< ထွက်မြောက်ရာ 30 >

1 ``နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ရာ​ပလ္လင်​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြု​လုပ်​လော့။-
တနည်းကား၊ နံ့သာပေါင်းကို မီးရှို့စရာ ယဇ်ပလ္လင်ကို အကာရှသားနှင့် လုပ်ရမည်။
2 ထို​ပလ္လင်​သည်​စတုရန်း​ဖြစ်​၍၊ အ​လျား​တစ်​ဆယ့် ရှစ်​လက်​မ၊ အ​နံ​တစ်​ဆယ့်​ရှစ်​လက်​မ​နှင့်​အ​မြင့် သုံး​ဆယ့်​ခြောက်​လက်​မ​ရှိ​စေ​ရ​မည်။ ဦး​ချို သဏ္ဌာန်​ထောင့်​ချွန်း​အ​တက်​များ​သည်​ပလ္လင် နှင့်​တစ်​သား​တည်း​ဖြစ်​ရ​မည်။-
ထိုပလ္လင်သည် အလျားတတောင်၊ အနံတတောင်၊ စတုရန်းလေးထောင့်ဖြစ်၍၊ အမြင့်နှစ်တောင်ရှိ ရမည်။ ဦးချိုတို့ကိုလည်း အကာရှသားဖြင့် ပြီးစေရမည်။
3 ပလ္လင်​တော်​မျက်​နှာ​ပြင်၊ ဘေး​ပတ်​လည်၊ ထောင့်​ချွန် အ​တက်​များ​ကို​ရွှေ​ချ​ရ​မည်။ ပလ္လင်​အ​ပေါ်​နား ပတ်​လည်​တွင်​ရွှေ​ကွပ်​ရ​မည်။-
ပလ္လင်ထိပ်၊ နံရံ၊ ဦးချိုတို့ကို ရွှေစင်နှင့် မွမ်းမံ၍၊ အပေါ်နားပတ်လည်၌ ကွပ်သော ရွှေတန်ဆာကိုလည်း လုပ်ရမည်။
4 ပလ္လင်​တော်​၏​ဘေး​နှစ်​ဘက်​အ​နား​အောက်​တွင် ထမ်း​ပိုး​များ​လျှို​ရန်​ရွှေ​ကွင်း​နှစ်​ကွင်း​တပ် ဆင်​ရ​မည်။-
ရွှေတန်ဆာအောက်၊ ပလ္လင်တဘက်တချက်ထောင့်၌ ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ပလ္လင်ထမ်းစရာ ထမ်းဘိုးနေရာ ဖြစ်ရမည်။
5 ထမ်း​ပိုး​များ​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့် ပြု​လုပ်​၍ ရွှေ​ချ​ထား​ရ​မည်။-
ထမ်းဘိုးတို့ကို အကာရှသားနှင့် လုပ်၍ ရွှေနှင့်မွမ်းမံခံရမည်။
6 ပ​ဋိ​ညာဉ်​သေတ္တာ​ရှေ့​တွင်​ရှိ​သည့်​ကန့်​လန့်​ကာ အ​ပြင်​ဘက်​၌၊ ထို​ပလ္လင်​ကို​ထား​ရ​မည်။ ထို နေ​ရာ​၌​ငါ​သည်​သင်​နှင့်​တွေ့​ဆုံ​မည်။-
ငါသည် သင်နှင့်တွေ့ရာအရပ်၊ သက်သေခံချက် ထားသောသေတ္တာကို ကာသော ကုလားကာရှေ့၌ ထိုပလ္လင်ကို ထားရမည်။
7 အာ​ရုန်​သည်​နံ​နက်​တိုင်း​မီး​ခွက်​များ​ကို​ပြင် သော​အ​ခါ၊ ပလ္လင်​ပေါ်​တွင်​နံ့​သာ​ပေါင်း​ကို မီး​ရှို့​ပူ​ဇော်​ရ​မည်။-
အာရုန်သည် နံနက်တိုင်း မီးခွက်တို့ကို ပြင်သောအခါ၊ ထိုပလ္လင်ပေါ်မှာ မွှေးသော နံ့သာပေါင်းကို ရှို့ရမည်။
8 ည​ဦး​ယံ​တွင်​သူ​သည်​မီး​ခွက်​များ​ကို​ထွန်း သော​အ​ခါ​၌​လည်း နံ့​သာ​ပေါင်း​ကို​မီး​ရှို့ ပူ​ဇော်​ရ​မည်။ သင်​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်​နံ့​သာ​ပေါင်း​မီး​ရှို့​ပူ​ဇော်​ခြင်း​အ​မှု ကို​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​တွင်​မ​ပြတ် မ​လပ်​ပြု​လုပ်​ရ​မည်။-
ညဦးယံ၌လည်း မီးခွက်တို့ကို ထွန်းသောအခါ၊ ထိုပလ္လင်ပေါ်မှာ နံ့သာပေါင်းကို ရှို့ရမည်။ ထိုသို့ သင်တို့ သားစဉ်မြေးဆက်တို့သည် ထာဝရဘုရား ရှေ့တော်၌ အစဉ်အမြဲ ပြုရသော နံ့သာ ပေါင်းရှို့ခြင်း ဖြစ်သတည်း။
9 ထို​ပလ္လင်​ပေါ်​တွင်​ကား၊ တား​မြစ်​ထား​သော နံ့​သာ​ကို​မ​ပူ​ဇော်​ရ။ ယဇ်​ကောင်​ကို​သော် လည်း​ကောင်း၊ ဘော​ဇဉ်​ကို​သော်​လည်း​ကောင်း မ​ပူ​ဇော်​ရ။ စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ​ကို လည်း၊ မ​သွန်း​လောင်း​ရ။-
ထိုပလ္လင်ပေါ်မှာ ထူးခြားသော နံ့သာပေါင်းကို မရှို့ရ။ မီးရှို့သော ယဇ်ကို မပြုရ။ ဘောဇဉ် ပူဇော်သက္ကာကိုလည်း မပြုရ။ သွန်းလောင်းရာ ပူဇော်သက္ကာကိုလည်း မပြုရ။
10 ၁၀ ``အာ​ရုန်​သည်​တစ်​နှစ်​လျှင်​တစ်​ကြိမ်​အ​ပြစ် ဖြေ​ရာ​ယဇ်​ကောင်​၏​အ​သွေး​ဖြင့်၊ ပလ္လင်​၏ ထောင့်​ချွန်​အ​တက်​လေး​ခု​ကို​သုတ်​လိမ်း​၍၊ ပလ္လင်​ကို​သန့်​ရှင်း​စေ​ရ​မည်။ သင်​၏​အ​မျိုး အ​စဉ်​အ​ဆက်​တို့​သည်​ထို​ဝတ်​ကို​နှစ်​စဉ် အ​မြဲ​ပြု​ရ​မည်။ ထို​ပလ္လင်​သည်​ငါ​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ဆက်​ကပ်​သော၊ အ​လွန် သန့်​ရှင်း​သော​ပလ္လင်​ဖြစ်​သ​တည်း။''
၁၀အာရုန်သည် တနှစ်တခါ အပြစ်ဖြေရာယဇ် ကောင်းအသွေးကိုယူ၍၊ ထိုပလ္လင်၏ ဦးချိုတို့၌ အပြစ်ဖြေခြင်း မင်္ဂလာကို ပြုရမည်။ သင်တို့ သားစဉ်မြေးဆက်တို့သည် တနှစ်တခါ ထိုသို့ ပြုရ ကြမည်။ ထာဝရဘုရားအား အလွန်သန့်ရှင်းသော ယဇ်ပလ္လင်ဖြစ်သည်။
11 ၁၁ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
၁၁တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
12 ၁၂ ``သင်​သည်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​သန်း ခေါင်​စာ​ရင်း​ကို​ကောက်​ယူ​သော​အ​ခါ စာ​ရင်း ယူ​ချိန်​တွင်၊ သူ​တို့​၌​ဘေး​မ​သင့်​စေ​ခြင်း​ငှာ၊ လူ​တိုင်း​မိ​မိ​၏​အ​သက်​ဖိုး​ကို​ထာ​ဝ​ရ ဘု​ရား​အား​ဆက်​သ​ရ​မည်။-
၁၂ဣသရေလအမျိုးသားတို့ကို ရေတွက်၍ စာရင်းယူသောအခါ၊ ဘေးလွတ်မည်အကြောင်း ရှိသမျှ တို့သည် အသီးအသီး မိမိအသက်ရွေးရန် အဘိုးကို ထာဝရဘုရားအား ဆက်ကပ်ရမည်။
13 ၁၃ သန်း​ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်​လို​အပ်​သော အ​သက်​ဖိုး​ငွေ​ကို သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​၍​ပေး​ရ​မည်။ လူ​တိုင်း​ထို အ​ခွန်​ငွေ​ကို​ငါ့​အား​ဆက်​ကပ်​ရ​မည်။-
၁၃ရေတွက်၍ စာရင်းဝင်သော သူအပေါင်းတို့သည် အကျပ်တော်အလိုက်၊ ငွေအကျပ်တဝက်စီ ထာဝရဘုရားအား ဆက်ကပ်ရမည်။ အကျပ်ကား၊ ဂေရ နှစ်ဆယ်ဖြစ်သတည်း။
14 ၁၄ အ​သက်​နှစ်​ဆယ်​နှင့်​အ​ထက်​ရှိ​သော​သန်း ခေါင်​စာ​ရင်း​ဝင်​သူ​တိုင်း​သည်၊ ငါ့​အား​အ​ခွန် ငွေ​ဆက်​ကပ်​ရ​မည်။-
၁၄အသက်နှစ်ဆယ်မှစ၍၊ ပိုလွန်သောသူ အပေါင်းတို့သည် စာရင်းဝင်၍၊ ထိုသို့သော ပူဇော်သက္ကာကို ထာဝရဘုရား အားပြုရမည်။
15 ၁၅ ထာ​ဝ​ရ​ဘု​ရား​အား​သင်​တို့​၏​အ​သက်​ဖိုး ငွေ​ကို​ဆက်​သ​သော​အ​ခါ​ချမ်း​သာ​သူ​ဖြစ် စေ၊ ဆင်း​ရဲ​သူ​ဖြစ်​စေ၊ သတ်​မှတ်​ထား​သော ငွေ​ထက်​ပို​၍​သော်​လည်း​ကောင်း၊ လျော့​၍ သော်​လည်း​ကောင်း​မ​ပေး​စေ​ရ။-
၁၅ကိုယ်အသက်ကို ရွေးခြင်းငှါ၊ ထာဝရဘုရားအား ပူဇော်သက္ကာကို ပြုသောအခါ၊ ငွေရတတ်သော သူတို့သည် မပို၊ ဆင်းရဲသော သူတို့သည် မလျှော့ဘဲ၊ လူတိုင်း အကျပ်တဝက်စီ ပေးရမည်။
16 ၁၆ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ထံ​မှ ထို​ငွေ​ကို​လက်​ခံ​၍၊ ငါ​စံ​ရာ​တဲ​တော်​စ​ရိတ် အ​တွက်​အ​သုံး​ပြု​ရ​မည်။ သင်​တို့​၏​အ​သက် ဖိုး​အ​တွက်​ပေး​သော​အ​ခွန်​ငွေ​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​သက် ကို​ကာ​ကွယ်​ရန်​သ​တိ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
၁၆ဣသရေလအမျိုးသားတို့၏ အရွေးငွေကို ယူ၍ သူတို့အသက်ကို ရွေးခြင်းငှာ၊ ထာဝရဘုရားရှေ့တော်၌ ဣသရေလအမျိုးသားတို့၏ သက်သေဖြစ်ရမည်အကြောင်း၊ ပရိသတ်စည်းဝေးရာ တဲတော်စရိတ်အဘို့ အလိုငှာ ထားရမည်ဟု မိန့်တော်မူ၏။
17 ၁၇ ထာ​ဝ​ရ​ဘု​ရား​သည်​မော​ရှေ​အား၊-
၁၇တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊
18 ၁၈ ``ကြေး​ဝါ​အောက်​ခြေ​ခံ​သော​ကြေး​ဝါ​အင် တုံ​ကို​ပြု​လုပ်​လော့။ ထို​အင်​တုံ​ကို​ရေ​ဖြည့်​၍၊ ငါ​စံ​ရာ​တဲ​တော်​နှင့်​ယဇ်​ပလ္လင်​အ​ကြား​တွင် ထား​လော့။-
၁၈အာရုန်နှင့် သူ၏သားတို့ လက်ခြေဆေးစရာဘို့ ကြေးဝါခြေထောက်ပါသော ကြေးဝါအင်တုံကို လုပ်၍၊ ပရိသတ်စည်းဝေးရာ တဲတော်နှင့် ယဇ်ပလ္လင်စပ်ကြား၌ ထားရမည်။
19 ၁၉ အာ​ရုန်​နှင့်​သူ​၏​သား​များ​သည်​မိ​မိ​တို့​၏ ခြေ​လက်​များ​ကို၊ ထို​အင်​တုံ​ရှိ​ရေ​ဖြင့်​ဆေး ကြော​ရ​မည်။-
၁၉သူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သော်၎င်း၊၊
20 ၂၀ သူ​တို့​သည်​ငါ​စံ​ရာ​တဲ​တော်​ထဲ​သို့​မ​ဝင်​မီ ဖြစ်​စေ၊ ယဇ်​ပလ္လင်​ပေါ်​တွင်​ပူ​ဇော်​သ​ကာ​ကို ထာ​ဝ​ရ​ဘု​ရား​ထံ​မ​ပူ​ဇော်​မီ​ဖြစ်​စေ၊ ထို သို့​ခြေ​လက်​ကို​ဆေး​ကြော​ခြင်း​အား​ဖြင့်၊ အ​သက်​ချမ်း​သာ​ရာ​ရ​မည်။-
၂၀အမှုတော်ကို ထမ်း၍ ထာဝရဘုရားအား မီးရှို့သောယဇ်ကို ပူဇော်ခြင်းငှာ၊ ယဇ်ပလ္လင်အနားသို့ ချဉ်းကပ်သော်၎င်း၊
21 ၂၁ သူ​တို့​နှင့်​သူ​တို့​၏​အ​မျိုး​အ​စဉ်​အ​ဆက် တို့​သည်၊ ထို​ပ​ညတ်​ကို​အ​မြဲ​လိုက်​နာ​ရ ကြ​မည်'' ဟု​မိန့်​တော်​မူ​၏။
၂၁သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ မိမိတို့လက်ခြေကို ဆေးရမည်။ ထိုသို့သူတို့နှင့် သူတို့အမျိုး အနွယ်အစဉ်အဆက်တို့သည် စောင့်ရသော ပညတ်တော်ဖြစ်သတည်းဟု မိန့်တော်မူ၏။
22 ၂၂ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
၂၂တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
23 ၂၃ ``မု​ရန်​ဆီ​တစ်​ဆယ့်​နှစ်​ပေါင်၊ မွှေး​ကြိုင်​သော​သစ် ကြမ်း​ပိုး​ခြောက်​ပေါင်၊ စ​ပါး​လင်​ခြောက်​ပေါင်၊-
၂၃သင်သည် မြတ်သောနံ့သာမျိုးကို အကျပ်တော်နှင့်ချိန်လျက်၊ စင်ကြယ်သော မုရန်စေး အကျပ်ငါးရာ၊ မွှေးသော သစ်ကြံပိုးနှစ်ရာငါးဆယ်၊ မွှေးသောကြံနှစ်ရာငါးဆယ်၊
24 ၂၄ က​ရ​မက်​တစ်​ဆယ့်​နှစ်​ပေါင်​စ​သည့်​အ​ကောင်း​ဆုံး အ​မွှေး​အ​ကြိုင်​တို့​ကို (သတ်​မှတ်​ထား​သော​စံ​နှုန်း အ​တိုင်း​ခြင်​တွယ်​ရန်) သံ​လွင်​ဆီ​တစ်​ဂါ​လံ​နှင့် ရော​၍၊-
၂၄သစ်ကြံပိုးတမျိုးငါးရာ၊ သံလွင်ဆီတဟိန်ကို ယူ၍၊
25 ၂၅ ဆီ​မွှေး​ကဲ့​သို့​ဘိ​သိက်​ဆီ​ကို​ဖော်​စပ်​လော့။
၂၅ဆေးသမားအတတ်နှင့် ဖယောင်းဆီကို ဘော်တတ်သည်အတိုင်း၊ လိမ်းရန်ဆီတည်းဟူသော သန့်ရှင်းသော နံ့သာဆီကို ဘော်ပြီးမှ၊
26 ၂၆ ဤ​ဘိ​သိက်​ဆီ​ကို​အ​သုံး​ပြု​၍၊ ငါ​စံ​ရာ​တဲ တော်​နှင့်​ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​လည်း​ကောင်း၊-
၂၆ပရိသတ်စည်းဝေးရာ တဲတော်နှင့် သက်သေခံချက်သေတ္တာကို၎င်း၊
27 ၂၇ စား​ပွဲ​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း​ရှိ​သ​မျှ​တို့​ကို လည်း​ကောင်း၊ ဆီ​မီး​တိုင်​နှင့်​သက်​ဆိုင်​ရာ​ပစ္စည်း တို့​ကို​လည်း​ကောင်း၊ နံ့​သာ​ပေါင်း​မီး​ရှို့​ရာ ပလ္လင်​ကို​လည်း​ကောင်း၊-
၂၇စားပွဲနှင့် စားပွဲတန်ဆာရှိသမျှကို၎င်း၊ မီးခုံနှင့် မီးခုံတန်ဆာကို၎င်း၊ နံ့သာပေါင်းရှို့သောပလ္လင်၊
28 ၂၈ မီး​ရှို့​ရာ​ယဇ်​ပူ​ဇော်​သော​ပလ္လင်​နှင့်​သက်​ဆိုင်​ရာ ပစ္စည်း​ရှိ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ အင်​တုံ​နှင့် အောက်​ခြေ​ခံ​ကို​လည်း​ကောင်း၊ ထို​နံ့​သာ​ဆီ ဖြင့်​သုတ်​လိမ်း​လော့။-
၂၈မီးရှို့ရာ ယဇ်ပူဇော်သောပလ္လင်နှင့် ပလ္လင်တန်ဆာရှိသမျှကို၎င်း၊ အင်တုံနှင့် အင်တုံခြေထောက်ကို၎င်း၊ ထိုနံ့သာဆီနှင့် လိမ်းသဖြင့်၊
29 ၂၉ ထို​အ​ရာ​များ​ကို​ဤ​သို့​ဆက်​ကပ်​ခြင်း​ဖြင့်၊ အ​လွန်​သန့်​ရှင်း​စေ​လော့။ ထို​အ​ရာ​များ​ကို ထိ​မိ​သော​အ​ရာ​ဟူ​သ​မျှ​တို့​သည် သန့် ရှင်း​လိမ့်​မည်။-
၂၉ထိုအရာတို့ကို အလွန်သန့်ရှင်းစေခြင်းငှာ၊ ထိုသို့ သန့်ရှင်းစေရမည်။ ထိုအရာတို့နှင့် တွေ့သမျှသော အရာသည် သန့်ရှင်းသောအရာဖြစ်ရမည်။
30 ၃၀ ထို​နောက်​အာ​ရုန်​နှင့်​သူ​၏​သား​တို့​ကို၊ ငါ​၏ ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​အ​မှု​ထမ်း​စေ ရန် သူ​တို့​အား​နံ့​သာ​ဆီ​ဖြင့်​ဘိ​သိက်​ပေး လော့။-
၃၀အာရုန်နှင့် သူ၏သားတို့ကို လိမ်း၍၊ သူတို့သည် ငါ့ရှေ့၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်စေခြင်းငှာ၊ ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားရမည်။
31 ၃၁ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ဤ​သို့ ဆင့်​ဆို​လော့။ ငါ​၏​အ​မှု​တော်​ကို​ထမ်း​ရန် ဘိ​သိက်​ပေး​ရာ​၌၊ သင်​တို့​၏​သား​စဉ်​မြေး ဆက်​တို့​သည်​ဤ​သန့်​ရှင်း​သော​ဆီ​ကို​အ​သုံး ပြု​ရ​မည်။-
၃၁ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သင်တို့သားစဉ်မြေးဆက်အပေါင်းတို့၌ ဤဆီသည်၊ ငါ့အဘို့ သန့်ရှင်းသော လိမ်းရန်ဆီ ဖြစ်ရမည်။
32 ၃၂ ထို​ဆီ​ကို​သာ​မန်​လူ​တို့​၏​ကိုယ်​ခန္ဓာ​ပေါ်​သို့ မ​သွန်း​လောင်း​ရ။ ထို​ဆီ​နှင့်​တူ​သော​ဆီ​မျိုး ကို​မ​ဖော်​စပ်​ရ။ ထို​ဆီ​သည်​သန့်​ရှင်း​သည် ဖြစ်​၍၊ သန့်​ရှင်း​သော​ဆီ​အ​ဖြစ်​လက်​ခံ​ရ မည်။-
၃၂လူ၏ကိုယ်ပေါ်မှာ မလောင်းရ။ ထိုဆီကို ဘော်သည်နည်းတူ၊ အခြားသောဆီကို မဘော်ရ။ သန့်ရှင်းသည်ဖြစ်၍၊ သန့်ရှင်းသည်ဟု သင်တို့သည် မှတ်ရမည်။
33 ၃၃ မည်​သူ​မ​ဆို​ထို​ဆီ​နှင့်​တူ​သော​ဆီ​ကို​ဖော် စပ်​လျှင်​ဖြစ်​စေ၊ ယဇ်​ပု​ရော​ဟိတ်​မ​ဟုတ်​သူ အ​ပေါ်​သို့​ထို​ဆီ​ကို​လောင်း​လျှင်​ဖြစ်​စေ၊ ငါ ၏​လူ​မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်​ဟု​မိန့် တော်​မူ​၏။
၃၃ထိုဆီနှင့်တူအောင် ဘော်သောသူ၊ မဆိုင်သောလူ၌ လိမ်းသောသူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။
34 ၃၄ ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``မွှေး​ကြိုင် သော​နံ့​သာ​မျိုး​ဖြစ်​သည့်​အ​ကျော်၊ စံ​ပါ၊ က​ရ​မက်၊ လော်​ဗန်​စေး​စစ်​စစ်​တို့​ကို၊ ဆ​တူ ချိန်​ယူ​လော့။-
၃၄တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူသည်ကား၊ မွှေးသော နံ့သာမျိုးတည်းဟူသော နတပ်စေး၊ မွှေးသော ငါးခွံ၊ ဂါလဗန်စေး၊ စင်သော လောဗန်စေးတို့ကို အညီအမျှ ချိန်ယူ၍၊
35 ၃၅ ရေ​မွှေး​ဖော်​စပ်​သ​ကဲ့​သို့၊ ထို​နံ့​သာ​တို့​ကို နံ့​သာ​ပေါင်း​အ​ဖြစ်​ဖော်​စပ်​လော့။ စင်​ကြယ်​၍ သီး​သန့်​စေ​ရန်​နံ့​သာ​ပေါင်း​တွင်​ဆား​ခပ် လော့။-
၃၅ဆေးသမားအတတ်နှင့် နှာဆေးကို ဘော်တတ်သည်နည်းတူ ရောနှော၍၊ သန့်ရှင်းစင်ကြယ်သော နံ့သာပေါင်းကို ဘော်ရမည်။
36 ၃၆ ထို​နံ့​သာ​ပေါင်း​အ​ချို့​ကို​ညက်​အောင်​ထောင်း​၍၊ ငါ​စံ​ရာ​တဲ​တော်​အ​တွင်း​ငါ​၏​ရှေ့​တော်​သို့ ဆောင်​ခဲ့​ပြီး​လျှင်၊ ပ​ဋိ​ညာဉ်​သေတ္တာ​အ​ရှေ့​၌ ဖြူး​ရ​မည်။ ထို​နံ့​သာ​ပေါင်း​ကို​အ​လွန်​သန့် ရှင်း​သော​နံ့​သာ​ပေါင်း​အ​ဖြစ်​လက်​ခံ​ရ​မည်။-
၃၆အချို့ကိုလည်း ညက်ညက်ထောင်းပြီးမှ၊ ငါသည် သင်နှင့်တွေ့ရာအရပ်၊ ပရိသတ်စည်းဝေးရာတဲတော်၌ သက်သေခံချက်ရှေ့မှာ ထားရမည်။ သင်တို့တွင် အလွန်သန့်ရှင်းရမည်။
37 ၃၇ သင်​တို့​ကိုယ်​တိုင်​သုံး​ရန်​အ​တွက်၊ ထို​နိ​ဿ ရည်း​ဖြင့်​နံ့​သာ​ပေါင်း​ကို​မ​ဖော်​စပ်​ရ။ ထို နံ့​သာ​ပေါင်း​သည်​ငါ့​အ​ဖို့​ဆက်​ကပ်​ထား သည်​ဖြစ်​၍၊ သန့်​ရှင်း​သော​နံ့​သာ​ပေါင်း အ​ဖြစ်​လက်​ခံ​ရ​မည်။-
၃၇ထိုသို့သော နံ့သာပေါင်းကို ဘော်သည်နည်းတူ၊ အခြားသော နံ့သာပေါင်းကို ကိုယ်သုံးဘို့ မဘော်ရ။ သင်တို့တွင် ထာဝရဘုရားအဘို့ သန့်ရှင်းရမည်။
38 ၃၈ ထို​နံ့​သာ​ပေါင်း​ကို​မိ​မိ​အ​တွက်​အ​မွှေး အ​ကြိုင်​အ​ဖြစ်​ဖော်​စပ်​သူ​သည်၊ ငါ​၏​လူ မျိုး​တော်​မှ​အ​ပယ်​ခံ​ရ​မည်'' ဟု​မိန့်​တော် မူ​၏။
၃၈အကြင်သူသည် မိမိရှို့စရာဘို့ ထိုနံ့သာပေါင်းနှင့် တူအောင်ဘော်၏။ ထိုသူသည် မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်ဟု မိန့်တော်မူ၏။

< ထွက်မြောက်ရာ 30 >