< ထွက်မြောက်ရာ 31 >
1 ၁ ထာဝရဘုရားကမောရှေအား``ငါသည်ယုဒ အနွယ်မှဟုရ၏မြေး၊ ဥရိ၏သားဖြစ်သူ ဗေဇလေလကိုရွေးချယ်ထားပြီ။-
IL Signore parlò ancora a Mosè, dicendo: Vedi, io ho chiamato per nome Besaleel,
figliuol di Uri, figliuol di Hur, della tribù di Giuda.
3 ၃ သူသည် ရွှေ၊ ငွေ၊ ကြေးဝါတို့ကိုပုံအမျိုးမျိုး ဖော်လုပ်နိုင်သောအတတ်၊ ကျောက်မျက်တို့ ကိုသွေး၍စီခြယ်သောအတတ်၊ သစ်သား ပန်းပုထုသောအတတ်အစရှိသည့်အနု ပညာအတတ်အမျိုးမျိုးတို့ကိုကျွမ်းကျင် ပြောင်မြောက်စေခြင်းငှာ၊ ငါသည်သူ့အား အစွမ်းတန်ခိုးကိုပေးတော်မူပြီ။-
E l'ho ripieno dello spirito di Dio, in industria, e in ingegno, e in sapere, e in ogni artificio;
per far disegni da lavorare in oro, e in argento, e in rame;
e in arte di pietre da legare, e in arte di lavorar di legno, in qualunque lavorio.
6 ၆ သူ့ကိုကူညီရန်၊ ငါသည်ဒန်အနွယ်မှအဟိ သမက်၏သားဖြစ်သူ အဟောလျဘကိုရွေး ချယ်ထားပြီ။ ငါမိန့်မှာသမျှတို့ကိုပြုလုပ် နိုင်ရန်၊ အခြားသောအတတ်ပညာရှင် အပေါင်းတို့အားလည်း၊ အထူးကျွမ်းကျင်မှု ကိုငါပေးထားသဖြင့်၊-
Ed ecco, io gli ho aggiunto Oholiab, figliuol di Ahisamac, della tribù di Dan. Io ho oltre a ciò messa industria nell'animo d'ogni uomo industrioso, acciocchè facciano tutte le cose che io ti ho comandate.
7 ၇ သူတို့သည်ငါစံရာတဲတော်၊ ပဋိညာဉ်သေတ္တာ တော်နှင့်အဖုံး၊ တဲတော်ထဲရှိအသုံးအဆောင် တန်ဆာအားလုံး၊-
Il Tabernacolo della convenenza, e l'Arca per la Testimonianza, e il Coperchio che [ha da esser] sopra essa, e tutti gli arredi del Tabernacolo.
8 ၈ စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းများ၊ ရွှေမီးတိုင် နှင့်သက်ဆိုင်ရာပစ္စည်းအားလုံး၊ နံ့သာပေါင်း မီးရှို့ရာပလ္လင်၊-
E la Tavola, e i suoi strumenti; e il Candelliere puro, e tutti i suoi strumenti; e l'Altar de' profumi.
9 ၉ မီးရှို့ရာယဇ်ပူဇော်ရာပလ္လင်နှင့်သက်ဆိုင် ရာပစ္စည်းအားလုံး၊ အင်တုံနှင့်အောက်ခြေခံ၊-
E l'Altar degli olocausti, e tutti i suoi strumenti; e la Conca, e il suo piede.
10 ၁၀ အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အမှုကိုဆောင်ရွက်ရာ၌ ဝတ်ဆင်ရန်၊ ထည် ဝါသောယဇ်ပုရောဟိတ်ဝတ်စုံများ၊-
E i vestimenti del servigio divino, e i vestimenti sacri del Sacerdote Aaronne, e i vestimenti dei suoi figliuoli, per esercitare il sacerdozio.
11 ၁၁ ဘိသိက်ဆီနှင့်သန့်ရှင်းရာဌာနတော်အတွက် မွှေးကြိုင်သောနံ့သာပေါင်းတို့ကိုပြုလုပ်နိုင် ကြလိမ့်မည်။ ငါသည်သင့်အားမိန့်မှာသည့် အတိုင်းသူတို့သည် ဤအရာများကိုပြု လုပ်ရမည်'' ဟုမိန့်တော်မူ၏။
E l'olio dell'Unzione, e il profumo degli aromati per lo Santuario. Facciano interamente com'io ti ho comandato.
12 ၁၂ တစ်ဖန်ထာဝရဘုရားကမောရှေအား``ဣသ ရေလအမျိုးသားတို့အားဤသို့ဆင့်ဆို လော့။ ငါ၏ဥပုသ်နေ့ကိုစောင့်ထိန်းလော့။ ဥပုသ် နေ့သည်ငါထာဝရဘုရားက သင်တို့အား ငါ၏လူမျိုးတော်အဖြစ်ရွေးချယ်ထား ကြောင်းကို သားစဉ်မြေးဆက်သတိရစေ သောအထိမ်းအမှတ်ဖြစ်သတည်း။-
IL Signore parlò ancora a Mosè, dicendo:
E tu, parla a' figliuoli di Israele, dicendo: Tuttavia osservate i miei Sabati; perciocchè il Sabato [è] un segnale fra me e voi, per le vostre età; acciocchè voi conosciate ch'io [sono] il Signore che vi santifico.
14 ၁၄ ဥပုသ်နေ့သည်နားရက်၊ နေ့ထူးနေ့မြတ်ဖြစ် သောကြောင့် ထိုနေ့ကိုစောင့်ထိန်းရမည်။ ဥပုသ် နေ့တွင်အလုပ်လုပ်လျက်ထိုနေ့ကိုမစောင့် ထိန်းသူအားသေဒဏ်စီရင်ရမည်။-
Osservate adunque il Sabato; perciocchè egli vi [è] un [giorno] santo; chiunque lo profanerà del tutto sia fatto morire; perciocchè qualunque persona farà in esso alcun lavoro, sarà ricisa d'infra i suoi popoli.
15 ၁၅ သင်တို့သည်ခြောက်ရက်ပတ်လုံးအလုပ်လုပ် ခွင့်ရှိသည်။ သို့ရာတွင်သတ္တမနေ့သည်ထာဝရ ဘုရားအတွက်ဆက်ကပ်ထားသောနားရက် ဖြစ်သည်။ ထိုနေ့၌အလုပ်လုပ်သောသူကို သေဒဏ်စီရင်ရမည်။-
Lavorisi sei giorni, ma al settimo giorno [è] il Sabato del riposo, [giorno] sacro al Signore; chiunque farà lavoro alcuno nel giorno del Sabato, del tutto sia fatto morire.
16 ၁၆ ဣသရေလအမျိုးသားတို့သည်ဥပုသ်နေ့ ကို ပဋိညာဉ်၏အထိမ်းအမှတ်အဖြစ်စောင့် ထိန်းရမည်။ ငါထာဝရဘုရားသည်ခြောက် ရက်တွင်ကောင်းကင်နှင့်မြေကြီးကိုဖန်ဆင်း ၍၊ သတ္တမနေ့၌အလုပ်မှနားတော်မူသည် ဖြစ်သောကြောင့်၊-
Osservino adunque i figliuoli d'Israele il Sabato, per celebrarlo per le loro età, [per] patto perpetuo.
17 ၁၇ ဥပုသ်နေ့သည်ငါနှင့်ဣသရေလအမျိုး သားတို့ပြုသောပဋိညာဉ်၏ထာဝရ အထိမ်းအမှတ်ဖြစ်သတည်း'' ဟုမိန့် တော်မူ၏။
Esso [è] un segnale perpetuo fra me e i figliuoli d'Israele; conciossiachè il Signore abbia in sei giorni fatto il cielo e la terra; e nel settimo giorno cessò, e si riposò.
18 ၁၈ ဘုရားသခင်သည်သိနာတောင်ပေါ်တွင် မောရှေအားမိန့်တော်မူပြီးသောအခါ၊ ဘုရားသခင်ကိုယ်တော်တိုင်ပညတ်တော် များကိုအက္ခရာတင်သောကျောက်ပြား နှစ်ပြားကို၊ သူ့အားပေးတော်မူ၏။
E dopo che [il Signore] ebbe finito di parlar con Mosè in sul monte di Sinai, egli gli diede le due Tavole della Testimonianza, tavole di pietra, scritte col dito di Dio.