< ထွက်မြောက်ရာ 29 >
1 ၁ ``ယဇ်ပုရောဟိတ်များအဖြစ်ငါ၏အမှုတော် ကိုထမ်းဆောင်ရန်အာရုန်နှင့်သူ၏သားတို့အား ဤသို့ဆက်ကပ်ရမည်။ အပြစ်အနာကင်းသော နွားပေါက်တစ်ကောင်နှင့်သိုးထီးနှစ်ကောင်ကို ယူခဲ့လော့။-
Ятэ че вей фаче, пентру ка сэ-й сфинцешть ши сэ-Мь ымплиняскэ служба де преоць. Я ун вицел ши дой бербечь фэрэ кусур.
2 ၂ ဆီပါသောမုန့်၊ ဆီလူးသောမုန့်ချပ်တို့ကို လည်းယူလော့။ ထိုမုန့်များကိုတဆေးမပါ သောအကောင်းဆုံးဂျုံမုန့်ညက်ဖြင့်ပြုလုပ် ရမည်။-
Фэ ку фэинэ алясэ де грыу ниште азиме, турте недоспите, фрэмынтате ку унтделемн, ши плэчинте недоспите, стропите ку унтделемн.
3 ၃ ထိုမုန့်များကိုတောင်းတစ်လုံးတွင်ထည့် လော့။ နွားနှင့်သိုးနှစ်ကောင်ကိုယဇ်ပူဇော် သောအခါ၊ မုန့်များကိုပါငါ့အားပူဇော် လော့။
Сэ ле пуй ынтр-ун кош ши сэ ле адучь ымпреунэ ку вицелул ши чей дой бербечь.
4 ၄ ``အာရုန်နှင့်သူ၏သားများကို ငါစံရာတဲ တော်တံခါးဝသို့ခေါ်ဆောင်ခဲ့ပြီးလျှင် သူ တို့အားရေချိုးစေရမည်။-
Сэ адучь апой пе Аарон ши пе фиий луй ла уша кортулуй ынтылнирий ши сэ-й спель ку апэ.
5 ၅ ထိုနောက်ယဇ်ပုရောဟိတ်အဝတ်တန်ဆာ များဖြစ်သောအင်္ကျီ၊ ဝတ်ရုံ၊ သင်တိုင်းနှင့် ရင်ဖုံးတို့ကိုအာရုန်အားဝတ်ဆင်ပေး၍ ရင်စည်းကိုပေးရမည်။-
Сэ ей вешминтеле; сэ ымбрачь пе Аарон ку туника, ку мантия ефодулуй, ку ефодул ши ку пептарул ши сэ-л ынчинӂь ку брыул ефодулуй.
6 ၆ ဦးခေါင်းပေါ်တွင်ခေါင်းပေါင်းကိုတင်၍ `ထာဝရ ဘုရားအား ဆက်ကပ်ထားသည်' ဟုကမ္ပည်းထွင်း ထားသောရွှေပြားကိုခေါင်းပေါင်းပေါ်တွင် ချည်ရမည်။-
Сэ-й пуй митра пе кап ши пе митрэ сэ пуй табла сфинценией.
7 ၇ ထိုနောက်သူ၏ဦးခေါင်းပေါ်မှာဘိသိက်ဆီ လောင်းလျက်ဘိသိက်ပေးရမည်။
Сэ ей унтделемнул пентру унӂере, сэ и-л торнь пе кап ши сэ-л унӂь.
8 ၈ ``သူ၏သားများကိုလည်းခေါ်ပြီးလျှင် အင်္ကျီများကိုဝတ်ပေးလော့။-
Сэ адучь апой пе фиий луй ши сэ-й ымбрачь ку туничиле.
9 ၉ ခါးပန်းကိုစည်းပေးလော့။ ဦးထုပ်ရှည်များ ကိုဆောင်းပေးလော့။ သင်သည်ဤသို့လျှင် အာရုန်နှင့်သူ၏သားများတို့ကိုဘိသိက် ပေးရမည်။ သူတို့နှင့်သူတို့၏အဆက် အနွယ်တို့သည် ယဇ်ပုရောဟိတ်အဖြစ်ဖြင့် ငါ၏အမှုတော်ကိုအစဉ်ထာဝရ ဆောင်ရွက်ရမည်။
Сэ ынчинӂь пе Аарон ши пе фиий луй ку ун брыу ши сэ пуй скуфииле пе капетеле фиилор луй Аарон. Преоция ва фи а лор принтр-о леӂе вешникэ. Астфел сэ ынкинь пе Аарон ши пе фиий луй ын служба Мя.
10 ၁၀ ``ထိုနောက်နွားထီးကိုငါစံရာတဲတော်အရှေ့ သို့ဆောင်ခဲ့၍ အာရုန်နှင့်သူ၏သားများအား နွား၏ဦးခေါင်းပေါ်တွင်လက်ကိုတင်စေရမည်။-
Сэ адучь вицелул ынаинтя кортулуй ынтылнирий ши Аарон ши фиий луй сэ-шь пунэ мыниле пе капул вицелулуй.
11 ၁၁ ငါစံရာတဲတော်တံခါးဝ၊ ငါ၏ရှေ့တော်တွင် နွားကိုသတ်ရမည်။-
Сэ жунгий вицелул ынаинтя Домнулуй, ла уша кортулуй ынтылнирий.
12 ၁၂ ဦးချိုသဏ္ဌာန်ရှိသောပလ္လင်၏အချွန်အတက် များတွင် နွားသွေးအနည်းငယ်ကို၊ သင်၏ လက်ချောင်းဖြင့်သုတ်ရမည်။ ကျန်ရှိနေသော နွားသွေးအားလုံးကို၊ ပလ္လင်၏ခြေရင်းတွင် လောင်းရမည်။-
Сэ ей ку деӂетул тэу дин сынӂеле вицелулуй, сэ пуй пе коарнеле алтарулуй, яр челэлалт сынӂе сэ-л вершь ла пичоареле алтарулуй.
13 ၁၃ ထိုနောက်နွားဝမ်းတွင်းသားမှအဆီရှိသမျှ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်တကွ အဆီတို့ကို၊ ယဇ်ပလ္လင်ပေါ်တွင်မီးရှို့ပူဇော် ရမည်။-
Сэ ей тоатэ грэсимя каре акоперэ мэрунтаеле ши прапурул фикатулуй, чей дой рэрункь ку грэсимя каре-й акоперэ ши сэ ле арзь пе алтар.
14 ၁၄ နွား၏အသား၊ သားရေနှင့်ဝမ်းတွင်းသားတို့ ကိုမူကား၊ စခန်းအပြင်၌မီးရှို့ရမည်။ ထို ယဇ်ပူဇော်ခြင်းသည်ယဇ်ပုရောဟိတ်များ၏ အပြစ်ဖြေရာယဇ်ဖြစ်၏။
Дар карня вицелулуй, пеля ши балега луй сэ ле арзь ын фок, афарэ дин табэрэ: ачаста есте о жертфэ пентру пэкат.
15 ၁၅ ``အာရုန်နှင့်သူ၏သားတို့သည် သိုးထီးတစ် ကောင်၏ဦးခေါင်းပေါ်တွင်လက်ကိုတင်ရမည်။-
Сэ ей пе унул дин чей дой бербечь; яр Аарон ши фиий луй сэ-шь пунэ мыниле пе капул бербекулуй.
16 ၁၆ ထိုနောက်သိုးကိုသတ်၍အသွေးကို ယဇ်ပလ္လင် ၏လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်း ရမည်။-
Сэ жунгий бербекул; сэ-й ей сынӂеле ши сэ-л стропешть пе алтар де жур ымпрежур.
17 ၁၇ သိုးကိုအပိုင်းပိုင်းဖြတ်ရမည်။ သိုး၏ဝမ်းတွင်း သားနှင့်နောက်ခြေထောက်တို့ကိုဆေးကြော၍၊ ဦးခေါင်းနှင့်အခြားအသားပိုင်းများပေါ် တွင်တင်ပြီးလျှင်၊-
Апой, сэ тай бербекул ын букэць ши сэ-й спель мэрунтаеле ши пичоареле, ши сэ ле пуй лынгэ челелалте букэць ши лынгэ капул луй.
18 ၁၈ သိုးတစ်ကောင်လုံးကိုယဇ်ပလ္လင်ထက်တွင်မီးရှို့ ပူဇော်ရမည်။ ဤသို့ပူဇော်ခြင်းသည်ထာဝရ ဘုရားအား ဆက်သသောမီးရှို့ပူဇော်သကာ ဖြစ်၏။ ထာဝရဘုရားသည်ထိုယဇ်မှရနံ့ ကိုနှစ်သက်တော်မူ၏။
Бербекул сэ-л арзь де тот пе алтар; ачаста есте о ардере-де-тот пентру Домнул, есте о жертфэ мистуитэ де фок, де ун мирос плэкут Домнулуй.
19 ၁၉ ``ထိုနောက်အာရုန်နှင့်သူ၏သားတို့အား ဒုတိယသိုး၏ဦးခေါင်းပေါ်တွင်လက်ကို တင်စေရမည်။ ထိုသိုးသည်ယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ပူဇော်သောသိုးဖြစ်၏။-
Сэ ей апой пе челэлалт бербек, яр Аарон ши фиий луй сэ-шь пунэ мыниле пе капул бербекулуй.
20 ၂၀ သိုးကိုသတ်၍သွေးအနည်းငယ်ကိုအာရုန် နှင့်သူ၏သားများ၏ယာဘက်နားပျဉ်း၊ ယာ ဘက်လက်မနှင့်ယာဘက်ခြေမတို့ကိုသုတ် ရမည်။ ကျန်ရှိနေသောသွေးကိုယဇ်ပလ္လင်၏ လေးဘက်လေးတန်အပေါ်သို့ပက်ဖျန်းရ မည်။-
Сэ жунгий бербекул; сэ ей дин сынӂеле луй, сэ пуй пе вырфул урекий дрепте а луй Аарон ши пе вырфул урекий дрепте а фиилор луй, пе деӂетул чел маре ал мыний лор дрепте ши пе деӂетул чел маре ал пичорулуй лор дрепт, яр челэлалт сынӂе сэ-л стропешть пе алтар де жур ымпрежур.
21 ၂၁ ယဇ်ပလ္လင်ပေါ်တွင်ရှိသောသွေးအနည်းငယ်နှင့် ဘိသိက်ဆီအနည်းငယ်ကိုယူ၍၊ အာရုန်နှင့် သူ၏အဝတ်အင်္ကျီတို့အပေါ်၌လည်းကောင်း၊ သူ၏သားများနှင့်သူတို့၏အဝတ်အင်္ကျီတို့ အပေါ်၌လည်းကောင်းဖျန်းရမည်။ ဤနည်း အားဖြင့်အာရုန်နှင့်သူ၏အဝတ်အင်္ကျီတို့ ကိုလည်းကောင်း၊ သူ၏သားများနှင့်သူတို့ ၏အဝတ်အင်္ကျီများကိုလည်းကောင်းငါ့ အားဆက်ကပ်ရမည်။
Сэ ей дин сынӂеле де пе алтар ши дин унтделемнул пентру унӂере ши сэ стропешть пе Аарон ши вешминтеле луй, пе фиий луй ши вешминтеле лор. Астфел вор фи ынкинаць Аарон ши вешминтеле луй, фиий ши вешминтеле лор ын служба Домнулуй.
22 ၂၂ ``သိုး၏အဆီ၊ အဆီရှိသောအမြီး၊ ဝမ်းတွင်း ဆီ၊ အသဲမှအဆီ၊ ကျောက်ကပ်နှစ်လုံးနှင့်ယင်း တို့ကိုဖုံးသောအဆီနှင့်ယာဘက်ပေါင်တို့ ကိုဖြတ်ယူရမည်။-
Сэ ей апой грэсимя бербекулуй, коада, грэсимя каре акоперэ мэрунтаеле, прапурул фикатулуй, чей дой рэрункь ку грэсимя каре-й акоперэ ши спата дряптэ, кэч ачеста есте ун бербек де ынкинаре ын служба Домнулуй;
23 ၂၃ ငါ့အားဆက်သထားသောမုန့်ခြင်းတောင်း ထဲမှ တဆေးမပါသောမုန့်တစ်လုံး၊ ဆီနှင့် လုပ်သောမုန့်တစ်လုံး၊ မုန့်ပြားတစ်ချပ်ကို ယူလော့။
дин кош сэ ей, дин азимиле пусе ынаинтя Домнулуй, о туртэ де пыне, о туртэ ку унтделемн ши о плэчинтэ.
24 ၂၄ ``ထိုပူဇော်သကာအားလုံးတို့ကိုအာရုန်နှင့် သူ၏သားများလက်ထဲသို့ထည့်၍ သူတို့က အထူးပူဇော်သကာအဖြစ်ငါ့အားဆက် သစေရမည်။-
Тоате ачестя сэ ле пуй ын мыниле луй Аарон ши ын мыниле фиилор луй ши сэ ле леӂень ынтр-о парте ши ынтр-алта, ка ун дар легэнат ынаинтя Домнулуй.
25 ၂၅ ထိုနောက်သူတို့၏လက်ထဲမှပူဇော်သကာ တို့ကိုယူ၍ ပလ္လင်ပေါ်ရှိမီးရှို့ရာယဇ်အပေါ် တွင်တင်လျက်မီးရှို့ပူဇော်ရမည်။ ငါသည်ထို ယဇ်မှရနံ့ကိုနှစ်သက်တော်မူ၏။
Сэ ле ей апой дин мыниле лор ши сэ ле арзь пе алтар, дясупра ардерий-де-тот; ачаста есте о жертфэ мистуитэ де фок ынаинтя Домнулуй, де ун мирос плэкут Домнулуй.
26 ၂၆ ``ထိုသိုး၏ရင်ပုံသားကိုယူ၍ အထူးပူ ဇော်သကာအဖြစ်ငါ့အားဆက်သရမည်။ ဤရင်ပုံသားသည်သင့်အတွက်ဖြစ်သည်။
Сэ ей ши пептул бербекулуй каре ва служи ла ынкинаря луй Аарон ын служба Домнулуй ши сэ-л леӂень ынтр-о парте ши ын алта, ка ун дар легэнат ынаинтя Домнулуй: ачаста ва фи партя та.
27 ၂၇ ``ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ပူဇော် သောသိုး၏ရင်ပုံသားနှင့်ပေါင်ကိုအထူး ပူဇော်သကာအဖြစ် ငါ့အားဆက်သသော အခါထိုအသားပိုင်းတို့သည် ယဇ်ပုရော ဟိတ်များ၏ဝေစုဖြစ်စေရမည်။-
Сэ сфинцешть пептул легэнат ши спата ридикатэ дин бербекул каре ва служи ла ынкинаря луй Аарон ши а фиилор луй ын служба Домнулуй, пептул легэнынду-л ынтр-о парте ши ынтр-алта, спата ынфэцишынд-о ынаинтя Домнулуй прин ридикаре.
28 ၂၈ ငါ၏လူမျိုးတော်သည်မိတ်သဟာယယဇ် ကိုပူဇော်သောအခါ၊ ယဇ်ကောင်၏ရင်ပုံသား နှင့်ပေါင်ကိုယဇ်ပုရောဟိတ်အားဝေပုံစု အဖြစ်ပေးရမည်ဟူသောပညတ်ကိုအမြဲ စောင့်ရှောက်လော့။ ဤကား၊ လူတို့ကငါထာဝရ ဘုရားအားဆက်သသောပူဇော်သကာဖြစ်၏။
Еле вор фи але луй Аарон ши але фиилор луй, принтр-о леӂе вешникэ, пе каре о вор цине копиий луй Исраел; кэч есте о жертфэ адусэ прин ридикаре, ши, ын жертфеле де мулцумире але копиилор луй Исраел, жертфа адусэ прин ридикаре ва фи а Домнулуй.
29 ၂၉ ``အာရုန်အနိစ္စရောက်သောအခါ၊ သူ၏သား တို့သည် ယဇ်ပုရောဟိတ်အဖြစ်ခံယူရာ၌ ဝတ်ဆင်နိုင်စေရန်၊ သူ၏ယဇ်ပုရောဟိတ် ဝတ်စုံကိုဆက်ခံစေရမည်။-
Вешминтеле сфинте але луй Аарон вор фи дупэ ел але фиилор луй, каре ле вор пуне кынд вор фи уншь ши кынд вор фи ынкинаць ын службэ.
30 ၃၀ ယဇ်ပုရောဟိတ်အဖြစ်အာရုန်ကိုဆက်ခံ၍ သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင်ရန်၊ ငါစံရာတဲတော်ထဲသို့ဝင်သောသားသည် အာရုန်၏ဝတ်စုံကိုခုနစ်ရက်ပတ်လုံးဝတ် ဆင်ရမည်။
Вор фи пуртате тимп де шапте зиле де ачела динтре фиий луй, каре ый ва урма ын служба преоцией ши каре ва интра ын кортул ынтылнирий ка сэ факэ служба ын Сфынтул Локаш.
31 ၃၁ ``အာရုန်နှင့်သူ၏သားများယဇ်ပုရောဟိတ် အဖြစ်ခံယူရာ၌ ပူဇော်သောသိုး၏အသား ကို၊ သီးသန့်ရာဌာနတွင်ပြုတ်ရမည်။-
Сэ ей апой бербекул пентру ынкинаря ын служба Домнулуй ши сэ пуй сэ-й фярбэ карня ынтр-ун лок сфынт.
32 ၃၂ ငါစံရာတဲတော်တံခါးဝတွင်အာရုန်နှင့်သူ ၏သားတို့သည်၊ ထိုအသားနှင့်တောင်းထဲတွင် ကျန်သောမုန့်ကိုစားရကြမည်။-
Аарон ши фиий луй сэ мэнынче, ла уша кортулуй ынтылнирий, карня бербекулуй ши пыня дин кош.
33 ၃၃ သူတို့သည်ယဇ်ပုရောဟိတ်အရာခံယူရာ၌ အပြစ်ဖြေရာယဇ်အဖြစ် ပူဇော်သောအစား အစာများကိုစားရမည်။ ထိုအစားအစာ တို့သည်သန့်ရှင်းသောကြောင့်ယဇ်ပုရောဟိတ် များကသာစားရကြမည်။-
Сэ мэнынче астфел тот че а служит ла фачеря испэширий, ка сэ фие ынкинаць ын службэ ши сфинциць; нимень алтул сэ ну мэнынче дин еле, кэч сунт лукрурь сфинте.
34 ၃၄ ထိုအသားနှင့်မုန့်တို့သည်နံနက်သို့တိုင်အောင် ကျန်ကြွင်းနေသေးလျှင်မီးရှို့ပစ်ရမည်။ ထို အစားအစာတို့သည်သန့်ရှင်းသောကြောင့် မည်သူမျှမစားရ။
Дакэ ва рэмыне чева дин карня ынтребуинцатэ пентру ынкинаря ын службэ ши дин пыне пынэ диминяца, сэ арзь ын фок че ва рэмыне; сэ ну се мэнынче, кэч есте ун лукру сфынт.
35 ၃၅ ``ငါမိန့်မှာသည့်အတိုင်းအာရုန်နှင့်သူ၏ သားတို့အား ယဇ်ပုရောဟိတ်အရာခံယူ စေသည့်မင်္ဂလာကိုခုနစ်ရက်ပတ်လုံးကျင်းပ ရမည်။-
Сэ урмезь, ку привире ла Аарон ши ла фиий луй, тоате порунчиле пе каре ци ле-ам дат. Ын шапте зиле сэ-й ынкинь ын службэ.
36 ၃၆ အပြစ်ပြေစေရန်နွားထီးတစ်ကောင်ကိုနေ့ တိုင်းယဇ်ပူဇော်ရမည်။ ဤသို့အားဖြင့်ယဇ် ပလ္လင်ကိုသန့်ရှင်းစေမည်။ ထိုနောက်ယဇ်ပလ္လင် ကိုသံလွင်ဆီလောင်း၍ဆက်ကပ်ရမည်။-
Ын фиекаре зи сэ май адучь ун вицел ка жертфэ пентру пэкат, пентру испэшире; сэ курэцешть алтарул, фэкынд испэширя ачаста, ши сэ-л унӂь ка сэ-л сфинцешть.
37 ၃၇ ခုနစ်ရက်တိုင်အောင်နေ့စဉ်ဤသို့ပြုလုပ်ရ မည်။ ထိုအခါယဇ်ပလ္လင်သည်အလွန်သန့်ရှင်း သဖြင့်၊ ပလ္လင်နှင့်ထိမိသောအရာနှင့်လူမှန် သမျှတို့သည်ဘေးသင့်လိမ့်မည်။
Тимп де шапте зиле, сэ фачь испэшире пентру алтар ши сэ-л сфинцешть, ши астфел алтарул ва фи прясфынт, ши орьчине се ва атинӂе де алтар ва фи сфинцит.
38 ၃၈ ``ယဇ်ပလ္လင်ပေါ်တွင်နေ့စဉ်မပြတ်တစ်နှစ် သားသိုးကလေးနှစ်ကောင်ကိုပူဇော်ရမည်။-
Ятэ че сэ жертфешть пе алтар: дой мей де ун ан ын фиекаре зи, некурмат.
39 ၃၉ နံနက်တွင်တစ်ကောင်၊ ညနေတွင်တစ်ကောင် ပူဇော်ရမည်။-
Ун мел сэ-л жертфешть диминяца, яр челэлалт мел, сяра.
40 ၄၀ ပထမသိုးနှင့်အတူဂျုံမုန့်ညက်နှစ်ပေါင်နှင့် သံလွင်ဆီတစ်ကွတ်ရောသောပူဇော်သကာ ကိုလည်းပူဇော်ရမည်။ စပျစ်ရည်တစ်ကွတ် ကိုလည်းပူဇော်သကာအဖြစ်လောင်းချ ရမည်။-
Ымпреунэ ку чел динтый мел, сэ адучь а зечя парте динтр-о ефэ де флоаре де фэинэ, фрэмынтатэ ынтр-ун сферт де хин де унтделемн де мэслине, фэрэ дрождий, ши о жертфэ де бэутурэ де ун сферт де хин де вин.
41 ၄၁ ညနေတွင်ဒုတိယသိုးကိုပူဇော်လော့။ နံ နက်တွင်ပူဇော်သောမုန့်ညက်၊ သံလွင်ဆီ၊ စပျစ် ရည်အခြင်အတွယ်အတိုင်း၊ ညနေ၌လည်း ပူဇော်လော့။ ဤသည်ကားငါထာဝရဘုရား နှစ်သက်တော်မူသောမွှေးကြိုင်သည့်ပူဇော် သကာဖြစ်၏။-
Пе ал дойля мел сэ-л жертфешть сяра ши сэ адучь ымпреунэ ку ел о жертфэ де мынкаре ши о жертфэ де бэутурэ ка челе де диминяцэ; ачаста есте о жертфэ мистуитэ де фок де ун мирос плэкут Домнулуй.
42 ၄၂ ငါစံရာတဲတော်တံခါးဝ၌ဤမီးရှို့ရာ ယဇ်ကို၊ ငါ၏ရှေ့တော်တွင်သားစဉ်မြေးဆက် ပူဇော်ရမည်။ ထိုနေရာတွင်ငါသည်ငါ၏ လူမျိုးတော်နှင့်တွေ့ဆုံစကားပြောမည်။-
Ачаста есте ардеря-де-тот некурматэ, каре ва фи адусэ де урмаший воштри ла уша кортулуй ынтылнирий, ынаинтя Домнулуй; аколо Мэ вой ынтылни ку вой ши ыць вой ворби.
43 ၄၃ ထိုနေရာတွင်ငါသည်ဣသရေလအမျိုး သားတို့နှင့်တွေ့ဆုံ၍၊ ငါ၏တောက်ပသော ဘုန်းအသရေတော်ဖြင့် ထိုအရပ်ကိုသန့်ရှင်း ရာအရပ်ဖြစ်စေမည်။-
Аколо Мэ вой ынтылни ку копиий луй Исраел ши локул ачела ва фи сфинцит де слава Мя.
44 ၄၄ ငါသည်ငါစံရာတဲတော်နှင့်ယဇ်ပလ္လင်တို့ကို သန့်ရှင်းစေ၍၊ ယဇ်ပုရောဟိတ်များအဖြစ် ငါ ၏အမှုတော်ကိုဆောင်ရန်အာရုန်နှင့်သူ၏ သားတို့ကိုသီးသန့်ရွေးချယ်ခန့်ထားမည်။-
Вой сфинци кортул ынтылнирий ши алтарул; вой сфинци пе Аарон ши пе фиий луй, ка сэ фие ын служба Мя ка преоць.
45 ၄၅ ငါသည်ဣသရေလအမျိုးသားတို့နှင့် အတူနေ၍၊ သူတို့၏ဘုရားဖြစ်တော်မူမည်။-
Еу вой локуи ын мижлокул копиилор луй Исраел ши вой фи Думнезеул лор.
46 ၄၆ ငါသည်သူတို့အားအီဂျစ်ပြည်မှထုတ်ဆောင် သောသူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်ကြောင်းကို သူတို့သိကြမည်ဖြစ်၍၊ ငါ သည်သူတို့နှင့်နေမည်။ ငါသည်သူတို့၏ ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏။
Ей вор куноаште кэ Еу сунт Домнул Думнезеул лор, каре й-ам скос дин цара Еӂиптулуй, ка сэ локуеск ын мижлокул лор. Еу сунт Домнул Думнезеул лор.