< ထွက်မြောက်ရာ 31 >

1 ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ငါ​သည်​ယု​ဒ အ​နွယ်​မှ​ဟု​ရ​၏​မြေး၊ ဥ​ရိ​၏​သား​ဖြစ်​သူ ဗေ​ဇ​လေ​လ​ကို​ရွေး​ချယ်​ထား​ပြီ။-
တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
2
နားထောင် လော့၊ ငါသည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထား၏။
3 သူ​သည် ရွှေ၊ ငွေ၊ ကြေး​ဝါ​တို့​ကို​ပုံ​အ​မျိုး​မျိုး ဖော်​လုပ်​နိုင်​သော​အ​တတ်၊ ကျောက်​မျက်​တို့ ကို​သွေး​၍​စီ​ခြယ်​သော​အ​တတ်၊ သစ်​သား ပန်း​ပု​ထု​သော​အ​တတ်​အ​စ​ရှိ​သည့်​အ​နု ပ​ညာ​အ​တတ်​အ​မျိုး​မျိုး​တို့​ကို​ကျွမ်း​ကျင် ပြောင်​မြောက်​စေ​ခြင်း​ငှာ၊ ငါ​သည်​သူ့​အား အ​စွမ်း​တန်​ခိုး​ကို​ပေး​တော်​မူ​ပြီ။-
သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။
4
5
6 သူ့​ကို​ကူ​ညီ​ရန်၊ ငါ​သည်​ဒန်​အ​နွယ်​မှ​အ​ဟိ သ​မက်​၏​သား​ဖြစ်​သူ အ​ဟော​လျ​ဘ​ကို​ရွေး ချယ်​ထား​ပြီ။ ငါ​မိန့်​မှာ​သ​မျှ​တို့​ကို​ပြု​လုပ် နိုင်​ရန်၊ အ​ခြား​သော​အ​တတ်​ပ​ညာ​ရှင် အ​ပေါင်း​တို့​အား​လည်း၊ အ​ထူး​ကျွမ်း​ကျင်​မှု ကို​ငါ​ပေး​ထား​သ​ဖြင့်၊-
သူနှင့်အတူ ဒန် အမျိုးသား အဟိသမက် ၏သား ၊ အဟောလျဘ ကိုလည်း ငါခန့် ထား၏။ ငါသည် သင့် အား မှာ ထားသမျှ တို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ် တတ်မည်အကြောင်း ၊ သူတို့နှလုံး ထဲသို့ ဉာဏ် ပညာကို ငါသွင်း ထားပြီ။
7 သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်၊ ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့်​အ​ဖုံး၊ တဲ​တော်​ထဲ​ရှိ​အ​သုံး​အ​ဆောင် တန်​ဆာ​အား​လုံး၊-
ထိုသူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၊ သက်သေခံ ချက်သေတ္တာ ၊ သေတ္တာ အပေါ် မှာ တင်သော သေတ္တာအဖုံး ၊ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
8 စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​များ၊ ရွှေ​မီး​တိုင် နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​အား​လုံး၊ နံ့​သာ​ပေါင်း မီး​ရှို့​ရာ​ပလ္လင်၊-
စားပွဲ နှင့် စားပွဲတန်ဆာ ကို၎င်း ၊ စင်ကြယ် သော မီးခုံ နှင့် မီးခုံတန်ဆာ ရှိသမျှ ကို၎င်း၊ နံ့သာ ပေါင်း ရှို့သော ပလ္လင် ၊
9 မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​ရာ​ပလ္လင်​နှင့်​သက်​ဆိုင် ရာ​ပစ္စည်း​အား​လုံး၊ အင်​တုံ​နှင့်​အောက်​ခြေ​ခံ၊-
မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် တန်ဆာ ရှိသမျှ ကို၎င်း၊
10 ၁၀ အာ​ရုန်​နှင့်​သူ​၏​သား​များ​ယဇ်​ပု​ရော​ဟိတ် အ​မှု​ကို​ဆောင်​ရွက်​ရာ​၌ ဝတ်​ဆင်​ရန်၊ ထည် ဝါ​သော​ယဇ်​ပု​ရော​ဟိတ်​ဝတ်​စုံ​များ၊-
၁၀အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ် ဘို့ သန့်ရှင်း သောအဝတ် ကို၎င်း၊
11 ၁၁ ဘိ​သိက်​ဆီ​နှင့်​သန့်​ရှင်း​ရာ​ဌာ​န​တော်​အ​တွက် မွှေး​ကြိုင်​သော​နံ့​သာ​ပေါင်း​တို့​ကို​ပြု​လုပ်​နိုင် ကြ​လိမ့်​မည်။ ငါ​သည်​သင့်​အား​မိန့်​မှာ​သည့် အ​တိုင်း​သူ​တို့​သည် ဤ​အ​ရာ​များ​ကို​ပြု လုပ်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။
၁၁လိမ်း စရာဆီ နှင့် သန့်ရှင်း ရာဌာန၌ သုံးဘို့ နံ့သာ ပေါင်းမွှေး ကို၎င်း၊ ငါမှာ ထားသမျှ အတိုင်း လုပ် ရကြမည် ဟု မိန့် တော်မူ၏။
12 ၁၂ တစ်​ဖန်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``ဣ​သ ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့​ဆင့်​ဆို လော့။ ငါ​၏​ဥ​ပုသ်​နေ့​ကို​စောင့်​ထိန်း​လော့။ ဥ​ပုသ် နေ့​သည်​ငါ​ထာ​ဝ​ရ​ဘု​ရား​က သင်​တို့​အား ငါ​၏​လူ​မျိုး​တော်​အ​ဖြစ်​ရွေး​ချယ်​ထား ကြောင်း​ကို သား​စဉ်​မြေး​ဆက်​သ​တိ​ရ​စေ သော​အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း။-
၁၂တဖန် ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
13 ၁၃
၁၃ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှါ ၊ ငါနှင့်သင် တို့၏ သား စဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာ သက်သေဖြစ်ဘို့ ရာ၊ ငါ့ ဥပုသ် နေ့ကို စင်စစ် စောင့် ရကြမည်။
14 ၁၄ ဥပုသ်​နေ့​သည်​နား​ရက်၊ နေ့​ထူး​နေ့​မြတ်​ဖြစ် သော​ကြောင့် ထို​နေ့​ကို​စောင့်​ထိန်း​ရ​မည်။ ဥ​ပုသ် နေ့​တွင်​အ​လုပ်​လုပ်​လျက်​ထို​နေ့​ကို​မ​စောင့် ထိန်း​သူ​အား​သေ​ဒဏ်​စီ​ရင်​ရ​မည်။-
၁၄ဥပုသ် နေ့သည် သင် တို့အား သန့်ရှင်း သောကြောင့် ထိုနေ့ကို စောင့် ရကြမည်။ ဥပုသ် နေ့ကို ဖျက် သောသူတိုင်း အသေခံ ရမည်။ ထိုနေ့ ၌ အလုပ်လုပ် သော သူမည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်။
15 ၁၅ သင်​တို့​သည်​ခြောက်​ရက်​ပတ်​လုံး​အ​လုပ်​လုပ် ခွင့်​ရှိ​သည်။ သို့​ရာ​တွင်​သတ္တမ​နေ့​သည်​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​ထား​သော​နား​ရက် ဖြစ်​သည်။ ထို​နေ့​၌​အ​လုပ်​လုပ်​သော​သူ​ကို သေ​ဒဏ်​စီ​ရင်​ရ​မည်။-
၁၅ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ သည် ထာဝရဘုရား အား သန့်ရှင်း ၍ ငြိမ် ရသောဥပုသ် နေ့ဖြစ်၏။ ဥပုသ် နေ့ ၌ အလုပ် လုပ် သောသူမည်သည်ကား၊ ဧကန်အမှန် အသေ ခံရမည်။
16 ၁၆ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည်​ဥ​ပုသ်​နေ့ ကို ပ​ဋိ​ညာဉ်​၏​အ​ထိမ်း​အ​မှတ်​အ​ဖြစ်​စောင့် ထိန်း​ရ​မည်။ ငါ​ထာ​ဝ​ရ​ဘု​ရား​သည်​ခြောက် ရက်​တွင်​ကောင်း​ကင်​နှင့်​မြေ​ကြီး​ကို​ဖန်​ဆင်း ၍၊ သတ္တ​မ​နေ့​၌​အ​လုပ်​မှ​နား​တော်​မူ​သည် ဖြစ်​သော​ကြောင့်၊-
၁၆သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ် အဆက်တို့သည်၊ ထာဝရ ပဋိညာဉ် ဖြစ်စေခြင်းငှါ ၊ ဥပုသ် နေ့ရက်အစဉ်အတိုင်းဥပုသ် စောင့် ရကြမည်။
17 ၁၇ ဥ​ပုသ်​နေ့​သည်​ငါ​နှင့်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ပြု​သော​ပ​ဋိ​ညာဉ်​၏​ထာ​ဝ​ရ အ​ထိမ်း​အ​မှတ်​ဖြစ်​သ​တည်း'' ဟု​မိန့် တော်​မူ​၏။
၁၇ထိုသို့ စောင့်လျှင်၊ ငါ နှင့် ဣသရေလ အမျိုးသား စပ်ကြား ၌ ထာဝရ လက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် နှင့် မြေကြီး ကို၊ ခြောက် ရက် တွင် ဖန်ဆင်း ၍ ၊ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
18 ၁၈ ဘု​ရား​သ​ခင်​သည်​သိ​နာ​တောင်​ပေါ်​တွင် မော​ရှေ​အား​မိန့်​တော်​မူ​ပြီး​သော​အ​ခါ၊ ဘု​ရား​သ​ခင်​ကိုယ်​တော်​တိုင်​ပ​ညတ်​တော် များ​ကို​အက္ခ​ရာ​တင်​သော​ကျောက်​ပြား နှစ်​ပြား​ကို၊ သူ့​အား​ပေး​တော်​မူ​၏။
၁၈ထိုသို့ ဘုရားသခင် သည် သိနာ တောင် ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌၊ လက်ညှိုး တော်နှင့် အက္ခရာတင် သော သက်သေခံ ချက်၊ ကျောက် ပြား နှစ် ပြားကိုပေး တော်မူ၏။

< ထွက်မြောက်ရာ 31 >