< ထွက်မြောက်ရာ 26 >

1 ``ငါ​စံ​တော်​မူ​ရာ​တဲ​တော်​ကို ချည်​ချော၊ သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​တို့​နှင့်​ရက် သော​ကန့်​လန့်​ကာ​ဆယ်​ခု​ဖြင့်​ပြု​လုပ်​လော့။ ထို ကန့်​လန့်​ကာ​များ​တွင် ခေ​ရု​ဗိမ်​ရုပ်​များ​ပန်း ပေါက်​ဖော်​ထား​ရ​မည်။-
တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ် လှယ်သော၊ ပိတ် ချောကုလားကာ ဆယ် ထည်ဖြင့် တဲ တော်ကို လုပ် ရမည်။
2 ကန့်​လန့်​ကာ​များ​သည်​အ​လျား​တစ်​ဆယ့် လေး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင်၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံ တူ ရမည်။
3 ကန့်​လန့်​ကာ​ငါး​ထည်​ကို​စပ်​၍​ချုပ်​ရ​မည်။ အ​ခြား​ငါး​ထည်​ကို​လည်း​ထို​အ​တိုင်း​ချုပ် ရ​မည်။-
ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် ရမည်။
4 ကန့်​လန့်​ကာ​တစ်​စုံ​စီ​၏​အ​ပြင်​ဘက်​နား​များ တွင် တပ်​ရန်​ပိတ်​အ​ပြာ​ကွင်း​များ​ကို​ပြု​လုပ် ရ​မည်။-
ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ရမည်။ အခြား သော ကုလားကာပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ လည်း ထိုအတူ လုပ် ရမည်။
5 ငါး​ထည်​စပ်​ပ​ထ​မ​ကန့်​လန့်​ကာ​ရှိ​ရှေ့​ဆုံး အ​ထည်​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​ငါး​ထည်​စပ်​ကန့်​လန့်​ကာ​ရှိ​နောက် ဆုံး​အ​ထည်​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း ကောင်း​ကွင်း​ဆိုင်​မီ​အောင်​တပ်​ထား​ရ​မည်။-
ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြား သောကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို ၎င်း၊ ကွင်း ချင်း ဆိုင် မိအောင် လုပ် ရမည်။
6 ကန့်​လန့်​ကာ​နှစ်​စုံ​ကို​တစ်​ခု​တည်း​ဖြစ်​စေ​ရန် ဆက်​ရ​မည့်​ရွှေ​ချိတ်​ငါး​ဆယ်​ကို​ပြုလုပ်​လော့။
ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် ၊ တဲ တော် တဆောင် တည်း ဖြစ် ရမည်။
7 ``တဲ​တော်​အ​မိုး​အ​တွက်​အ​ထည်​တစ်​ဆယ့် တစ်​ထည်​ကို ဆိတ်​မွေး​နှင့်​ရက်​လုပ်​လော့။-
တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် ရမည်။
8 တစ်​ထည်​လျှင်​အ​လျား​တစ်​ဆယ့်​ငါး​ကိုက်၊ အ​နံ​နှစ်​ကိုက်​စီ​ရှိ​စေ​ရ​မည်။-
ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ဆယ် တ ထည်တို့သည် အလျား အနံချင်း တူ ရမည်။
9 အ​ထည်​ငါး​ထည်​ကို​တစ်​စပ်၊ အ​ခြား​ခြောက် ထည်​ကို​တစ်​စပ်​ချုပ်​ရ​မည်။ ဆ​ဋ္ဌ​မ​အ​ထည် ကို​တဲ​တော်​ဦး​၌​ခေါက်​တင်​ထား​ရ​မည်။-
ကုလားကာ ငါး ထည် တစပ် ၊ ခြောက် ထည် တစပ် တည်း ချုပ် ၍ ၊ ဆဌမ ကုလားကာ ကို တဲ တော်ဦး ၌ ခေါက် ထားရမည်။
10 ၁၀ ပ​ထ​မ​အ​စပ်​၏​နောက်​ဆုံး​အ​ထည်​နား​တွင် ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း၊ ဒု​တိ​ယ​အ​စပ် ၏​အ​နား​တွင်​ကွင်း​ငါး​ဆယ်​ကို​လည်း​ကောင်း တပ်​ထား​ရ​မည်။-
၁၀ကုလားကာများ ဆက် မှီရာ ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည် အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်း၊ ဆက် မှီသော အခြား ကုလားကာ အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်းလုပ် ရမည်။
11 ၁၁ ထို​အ​ထည်​နှစ်​စပ်​ကို​ပေါင်း​၍​တဲ​တော်​၏ အ​မိုး​ဖြစ်​စေ​ရန် ကြေး​ဝါ​ချိတ်​ငါး​ဆယ်​ကို ပြု​လုပ်​ပြီး​လျှင်​ကွင်း​များ​တွင်​ချိတ်​ဆက် ပေး​လော့။-
၁၁ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ကွင်း တို့၌ လျှို ပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲ သဖြင့် ၊ တဲ တဆောင် တည်း ဖြစ် ရမည်။
12 ၁၂ ပို​နေ​သည့်​အ​ထည်​တစ်​ဝက်​ကို​တဲ​တော်​နောက် မှာ​တွဲ​ကျ​စေ​ရ​မည်။-
၁၂ထိုအပေါ်တဲ ၌ ပို သော ကုလားကာ တဝက် ကိုကား၊ တဲ တော်နောက်ဖေး မှာ တွဲလွဲ ဆွဲ ထားရမည်။
13 ၁၃ အ​ထည်​အ​လျား​တစ်​ဘက်​တစ်​ချက်​တွင်​ပို ထွက်​နေ​သည့်​ကိုက်​တစ်​ဝက်​ကို တဲ​တော်​၏ ဘေး​ဘက်​၌​တွဲ​ကျ​စေ​ရ​မည်။
၁၃အပေါ်တဲ၌ ပို သော ကုလားကာ အလျား နှစ်တောင်တွင်၊ တဲ တော်ဖုံးအုပ် ဘို့ တဘက်တချက် တတောင် စီ တွဲလွဲဆွဲ ထားရမည်။
14 ၁၄ ``အ​မိုး​နှစ်​ထပ်​ထပ်​မံ​၍​ပြုလုပ်​ရ​မည်။ တစ် ထပ်​ကို​အ​နီ​ရောင်​ဆိုး​သော​သိုး​ထီး​သား​ရေ ဖြင့်​ပြု​လုပ်​ရ​မည်။ အ​ပေါ်​ဆုံး​အ​ထပ်​ကို သား​ရေ​ချော​ဖြင့်​ပြု​လုပ်​ရ​မည်။
၁၄အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသောသိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် ရမည်။
15 ၁၅ ``တဲ​တော်​အ​တွင်း​ဘောင်​ခွေ​များ​ကို အ​ကာ​ရှ သစ်​သား​ဖြင့်​ပြုလုပ်​ရ​မည်။-
၁၅တဲ တော်ကာရန် ထောင် ထားရသောအကာရှ ပျဉ်ပြားတို့ကိုလည်း လုပ် ရမည်။
16 ၁၆ ဘောင်​ခွေ​များ​သည်​အ​လျား​တစ်​ဆယ့်​ငါး​ပေ၊ အ​နံ​နှစ်​ဆယ့်​ခု​နစ်​လက်​မ​စီ​ရှိ​၍၊-
၁၆ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိရမည်။
17 ၁၇ ဘောင်​ခွေ​ချင်း​ဆက်​စပ်​ထား​ရန်​စ​ရွေး​ဖော်​ထား ရ​မည်။ တဲ​တော်​အ​တွက်​ဘောင်​ခွေ​အား​လုံး​တွင် စ​ရွေး​ဖော်​ထား​ရ​မည်။-
၁၇ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက် နှစ် ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် ရမည်။
18 ၁၈ တဲ​တော်​တောင်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ်​ဆယ် ကို​ပြု​လုပ်​ရ​မည်။-
၁၈တဲ တော်တောင် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ကို လုပ် ရမည်။
19 ၁၉ ဘောင်​ခွေ​တစ်​ခု​စီ​အောက်​ရှိ​ခြေ​ထောက်​နှစ်​ခု စီ​အ​တွက် ငွေ​ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ် လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
၁၉ထိုပျဉ်ပြား နှစ်ဆယ် တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် ရမည်။
20 ၂၀ တဲ​တော်​မြောက်​ဘက်​အ​တွက်​ဘောင်​ခွေ​နှစ် ဆယ်​နှင့်၊-
၂၀ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ရှိရမည်။
21 ၂၁ ဘောင်​ခွေ​တစ်​ခု​စီ​အောက်​တွင်​ငွေ​ဖိ​နပ်​နှစ်​ခု ကျ​ဖြင့် ငွေ​ဖိ​နပ်​လေး​ဆယ်​ကို​ပြု​လုပ်​ရ​မည်။-
၂၁ထိုပျဉ်ပြား ၌ လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြားနှစ် ခုစီ ရှိရမည်။
22 ၂၂ တဲ​တော်​၏​အ​နောက်​ဘက်​အ​တွက်​ဘောင်​ခွေ ခြောက်​ခု​ပြု​လုပ်​ရ​မည်။-
၂၂တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
23 ၂၃ တဲ​တော်​အ​နောက်​ဘက်​ထောင့်​များ​အ​တွက် ဘောင်​ခွေ​နှစ်​ခု​ပြု​လုပ်​ရ​မည်။-
၂၃ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် ရမည်။
24 ၂၄ ဤ​ထောင့်​ဘောင်​ခွေ​တို့​ကို​အောက်​ခြေ​မှ​အ​ထက် အ​ထိ​ကွင်း​ဖြင့်​ထိန်း​ချုပ်​ထား​ရ​မည်။ ထောင့်​နှစ် ထောင့်​အ​တွက်​ဘောင်​ခွေ​နှစ်​ခု​ကို​ထို​နည်း အ​တိုင်း​ပြု​လုပ်​ရ​မည်။-
၂၄အထက် ၌ ၎င်း ၊ အောက် ၌၎င်း၊ ကွင်း ကိုတပ်၍ စေ့စပ်လျက် ထောင့် နှစ်ခုကို ပြီး စေရမည်။
25 ၂၅ သို့​ဖြစ်​၍​ဘောင်​ခွေ​ရှစ်​ခု​နှင့်​တစ်​ခု​စီ​အ​တွက် ငွေ ဖိ​နပ်​နှစ်​ခု​ကျ​ဖြင့်​ငွေ​ဖိ​နပ်​တစ်​ဆယ့်​ခြောက်​ခု ရှိ​ရ​မည်။
၂၅ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြားနှစ် ခုစီ ရှိ ရမည်။
26 ၂၆ ``တဲ​တော်​အ​တွက်​ကန့်​လန့်​ကျင် စု​စု​ပေါင်း​တစ် ဆယ့်​ငါး​ခု​ကို​အ​ကာ​ရှ​သစ်​သား​ဖြင့်​ပြု​လုပ် လော့။ တဲ​တော်​တောင်​ဘက်​ရှိ​ဘောင်​ခွေ​များ အ​တွက်​ကန့်​လန့်​ကျင်​ငါး​ခု၊-
၂၆တဲတော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို တဘက် ငါး ချောင်းစီ လုပ် ရမည်။
27 ၂၇ မြောက်​ဘက်​ရှိ​ဘောင်​ခွေ​များ​အ​တွက်​ငါး​ခု​နှင့် အ​နောက်​ဘက်​ရှိ​ဘောင်​များ​အ​တွက်​ငါး​ခု​ပြု လုပ်​ရ​မည်။-
၂၇တဲ တော်နောက် ဖေး၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်ရမည်။
28 ၂၈ ဘောင်​ခွေ​များ​၏​အ​လယ်​ကို​ဖြတ်​သည့်​ကန့်​လန့် ကျင်​တို့​သည် တဲ​တော်​အ​စွန်း​တစ်​ဘက်​တစ်​ချက် တွင်​အ​ဆုံး​သတ်​ရ​မည်။-
၂၈အလယ် ကန့်လန့်ကျင် ကို၊ ထောင့်တဘက် တချက်၌ ဆုံး စေရမည်။
29 ၂၉ ဘောင်​ခွေ​များ​ကို​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ ကို​လည်း​ရွှေ​ချ​ရ​မည်။ ကန့်​လန့်​ကျင်​များ​ကို လျှို​ရန်​ရွှေ​ကွင်း​များ​တပ်​ထား​ရ​မည်။-
၂၉ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။ ကန့်လန့်ကျင် လျှို ဘို့ ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။
30 ၃၀ သင့်​အား​တောင်​ပေါ်​မှာ​ပြ​သော​ပုံ​စံ​အ​တိုင်း တဲ​တော်​ကို​တည်​ဆောက်​ရ​မည်။
၃၀တောင် ပေါ် မှာ သင့်အားပြ သော ပုံ နှင့်အညီ ၊ တဲ တော်ကို တည်ဆောက် ရမည်။
31 ၃၁ ``အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​သိုး​မွေး နှင့်​ချည်​ချော​ဖြင့် ရက်​သော​ကန့်​လန့်​ကာ​ကို​ပြု လုပ်​လော့။ ကန့်​လန့်​ကာ​တွင်​ခေ​ရု​ဗိမ်​ရုပ်​များ ကို​ပန်း​ဖော်​ထား​ရ​မည်။-
၃၁တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
32 ၃၂ ကန့်​လန့်​ကာ​ကို​ရွှေ​ချိတ်​များ​တပ်​ထား​သော အ​ကာ​ရှ​သစ်​သား​တိုင်​လေး​တိုင်​အ​ပေါ်​တွင် ချိတ်​ဆွဲ​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍ ငွေ​ဖိ​နပ်​လေး​ခု​တွင်​စွပ်​ထား​ရ​မည်။-
၃၂ရွှေ ချ သော အကာရှ သား တိုင် လေး တိုင်အပေါ် မှာ၊ ထိုကုလားကာ ကို ဆွဲ ထားရမည်။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့်၎င်း၊ ငွေ ခြေစွပ် လေး ခုနှင့်၎င်း ပြည့်စုံရမည်။
33 ၃၃ ကန့်​လန့်​ကာ​ကို​ချိတ်​ပြီး​နောက်​ကန့်​လန့်​ကာ နောက်​တွင် ကျောက်​ပြား​နှစ်​ပြား​ပါ​ရှိ​သည့် ပ​ဋိ​ညာဉ်​သေတ္တာ​ကို​ထား​လော့။ ကန့်​လန့်​ကာ သည်​သန့်​ရှင်း​ရာ​ဌာ​န​နှင့်​အ​သန့်​ရှင်း​ဆုံး ဌာ​န​တော်​တို့​ကို​ပိုင်း​ခြား​ထား​မည်။-
၃၃သက်သေခံ ချက်ထားသော သေတ္တာ ကို၊ ကုလားကာ အတွင်း သို့ သွင်း စရာဘို့ ထိုကုလားကာ ကို ရွှေချောင်း ဖြင့် ဆွဲကာ ၍ ၊ ဟဂျာ အရပ်၊ ဟဂျာဟဂျုံ အရပ် နှစ်ပါးစပ်ကြား ၌ အပိုင်း အခြား ဖြစ်ရမည်။
34 ၃၄ ပ​ဋိ​ညာဉ်​သေတ္တာ​တွင်​အ​ဖုံး​တပ်​ထား​ရ​မည်။-
၃၄ဟဂျာဟဂျုံ အရပ်၌ သက်သေခံ ချက်သေတ္တာ အပေါ် မှာ၊ သေတ္တာအဖုံး ကို တင် ထားရမည်။
35 ၃၅ စား​ပွဲ​နှင့်​ဆီ​မီး​ခုံ​ကို​ကန့်​လန့်​ကာ​အ​ပြင်​ဘက် တွင်​ထား​ရှိ​ရ​မည်။ စား​ပွဲ​ကို​မြောက်​ဘက်​တွင် လည်း​ကောင်း၊ ဆီ​မီး​ခုံ​ကို​တောင်​ဘက်​တွင်​လည်း ကောင်း​တစ်​ဘက်​တစ်​ချက်​၌​ထား​ရှိ​ရ​မည်။
၃၅ကုလားကာ ပြင် မှာ စားပွဲ ကို ထားရမည်။ တဲ တော်တောင် ဘက်နား မှာ မီးခုံ ကို၎င်း ၊ မြောက် ဘက်နား မှာ စားပွဲ ကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထား ရမည်။
36 ၃၆ ``တဲ​တော်​အ​ဝင်​ဝ​၌​ကာ​ရန်​အ​တွက်​သိုး​မွေး အ​ပြာ​ရောင်၊ ခ​ရမ်း​ရောင်၊ အ​နီ​ရောင်​နှင့်​ချည်​ချော ဖြင့်​ရက်​၍ ပန်း​အ​လှ​ဖော်​ထား​သော​ကန့်​လန့်​ကာ တစ်​ခု​ကို​လည်း​ပြု​လုပ်​ရ​မည်။-
၃၆တဲ တော်တံခါးဝ ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ချယ်လှယ် သော ကုလားကာ တထည်ကို လုပ် ရမည်။
37 ၃၇ ဤ​ကန့်​လန့်​ကာ​ချိတ်​ဆွဲ​ရန်​အ​တွက်​အ​ကာ​ရှ သစ်​သား​တိုင်​ငါး​တိုင်​ပြု​လုပ်​၍၊ ရွှေ​ချိတ်​များ တပ်​ထား​ရ​မည်။ တိုင်​များ​ကို​ရွှေ​ချ​၍​တိုင် ဖိ​နပ်​ငါး​ခု​ကို​ကြေး​ဝါ​ဖြင့်​ပြု​လုပ်​ရ​မည်။
၃၇ထိုကုလားကာ ဘို့ ရွှေ တံစို့ နှင့်ပြည့်စုံသော အကာရှ တိုင် ငါး တိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံ ရမည်။ ကြေးဝါ ခြေစွပ် ငါး ခုကိုလည်း သွန်း ရမည်။

< ထွက်မြောက်ရာ 26 >