< ထွက်မြောက်ရာ 33 >

1 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား ``သင်​သည် အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​သူ​တို့​နှင့် အ​တူ ဤ​အ​ရပ်​မှ​ထွက်​၍၊ ငါ​သည်​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​နှင့်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​အား​ပေး​မည်​ဟု​က​တိ​ထား​ခဲ့​သော ပြည်​သို့​သွား​လော့။-
Yahweh falou a Moisés: “Parta, suba daqui, você e o povo que você criou da terra do Egito, para a terra da qual eu jurei a Abraão, a Isaac e a Jacó, dizendo: 'Eu o darei à sua descendência'.
2 သင်​တို့​အား​လမ်း​ပြ​ရန်​ကောင်း​ကင်​တ​မန် ကို​ငါ​စေ​လွှတ်​မည်။ ခါ​နာန်​အ​မျိုး​သား၊ အာ မော​ရိ​အ​မျိုး​သား၊ ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ အ​မျိုး​သား၊ ဟိ​ဝိ​အ​မျိုး​သား၊ ယေ​ဗု​သိ အ​မျိုး​သား​တို့​ကို​ငါ​နှင်​ထုတ်​မည်။-
Enviarei um anjo diante de vocês; e expulsarei os cananeus, os amorreus, e os hititas, e os perizeus, os hivitas, e os jebuseus.
3 သင်​တို့​ကို​အ​စာ​ရေ​စာ​ပေါ​များ​၍​မြေ သြ​ဇာ​ထက်​သန်​သော​ပြည်​သို့​ပို့​ဆောင်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​ခေါင်း​မာ​သော​လူ​မျိုး ဖြစ်​၍၊ လမ်း​ခ​ရီး​၌​သင်​တို့​ကို​ငါ​သေ​ကြေ ပျက်​စီး​စေ​မည်​စိုး​သော​ကြောင့် ငါ​ကိုယ်​တိုင် သင်​တို့​နှင့်​အ​တူ​ခ​ရီး​မ​သွား'' ဟု​မိန့် တော်​မူ​၏။
Ide a uma terra que flui com leite e mel; mas não subirei entre vós, pois sois um povo de pescoço duro, para que eu não vos consuma no caminho”.
4 ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​သို့​မိန့် တော်​မူ​သည်​ကို​ကြား​သိ​ရ​သော​အ​ခါ၊ ဝမ်း နည်း​ပူ​ဆွေး​လျက်​လက်​ဝတ်​တန်​ဆာ​များ ကို​မ​ဝတ်​ဆင်​ကြ​တော့​ချေ။-
Quando as pessoas ouviram esta má notícia, lamentaram; e ninguém colocou suas jóias.
5 ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​မှ​တစ်​ဆင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား``သင်​တို့ သည်​ခေါင်း​မာ​သော​လူ​မျိုး​ဖြစ်​၏။ သင်​တို့ နှင့်​အ​တူ​ခ​ဏ​မျှ​ဖြစ်​စေ​ငါ​သည်​ခ​ရီး သွား​ရ​လျှင်၊ သင်​တို့​အား​တစ်​ယောက်​မျှ မ​ကျန်​သေ​ကျေ​ပျက်​စီး​စေ​မည်။ ယ​ခု ပင်​လျှင်​သင်​တို့​၏​လက်​ဝတ်​တန်​ဆာ​များ ကို​ချွတ်​လော့။ ထို​နောက်​မှ​ငါ​သည်​သင်​တို့ အား​အ​ဘယ်​သို့​စီ​ရင်​ရ​မည်​ကို​ဆုံး​ဖြတ် မည်'' ဟု​မိန့်​တော်​မူ​၏။-
Yahweh havia dito a Moisés: “Diga aos filhos de Israel: 'Vocês são um povo de pescoço duro'. Se eu subisse entre vocês por um momento, eu os consumiria”. Portanto, agora tirem suas jóias de vocês, para que eu possa saber o que fazer com vocês””.
6 ထို့​ကြောင့်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သိ​နာ​တောင်​မှ​ထွက်​ခွာ​ပြီး​သည်​နောက်၊ လက် ဝတ်​တန်​ဆာ​များ​ကို​မည်​သည့်​အ​ခါ​မျှ မ​ဝတ်​ကြ​တော့​ချေ။
As crianças de Israel se despojaram de suas jóias do Monte Horeb em diante.
7 ဣ​သ​ရေ​လ​အ​မျိုး​သား​များ​စ​ခန်း​ချ သည့်​အ​ခါ​တိုင်း၊ မော​ရှေ​သည်​တဲ​တော်​ကို စ​ခန်း​အ​ပြင်​ဘက်​ခပ်​လှမ်း​လှမ်း​အ​ကွာ နေ​ရာ​တွင်​ဆောက်​လေ့​ရှိ​၏။ တဲ​တော်​ကို ထာ​ဝ​ရ​ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော် ဟူ​၍​နာ​မည်​မှည့်​ခေါ်​၏။ ထာ​ဝ​ရ​ဘု​ရား ၏​အ​လို​တော်​ကို​သိ​လို​သူ​သည် ထာ​ဝ​ရ ဘု​ရား​စံ​တော်​မူ​ရာ​တဲ​တော်​သို့​သွား ရ​သည်။-
Agora Moisés costumava pegar a tenda e armá-la fora do acampamento, longe do acampamento, e ele a chamava de “A Tenda do Encontro”. Todos que procuravam Yahweh saíam para a Tenda do Encontro, que ficava fora do acampamento.
8 တဲ​တော်​သို့​မော​ရှေ​သွား​သည့်​အ​ခါ​တိုင်း၊ လူ​များ​သည် မိ​မိ​တို့​တဲ​ရှေ့​တွင်​ရပ်​လျက်၊ မော​ရှေ​တဲ​တော်​သို့​ဝင်​သွား​သည့်​အ​ထိ စောင့်​ကြည့်​လေ့​ရှိ​ကြ​၏။-
Quando Moisés saiu para a Tenda, todo o povo se levantou e ficou de pé, todos à porta de sua tenda, e observou Moisés, até que ele entrasse na Tenda.
9 မော​ရှေ​တဲ​တော်​ထဲ​သို့​ဝင်​သော​အ​ခါ၊ မိုး တိမ်​တိုက်​သည်​ဆင်း​သက်​လာ​၍၊ တဲ​ဝ​တွင် ရပ်​တန့်​လျက်​နေ​၏။ ထာ​ဝ​ရ​ဘု​ရား​သည် တိမ်​တိုက်​ထဲ​မှ​မော​ရှေ​အား​မိန့်​ကြား တော်​မူ​၏။-
Quando Moisés entrou na Tenda, a coluna de nuvem desceu, ficou à porta da Tenda, e Yahweh falou com Moisés.
10 ၁၀ လူ​အ​ပေါင်း​တို့​သည်၊ တဲ​တော်​ဝ​၌​တိမ် တိုက်​ကို​မြင်​ရ​လျှင်၊ ဦး​ညွှတ်​ရှိ​ခိုး​ကြ​၏။-
Todas as pessoas viram a coluna de nuvem ficar à porta da Tenda, e todas as pessoas se levantaram e adoraram, todas à porta de suas tendas.
11 ၁၁ မိတ်​ဆွေ​ချင်း​စ​ကား​ပြော​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မော​ရှေ​နှင့်​မျက်​နှာ​ချင်း​ဆိုင်​စ​ကား ပြော​တော်​မူ​၏။ ထို​နောက်​မော​ရှေ​သည်​စ​ခန်း သို့​ပြန်​လာ​၏။ သို့​သော်​သူ​၏​လက်​ထောက်​ဖြစ် သူ၊ နုန်​၏​သား၊ လူ​ငယ်​ယော​ရှု​သည်၊ တဲ​တော် တွင်း​၌​နေ​ရစ်​လေ​၏။
Javé falou com Moisés cara a cara, como um homem fala com seu amigo. Ele se transformou novamente no acampamento, mas seu servo Josué, o filho de Freira, um jovem, não se afastou da Tenda.
12 ၁၂ မော​ရှေ​က​ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား သည်​မှာ``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​ကို၊ ဤ​သူ တို့​အား ထို​သို့​ပို့​ဆောင်​ရန်​မိန့်​တော်​မူ​ပြီ။ သို့​ရာ​တွင်​အ​ကျွန်ုပ်​နှင့်​အ​တူ​မည်​သူ့​ကို စေ​လွှတ်​မည်​ဟူ​၍​မ​မိန့်​ကြား​ခဲ့​ပါ။ ကိုယ်​တော် က`သင့်​ကို​ရင်း​နှီး​စွာ​ငါ​သိ​၏။ သင့်​အား နှစ်​သက်​၏' ဟု​မိန့်​တော်​မူ​ပါ​သည်။-
Moisés disse a Javé: “Eis que me dizes: 'Trazei este povo'; e não me deixastes saber quem enviareis comigo. Mas você disse: 'Conheço você pelo nome, e você também encontrou um favor na minha vista'.
13 ၁၃ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​အား​နှစ်​သက်​တော် မူ​ပါ​လျှင်၊ အ​ကျွန်ုပ်​သည်​ကိုယ်​တော်​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​၍၊ စိတ်​တော်​နှင့်​တွေ့​နိုင်​စေ ရန်၊ ကိုယ်​တော်​၏​အ​ကြံ​အ​စည်​တော်​များ​ကို ဖော်​ပြ​တော်​မူ​ပါ။ ဤ​လူ​မျိုး​သည်​ကိုယ်​တော် ရွေး​ချယ်​ထား​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း ကို​လည်း​သ​တိ​ရ​တော်​မူ​ပါ။''
Agora, portanto, se eu encontrei favor à sua vista, mostre-me seu caminho, agora, para que eu possa conhecê-lo, para que eu possa encontrar favor à sua vista; e considere que esta nação é seu povo”.
14 ၁၄ ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင် နှင့်​အ​တူ​ကြွ​သွား​၍၊ သင့်​အား​အောင်​မြင် ခွင့်​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။
Ele disse: “Minha presença irá com você, e eu lhe darei descanso”.
15 ၁၅ မော​ရှေ​က``ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ ကြွ​သွား​တော်​မ​မူ​လျှင်၊ အ​ကျွန်ုပ်​တို့​အား ဤ​အ​ရပ်​မှ​မ​ထွက်​ခွာ​စေ​တော်​မူ​ပါ​နှင့်။-
Moisés lhe disse: “Se sua presença não for comigo, não nos carregue daqui para cima.
16 ၁၆ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​ကြွ သွား​တော်​မ​မူ​ပါ​လျှင်၊ ကိုယ်​တော်​သည်​ကိုယ် တော်​၏​လူ​မျိုး​တော်​နှင့်​အ​ကျွန်ုပ်​အား​နှစ် သက်​ကြောင်း​မည်​သို့​သိ​နိုင်​ပါ​မည်​နည်း။ ကိုယ်​တော်​သည်​အ​ကျွန်ုပ်​နှင့်​အ​တူ​ရှိ​ခြင်း ဖြင့်၊ အ​ကျွန်ုပ်​တို့​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး တ​ကာ​တို့​နှင့်​ခြား​နား​ကြောင်း​ကို​သိ​ရ ပါ​မည်'' ဟု​လျှောက်​လေ​၏။
Pois como as pessoas saberiam que encontrei favor em sua vista, eu e seu povo? Não é que você vai conosco, para que estejamos separados, eu e seu povo, de todas as pessoas que estão na superfície da terra”?
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည် သင့်​ကို​ရင်း​နှီး​စွာ​သိ​၍​နှစ်​သက်​သ​ဖြင့်၊ သင်​တောင်း​လျှောက်​သည့်​အ​တိုင်း​ငါ​ပြု မည်'' ဟု​မိန့်​တော်​မူ​၏။
Yahweh disse a Moisés: “Eu farei isto também que você falou; pois você encontrou favor à minha vista, e eu o conheço pelo nome”.
18 ၁၈ ထို​နောက်​မော​ရှေ​က``ကိုယ်​တော်​၏​တောက်​ပ သော​ဘုန်း​အ​သ​ရေ​တော်​ကို​ဖူး​မြင်​ခွင့်​ပေး တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက်​ထား​၏။
Moisés disse: “Por favor, mostre-me sua glória”.
19 ၁၉ ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​ဂုဏ်​အ​သ​ရေ တော်​ရှိ​သ​မျှ​ကို​သင့်​အား​ပြ​သ​၍၊ ငါ​၏ နာ​မ​တော်​ကို​လည်း​သင့်​အား​ကြေ​ညာ မည်။ ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​၏။ ငါ သ​နား​ကြင်​နာ​လို​သူ​အား​သ​နား​ကြင် နာ​မည်။ ငါ​ကျေး​ဇူး​ပြု​လို​သူ​အား ကျေး​ဇူး​ပြု​မည်။
Ele disse: “Farei passar toda a minha bondade diante de vocês e proclamarei o nome de Javé diante de vocês”. Eu serei gracioso para com quem eu for gracioso, e terei misericórdia de quem eu for misericordioso”.
20 ၂၀ ငါ့​ကို​မြင်​သော​သူ​သည်​အ​သက်​မ​ရှင်​နိုင် သော​ကြောင့်၊ သင့်​အား​ငါ​၏​မျက်​နှာ​ကို​ဖူး မြင်​ခွင့်​မ​ပေး။-
Ele disse: “Você não pode ver meu rosto, pois o homem pode não me ver e viver”.
21 ၂၁ သို့​ရာ​တွင်​ငါ့​အ​နား​တွင်​ရှိ​သော​ကျောက် ဆောင်​ပေါ်​၌​ရပ်​နေ​လော့။-
Yahweh também disse: “Eis que há um lugar ao meu lado, e tu estarás sobre a rocha”.
22 ၂၂ ငါ​၏​တောက်​ပ​သော​ဘုန်း​အ​သ​ရေ​တော် ဖြတ်​သန်း​သွား​သည့်​အ​ခါ၊ ငါ​သည်​သင့်​အား ကျောက်​ဆောင်​ကြား​တွင်​နေ​စေ​၍၊ ငါ​လွန် သွား​သည်​တိုင်​အောင်​သင့်​ကို​ငါ​၏​လက် တော်​ဖြင့်​ဖုံး​အုပ်​ထား​မည်။-
Acontecerá, enquanto minha glória passar, que eu te colocarei numa fenda da rocha, e te cobrirei com minha mão até que eu tenha passado;
23 ၂၃ ထို​နောက်​မှ​ငါ​၏​လက်​တော်​ကို​ရုပ်​သိမ်း​သ ဖြင့်၊ သင်​သည်​ငါ​၏​ကျော​ကို​ဖူး​မြင်​ရ​မည်။ ငါ​၏​မျက်​နှာ​ကို​မူ​ကား​မ​ဖူး​ရ'' ဟု​မိန့် တော်​မူ​၏။
então tirarei minha mão, e verás minhas costas; mas meu rosto não será visto”.

< ထွက်မြောက်ရာ 33 >