< ထွက်မြောက်ရာ 30 >
1 ၁ ``နံ့သာပေါင်းမီးရှို့ပူဇော်ရာပလ္လင်ကို အကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
“And you have made an altar [for] making incense; you make it of shittim wood;
2 ၂ ထိုပလ္လင်သည်စတုရန်းဖြစ်၍၊ အလျားတစ်ဆယ့် ရှစ်လက်မ၊ အနံတစ်ဆယ့်ရှစ်လက်မနှင့်အမြင့် သုံးဆယ့်ခြောက်လက်မရှိစေရမည်။ ဦးချို သဏ္ဌာန်ထောင့်ချွန်းအတက်များသည်ပလ္လင် နှင့်တစ်သားတည်းဖြစ်ရမည်။-
a cubit its length and a cubit its breadth (it is square), and two cubits its height; its horns [are] of the same.
3 ၃ ပလ္လင်တော်မျက်နှာပြင်၊ ဘေးပတ်လည်၊ ထောင့်ချွန် အတက်များကိုရွှေချရမည်။ ပလ္လင်အပေါ်နား ပတ်လည်တွင်ရွှေကွပ်ရမည်။-
And you have overlaid it with pure gold—its top, and around its sides, and its horns; and you have made a crown of gold for it all around;
4 ၄ ပလ္လင်တော်၏ဘေးနှစ်ဘက်အနားအောက်တွင် ထမ်းပိုးများလျှိုရန်ရွှေကွင်းနှစ်ကွင်းတပ် ဆင်ရမည်။-
and you make two rings of gold for it, under its crown on its two ribs; you make [them] on its two sides, and they have become places for poles to carry it with them.
5 ၅ ထမ်းပိုးများကိုအကာရှသစ်သားဖြင့် ပြုလုပ်၍ ရွှေချထားရမည်။-
And you have made the poles of shittim wood, and have overlaid them with gold;
6 ၆ ပဋိညာဉ်သေတ္တာရှေ့တွင်ရှိသည့်ကန့်လန့်ကာ အပြင်ဘက်၌၊ ထိုပလ္လင်ကိုထားရမည်။ ထို နေရာ၌ငါသည်သင်နှင့်တွေ့ဆုံမည်။-
and you have put it before the veil, which [is] by the Ark of the Testimony, before the propitiatory covering which [is] over the Testimony, where I meet with you.
7 ၇ အာရုန်သည်နံနက်တိုင်းမီးခွက်များကိုပြင် သောအခါ၊ ပလ္လင်ပေါ်တွင်နံ့သာပေါင်းကို မီးရှို့ပူဇော်ရမည်။-
And Aaron has made incense on it, incense of spices, morning by morning; in his making the lamps right, he makes incense [on] it,
8 ၈ ညဦးယံတွင်သူသည်မီးခွက်များကိုထွန်း သောအခါ၌လည်း နံ့သာပေါင်းကိုမီးရှို့ ပူဇော်ရမည်။ သင်၏အမျိုးအစဉ်အဆက် တို့သည်နံ့သာပေါင်းမီးရှို့ပူဇော်ခြင်းအမှု ကိုထာဝရဘုရား၏ရှေ့တော်တွင်မပြတ် မလပ်ပြုလုပ်ရမည်။-
and in Aaron’s causing the lamps to go up between the evenings, he makes incense [on] it; [it is] a continual incense before YHWH throughout your generations.
9 ၉ ထိုပလ္လင်ပေါ်တွင်ကား၊ တားမြစ်ထားသော နံ့သာကိုမပူဇော်ရ။ ယဇ်ကောင်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း မပူဇော်ရ။ စပျစ်ရည်ပူဇော်သကာကို လည်း၊ မသွန်းလောင်းရ။-
You do not cause strange incense to go up on it—and burnt-offering and present; and you do not pour out a drink-offering on it;
10 ၁၀ ``အာရုန်သည်တစ်နှစ်လျှင်တစ်ကြိမ်အပြစ် ဖြေရာယဇ်ကောင်၏အသွေးဖြင့်၊ ပလ္လင်၏ ထောင့်ချွန်အတက်လေးခုကိုသုတ်လိမ်း၍၊ ပလ္လင်ကိုသန့်ရှင်းစေရမည်။ သင်၏အမျိုး အစဉ်အဆက်တို့သည်ထိုဝတ်ကိုနှစ်စဉ် အမြဲပြုရမည်။ ထိုပလ္လင်သည်ငါထာဝရ ဘုရားအတွက်ဆက်ကပ်သော၊ အလွန် သန့်ရှင်းသောပလ္လင်ဖြစ်သတည်း။''
and Aaron has made atonement on its horns once in a year, by the blood of the sin-offering of atonements; once in a year he makes atonement for it, throughout your generations; it [is] most holy to YHWH.”
11 ၁၁ ထာဝရဘုရားကမောရှေအား၊-
And YHWH speaks to Moses, saying,
12 ၁၂ ``သင်သည်ဣသရေလအမျိုးသားတို့၏သန်း ခေါင်စာရင်းကိုကောက်ယူသောအခါ စာရင်း ယူချိန်တွင်၊ သူတို့၌ဘေးမသင့်စေခြင်းငှာ၊ လူတိုင်းမိမိ၏အသက်ဖိုးကိုထာဝရ ဘုရားအားဆက်သရမည်။-
“When you take up the census of the sons of Israel for their numbers, then they have each given an atonement [for] his soul to YHWH in their being numbered, and there is no plague among them in their being numbered.
13 ၁၃ သန်းခေါင်စာရင်းဝင်သူတိုင်းသည်လိုအပ်သော အသက်ဖိုးငွေကို သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်၍ပေးရမည်။ လူတိုင်းထို အခွန်ငွေကိုငါ့အားဆက်ကပ်ရမည်။-
This they give, everyone passing over to those numbered, half a shekel, by the shekel of the holy place (the shekel [is] twenty gerahs); half a shekel [is] the raised-offering to YHWH;
14 ၁၄ အသက်နှစ်ဆယ်နှင့်အထက်ရှိသောသန်း ခေါင်စာရင်းဝင်သူတိုင်းသည်၊ ငါ့အားအခွန် ငွေဆက်ကပ်ရမည်။-
everyone passing over to those numbered, from a son of twenty years and upwards, gives the raised-offering of YHWH;
15 ၁၅ ထာဝရဘုရားအားသင်တို့၏အသက်ဖိုး ငွေကိုဆက်သသောအခါချမ်းသာသူဖြစ် စေ၊ ဆင်းရဲသူဖြစ်စေ၊ သတ်မှတ်ထားသော ငွေထက်ပို၍သော်လည်းကောင်း၊ လျော့၍ သော်လည်းကောင်းမပေးစေရ။-
the rich do not multiply, and the poor do not diminish from the half-shekel, to give the raised-offering of YHWH, to make atonement for your souls.
16 ၁၆ သင်သည်ဣသရေလအမျိုးသားတို့ထံမှ ထိုငွေကိုလက်ခံ၍၊ ငါစံရာတဲတော်စရိတ် အတွက်အသုံးပြုရမည်။ သင်တို့၏အသက် ဖိုးအတွက်ပေးသောအခွန်ငွေအားဖြင့်၊ ထာဝရဘုရားသည်သင်တို့၏အသက် ကိုကာကွယ်ရန်သတိရမည်'' ဟုမိန့်တော် မူ၏။
And you have taken the atonement-money from the sons of Israel, and have given it for the service of the Tent of Meeting; and it has been to the sons of Israel for a memorial before YHWH, to make atonement for your souls.”
17 ၁၇ ထာဝရဘုရားသည်မောရှေအား၊-
And YHWH speaks to Moses, saying,
18 ၁၈ ``ကြေးဝါအောက်ခြေခံသောကြေးဝါအင် တုံကိုပြုလုပ်လော့။ ထိုအင်တုံကိုရေဖြည့်၍၊ ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်အကြားတွင် ထားလော့။-
“And you have made a laver of bronze (and its base of bronze), for washing; and you have put it between the Tent of Meeting and the altar, and have put water [in] there,
19 ၁၉ အာရုန်နှင့်သူ၏သားများသည်မိမိတို့၏ ခြေလက်များကို၊ ထိုအင်တုံရှိရေဖြင့်ဆေး ကြောရမည်။-
and Aaron and his sons have washed their hands and their feet from it;
20 ၂၀ သူတို့သည်ငါစံရာတဲတော်ထဲသို့မဝင်မီ ဖြစ်စေ၊ ယဇ်ပလ္လင်ပေါ်တွင်ပူဇော်သကာကို ထာဝရဘုရားထံမပူဇော်မီဖြစ်စေ၊ ထို သို့ခြေလက်ကိုဆေးကြောခြင်းအားဖြင့်၊ အသက်ချမ်းသာရာရမည်။-
they wash [with] water in their going into the Tent of Meeting, and do not die; or in their drawing near to the altar to minister, to make incense [as] a fire-offering to YHWH,
21 ၂၁ သူတို့နှင့်သူတို့၏အမျိုးအစဉ်အဆက် တို့သည်၊ ထိုပညတ်ကိုအမြဲလိုက်နာရ ကြမည်'' ဟုမိန့်တော်မူ၏။
then they have washed their hands and their feet, and they do not die, and it has been a continuous statute to them, to him and to his seed, throughout their generations.”
22 ၂၂ ထာဝရဘုရားကမောရှေအား၊-
And YHWH speaks to Moses, saying,
23 ၂၃ ``မုရန်ဆီတစ်ဆယ့်နှစ်ပေါင်၊ မွှေးကြိုင်သောသစ် ကြမ်းပိုးခြောက်ပေါင်၊ စပါးလင်ခြောက်ပေါင်၊-
“And you, take [these] principal spices for yourself: five hundred [shekels] of liquid myrrh, and the half of that—two hundred and fifty [shekels]—of spice-cinnamon, and two hundred and fifty [shekels] of spice-cane,
24 ၂၄ ကရမက်တစ်ဆယ့်နှစ်ပေါင်စသည့်အကောင်းဆုံး အမွှေးအကြိုင်တို့ကို (သတ်မှတ်ထားသောစံနှုန်း အတိုင်းခြင်တွယ်ရန်) သံလွင်ဆီတစ်ဂါလံနှင့် ရော၍၊-
and five hundred [shekels] of cassia, by the shekel of the holy place, and a hin of olive oil;
25 ၂၅ ဆီမွှေးကဲ့သို့ဘိသိက်ဆီကိုဖော်စပ်လော့။
and you have made it a holy anointing oil, a compound mixture, work of a compounder; it is a holy anointing oil.
26 ၂၆ ဤဘိသိက်ဆီကိုအသုံးပြု၍၊ ငါစံရာတဲ တော်နှင့်ပဋိညာဉ်သေတ္တာတော်ကိုလည်းကောင်း၊-
And with it you have anointed the Tent of Meeting, and the Ark of the Testimony,
27 ၂၇ စားပွဲနှင့်သက်ဆိုင်ရာပစ္စည်းရှိသမျှတို့ကို လည်းကောင်း၊ ဆီမီးတိုင်နှင့်သက်ဆိုင်ရာပစ္စည်း တို့ကိုလည်းကောင်း၊ နံ့သာပေါင်းမီးရှို့ရာ ပလ္လင်ကိုလည်းကောင်း၊-
and the table and all its vessels, and the lampstand and its vessels, and the altar of incense,
28 ၂၈ မီးရှို့ရာယဇ်ပူဇော်သောပလ္လင်နှင့်သက်ဆိုင်ရာ ပစ္စည်းရှိသမျှတို့ကိုလည်းကောင်း၊ အင်တုံနှင့် အောက်ခြေခံကိုလည်းကောင်း၊ ထိုနံ့သာဆီ ဖြင့်သုတ်လိမ်းလော့။-
and the altar of burnt-offering and all its vessels, and the laver and its base;
29 ၂၉ ထိုအရာများကိုဤသို့ဆက်ကပ်ခြင်းဖြင့်၊ အလွန်သန့်ရှင်းစေလော့။ ထိုအရာများကို ထိမိသောအရာဟူသမျှတို့သည် သန့် ရှင်းလိမ့်မည်။-
and you have sanctified them, and they have been most holy; all that is coming against them is holy;
30 ၃၀ ထိုနောက်အာရုန်နှင့်သူ၏သားတို့ကို၊ ငါ၏ ယဇ်ပုရောဟိတ်များအဖြစ်အမှုထမ်းစေ ရန် သူတို့အားနံ့သာဆီဖြင့်ဘိသိက်ပေး လော့။-
and you anoint Aaron and his sons, and have sanctified them for being priests to Me.
31 ၃၁ ဣသရေလအမျိုးသားတို့အားဤသို့ ဆင့်ဆိုလော့။ ငါ၏အမှုတော်ကိုထမ်းရန် ဘိသိက်ပေးရာ၌၊ သင်တို့၏သားစဉ်မြေး ဆက်တို့သည်ဤသန့်ရှင်းသောဆီကိုအသုံး ပြုရမည်။-
And you speak to the sons of Israel, saying, This is a holy anointing oil to Me, throughout your generations;
32 ၃၂ ထိုဆီကိုသာမန်လူတို့၏ကိုယ်ခန္ဓာပေါ်သို့ မသွန်းလောင်းရ။ ထိုဆီနှင့်တူသောဆီမျိုး ကိုမဖော်စပ်ရ။ ထိုဆီသည်သန့်ရှင်းသည် ဖြစ်၍၊ သန့်ရှင်းသောဆီအဖြစ်လက်ခံရ မည်။-
it is not poured on [the] flesh of man, and you make nothing [else] like it in its proportion; it [is] holy—it is holy to you;
33 ၃၃ မည်သူမဆိုထိုဆီနှင့်တူသောဆီကိုဖော် စပ်လျှင်ဖြစ်စေ၊ ယဇ်ပုရောဟိတ်မဟုတ်သူ အပေါ်သို့ထိုဆီကိုလောင်းလျှင်ဖြစ်စေ၊ ငါ ၏လူမျိုးတော်မှအပယ်ခံရမည်ဟုမိန့် တော်မူ၏။
a man who compounds [any] like it, or who puts of it on a stranger, has even been cut off from his people.”
34 ၃၄ ထာဝရဘုရားကမောရှေအား``မွှေးကြိုင် သောနံ့သာမျိုးဖြစ်သည့်အကျော်၊ စံပါ၊ ကရမက်၊ လော်ဗန်စေးစစ်စစ်တို့ကို၊ ဆတူ ချိန်ယူလော့။-
And YHWH says to Moses, “Take to yourself spices—stacte, and onycha, and galbanum—spices and pure frankincense; they are part for part;
35 ၃၅ ရေမွှေးဖော်စပ်သကဲ့သို့၊ ထိုနံ့သာတို့ကို နံ့သာပေါင်းအဖြစ်ဖော်စပ်လော့။ စင်ကြယ်၍ သီးသန့်စေရန်နံ့သာပေါင်းတွင်ဆားခပ် လော့။-
and you have made it an incense, a compound, work of a compounder, salted, pure, holy;
36 ၃၆ ထိုနံ့သာပေါင်းအချို့ကိုညက်အောင်ထောင်း၍၊ ငါစံရာတဲတော်အတွင်းငါ၏ရှေ့တော်သို့ ဆောင်ခဲ့ပြီးလျှင်၊ ပဋိညာဉ်သေတ္တာအရှေ့၌ ဖြူးရမည်။ ထိုနံ့သာပေါင်းကိုအလွန်သန့် ရှင်းသောနံ့သာပေါင်းအဖြစ်လက်ခံရမည်။-
and you have beaten [some] of it small, and have put of it before the Testimony in the Tent of Meeting, to where I meet with you; it is most holy to you.
37 ၃၇ သင်တို့ကိုယ်တိုင်သုံးရန်အတွက်၊ ထိုနိဿ ရည်းဖြင့်နံ့သာပေါင်းကိုမဖော်စပ်ရ။ ထို နံ့သာပေါင်းသည်ငါ့အဖို့ဆက်ကပ်ထား သည်ဖြစ်၍၊ သန့်ရှင်းသောနံ့သာပေါင်း အဖြစ်လက်ခံရမည်။-
As for the incense which you make, you do not make [any] for yourselves in its proportion; it is holy to you for YHWH;
38 ၃၈ ထိုနံ့သာပေါင်းကိုမိမိအတွက်အမွှေး အကြိုင်အဖြစ်ဖော်စပ်သူသည်၊ ငါ၏လူ မျိုးတော်မှအပယ်ခံရမည်'' ဟုမိန့်တော် မူ၏။
a man who makes [any] like it—to be refreshed by it—has even been cut off from his people.”