< ထွက်မြောက်ရာ 34 >
1 ၁ ထာဝရဘုရားကမောရှေအား``ပထမ ကျောက်ပြားများနှင့်တူသောကျောက်ပြား နှစ်ချပ်ကိုဆစ်လော့။ သင့်ကြောင့်ကျိုးသွား သောယခင်ကျောက်ပြားများပေါ်တွင် ရေး ထိုးခဲ့သည့်ကမ္ပည်းစာအတိုင်းငါသည်ဤ ကျောက်ပြားများပေါ်၌ရေးထိုးမည်။-
El Señor le dijo a Moisés: “Corta dos tablas de piedra como las primeras, y escribiré en ellas de nuevo las mismas palabras que estaban en las primeras tablas, las que tú rompiste.
2 ၂ နက်ဖြန်နံနက်တွင်ငါနှင့်တွေ့ဆုံရန် သိနာတောင်ထိပ်ပေါ်သို့တက်လာလော့။-
Prepárate por la mañana, y luego sube al Monte Sinaí. Ponte delante de mí en la cima de la montaña.
3 ၃ သင်နှင့်အတူမည်သူမျှတောင်ပေါ်သို့ မတက်ရ။ တစ်တောင်လုံးတွင်လူမရှိစေ ရ။ တောင်ခြေ၌သိုးနွားများကိုမ ကျောင်းရ'' ဟုမိန့်တော်မူ၏။-
Nadie más puede subir contigo. No quiero ver a nadie en ningún lugar de la montaña, y ningún rebaño o manada debe pastar al pie de la montaña”.
4 ၄ ထို့ကြောင့်မောရှေသည်ထာဝရဘုရားမိန့် တော်မူသည့်အတိုင်း ကျောက်ပြားနှစ်ချပ်ကို ဆစ်ပြီးလျှင်၊ နောက်တစ်နေ့နံနက်စောစော တွင်၊ ကျောက်ပြားများကိုကိုင်ဆောင်လျက် သိနာတောင်ပေါ်သို့တက်လေ၏။
Entonces Moisés cortó dos tablas de piedra como las anteriores y subió al monte Sinaí por la mañana temprano como el Señor le había ordenado, llevando consigo las dos tablas de piedra.
5 ၅ ထာဝရဘုရားသည်မိုးတိမ်တိုက်ဖြင့်ကြွ ဆင်းလာ၍၊ မောရှေအနီးတွင်ရပ်လျက် ထာဝရဘုရားဟူသောနာမတော်ကို ထုတ်ဖော်မြွက်ကြားတော်မူ၏။-
El Señor descendió en una nube, se puso de pie con él, y llamó el nombre “Yahvé”.
6 ၆ ထိုနောက်ထာဝရဘုရားသည်မောရှေရှေ့ တွင်ဖြတ်ကြွသွားလျက်``ငါထာဝရဘုရား သည်သနားကရုဏာနှင့်ပြည့်စုံသောဘုရား၊ စိတ်ရှည်၍ကျေးဇူးကရုဏာနှင့်ကြွယ်ဝ သောဘုရား၊ သစ္စာတည်သောဘုရားဖြစ်၏။-
El Señor pasó por delante de él, gritando: “¡Yahvé! Yahvé! ¡Soy el Dios de la gracia y la misericordia! Soy lento para enojarme, lleno de amor eterno, siempre fiel.
7 ၇ ငါသည်ထောင်သောင်းမကများပြားသော အမျိုးအစဉ်အဆက်တို့အား ငါ၏ကတိ သစ္စာကိုတည်စေမည်။ ငါသည်ဒုစရိုက်နှင့် အပြစ်တို့အတွက်လူတို့အားအပြစ်လွှတ် မည်။ သို့ရာတွင်မိဘတို့၏အပြစ်ကိုသား စဉ်မြေးဆက်၊ တတိယအဆက်၊ စတုတ္ထ အဆက်သို့တိုင်အောင်ငါဒဏ်ခတ်မည်'' ဟုမိန့်တော်မူ၏။
Sigo mostrando mi amor fiel a miles de personas, perdonando la culpa, la rebelión y el pecado. Pero no dejaré a los culpables impunes, el impacto del pecado afectará no sólo a los padres, sino también a sus hijos y nietos, hasta la tercera y cuarta generación”.
8 ၈ မောရှေသည်ချက်ချင်းဦးညွှတ်ရှိခိုးလျက်၊-
Moisés se inclinó rápidamente hasta el suelo y adoró.
9 ၉ ``အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ် အားအကယ်ပင်နှစ်သက်ပါလျှင်အကျွန်ုပ် တို့နှင့်အတူကြွသွားတော်မူပါ။ ဤလူတို့ သည်ခေါင်းမာပါ၏။ သို့ရာတွင်အကျွန်ုပ်တို့ ၏ဒုစရိုက်အပြစ်ကိုလွှတ်လျက် အကျွန်ုပ်တို့ အားကိုယ်တော်၏လူမျိုးတော်အဖြစ်လက် ခံတော်မူပါ'' ဟုလျှောက်ထားလေ၏။
Dijo: “Señor, si es verdad que eres feliz conmigo, por favor acompáñanos. Es cierto que este es un pueblo rebelde, pero por favor perdona nuestra culpa y nuestro pecado. Acéptanos como algo que te pertenece especialmente”.
10 ၁၀ ထာဝရဘုရားကမောရှေအား``ငါသည်ယခု ဣသရေလအမျိုးသားတို့နှင့်ပဋိညာဉ်ပြု မည်။ ငါသည်သူတို့၏မျက်မှောက်တွင်ကမ္ဘာပေါ် ရှိမည်သည့်နိုင်ငံတွင်မျှမပြုဘူးသောကြီး မားသောအရာများကိုငါပြုမည်။ ငါထာဝရ ဘုရားသည်ကြီးမားသောအရာများကိုပြု နိုင်ကြောင်းလူအပေါင်းတို့မြင်ကြရလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်ငါသည်သင်တို့ အတွက်ကြောက်မက်ဖွယ်ရာအမှုကို ပြုမည်။-
El Señor dijo: “Verás que estoy haciendo un pacto contigo. Frente a todos ustedes haré milagros que nunca se han hecho, ni entre nadie en ningún lugar de la tierra. Todos aquí y los que están alrededor verán al Señor trabajando, porque lo que voy a hacer por ustedes será increíble.
11 ၁၁ ယနေ့သင့်အားငါပေးမည့်ပညတ်များကို စောင့်ထိန်းလော့။ ငါသည်သင်တို့ချီတက်ရာ လမ်းကြောင်းမှအာမောရိအမျိုးသား၊ ခါ နာန်အမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုနှင်ထုတ်မည်။-
Pero deben seguir cuidadosamente lo que les digo que hagan hoy. ¡Presten atención! Voy a expulsar delante de ustedes a los amorreos, cananeos, hititas, ferezeos, heveos y jebuseos.
12 ၁၂ သင်တို့ဝင်ရောက်တိုက်ခိုက်မည့်ပြည်သားတို့ နှင့်မဟာမိတ်မဖွဲ့ရန်သတိပြုလော့။ ထို သို့ပြုလုပ်လျှင် သင်တို့သည်သူတို့၏ ထောင်ချောက်တွင်းသို့ကျလိမ့်မည်။-
Asegúrense de no acordar un tratado de paz con el pueblo que habite en la tierra a la que van. De lo contrario, se convertirán en una trampa para ustedes.
13 ၁၃ သင်တို့သည်သူတို့၏ယဇ်ပလ္လင်များကိုဖြို ဖျက်ရမည်။ သူတို့၏ဘုရားကျောက်တိုင်များ ကိုဖျက်ဆီးရမည်။ သူတို့၏အာရှရဘုရား မသစ်တိုင်များကိုခုတ်လှဲရမည်။
Porque deben derribar sus altares, derribar sus pilares idólatras y cortar sus postes de Asera,
14 ၁၄ ``ငါထာဝရဘုရားသည်ပြိုင်ဖက်ကိုလက် မခံသောဘုရားဖြစ်သောကြောင့် သင်တို့သည် အခြားသောဘုရားကိုမကိုးကွယ်ရ။-
porque no debes adorar a ningún otro dios que no sea el Señor. Su nombre significa exclusivo, porque es un Dios que exige una relación exclusiva.
15 ၁၅ သင်တို့သည်ထိုပြည်သားတို့နှင့်မဟာမိတ် မဖွဲ့ရ။ အဘယ်ကြောင့်ဆိုသော်၊ သူတို့သည် သူတို့၏ဘုရားများအားရှိခိုးပူဇော်သော အခါ သင်တို့ဖိတ်ခေါ်သဖြင့်၊ သူတို့၏ဘုရား များအားပူဇော်သည့်အစားအစာကိုသင် တို့စားမိကြလိမ့်မည်ဖြစ်သောကြောင့်တည်း။-
“Asegúrense de no hacer un acuerdode paz con el pueblo que habita enesa tierra, porque cuando se prostituyen adorando y sacrificándose a sus dioses, los invitarán a unirse a ellos, y comerás de sus sacrificios paganos.
16 ၁၆ သင်တို့၏သားများသည်ထိုပြည်ရှိအမျိုး သမီးများကိုထိမ်းမြားမိသဖြင့်၊ ထိုအမျိုး သမီးတို့သည်ငါ့ကိုစွန့်၍ သူတို့၏ဘုရား များကိုကိုးကွယ်ရန်၊ သင်တို့၏သားများ ကိုဖြားယောင်းကြလိမ့်မည်။
Cuando hagas que sus hijas se casen con tus hijos y esas hijas se prostituyan con sus dioses, harán que tus hijos adoren a sus dioses de la misma manera.
17 ၁၇ ``သတ္တုဖြင့်သွန်းသောဘုရားများပြုလုပ်၍ရှိ မခိုးရ။
Nohagan ningún ídolo.
18 ၁၈ ``တဆေးမဲ့မုန့်ပွဲတော်ကိုကျင်းပရမည်။ သင် တို့သည်အဗိဗဟုခေါ်သောလတွင်အီဂျစ် ပြည်မှထွက်လာခဲ့ရသောကြောင့်၊ ထိုလ၌ ငါပညတ်သည့်အတိုင်းခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစားရကြမည်။
“Guardarán el Festival de los Panes sin Levadura. Durante siete días comerán panes sin levadura, como se los he ordenado. Lo harán en el momento indicado en el mes de Abib, porque ese fue el mes en que salieron de Egipto.
19 ၁၉ ``သင်တို့တွင်သားဦးဟူသမျှနှင့်သိုးနွားမှ စသော တိရစ္ဆာန်တို့၏သားဦးပေါက်ဟူသမျှ တို့ကိုငါပိုင်၏။-
Todo primogénito es mío. Eso incluye a todos los primogénitos de su ganado, de sus manadas y rebaños.
20 ၂၀ သို့ရာတွင်မြည်းသားဦးပေါက်ကိုသိုးတစ် ကောင်နှင့်အစားထိုး၍ရွေးယူရမည်။ မရွေး ယူလိုလျှင်မြည်း၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားဦးဟူသမျှတို့ကိုရွေးယူ ရမည်။ ``မည်သူမျှပူဇော်သကာမပါဘဲနှင့်ငါ့ထံ သို့မဝင်ရ။
Pueden redimir el primogénito de un asnoa cambio de un cordero, pero si no lo hacen, deberán romperle el cuello. Todos tus primogénitos deben ser redimidos. Nadie debe presentarse ante mí sin una ofrenda.
21 ၂၁ ``သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ် လုပ်ရမည်။ သို့ရာတွင်သတ္တမနေ့၌အလုပ် မလုပ်ရ။
Trabajarás durante seis días, pero descansarás el séptimo día. Incluso durante el tiempo de la siembra y la cosecha descansarás.
22 ၂၂ ``ဂျုံစပါးစတင်ရိတ်ချိန်၌ကောက်သိမ်းပွဲတော် ကိုလည်းကောင်း၊ သစ်သီးများကိုစုသိမ်းချိန်ဖြစ် သောဆောင်းဦးပေါက်ရာသီ၌ သစ်သီးသိမ်းပွဲ တော်ကိုလည်းကောင်း၊ ကျင်းပရမည်။
“Guarden el Festival de las Semanas cuando ofrezcan las primicias de la cosecha de trigo, y el Festival de la Cosecha al final del año agrícola.
23 ၂၃ ``သင်တို့၏အမျိုးသားအားလုံးတို့သည်တစ် နှစ်လျှင်သုံးကြိမ် ဣသရေလအမျိုးသားတို့ ၏ဘုရားသခင်၊ ငါထာဝရဘုရားထံချဉ်း ကပ်၍ဝတ်ပြုရမည်။-
Tres veces al año todos tus varones deben presentarse ante el Señor Yahvé, el Dios de Israel.
24 ၂၄ ငါသည်အခြားလူမျိုးများကိုသင်တို့ချီ တက်ရာလမ်းကြောင်းမှနှင်ထုတ်၍ သင်တို့၏ နယ်မြေကိုတိုးချဲ့ပြီးသည့်အခါသင်တို့၏ ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ ပွဲတော်ကြီးသုံးခုကျင်းပနေချိန်အတွင်း၊ မည်သည့်ရန်သူမျှသင်တို့ကိုမတိုက်ခိုက် စေရ။
Expulsaré las naciones que están delante de ti y ampliaré tus fronteras, y nadie vendrá a tomar tu tierra cuando vayas tres veces al año a presentarte ante el Señor tu Dios.
25 ၂၅ ``ငါ့အားပူဇော်သည့်အခါ၊ ယဇ်ကောင်နှင့် အတူ ဆက်သသောမုန့်တွင်တဆေးမပါစေရ။ ပသခါပွဲတော်အတွက်သတ်သောတိရစ္ဆာန် ၏အသားကိုနံနက်သို့တိုင်အောင်မကြွင်း ကျန်စေရ။
No ofrezcas pan hecho con levadura cuando me presentes un sacrificio, ni guardes ningún sacrificio de la fiesta de la Pascua hasta la mañana siguiente.
26 ၂၆ ``နှစ်စဉ်သင်တို့၏လယ်မြေမှအဦးသီး သောအသီးအနှံကို၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားအိမ်တော်သို့ယူ ဆောင်ဆက်သရကြမည်။ ``သိုးငယ်၊ ဆိတ်ငယ်၏အသားကို အမိနို့ရည် ၌မချက်ပြုတ်ရ'' ဟုမိန့်တော်မူ၏။
Cuandosiembrestus cosechas, llevalas primicias a la casa del Señor tu Dios. “No cocines un cabrito joven en la leche de su madre”.
27 ၂၇ ထာဝရဘုရားကမောရှေအား``ဤပညတ် များကိုရေးထားလော့။ ငါသည်သင်နှင့်လည်း ကောင်း၊ ဣသရေလအမျိုးသားတို့နှင့်လည်း ကောင်း ဤပညတ်များအတိုင်းပဋိညာဉ် ပြုပြီ'' ဟုမိန့်တော်မူ၏။-
Entonces el Señor le dijo a Moisés: “Escribe estas palabras, porque son la base del acuerdo que he hecho contigo y con Israel”.
28 ၂၈ မောရှေသည်အစာမစား၊ ရေမသောက်ဘဲ အရက်လေးဆယ်ပတ်လုံး ထိုအရပ်တွင်ထာဝရ ဘုရားနှင့်အတူရှိနေ၏။ သူသည်ကျောက်ပြား များပေါ်တွင်၊ ပဋိညာဉ်တည်းဟူသောပညတ် တော်ဆယ်ပါးကိုရေးထားလေ၏။
Moisés pasó allí cuarenta días y cuarenta noches con el Señor sin comer pan ni beber agua. Escribió en las tablas las palabras del acuerdo, los Diez Mandamientos.
29 ၂၉ မောရှေသည်ပဋိညာဉ်ကျောက်ပြားနှစ်ချပ် ကိုယူဆောင်၍ တောင်ပေါ်မှဆင်းလာသောအခါ၊ သူသည်ထာဝရဘုရားနှင့်စကားပြောခဲ့ရ သဖြင့်သူ၏မျက်နှာတောက်ပလျက်ရှိ၏။ သို့ ရာတွင်သူကိုယ်တိုင်မသိ။-
Cuando Moisés bajó del Monte Sinaí llevando las dos tablas de la Ley, no se dio cuenta de que su rostro brillaba con fuerza porque había estado hablando con el Señor.
30 ၃၀ အာရုန်နှင့်ဣသရေလအမျိုးသားအပေါင်း တို့သည် မောရှေ၏မျက်နှာတောက်ပနေသည်ကို တွေ့မြင်ရသောအခါ၊ သူ၏အနားသို့မချဉ်း ကပ်ဝံ့ကြချေ။-
Cuando Aarón y los israelitas vieron a Moisés con su rostro tan brillante que se asustaron al acercarse a él.
31 ၃၁ သို့သော်မောရှေကအာရုန်နှင့်ဣသရေလ အမျိုးသားခေါင်းဆောင်အပေါင်းတို့ကိုခေါ် သဖြင့်၊ သူတို့သည်မောရှေထံသို့ချဉ်းကပ် လာကြ၏။ မောရှေသည်လည်းသူတို့နှင့် စကားပြောလေ၏။-
Pero Moisés los llamó, así que Aarón y todos los líderes de la comunidad se acercaron a él y él habló con ellos.
32 ၃၂ ထိုနောက်ဣသရေလအမျိုးသားအပေါင်း တို့သည်မောရှေအနီးသို့ချဉ်းကပ်လာကြ ၏။ ထိုအခါမောရှေသည်သိနာတောင်ပေါ်၌ ထာဝရဘုရားမိန့်တော်မူသောပညတ် အားလုံးကိုသူတို့အားဆင့်ဆိုလေ၏။-
Después todos los israelitas se acercaron y él les dio todas las instrucciones del Señor que había recibido en el Monte Sinaí.
33 ၃၃ သူသည်ဣသရေလအမျိုးသားတို့အား စကားပြောဆိုပြီးသောအခါ၊ သူ၏ မျက်နှာကိုပဝါဖြင့်ဖုံးအုပ်ထားလေ၏။-
Cuando Moisés terminó de hablar con ellos, se puso un velo sobre su rostro.
34 ၃၄ မောရှေသည်ထာဝရဘုရားနှင့်စကားပြော ရန်ထာဝရဘုရားစံတော်မူရာတဲတော် ထဲသို့ဝင်သည့်အခါတိုင်းပဝါကိုချွတ် ထားလေ့ရှိ၏။ ပြန်ထွက်လာသောအခါ ထာဝရဘုရားမိန့်ကြားသမျှကိုဣသရေလ အမျိုးသားတို့အားဆင့်ဆိုလေ့ရှိ၏။-
Sin embargo, cada vez que Moisés entraba a hablar con el Señor, se quitaba el velo hasta que volvía a salir. Entonces les decía a los israelitas las instrucciones del Señor,
35 ၃၅ ထိုအခါဣသရေလအမျိုးသားတို့သည် သူ၏မျက်နှာတောက်ပနေသည်ကိုမြင်ကြ ၏။ ထို့ကြောင့်၊ သူသည်ထာဝရဘုရားနှင့် စကားပြောရန်တဲတော်ထဲသို့ဝင်သည့်အချိန် အထိသူ၏မျက်နှာကိုပဝါဖြင့်ဖုံးအုပ် ထားလေ့ရှိသည်။
y los israelitas veían su rostro brillar con fuerza. Así que se ponía el velo en la cara hasta la próxima vez que fuera a hablar con el Señor.