< ထွက်မြောက်ရာ 32 >

1 မော​ရှေ​သည်​တောင်​အောက်​သို့​မ​ဆင်း​ဘဲ တောင် ပေါ်​တွင်​ကြာ​မြင့်​စွာ​နေ​သော​အ​ခါ၊ လူ​တို့ သည်​အာ​ရုန်​ထံ​သို့​စု​ရုံး​ရောက်​ရှိ​လာ​ပြီး လျှင်``အ​ကျွန်ုပ်​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​ခဲ့​သော​မော​ရှေ​အ​ဘယ်​သို့​ဖြစ်​သည် ကို အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်​အကျွန်ုပ်​တို့ ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့'' ဟု​တောင်း​ဆို​ကြ​၏။
백성이 모세가 산에서 내려옴이 더딤을 보고 모여 아론에게 이르러 가로되 일어나라 우리를 인도할 신을 우리를 위하여 만들라 이 모세 곧 우리를 애굽 땅에서 인도하여 낸 사람은 어찌 되었는지 알지 못함이라
2 အာ​ရုန်​က``သင်​တို့​၏​မ​ယား​နှင့်​သား​သ​မီး တို့ ဝတ်​ဆင်​ထား​သော​ရွှေ​နား​တောင်း​များ​ကို ချွတ်​၍ ငါ့​ထံ​သို့​ယူ​ခဲ့​ကြ​လော့'' ဟု​ဆို လေ​၏။-
아론이 그들에게 이르되 너희 아내와 자녀의 귀의 금고리를 빼어 내게로 가져 오라
3 သို့​ဖြစ်​၍​လူ​အ​ပေါင်း​တို့​သည်​မိ​မိ​တို့ ၏​ရွှေ​နား​တောင်း​များ​ကို​ချွတ်​၍ အာ​ရုန် ထံ​သို့​ယူ​ဆောင်​ခဲ့​ကြ​၏။-
모든 백성이 그 귀에서 금고리를 빼어 아론에게로 가져 오매
4 အာ​ရုန်​သည်​နား​တောင်း​များ​ကို​အ​ရည် ကျို​ပြီး​လျှင်၊ ရွှေ​ဖြင့်​နွား​ငယ်​ပုံ​သွန်း​လုပ် လေ​၏။ ထို​နောက်​လူ​အ​ပေါင်း​တို့​က``ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ ဤ​ဘု​ရား​သည်​သင်​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ခဲ့​သော​ငါ​တို့ ၏​ဘု​ရား​ဖြစ်​သည်'' ဟု​ဆို​လေ​၏။
아론이 그들의 손에서 그 고리를 받아 부어서 각도로 새겨 송아지 형상을 만드니 그들이 말하되 이스라엘아 이는 너희를 애굽 땅에서 인도하여 낸 너희 신이로다 하는지라
5 ထို​နောက်​အာ​ရုန်​သည်​ရွှေ​နွား​ရုပ်​ရှေ့​မှာ ပလ္လင် ကို​တည်​၍``နက်​ဖြန်​နေ့​တွင်​ထာ​ဝ​ရ​ဘု​ရား အ​တွက်​ပွဲ​ခံ​ရ​ကြ​မည်'' ဟု​ကြေ​ညာ​၏။-
아론이 보고 그 앞에 단을 쌓고 이에 공포하여 가로되 내일은 여호와의 절일이니라 하니
6 နောက်​နေ့​နံနက်​စော​စော​တွင်​လူ​အ​ပေါင်း​တို့ သည် မီး​ရှို့​ရာ​ယဇ်​နှင့်​မိတ်​သ​ဟာ​ယ​ယဇ်​များ ကို​ပူ​ဇော်​ကြ​၏။ ထို​သို့​ယဇ်​ပူ​ဇော်​ကြ​ပြီး နောက်၊ သူ​တို့​သည် စား​သောက်​မူး​ယစ်​ကြ​ပြီး လျှင်၊ အ​မျိုး​သား၊ အ​မျိုး​သ​မီး​များ​အ​ပျော် ကူး​ကြ​ကုန်​၏။
이튿날에 그들이 일찍이 일어나 번제를 드리며 화목제를 드리고 앉아서 먹고 마시며 일어나서 뛰놀더라
7 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား ``တောင်​အောက် သို့​အ​မြန်​ဆင်း​လော့။ အီ​ဂျစ်​ပြည်​မှ​သင်​ထုတ် ဆောင်​ခဲ့​သော​သင်​၏​လူ​တို့​သည်​ငါ့​ကို​စွန့်​ပယ် ကြ​ပြီ။-
여호와께서 모세에게 이르시되 너는 내려가라 네가 애굽 땅에서 인도하여 낸 네 백성이 부패하였도다
8 သူ​တို့​သည်​ငါ​ချ​မှတ်​သော​လမ်း​စဉ်​မှ​သွေ​ဖည် သွား​ကြ​လေ​ပြီ။ ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း​လုပ် ပြီး​လျှင်၊ ထို​ရုပ်​တု​ကို​ယဇ်​ပူ​ဇော်​ရှိ​ခိုး​ကြ ပြီ။ ထို​ဘု​ရား​သည် သူ​တို့​အား​အီ​ဂျစ်​ပြည် မှ​ထုတ်​ဆောင်​ခဲ့​သော​ဘု​ရား​ဖြစ်​ကြောင်း၊ ကြွေး​ကြော်​နေ​ကြ​ပြီ။''-
그들이 내가 그들에게 명한 길을 속히 떠나 자기를 위하여 송아지를 부어 만들고 그것을 숭배하며 그것에게 희생을 드리며 말하기를 애굽 땅에서 인도하여 낸 너희 신이라 하였도다
9 ထာ​ဝ​ရ​ဘု​ရား​က ``ဤ​သူ​တို့​အ​လွန် ခေါင်း​မာ​ကြောင်း​ငါ​သိ​၏။-
여호와께서 또 모세에게 이르시되 내가 이 백성을 보니 목이 곧은 백성이로다
10 ၁၀ ငါ့​ကို​မ​ဆီး​တား​နှင့်။ ငါ​သည်​အ​မျက်​ထွက်​၍ သူ​တို့​ကို​သုတ်​သင်​ပစ်​မည်။ ထို​နောက်​သင်​နှင့် သင်​၏​အ​ဆက်​အ​နွယ်​တို့​ကို​လူ​မျိုး​ကြီး ဖြစ်​စေ​မည်'' ဟု​မိန့်​တော်​မူ၏။
그런즉 나대로 하게 하라 내가 그들에게 진노하여 그들을 진멸하고 너로 큰 나라가 되게 하리라
11 ၁၁ သို့​ရာ​တွင်​မော​ရှေ​သည် မိ​မိ​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​တောင်း​ပန်​လျှောက်​ထား သည်​မှာ``အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အီ​ဂျစ်​ပြည်​မှ၊ မ​ဟာ​တန်​ခိုး​တော်​ဖြင့်​ကယ် တင်​ခဲ့​သော​ကိုယ်​တော်​၏​လူ​မျိုး​တော်​ကို အ​မျက်​ပြင်း​စွာ​ထွက်​တော်​မူ​မည်​လော။-
모세가 그 하나님 여호와께 구하여 가로되 여호와여 어찌하여 애굽 땅에서 인도하여 내신 주의 백성에게 진노하시나이까
12 ၁၂ အီ​ဂျစ်​အ​မျိုး​သား​တို့​က​ကိုယ်​တော်​ရှင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​တောင်​များ ပေါ်​သို့​ခေါ်​ဆောင်​၍၊ အ​ကုန်​အ​စင်​ရှင်း​လင်း သုတ်​သင်​ပစ်​ရန်​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင် သွား​သည်​ဟူ​၍​ဆို​ဖွယ်​ရာ​အ​ကြောင်း​ရှိ စေ​ရ​ပါ​မည်​လော။ ပြင်း​ပြ​သော​အ​မျက် တော်​ကို​ပြေ​စေ​လျက်​ကိုယ်​တော်​၏​လူ​မျိုး တော်​အား​ပေး​မည့်​အ​ပြစ်​ဒဏ်​မှ​လွတ် ငြိမ်း​ချမ်း​သာ​ခွင့်​ရ​စေ​ပါ။-
어찌하여 애굽 사람으로 이르기를 여호와가 화를 내려 그 백성을 산에서 죽이고 지면에서 진멸하려고 인도하여 내었다 하게 하려 하시나이까 주의 맹렬한 노를 그치시고 뜻을 돌이키사 주의 백성에게 이 화를 내리지 마옵소서
13 ၁၃ ကိုယ်​တော်​၏​ကျွန်​အာ​ဗြ​ဟံ၊ ဣ​ဇာက်​နှင့် ယာ​ကုပ်​တို့​ကို​အောက်​မေ့​သ​တိ​ရ​တော်​မူ ပါ။ ကိုယ်​တော်​သည်​သူ​တို့​၏​အ​ဆက်​အ​နွယ် တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့ ပွား များ​စေ​မည်​ဖြစ်​ကြောင်း​နှင့်​ကိုယ်​တော်​ရှင် က​တိ​ထား​တော်​မူ​သော ထို​ပြည်​အား​လုံး ကို​သူ​တို့​၏​အ​ဆက်​အ​နွယ်​တို့​အား ထာ​ဝ​စဉ်​ပိုင်​ဆိုင်​ရန်​ပေး​မည်​ဖြစ်​ကြောင်း ကို​သ​တိ​ရ​တော်​မူ​ပါ။-''
주의 종 아브라함과 이삭과 이스라엘을 기억하소서 주께서 주를 가리켜 그들에게 맹세하여 이르시기를 내가 너희 자손을 하늘의 별처럼 많게 하고 나의 허락한 이 온 땅을 너희의 자손에게 주어 영원한 기업이 되게 하리라 하셨나이다
14 ၁၄ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည်​အ​မျက် တော်​ပြေ​၍၊ မိ​မိ​လူ​မျိုး​တော်​အား​ပေး မည့်​အ​ပြစ်​ဒဏ်​မှ​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့် ရ​စေ​တော်​မူ​၏။
여호와께서 뜻을 돌이키사 말씀하신 화를 그 백성에게 내리지 아니하시니라
15 ၁၅ မော​ရှေ​သည်​မျက်​နှာ​နှစ်​ဘက်​စ​လုံး​တွင် ပ​ညတ် တော်​များ​ကို​အက္ခ​ရာ​တင်​ထား​သော​ကျောက် ပြား​နှစ်​ချပ်​ကို​ယူ​ဆောင်​လျက်​တောင်​ပေါ်​မှ ဆင်း​လာ​၏။-
모세가 돌이켜 산에서 내려 오는데 증거의 두 판이 그 손에 있고 그 판의 양면 이편 저편에 글자가 있으니
16 ၁၆ ထို​ကျောက်​ပြား​များ​နှင့်​ကျောက်​ပြား​များ​ပေါ် ရှိ​အက္ခ​ရာ​တို့​သည် ဘု​ရား​သ​ခင်​၏​လက်​ရာ တော်​ဖြစ်​သ​တည်း။
그 판은 하나님이 만드신 것이요 글자는 하나님이 쓰셔서 판에 새기신 것이더라
17 ၁၇ ယော​ရှု​သည်​လူ​များ​၏​ကြွေး​ကြော်​သံ​ကို ကြား​ရ​သော​အ​ခါ၊ မော​ရှေ​အား``စ​ခန်း​ထဲ ၌​တပ်​လှန့်​သံ​ကို​ကြား​ရ​ပါ​သည်​တ​ကား'' ဟု​ဆို​၏။-
여호수아가 백성의 떠듦을 듣고 모세에게 말하되 진 중에서 싸우는 소리가 나나이다
18 ၁၈ မော​ရှေ​က``ငါ​ကြား​ရ​သော​အ​သံ​သည်၊ စစ် အောင်​သံ​လည်း​မ​ဟုတ်၊ စစ်​ရှုံး​သံ​လည်း​မ​ဟုတ်၊ သီ​ချင်း​သံ​ပင်​ဖြစ်​သည်'' ဟု​ပြန်​ပြော​၏။
모세가 가로되 이는 승전가도 아니요 패하여 부르짖는 소리도 아니라 나의 듣기에는 노래하는 소리로다 하고
19 ၁၉ မော​ရှေ​သည်​စ​ခန်း​အ​နီး​သို့​ရောက်​ရှိ​သော အ​ခါ၊ နွား​ငယ်​ရုပ်​ကို​လည်း​ကောင်း၊ လူ​များ က​ခုန်​နေ​သည်​ကို​လည်း​ကောင်း၊ တွေ့​မြင်​ရ လျှင်၊ အ​လွန်​အ​မျက်​ထွက်​သ​ဖြင့်၊ သူ​ယူ ဆောင်​ခဲ့​သော​ကျောက်​ပြား​များ​ကို​တောင် ခြေ​ရင်း​၌​ပစ်​ချ​လိုက်​ရာ​အ​ပိုင်း​ပိုင်း​ကျိုး ကုန်​၏။-
진에 가까이 이르러 송아지와 그 춤 추는 것을 보고 대노하여 손에서 그 판들을 산 아래로 던져 깨뜨리니라
20 ၂၀ သူ​သည်​သူ​တို့​လုပ်​သော​နွား​ရုပ်​ကို​အ​ရည် ကျို​၍၊ အ​မှုန့်​ထောင်း​ပြီး​လျှင်၊ အ​မှုန့်​ကို​ရေ ပေါ်​၌​ဖြူး​လေ​၏။ ထို​နောက်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား​ထို​ရေ​ကို​သောက်​စေ​၏။-
모세가 그들의 만든 송아지를 가져 불살라 부수어 가루를 만들어 물에 뿌려 이스라엘 자손에게 마시우니라
21 ၂၁ မော​ရှေ​က​အာ​ရုန်​အား``ဤ​သူ​တို့​သည်​သင့် ကြောင့်​ထို​မျှ​လောက်​ကြီး​လေး​သော​အ​ပြစ် ကို​ပြု​မိ​ရန် သူ​တို့​သည်​သင့်​အား​အ​ဘယ် သို့​ပြု​ကြ​သ​နည်း'' ဟု​မေး​၏။
모세가 아론에게 이르되 이 백성이 네게 어떻게 하였기에 네가 그들로 중죄에 빠지게 하였느뇨
22 ၂၂ အာ​ရုန်​က``အ​ကျွန်ုပ်​ကို​အ​မျက်​မ​ထွက်​ပါ နှင့်။ ဤ​သူ​တို့​သည်​မ​ကောင်း​မှု​ကို​ပြု​ရန် မည် မျှ​လောက်​စိတ်​ဆန္ဒ​ကြီး​ကြောင်း​ကိုယ်​တော် သိ​ပါ​၏။-
아론이 가로되 내 주여 노하지 마소서 이 백성의 악함을 당신이 아나이다
23 ၂၃ သူ​တို့​က​အ​ကျွန်ုပ်​အား`အီ​ဂျစ်​ပြည်​မှ​အ​ကျွန်ုပ် တို့​ကို​ထုတ်​ဆောင်​ခဲ့​သော​မော​ရှေ​သေ​သည်၊ ရှင် သည်​ကို​အ​ကျွန်ုပ်​တို့​မ​သိ​ရ​သ​ဖြင့်၊ အ​ကျွန်ုပ် တို့​ကို​ရှေ့​ဆောင်​မည့်​ဘု​ရား​တစ်​ဆူ​ကို​သွန်း လုပ်​ပေး​ပါ​လော့' ဟု​တောင်း​ဆို​ကြ​ပါ​သည်။-
그들이 내게 말하기를 우리를 위하여 우리를 인도할 신을 만들라 이 모세 곧 우리를 애굽 땅에서 인도하여 낸 사람은 어찌 되었는지 알 수 없노라 하기에
24 ၂၄ အ​ကျွန်ုပ်​က​သူ​တို့​အား`သင်​တို့​၏​ရွှေ​ဝတ် တန်​ဆာ​ကို​ချွတ်​၍​ငါ့​အား​ပေး​လော့' ဟု ပြော​ပါ​သည်။ အ​ကျွန်ုပ်​သည်​သူ​တို့​ထံ​မှ ရ​ရှိ​သော​ရွှေ​အား​မီး​ထဲ​သို့​ပစ်​ချ​ရာ၊ ဤ နွား​ရုပ်​ထွက်​လာ​ပါ​သည်'' ဟု​ဆို​လေ​၏။
내가 그들에게 이르기를 금이 있는 자는 빼어내라 한즉 그들이 그것을 내게로 가져왔기로 내가 불에 던졌더니 이 송아지가 나왔나이다
25 ၂၅ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်၊ ပတ်​ဝန်း ကျင်​၌​ရန်​သူ​များ​ကဲ့​ရဲ့​စ​ရာ​ဖြစ်​လျက်၊ အာ​ရုန်​၏​အား​ပေး​မှု​ဖြင့်​စည်း​ကမ်း​မဲ့ က​ခုန်​မြူး​ထူး​နေ​သည်​ကို၊ မော​ရှေ​မြင်​ရ​၏။-
모세가 본즉 백성이 방자하니 이는 아론이 그들로 방자하게 하여 원수에게 조롱거리가 되게 하였음이라
26 ၂၆ ထို့​ကြောင့်​သူ​သည်​စ​ခန်း​ပေါက်​ဝ​တွင်​ရပ် လျက်``ထာ​ဝ​ရ​ဘု​ရား​၏​ဘက်​တော်​သား​ဖြစ် သူ​တို့၊ ငါ့​ထံ​သို့​လာ​ကြ​လော့'' ဟု​အော်​ဟစ် ဖိတ်​ခေါ်​လေ​၏။ ထို​အ​ခါ​လေ​ဝိ​အ​မျိုး​သား အ​ပေါင်း​တို့​သည်​မော​ရှေ​ထံ​သို့​စု​ရုံး​လာ ကြ​သော​အ​ခါ၊-
이에 모세가 진문에 서서 가로되 누구든지 여호와의 편에 있는 자는 내게로 나아오라 하매 레위 자손이 다 모여 그에게로 오는지라
27 ၂၇ မော​ရှေ​က​သူ​တို့​အား``ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က`သင်​တို့ တစ်​ယောက်​စီ​ဋ္ဌား​ကို​ကိုင်​စွဲ​၍၊ စ​ခန်း​တစ်​ဘက် မှ​တစ်​ဘက်​သို့​နေ​ရာ​အ​နှံ့​အ​ပြား​သွား​ပြီး လျှင်၊ သင်​တို့​၏​ညီ​အစ်​ကို၊ အ​ဆွေ​ခင်​ပွန်း၊ အိမ်​နီး ချင်း​တို့​ကို​သတ်​လော့' ဟု​မိန့်​တော်​မူ​သည်'' ဟု ဆင့်​ဆို​လေ​၏။-
모세가 그들에게 이르되 이스라엘의 하나님 여호와께서 이같이 말씀하시기를 너희는 각각 허리에 칼을 차고 진 이 문에서 저 문까지 왕래하며 각 사람이 그 형제를, 각 사람이 그 친구를, 각 사람이 그 이웃을 도륙하라 하셨느니라
28 ၂၈ လေ​ဝိ​အ​မျိုး​သား​တို့​သည်​မော​ရှေ​အ​မိန့် ပေး​သည့်​အ​တိုင်း​ဆောင်​ရွက်​သ​ဖြင့်၊ ထို​နေ့ တွင်​လူ​ပေါင်း​သုံး​ထောင်​ခန့်​သေ​ဆုံး​လေ​၏။-
레위 자손이 모세의 말대로 행하매 이 날에 백성 중에 삼천 명 가량이 죽인 바 된지라
29 ၂၉ ထို​နောက်​မော​ရှေ​က​လေ​ဝိ​အ​မျိုး​သား​တို့ အား``ယ​နေ့​တွင်​သင်​တို့​သည်​မိ​မိ​၏​သား ရင်း​ညီ​အစ်​ကို​ရင်း​တို့​ကို​သတ်​ခြင်း​အား ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မှု​တော်​ကို​ဆောင် ရန်​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​မိ​မိ​တို့ ကိုယ်​ကို​ဆက်​ကပ်​ကြ​ပြီ။ ထို့​ကြောင့်​ထာ​ဝ​ရ ဘုရား​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး တော်​မူ​ပြီ'' ဟု​ဆို​၏။
모세가 이르되 각 사람이 그 아들과 그 형제를 쳤으니 오늘날 여호와께 헌신하게 되었느니라 그가 오늘날 너희에게 복을 내리시리라
30 ၃၀ နောက်​တစ်​နေ့​တွင်​မော​ရှေ​က ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား``သင်​တို့​သည်​ကြီး​လေး သော​ပြစ်​မှု​ကူး​လွန်​ခဲ့​ကြ​ပြီ။ ယ​ခု​ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ​ရာ​တောင်​ပေါ်​သို့ တက်​မည်။ သင်​တို့​၏​အ​ပြစ်​ကို​လွှတ်​ရန် ထာ​ဝ​ရ ဘု​ရား​အား​တောင်း​ပန်​၍​ရ​ကောင်း​ရ​လိမ့်​မည်'' ဟု​ဆို​လေ​၏။-
이튿날 모세가 백성에게 이르되 너희가 큰 죄를 범하였도다 내가 이제 여호와께로 올라가노니 혹 너희의 죄를 속할까 하노라 하고
31 ၃၁ မော​ရှေ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ ပြန်​လာ​၍``ဤ​သူ​တို့​သည်​ကြီး​လေး​သော ပြစ်​မှု​ကို​ကူး​လွန်​ခဲ့​ပါ​ပြီ။ ရွှေ​ဘု​ရား ကို​သွန်း​လုပ်​၍​ကိုး​ကွယ်​ကြ​ပါ​၏။-
여호와께로 다시 나아가 여짜오되 슬프도소이다 이 백성이 자기들을 위하여 금신을 만들었사오니 큰 죄를 범하였나이다
32 ၃၂ သူ​တို့​၏​အ​ပြစ်​ကို​လွှတ်​တော်​မူ​ပါ။ သူ​တို့​၏ အ​ပြစ်​ကို​လွှတ်​တော်​မ​မူ​လျှင်၊ ကိုယ်​တော်​၏​လူ မျိုး​တော်​နာ​မည်​စာ​ရင်း​မှ​အ​ကျွန်ုပ်​၏​နာ​မည် ကို​ပယ်​ဖျက်​တော်​မူ​ပါ'' ဟု​တောင်း​ပန်​လျှောက် ထား​လေ​၏။
그러나 합의하시면 이제 그들의 죄를 사하시옵소서 그렇지 않사오면 원컨대 주의 기록하신 책에서 내 이름을 지워버려주옵소서
33 ၃၃ ထာ​ဝ​ရ​ဘု​ရား​က``ငါ့​ကို​ပြစ်​မှား​သူ​၏ နာ​မည်​ကို​သာ​ငါ​၏​စာ​အုပ်​မှ​ပယ်​ဖျက်​မည်။-
여호와께서 모세에게 이르시되 누구든지 내게 범죄하면 그는 내가 내 책에서 지워버리리라
34 ၃၄ ယ​ခု​သွား​၍​သင့်​အား​ငါ​မိန့်​မှာ​ပြီး​သော အ​ရပ်​သို့​သူ​တို့​ကို​ပို့​ဆောင်​လော့။ ငါ​၏​ကောင်း ကင်​တ​မန်​သည် သင့်​အား​လမ်း​ပြ​မည်။ သို့​ရာ တွင်​ဤ​သူ​တို့​၏​အ​ပြစ်​အ​တွက်​ငါ​ဒဏ်​စီ​ရင် မည့်​အ​ချိန်​ကျ​ရောက်​လာ​လိမ့်​မည်'' ဟု​မိန့် တော်​မူ​၏။
이제 가서 내가 네게 말한 곳으로 백성을 인도하라 내 사자가 네 앞서 가리라 그러나 내가 보응할 날에는 그들의 죄를 보응하리라
35 ၃၅ ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​တွင်​ကပ်​ရော​ဂါ​ဆိုက်​ရောက် စေ​တော်​မူ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ သည်​အာ​ရုန်​အား ရွှေ​နွား​ငယ်​ရုပ်​ကို​သွန်း လုပ်​စေ​သော​ကြောင့်​ဖြစ်​သည်။
여호와께서 백성을 치시니 이는 그들이 아론의 만든 바 그 송아지를 만들었음이더라

< ထွက်မြောက်ရာ 32 >