< ထွက်မြောက်ရာ 27 >
1 ၁ ``အကာရှသစ်သားဖြင့်ယဇ်ပလ္လင်ကိုပြုလုပ် လော့။ ထိုပလ္လင်သည်အလျားခုနစ်ပေခွဲ၊ အနံ ခုနစ်ပေခွဲနှင့်အမြင့်လေးပေခွဲရှိစေရမည်။-
“You are to build an altar of acacia wood. The altar must be square, five cubits long, five cubits wide, and three cubits high.
2 ၂ ပလ္လင်လေးထောင့်တွင်ဦးချိုသဏ္ဌာန်အတက် လေးခုရှိစေရမည်။ ထိုဦးချိုတို့သည်ပလ္လင် နှင့်တစ်သားတည်းရှိ၍ တစ်ခုလုံးကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
Make a horn on each of its four corners, so that the horns are of one piece, and overlay it with bronze.
3 ၃ ပြာနှင့်အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီး ကျီးခံအိုးအစရှိသောယဇ်ပလ္လင်နှင့်ဆိုင်ရာ တန်ဆာရှိသမျှတို့ကိုကြေးဝါဖြင့်ပြုလုပ် ရမည်။-
Make all its utensils of bronze—its pots for removing ashes, its shovels, its sprinkling bowls, its meat forks, and its firepans.
4 ၄ ပလ္လင်အတွက်ကြေးဝါဆန်ခါကိုလည်းပြုလုပ် ရမည်။ ထိုဆန်ခါထောင့်လေးထောင့်တွင်ကြေးဝါ ကွင်းလေးကွင်းတပ်ဆင်ရမည်။-
Construct for it a grate of bronze mesh, and make a bronze ring at each of the four corners of the mesh.
5 ၅ ပလ္လင်အမြင့်ထက်ဝက်နေရာ၌ဆန်ခါကိုတပ် ဆင်ရမည်။-
Set the grate beneath the ledge of the altar, so that the mesh comes halfway up the altar.
6 ၆ ပလ္လင်ကိုထမ်းရန်အကာရှသစ်သားဖြင့်ထမ်း ပိုးများပြုလုပ်၍၊ ထိုထမ်းပိုးများကိုကြေး ဝါပြားဖြင့်ဖုံးထားရမည်။-
Additionally, make poles of acacia wood for the altar and overlay them with bronze.
7 ၇ ယဇ်ပလ္လင်ကိုသယ်ဆောင်ရန်ထမ်းပိုးများကို တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
The poles are to be inserted into the rings so that the poles are on two sides of the altar when it is carried.
8 ၈ တောင်ပေါ်တွင်ငါပြသောပုံစံအတိုင်းယဇ်ပလ္လင် ကို ဟင်းလင်းပေါက်ဖြစ်စေရန်ပျဉ်ပြားဖြင့်ပြု လုပ်ရမည်။
Construct the altar with boards so that it is hollow. It is to be made just as you were shown on the mountain.
9 ၉ ``ငါစံတော်မူရာတဲတော်ကို ပိတ်ချောကန့်လန့် ကာတို့ဖြင့်ကာရံထားရမည်။ တောင်ဘက်ကိုက် ငါးဆယ်ရှည်သောကန့်လန့်ကာဖြင့်ကာရမည်။-
You are also to make a courtyard for the tabernacle. On the south side of the courtyard make curtains of finely spun linen, a hundred cubits long on one side,
10 ၁၀ ထိုကန့်လန့်ကာချိတ်ဆွဲရန်အတွက်တိုင်နှစ်ဆယ်၊ ဖိနပ်နှစ်ဆယ်တို့ကိုကြေးဝါဖြင့်ပြုလုပ်၍တိုင် ချိတ်၊ တိုင်တန်းများကိုငွေဖြင့်ပြီးစေရမည်။-
with twenty posts and twenty bronze bases, and silver hooks and bands on the posts.
11 ၁၁ မြောက်ဘက်တွင်လည်းထိုနည်းအတိုင်းကန့်လန့် ကာချိတ်ဆွဲရန်စီမံလော့။-
Likewise there are to be curtains on the north side, a hundred cubits long, with twenty posts and twenty bronze bases, and with silver hooks and bands on the posts.
12 ၁၂ တဲတော်ဝင်းအနောက်ဘက်တွင်နှစ်ဆယ့်ငါးကိုက် ရှည်သောကန့်လန့်ကာကိုချိတ်ဆွဲရန်၊ တိုင်ဆယ် တိုင်နှင့်ဖိနပ်ဆယ်ခုရှိစေရမည်။-
The curtains on the west side of the courtyard shall be fifty cubits wide, with ten posts and ten bases.
13 ၁၃ တဲတော်တံခါးဝတည်ရှိရာအရှေ့ဘက်တွင် လည်း၊ နှစ်ဆယ့်ငါးကိုက်ရှည်သောအကာအရံ ရှိစေရမည်။-
The east side of the courtyard, toward the sunrise, is to be fifty cubits wide.
14 ၁၄ အဝင်ဝတစ်ဘက်တစ်ချက်တွင်ခုနစ်ကိုက်ခွဲ ရှည်သောကန့်လန့်ကာနှင့်တိုင်သုံးတိုင်၊ ဖိနပ် သုံးခုရှိစေရမည်။-
Make the curtains on one side fifteen cubits long, with three posts and three bases,
and the curtains on the other side fifteen cubits long, with three posts and three bases.
16 ၁၆ တဲတော်ဝင်းတံခါးဝအတွက်အလျားဆယ် ကိုက်ရှိ၍သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်နှင့်ချည်ချောတို့ဖြင့်ရက်သောပန်းထိုး ကန့်လန့်ကာပြုလုပ်ရမည်။ ထိုကန့်လန့်ကာကို ဖိနပ်လေးခုတွင်စွပ်ထားသောတိုင်လေးတိုင် ဖြင့်ချိတ်ဆွဲရမည်။-
The gate of the courtyard shall be twenty cubits long, with a curtain embroidered with blue, purple, and scarlet yarn, and finely spun linen. It shall have four posts and four bases.
17 ၁၇ တဲတော်ပတ်လည်ရှိတိုင်အားလုံးကိုငွေတန်းများ ဖြင့်ဆက်ထား၍၊ ချိတ်များကိုငွေဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါဖြင့်လည်းကောင်းပြုလုပ် ရမည်။-
All the posts around the courtyard shall have silver bands, silver hooks, and bronze bases.
18 ၁၈ တဲတော်ဝင်းအကာအရံသည်အလျားပေတစ် ရာ့ငါးဆယ်၊ အနံခုနစ်ဆယ့်ငါးပေနှင့်အမြင့် ခုနစ်ပေခွဲရှိရမည်။ ကန့်လန့်ကာများကိုပိတ် ချောဖြင့်လည်းကောင်း၊ ဖိနပ်များကိုကြေးဝါ ဖြင့်လည်းကောင်းပြုလုပ်ရမည်။-
The entire courtyard shall be a hundred cubits long and fifty cubits wide, with curtains of finely spun linen five cubits high, and with bronze bases.
19 ၁၉ တဲတော်အတွက်အသုံးအဆောင်ပစ္စည်းအား လုံးကိုလည်းကောင်း၊ တဲတော်နှင့်တဲတော်အကာ အရံအတွက်ကြက်ဆူးရှိသမျှကိုလည်းကောင်း၊ ကြေးဝါဖြင့်ပြုလုပ်ရမည်။
All the utensils of the tabernacle for every use, including all its tent pegs and the tent pegs of the courtyard, shall be made of bronze.
20 ၂၀ ``ဆီမီးတိုင်ကိုညနေတိုင်းထွန်းညှိနိုင်ရန် အ ကောင်းဆုံးသံလွင်ဆီကိုယူဆောင်ခဲ့ကြလော့ ဟု ဣသရေလအမျိုးသားတို့အားဆင့်ဆို လော့။-
And you are to command the Israelites to bring you pure oil of pressed olives for the light, to keep the lamps burning continually.
21 ၂၁ အာရုန်နှင့်သူ၏သားတို့သည်ထာဝရဘုရား စံတော်မူရာ တဲတော်အတွင်းပဋိညာဉ်သေတ္တာ ကို ကာရံထားသောကန့်လန့်ကာအပြင်ဘက် တွင်၊ ထိုဆီမီးတိုင်ကိုညနေမှနံနက်ထိ ထာဝရဘုရား၏ရှေ့တော်တွင်ထွန်းထားရ မည်။ ဣသရေလအမျိုးသားတို့နှင့်သူတို့၏ အဆက်အနွယ်တို့သည် ဤပညတ်ချက်ကို အမြဲစောင့်ထိန်းရကြမည်။
In the Tent of Meeting, outside the veil that is in front of the Testimony, Aaron and his sons are to tend the lamps before the LORD from evening until morning. This is to be a permanent statute for the Israelites for the generations to come.