​ဆန်​ခါ၊ ပလ္လင် အ​တွက်​ထမ်း​ပိုး​တန်း​နှင့်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ၊-
I ke kuahu no ka mohaikuni, a me kona papa manamana pukapuka, a me kona mau auamo, a me kona mau oihana a pau, a me ka ipu auau, a me kona kumu;
17 ၁၇ တဲ​တော်​ဝင်း​ကန့်​လန့်​ကာ​များ​နှင့်​တိုင်​များ၊ ခြေ​စွပ်​များ၊ ဝင်း​ပေါက်​ကန့်​လန့်​ကာ၊-
I na paku o ke kahua, a me kona mau kia, a me ko lakou mau kumu, a me ka paku no ka puka o ke kahua;
18 ၁၈ တဲ​တော်​အ​တွက်​ကြက်​ဆူး​များ၊ တဲ​တော်​နှင့် တဲ​တော်​ဝင်း​အ​တွက်​ကြိုး​များ၊-
I na makia o ka halelewa, a me na makia o ke kahua, a me ko lakou mau kaula;
19 ၁၉ ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့်​သူ​၏​သား​များ သန့်​ရှင်း​ရာ​ဌာ​န​တော်​တွင်​အ​မှု​ထမ်း​ဆောင် စဉ်​ဝတ်​ဆင်​ရန်၊ ထည်​ဝါ​ခန့်​ညား​သော​အဝတ် အ​ထည်​များ​စ​သည်​တို့​အ​တွက်​စီ​မံ ဆောင်​ရွက်​ရ​ကြ​မည်'' ဟု​ဆင့်​ဆို​လေ​၏။
I na lole no ka hana, e hana'i i ka hana ma kahi laa, i na kahiko laa no Aarona ke kahuna, a me na kahiko o kana mau keikikane, e lawelawe ai ma ka oihana kahuna.
20 ၂၀ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် မော​ရှေ​ထံ​မှ​ထွက်​ခွာ​သွား​ကြ​လေ​၏။-
A hele aku la ke anaina kanaka a pau o na mamo a Iseraela, mai ko Mose alo aku.
21 ၂၁ ထာ​ဝ​ရ​ဘု​ရား​အား​လှူ​ဖွယ်​ဝတ္ထု​ဆက်​ကပ် ရန် စိတ်​စေ​တ​နာ​ရှိ​သူ​အ​ပေါင်း​တို့​သည်၊ ထာ ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​အ​တွက်၊ လှူ ဖွယ်​ဝတ္ထု​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။ သူ​တို့ သည်​ဘု​ရား​ဝတ်​ပြု​ရာ​၌​လို​အပ်​သော​ပစ္စည်း၊ ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ပြု​လုပ်​ရန်​ပစ္စည်း​များ​ကို​ယူ​ဆောင်​ခဲ့​ကြ​၏။-
A hele mai no lakou, o kela mea keia mea i hooeueuia e kona naau, o kela mea keia mea hoi i hooikaikaia e kona uhane, a lawe mai lakou i ko Iehova haawina no ka hana o ka halelewa o ke anaina kanaka, a no kana hana a pau, a no na kahiko laa.
22 ၂၂ စိတ်​စေ​တ​နာ​ရှိ​သော​အ​မျိုး​သား​နှင့်​အ​မျိုး သ​မီး​တို့​သည်​ရွှေ​ရင်​ထိုး၊ ရွှေ​နား​ကွင်း၊ ရွှေ​လက် စွပ်​ရွှေ​ဆွဲ​ကြိုး​တို့​ကို​အ​ထူး​ပူ​ဇော်​သကာ အ​ဖြစ်​ထာ​ဝ​ရ​ဘု​ရား​ထံ​ယူ​ဆောင်​လာ​၍၊
A hele mai lakou, o na kane, a me na wahine, o ka poe a pau i makemake ma ka naau, a lawe mai la i na kupee lima, a me na gula pepeiao, a me na apo, a ma na gula a-i, a me na mea gula a pau loa; a o kela mea, keia mea i haawi, haawi oia i gula no Iehova.
23 ၂၃ အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး၊ ပိတ်​ချော၊ ဆိတ်​မွေး​ထည်၊ အ​နီ​ဆိုး​သိုး​ထီး​သား ရေ၊ သား​ရေ​ချော​ပိုင်​ရှင်​အ​ပေါင်း​တို့​သည်၊ ထို ပစ္စည်း​များ​ကို​ယူ​ဆောင်​လာ​ကြ​၏။-
A o kela kanaka keia kanaka i loaa ia ia ka uliuli, ka poni, a me ka ulaula, a me ke olona keokeo, a me ka hulu kao, a me na ili ulaula o na hipakane, a me na ili tehasa, lawe mai no lakou la mau mea.
24 ၂၄ ငွေ​သို့​မ​ဟုတ်​ကြေး​ဝါ​လှူ​နိုင်​သူ​တို့​က​ထာ​ဝ​ရ ဘု​ရား​အား​ထို​ပစ္စည်း​များ​ကို​ဆက်​ကပ်​ကြ​၏။ အ​ကာ​ရှ​သစ်​ရှိ​သူ​တို့​က၊ ဆောက်​လုပ်​ရာ​၌ အ​သုံး​ပြု​ရန်​ထို​ပစ္စည်း​ကို​ဆက်​ကပ်​ကြ​၏။-
O kela mea keia mea i haawi i ka haawina kala, a keleawe, lawe mai no oia i ka Iehova haawina. A o kela kanaka keia kanaka i loaa ia ia ka laau sitima no kahi hana e hana'i, lawe mai la oia ia.
25 ၂၅ ချည်​ငင်​ကျွမ်း​ကျင်​သူ​အမျိုး​သမီး​အ​ပေါင်း​သည်၊ သိုး​မွေး​ချည်​အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​နှင့် ပိတ်​ချော​ချည်၊ ဆိတ်​မွေး​ချည်​တို့​ကို​ဆက်​ကပ် ကြ​၏။-
A o na wahine a pau i akamai ma ka naau, milo lakou me ko lakou lima, a lawe mai la i ka mea a lakou i milo ai, i ka uliuli, a me ka poni, a me ka ulaula, a me ke olona keokeo.
26 ၂၆
A o na wahine a pau i hooikaikaia ma ka naau, i mea e akamai ai, milo lakou i ka hulu kao.
27 ၂၇ ဣ​သ​ရေ​လ​အမျိုး​သား​အကြီး​အကဲ​တို့​သည် ယဇ်​ပု​ရော​ဟိတ်​တို့​၏​အ​ဝတ်​အ​ထည်​များ ဖြစ်​သော​သင်​တိုင်း​နှင့်​ရင်​စည်း​အ​ဝတ်​တို့ တွင်​တပ်​ဆင်​ရန်၊ ကျောက်​နီ​နှင့်​အ​ခြား ကျောက်​မျက်​ရ​တ​နာ​တို့​ကို​လည်း​ကောင်း၊-
A lawe mai na'lii i pohaku onika, a me na pohaku e kau ai ma ka epoda, a ma ka paleumauma;
28 ၂၈ မီး​ခွက်​များ၊ ဘိ​သိက်​ဆီ၊ မွှေး​ကြိုင်​သော​နံ့​သာ ပေါင်း​အ​တွက်​အ​မွှေး​အ​ကြိုင်​နှင့်​ဆီ​တို့​ကို လည်း​ကောင်း၊ ဆက်​ကပ်​ကြ​၏။-
A me na mea ala, a me ka aila no ka malamalama, a no ka aila poni a me ka mea ala maikai.
29 ၂၉ မော​ရှေ​မှ​တစ်​ဆင့်​ထာ​ဝ​ရ​ဘု​ရား​စေ​ခိုင်း သော​အ​လုပ်​အ​တွက်​အ​မျိုး​သား​အ​မျိုး သ​မီး​အ​ပေါင်း​တို့​သည်​စိတ်​စေ​တ​နာ​ထက် သန်​စွာ​ဖြင့်၊ မိ​မိ​တို့​လှူ​ဖွယ်​ဝတ္ထု​များ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​ဆက်​ကပ်​ကြ​၏။
Lawe mai no na mamo a Iseraela i makana aloha no Iehova, o kela kane keia kane i makemake ma ka naau e lawe, no ka hana a pau a Iehova i kauoha mai ai ma ka lima o Mose.
30 ၃၀ မော​ရှေ​က ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ အား``ထာ​ဝ​ရ​ဘု​ရား​သည်​ယု​ဒ​အ​နွယ် ဟု​ရ​၏​မိ​သား​စု​မှ ဥ​ရိ​၏​သား​ဗေ​ဇ လေ​လ​ကို​ရွေး​ချယ်​ထား​တော်​မူ​၏။-
Olelo mai la o Mose i na mamo a Iseraela, E nana hoi, ma ka inoa no i hea mai ai o Iehova ia Bezalela, i ke keiki a Uri, i ke keiki a Hura, no ka ohana a Iuda;
31 ၃၁ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​တန်​ခိုး​ကို ခံ​ယူ​ရ​ရှိ​သ​ဖြင့်၊ ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ အ​မျိုး​မျိုး​ဖော်​လုပ်​နိုင်​သော​ပ​ညာ၊-
A ua hoopiha ia ia i ka uhane o ke Akua, i ke akamai, a i ka naauao, a i ka ike, a i ke ano o na hana a pau;
32 ၃၂
I imi oia i na hana akamai, e hana i ke gula, a i ke kala, a i ke keleawe,
33 ၃၃ ကျောက်​မျက်​ကို​သွေး​၍​စီ​ချယ်​သော​အ​တတ်၊ သစ်​သား​ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ သည့်​အ​နု​ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​ကို တတ်​ကျွမ်း​နား​လည်​နိုင်​စွမ်း​ရှိ​ပေ​သည်။-
A i ke okioki pohaku ana, a me ke kapilipili, i ke kalai laau, a me ka hana i na hana akamai a pau.
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​အား​လည်း​ကောင်း၊ ဒန်​အ​နွယ်​မှ​အ​ဟိ​သ​မက်​၏​သား​အ​ဟော လျ​ဘ​အား​လည်း​ကောင်း၊ မိ​မိ​တို့​၏​အ​တတ် ပ​ညာ​ကို​အ​ခြား​သူ​တို့​အား​သင်​ပေး​နိုင် စွမ်း​ပေး​ထား​တော်​မူ​၏။-
A ua haawi hoi oia iloko o kona naau i ke ao aku, oia, a me Aholiaba, ke keiki a Ahisamaka, no ka ohana a Dana.
35 ၃၅ သူ​တို့​အား​ပန်း​ပု​အ​တတ်၊ ပုံ​စံ​ထုတ်​သော အ​တတ်၊ အ​ပြာ​ရောင်၊ ခရမ်း​ရောင်၊ အ​နီ​ရောင် သိုး​မွေး၊ ပိတ်​ချော​နှင့်​အ​ခြား​အ​ထည်​တို့ ကို​ယက်​လုပ်​သည့်​အ​တတ်​ပ​ညာ​အ​မျိုး​မျိုး ကို​ပေး​တော်​မူ​၏။ သူ​တို့​သည်​အ​တတ်​ပ​ညာ အ​မျိုး​မျိုး​တို့​တွင်​ထူး​ချွန်​၍ ပုံ​စံ​ထုတ် ရာ​တွင်​ပြောင်​မြောက်​သူ​များ​ဖြစ်​ကြ​၏။
Ua hoopiha oia ia laua i ke akamai o ka naau, e hana i na hana a pau, o ka mea kahakaha, a me ka mea hana akamai, a me ka mea humuhumu i ka uliuli, a me ka poni, a me ka ulaula, a me ke olona keokeo, a me ka mea upena, a me ka mea hana i na hana a pau, a me ka mea imi i ka hana akamai,

< ထွက်မြောက်ရာ 35 >