< ထွက်မြောက်ရာ 35 >
1 ၁ မောရှေသည် ဣသရေလအမျိုးသားအ ပေါင်းတို့ကိုစုရုံးစေ၍``သင်တို့လိုက်နာရန် ထာဝရဘုရား ဤသို့ပညတ်တော်မူသည်။-
And Moses gathered all the congregation of the children of Israel together, and said, These are the words which the Lord has spoken for [you] to do them.
2 ၂ သင်တို့သည်ရက်သတ္တတစ်ပတ်တွင်ခြောက်ရက် အလုပ်လုပ်နိုင်၏။ သို့ရာတွင်သတ္တမနေ့သည်၊ ငါထာဝရဘုရားအတွက်ဆက်ကပ်သော၊ ထူးမြတ်သည့်နားရက်ဖြစ်ရမည်။ ထို့နေ့တွင် အလုပ်လုပ်သောသူကိုသေဒဏ်စီရင်ရ မည်။-
Six days shall you perform works, but on the seventh day [shall be] rest—a holy sabbath—a rest for the Lord: every one that does work on it, let him die.
3 ၃ ဥပုသ်နေ့တွင်သင်တို့၏နေအိမ်များ၌မီးကို ပင်မမွေးရ'' ဟုဆင့်ဆို၏။
You shall not burn a fire in any of your dwellings on the sabbath-day; I [am] the Lord.
4 ၄ တစ်ဖန်မောရှေက ဣသရေလအမျိုးသား အပေါင်းတို့အား``သင်တို့အားထာဝရဘုရား ဤသို့မိန့်တော်မူသည်။-
And Moses spoke to all the congregation of the children of Israel, saying, This [is] the thing which the Lord has appointed you, saying,
5 ၅ သင်တို့သည်ထာဝရဘုရားအား အလှူဝတ္ထု ဆက်သရမည်။ ထာဝရဘုရားအားအလှူ ဝတ္ထုဆက်ကပ်လိုသူတို့သည်ရွှေ၊ ငွေ၊ ကြေးဝါ၊-
Take of yourselves an offering for the Lord: every one that engages in his heart shall bring the first fruits to the Lord; gold, silver, brass,
6 ၆ ပိတ်ချော၊ အပြာရောင်သိုးမွေး၊ ခရမ်းရောင် သိုးမွေး၊ အနီရောင်သိုးမွေး၊ ဆိတ်မွေးအထည်၊-
blue, purple, double scarlet spun, and fine linen spun, and goats' hair,
7 ၇ အနီဆိုးသောသိုးထီးသားရေ၊ သားရေ ချော၊ အကာရှသစ်သား၊-
and rams' skins dyed red, and skins [dyed] blue, and incorruptible wood,
8 ၈ မီးထွန်းရန်ဆီ၊ ဘိသိက်ဆီနှင့်နံ့သာပေါင်း အတွက်အမွှေးအကြိုင်၊-
and sardine stones, and stones for engraving for the shoulder-piece and full-length robe.
9 ၉ ယဇ်ပုရောဟိတ်မင်း၏သင်တိုင်းနှင့်ရင်ဖုံး အဝတ်တို့တွင်စီချယ်သည့်မဟူရာကျောက် နှင့်အခြားကျောက်မျက်ရတနာများကို ယူဆောင်ခဲ့ရမည်'' ဟုဆင့်ဆို၏။
And every man that is wise in heart amongst you, let him come and work all things whatever the Lord has commanded.
10 ၁၀ ``သင်တို့တွင်ရှိသောအတတ်ပညာရှင် အပေါင်းတို့သည် ထာဝရဘုရားမိန့်မှာတော် မူသည့်အတိုင်းလာ၍လုပ်ဆောင်ရကြမည်။-
The tabernacle, and the cords, and the coverings, and the rings, and the bars, and the posts,
11 ၁၁ တဲတော်နှင့်အမိုးအကာ၊ တဲတော်ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့် အောက်ခြေစွပ်များ၊-
and the ark of the testimony, and its staves, and its propitiatory, and the veil,
12 ၁၂ ပဋိညာဉ်သေတ္တာတော်နှင့်ထမ်းပိုးတန်းများ၊ သေတ္တာတော်အဖုံး၊ သေတ္တာတော်ကိုကာရံ ထားသောကန့်လန့်ကာ၊-
and the curtains of the court, and its posts,
13 ၁၃ စားပွဲနှင့်ထမ်းပိုးတန်းများ၊ စားပွဲနှင့်ဆိုင် သောပစ္စည်းများ၊ ရှေ့တော်ဆက်မုန့်၊-
and the emerald stones,
14 ၁၄ ဆီမီးခုံနှင့်ဆီမီးခုံပစ္စည်းများ၊ မီးခွက် များနှင့်မီးထွန်းရန်ဆီ၊-
and the incense, and the anointing oil,
15 ၁၅ နံ့သာပေါင်းမီးရှို့ရာပလ္လင်နှင့် ထမ်းပိုးတန်း များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာပေါင်း၊ တဲတော်တံခါးဝကန့်လန့်ကာ၊-
and the table and all its furniture,
16 ၁၆ ယဇ်ပူဇော်ရာပလ္လင်နှင့်ကြေးဝါဆန်ခါ၊ ပလ္လင် အတွက်ထမ်းပိုးတန်းနှင့်ဆိုင်ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေ၊-
and the candlestick for the light and all its furniture,
17 ၁၇ တဲတော်ဝင်းကန့်လန့်ကာများနှင့်တိုင်များ၊ ခြေစွပ်များ၊ ဝင်းပေါက်ကန့်လန့်ကာ၊-
and the altar and all its furniture;
18 ၁၈ တဲတော်အတွက်ကြက်ဆူးများ၊ တဲတော်နှင့် တဲတော်ဝင်းအတွက်ကြိုးများ၊-
and the holy garments of Aaron the priest, and the garments in which they shall do service;
19 ၁၉ ယဇ်ပုရောဟိတ်အာရုန်နှင့်သူ၏သားများ သန့်ရှင်းရာဌာနတော်တွင်အမှုထမ်းဆောင် စဉ်ဝတ်ဆင်ရန်၊ ထည်ဝါခန့်ညားသောအဝတ် အထည်များစသည်တို့အတွက်စီမံ ဆောင်ရွက်ရကြမည်'' ဟုဆင့်ဆိုလေ၏။
and the garments of priesthood for the sons of Aaron and the anointing oil, and the compound incense.
20 ၂၀ ဣသရေလအမျိုးသားအပေါင်းတို့သည် မောရှေထံမှထွက်ခွာသွားကြလေ၏။-
And all the congregation of the children of Israel went out from Moses. And they brought, they whose heart prompted them, and they to whoever it seemed good in their mind, each and offering:
21 ၂၁ ထာဝရဘုရားအားလှူဖွယ်ဝတ္ထုဆက်ကပ် ရန် စိတ်စေတနာရှိသူအပေါင်းတို့သည်၊ ထာ ဝရဘုရားစံတော်မူရာတဲတော်အတွက်၊ လှူ ဖွယ်ဝတ္ထုများကိုယူဆောင်လာကြ၏။ သူတို့ သည်ဘုရားဝတ်ပြုရာ၌လိုအပ်သောပစ္စည်း၊ ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ပြုလုပ်ရန်ပစ္စည်းများကိုယူဆောင်ခဲ့ကြ၏။-
and they brought an offering to the Lord for all the works of the tabernacle of witness, and all its services, and for all the robes of the sanctuary.
22 ၂၂ စိတ်စေတနာရှိသောအမျိုးသားနှင့်အမျိုး သမီးတို့သည်ရွှေရင်ထိုး၊ ရွှေနားကွင်း၊ ရွှေလက် စွပ်ရွှေဆွဲကြိုးတို့ကိုအထူးပူဇော်သကာ အဖြစ်ထာဝရဘုရားထံယူဆောင်လာ၍၊
And the men, even every one to whom it seemed good in his heart, brought from the women, [even] brought seals and ear-rings, and finger-rings, and necklaces, and bracelets, every article of gold.
23 ၂၃ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချော၊ ဆိတ်မွေးထည်၊ အနီဆိုးသိုးထီးသား ရေ၊ သားရေချောပိုင်ရှင်အပေါင်းတို့သည်၊ ထို ပစ္စည်းများကိုယူဆောင်လာကြ၏။-
And all as many as brought ornaments of gold to the Lord, and with whoever fine linen was found; and they brought skins [dyed] blue, and rams' skins dyed red.
24 ၂၄ ငွေသို့မဟုတ်ကြေးဝါလှူနိုင်သူတို့ကထာဝရ ဘုရားအားထိုပစ္စည်းများကိုဆက်ကပ်ကြ၏။ အကာရှသစ်ရှိသူတို့က၊ ဆောက်လုပ်ရာ၌ အသုံးပြုရန်ထိုပစ္စည်းကိုဆက်ကပ်ကြ၏။-
And every one that offered an offering brought silver and brass, the offerings to the Lord; and [they] with whom was found incorruptible wood; and they brought [offerings] for all the works of the preparation.
25 ၂၅ ချည်ငင်ကျွမ်းကျင်သူအမျိုးသမီးအပေါင်းသည်၊ သိုးမွေးချည်အပြာရောင်၊ ခရမ်းရောင်၊ အနီနှင့် ပိတ်ချောချည်၊ ဆိတ်မွေးချည်တို့ကိုဆက်ကပ် ကြ၏။-
And every woman skilled in her heart to spin with her hands, brought spun [articles], the blue, and purple, and scarlet and fine linen.
And all the women to whom it seemed good in their heart in their wisdom, spun the goats' hair.
27 ၂၇ ဣသရေလအမျိုးသားအကြီးအကဲတို့သည် ယဇ်ပုရောဟိတ်တို့၏အဝတ်အထည်များ ဖြစ်သောသင်တိုင်းနှင့်ရင်စည်းအဝတ်တို့ တွင်တပ်ဆင်ရန်၊ ကျောက်နီနှင့်အခြား ကျောက်မျက်ရတနာတို့ကိုလည်းကောင်း၊-
And the rulers brought the emerald stones, and the stones for setting in the ephod, and the oracle,
28 ၂၈ မီးခွက်များ၊ ဘိသိက်ဆီ၊ မွှေးကြိုင်သောနံ့သာ ပေါင်းအတွက်အမွှေးအကြိုင်နှင့်ဆီတို့ကို လည်းကောင်း၊ ဆက်ကပ်ကြ၏။-
and the compounds both for the anointing oil, and the composition of the incense.
29 ၂၉ မောရှေမှတစ်ဆင့်ထာဝရဘုရားစေခိုင်း သောအလုပ်အတွက်အမျိုးသားအမျိုး သမီးအပေါင်းတို့သည်စိတ်စေတနာထက် သန်စွာဖြင့်၊ မိမိတို့လှူဖွယ်ဝတ္ထုများကို ထာဝရဘုရားထံဆက်ကပ်ကြ၏။
And every man and woman whose mind inclined them to come in and do all the works as many as the Lord appointed them to do by Moses—[they] the children of Israel brought an offering to the Lord.
30 ၃၀ မောရှေက ဣသရေလအမျိုးသားတို့ အား``ထာဝရဘုရားသည်ယုဒအနွယ် ဟုရ၏မိသားစုမှ ဥရိ၏သားဗေဇ လေလကိုရွေးချယ်ထားတော်မူ၏။-
And Moses said to the children of Israel, Behold, God has called by name Beseleel the [son] of Urias the [son of] Or, of the tribe of Juda,
31 ၃၁ သူသည်ထာဝရဘုရားထံတော်မှတန်ခိုးကို ခံယူရရှိသဖြင့်၊ ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံ အမျိုးမျိုးဖော်လုပ်နိုင်သောပညာ၊-
and has filled him with a divine spirit of wisdom and understanding, and knowledge of all things,
to labour skilfully in all works of cunning workmanship, to form the gold and the silver and the brass,
33 ၃၃ ကျောက်မျက်ကိုသွေး၍စီချယ်သောအတတ်၊ သစ်သားပန်းပုထုသောအတတ်အစရှိ သည့်အနုပညာအတတ်အမျိုးမျိုးကို တတ်ကျွမ်းနားလည်နိုင်စွမ်းရှိပေသည်။-
and to work in stone, and to fashion the wood, and to work in every work of wisdom.
34 ၃၄ ထာဝရဘုရားသည်သူ့အားလည်းကောင်း၊ ဒန်အနွယ်မှအဟိသမက်၏သားအဟော လျဘအားလည်းကောင်း၊ မိမိတို့၏အတတ် ပညာကိုအခြားသူတို့အားသင်ပေးနိုင် စွမ်းပေးထားတော်မူ၏။-
And [God] gave improvement in understanding both to him, and to Eliab the [son] of Achisamach of the tribe of Dan.
35 ၃၅ သူတို့အားပန်းပုအတတ်၊ ပုံစံထုတ်သော အတတ်၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောနှင့်အခြားအထည်တို့ ကိုယက်လုပ်သည့်အတတ်ပညာအမျိုးမျိုး ကိုပေးတော်မူ၏။ သူတို့သည်အတတ်ပညာ အမျိုးမျိုးတို့တွင်ထူးချွန်၍ ပုံစံထုတ် ရာတွင်ပြောင်မြောက်သူများဖြစ်ကြ၏။
And [God] filled them with wisdom, understanding [and] perception, to understand to work all the works of the sanctuary, and to weave the woven and embroidered work with scarlet and fine linen, to do all work of curious workmanship [and] embroidery.