< ထွက်မြောက်ရာ 25 >
1 ၁ ထာဝရဘုရားသည်မောရှေအား အောက်ပါ ပညတ်ချက်များကိုမိန့်မြွက်တော်မူ၏။-
၁ထာဝရဘုရား ကလည်း ၊ ဣသရေလအမျိုးသားတို့သည်
2 ၂ ``ဣသရေလအမျိုးသားတို့သည် ငါ့အား လှူဖွယ်ပစ္စည်းတို့ကိုဆက်သရမည်ဟူ၍ ပြောကြားလော့။ သင်သည်အမျိုးသားတိုင်း ထံမှစေတနာအလျောက် ပေးလှူသမျှ ပစ္စည်းတို့ကိုလက်ခံရမည်။-
၂ငါ့ အား လက်ဆောင် ပဏ္ဏာကိုဆောင် ခဲ့ရမည်အကြောင်း ဆင့်ဆို လော့။ ကြည်ညိုသောစေတနာစိတ် နှင့် ငါ့ အားလှူ သမျှ သော သူတို့၌ သင်သည် အလှူ ကိုခံရ မည်။
3 ၃ သင်လက်ခံရမည့်လှူဖွယ်ပစ္စည်းများသည် ကား ရွှေ၊ ငွေ၊ ကြေးဝါ၊-
၃ခံ ရသော အလှူ ဟူမူကား ၊ ရွှေ ၊ ငွေ ၊ ကြေးဝါ ၊
4 ၄ ပိတ်ချော၊ သိုးမွေးအပြာရောင်၊ ခရမ်းရောင်၊ အနီရောင်၊ ဆိတ်မွေးအထည်၊-
၄ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ၊ ဆိတ် မွေး။
5 ၅ အနီဆိုးသောသိုးထီးသားရေ၊ သားရေချော၊ အကာရှသစ်သား၊-
၅အနီ ဆိုးသောသိုး ရေ ၊ တဟာရှ သားရေ ၊ အကာရှ သစ်သား။
6 ၆ မီးထွန်းရန်ဆီ၊ ဘိသိက်သွန်းရန်ဆီနှင့်မီးရှို့ ရာနံ့သာပေါင်းအတွက်အမွှေးအကြိုင်၊-
၆လိမ်း ရန်ဆီ ဘော်ဘို့ ၊ မီးရှို့ရာ နံ့သာ ပေါင်းမွှေး ဘော်ဘို့ရာ၊ နံ့သာ မျိုး၊ မီးထွန်း စရာ ဆီ ၊
7 ၇ ယဇ်ပုရောဟိတ်မင်း၏သင်တိုင်း နှင့်ရင်ဖုံးတို့တွင်စီချယ်သည့်မဟူရာကျောက် နှင့် အခြားသောကျောက်မျက်ရတနာများ ဖြစ်၏။-
၇ရှဟံ ကျောက် ၊ ယဇ်ပုရောဟိတ်သင်တိုင်း နှင့် ရင်ဖွဲ့ ၌ စီစရာ ကျောက် မြတ် တည်းဟူသောအလှူကို ခံရမည်။
8 ၈ ငါသည်သူတို့နှင့်အတူနေနိုင်ရန် ငါ့အတွက် တဲတော်ကိုတည်ဆောက်ရကြမည်။-
၈ငါသည် သင် တို့တွင် ကျိန်းဝပ် ရာဘို့ သန့်ရှင်း ရာဌာနကို လုပ် ကြစေ။
9 ၉ တဲတော်နှင့်အသုံးအဆောင်ရှိသမျှတို့ကို ငါပြမည့်ပုံစံအတိုင်းပြုလုပ်ရမည်။
၉ငါ ပြ သမျှ သော တဲ တော်ပုံ ၊ တဲ တော်တန်ဆာ ပုံ နှင့် အညီ လုပ် ရမည်။
10 ၁၀ ``အလျားလေးဆယ့်ငါးလက်မ၊ အနံနှစ်ဆယ့် ခုနစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ်လက်မရှိ သောသေတ္တာတစ်လုံးကိုအကာရှသစ်သား ဖြင့်ပြုလုပ်လော့။-
၁၀အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာ၊ စောက် တ တောင်ထွာရှိသော သေတ္တာ ကို၊ အကာရှ သား နှင့်လုပ် ၍ ၊ သေတ္တာအတွင်း အပြင် ကို ရွှေ စင် နှင့် မွမ်းမံရမည်။
11 ၁၁ သေတ္တာအတွင်းအပြင်ကိုရွှေချ၍အနားပတ် လည်ကိုရွှေကွပ်ထားရမည်။-
၁၁သေတ္တာ အပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကိုလည်း လုပ် ရမည်။
12 ၁၂ သေတ္တာကိုသယ်ဆောင်ရန်ရွှေကွင်းလေးကွင်းကို သွန်းလုပ်၍၊ ခြေလေးထောင့်တွင်တစ်ဘက်လျှင် နှစ်ကွင်းစီတပ်ထားရမည်။-
၁၂ရွှေ လေး ကွင်း ကို သွန်း ၍ ၊ သေတ္တာ လေး ထောင့်၌ တ မျက်နှာ နှစ် ကွင်း စီ တပ် ရမည်။
13 ၁၃ အကာရှသစ်သားဖြင့်ထမ်းပိုးများပြုလုပ်၍ ရွှေချထားရမည်။-
၁၃အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ပြီးမှ၊
14 ၁၄ သေတ္တာကိုသယ်ဆောင်ရန်ထမ်းပိုးများကိုသေတ္တာ တစ်ဘက်တစ်ချက်ရှိကွင်းများတွင်လျှိုထား ရမည်။-
၁၄သေတ္တာ ထမ်း စရာဘို့ တဘက် တချက် ရွှေကွင်း ထဲသို့ လျှို ထားရမည်။
15 ၁၅ ထမ်းပိုးများကိုကွင်းများမှမထုတ်ရ။ အမြဲလျှိုသွင်းထားရမည်။-
၁၅ထိုထမ်းဘိုး ကိုလည်း သေတ္တာ ရွှေကွင်း ထဲ က မ နှုတ် အစဉ် ရှိ စေရမည်။
16 ၁၆ ပညတ်တော်များကိုအက္ခရာတင်ထားသည့် ကျောက်ပြားနှစ်ပြားကိုငါပေးမည်။ ထိုကျောက် ပြားများကိုသေတ္တာထဲ၌ထည့်ထားရမည်။
၁၆ငါပေး သော သက်သေခံချက် ကို၊ ထိုသေတ္တာ ထဲမှာ ထား ရမည်။
17 ၁၇ ``အလျားလေးဆယ့်ငါးလက်မနှင့် အနံနှစ်ဆယ့် ခုနစ်လက်မရှိသောသေတ္တာအဖုံးကိုရွှေစင်ဖြင့် ပြုလုပ်ရမည်။-
၁၇အလျား နှစ် တောင်ထွာ၊ အနံ တ တောင်ထွာရှိသော သေတ္တာအဖုံးကိုလည်း ရွှေ နှင့်လုပ် ရမည်။
18 ၁၈ အဖုံးအစွန်းတစ်ဘက်စီတွင်ရွှေခေရုဗိမ် နှစ်ပါးကိုရွှေစင်ဖြင့်ထုလုပ်ရမည်။ ထိုခေရု ဗိမ်ရုပ်တုများသည် အဖုံးနှင့်တစ်သားတည်း ရှိစေရမည်။-
၁၈ရွှေ ခေရုဗိမ် နှစ်ပါး ကိုလည်း သေတ္တာအဖုံး တွင် အလျားတဘက် တချက်၌ ထု လုပ် ရမည်။
၁၉ထို ခေရုဗိမ် နှစ်ပါး ကို သေတ္တာဖုံး ကိုယ်ထဲကထုတ်၍၊ သေတ္တာဖုံးအပေါ်၌ တဘက် တပါး စီ လုပ် ပြီးလျှင်၊
20 ၂၀ ခေရုဗိမ်များ၏ဖြန့်ထားသောအတောင်များ သည် သေတ္တာအဖုံးကိုဖြန့်မိုးထားစေရမည်။ သူတို့သည်မျက်နှာချင်းဆိုင်၍သေတ္တာဖုံးကို ကြည့်နေစေရမည်။-
၂၀ခေရုဗိမ်နှစ်ပါးတို့သည် မျက်နှာ ချင်းဆိုင် ၍၊ သေတ္တာဖုံး ကို ရှု လျက်၊ မိမိ အတောင် ကို ဖြန့် ၍ သေတ္တာဖုံး ကို မိုး ရမည်။
21 ၂၁ သေတ္တာထဲတွင်ကျောက်ပြားနှစ်ပြားကိုထည့်၍ သေတ္တာဖုံးဖြင့်ဖုံးအုပ်ထားရမည်။-
၂၁သေတ္တာအဖုံး ကို သေတ္တာ ပေါ် မှာ တင် ရမည်။ ငါပေး သော သက်သေခံချက် ကိုလည်း သေတ္တာ ထဲမှာ ထား ရမည်။
22 ၂၂ ထိုနေရာ၌ငါသည်သင်တို့နှင့်တွေ့ဆုံမည်။ ငါ သည်ခေရုဗိမ်နှစ်ပါးအကြားအဖုံးပေါ်မှနေ တော်မူ၍ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရန်ရှိသမျှကိုသင့်အားငါမြွက် ဆိုမည်။
၂၂ထို အရပ်၌ ငါသည် သင် နှင့် တွေ့ ၍ ၊ သက်သေခံ ချက်ထားသော သေတ္တာ ဖုံး အပေါ် ၊ ခေရုဗိမ် နှစ်ပါး စပ်ကြား မှာ သင် နှင့် နှုတ်ဆက် သဖြင့်၊ ဣသရေလ အမျိုးသား တို့၌ ဆင့်ဆို ရာသမျှ တို့ကို စီရင်မည်။
23 ၂၃ ``အလျားသုံးဆယ့်ခြောက်လက်မ၊ အနံ တစ်ဆယ့်ရှစ်လက်မ၊ အမြင့်နှစ်ဆယ့်ခုနစ် လက်မရှိသောစားပွဲတစ်လုံးကိုအကာရှ သစ်သားဖြင့်ပြုလုပ်လော့။-
၂၃အလျား နှစ်တောင် ၊ အနံ တတောင် ၊ အမြင့် တ တောင်ထွာရှိသော စားပွဲ ကိုလည်း အကာရှ သား နှင့် လုပ် ၍ ၊
24 ၂၄ စားပွဲကိုရွှေချ၍အနားကိုရွှေကွပ်ထားရမည်။-
၂၄ရွှေ စင် နှင့် မွမ်းမံ ရမည်။ စားပွဲအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာကို၎င်း၊
25 ၂၅ စားပွဲပတ်လည်တွင်သုံးလက်မဗြက်ရှိသော ဘောင်တပ်၍အနားကိုရွှေကွပ်ရမည်။-
၂၅အနံ လက် တဝါးရှိသောခါးပန်း ကို၎င်း၊ ခါးပန်းအပေါ်နားပတ်လည် ၌ ကွပ် သော ရွှေ တန်ဆာ ကို၎င်း လုပ် ရမည်။
26 ၂၆ စားပွဲခြေလေးထောင့်တွင်စားပွဲကိုသယ်ယူ ရန် ရွှေကွင်းလေးကွင်းတပ်ထားရမည်။-
၂၆ရွှေ လေး ကွင်း ကိုလည်း လုပ် ၍ ၊ ခြေထောက် လေး ခု အထက်စားပွဲလေး ထောင့် ၌ တပ် ရမည်။
27 ၂၇ ထမ်းပိုးလျှိုရန်ကွင်းများကိုဘောင်အနီး၌ ကပ်၍တပ်ဆင်ရမည်။-
၂၇ထိုရွှေကွင်း တို့သည် ခါးပန်း ပေါ်မှာရှိ၍၊ စားပွဲ ထမ်း စရာ ထမ်းဘိုး နေရာ ဖြစ် ရမည်။
28 ၂၈ ထမ်းပိုးများကိုအကာရှသစ်သားဖြင့်ပြု လုပ်၍ရွှေချထားရမည်။-
၂၈စားပွဲ ထမ်း စရာ အကာရှ သား ထမ်းဘိုး ကို လုပ် ၍ ရွှေ နှင့်မွမ်းမံ ရမည်။
29 ၂၉ စားပွဲနှင့်ဆိုင်သောလင်ပန်း၊ ခွက်၊ ခရားနှင့်စပျစ် ရည်ဖလားများကိုရွှေဖြင့်ပြုလုပ်ရမည်။-
၂၉စားပွဲနှင့်ဆိုင်သော လင်ပန်း ၊ ဇွန်း ၊ အင်တုံ ၊ လောင်း စရာဖလား များကိုလည်း ရွှေ စင် နှင့် လုပ် ရမည်။
30 ၃၀ ပဋိညာဉ်သေတ္တာ၏အရှေ့တွင်စားပွဲကိုထား ရမည်။ ထိုစားပွဲပေါ်မှာရှေ့တော်တင်မုန့်အမြဲ ရှိစေရမည်။
၃၀ငါ့ ရှေ့ ၊ စားပွဲ ပေါ် မှာ ရှေ့ တော်မုန့် ကို အစဉ် တင် ရမည်။
31 ၃၁ ``ဆီမီးခုံကိုရွှေဖြင့်ပြုလုပ်လော့။ ဆီမီးခုံ တိုင်နှင့်အောက်ခံခုံတို့ကိုရွှေဖြင့်ထုလုပ်လော့။ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်အစရှိသော အလှပန်းများသည် ဆီမီးခုံတိုင်နှင့်တစ်သား တည်းရှိစေရမည်။-
၃၁မီးခုံ ကိုလည်း ရွှေ စင် နှင့်လုပ်၍၊ မီးခုံ တိုင် အစရှိသော အလက် များ၊ ခွက် များ၊ ဘူးသီး များ၊ ကြာပွင့် များတို့ကို တစပ်တည်းထု ရမည်။
32 ၃၂ ဆီမီးခုံတိုင်တစ်ဘက်တစ်ချက်မှအလက် သုံးလက်စီ၊ ပေါင်းခြောက်လက်ဖြာထွက်စေ ရမည်။-
၃၂မီးခုံတိုင် တဘက် တချက်သုံး လက် စီထွက် ၍၊ အလက် ခြောက် လက်ရှိရမည်။
33 ၃၃ အလက်ခြောက်လက်မှတစ်လက်စီတွင်ပွင့်ဖူး၊ ပွင့်ချပ်ပါရှိသောဗာဒံပွင့်ပုံအလှပန်းသုံး ပွင့်ရှိစေရမည်။-
၃၃မီးခုံ တိုင်ထဲက ထွက်သော အလက် သုံး လက်တွင်၊ တလက် တလက်၌ ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့် ပုံတူသော ခွက် သုံး ခွက် ရှိရမည်။
34 ၃၄ ဆီမီးခုံတိုင်တွင်ပွင့်ဖူး၊ ပွင့်ချပ်များပါရှိ သောဗာဒံပွင့်ပုံပန်းလေးပွင့်ရှိစေရမည်။-
၃၄မီးခုံ တိုင်၌ လည်း ဘူး ကြာပွင့် နှင့်တကွ ၊ ဗာတံ သီးနှင့်ပုံတူသော ခွက် လေး ခွက် ရှိရမည်။
35 ၃၅ အလက်သုံးစုံတွင်တစ်စုံစီကြား၌ပွင့်ဖူး တစ်ဖူးရှိစေရမည်။-
၃၅မီးခုံ တိုင်ထဲက ထွက် သော အလက် ခြောက် လက်ရှိသည်အတိုင်း ၊ အလက် နှစ်ဘက် အောက် ၌လည်း ဘူး သီးတလုံးစီ ရှိရမည်။
36 ၃၆ ပွင့်ဖူးအလက်နှင့်ဆီမီးခုံတိုင်တို့ကိုရွှေ ဖြင့်တစ်သားတည်းထုလုပ်ရမည်။-
၃၆ဘူး များ၊ အလက် များတို့ကို တကိုယ် တစပ်တည်းဖြစ်စေ ၍၊ မီးခုံတကိုယ်လုံးကို ရွှေ စင် နှင့် ထုလုပ် ရမည်။
37 ၃၇ ဆီမီးခုံအတွက်မီးခွက်ခုနစ်လုံးကိုပြုလုပ် လော့။ ထိုမီးခွက်များမှရှေ့သို့အလင်းရောင် ထွက်လာစေရန်စီမံလော့။-
၃၇မီးခွက် ခုနစ် လုံးကိုလည်း လုပ် ရမည်။ စားပွဲ ကို လင်း စေခြင်းငှာ ထိုမီးခွက် ကို ထွန်း ရမည်။
38 ၃၈ မီးညှပ်နှင့်မီးခံခွက်တို့ကိုလည်းရွှေဖြင့်ပြုလုပ် ရမည်။-
၃၈မီးညှပ် နှင့် မီးညှပ်ခံစရာခွက် တို့သည်လည်း ရွှေ စင် ဖြစ်ရမည်။
39 ၃၉ ဆီမီးတိုင်နှင့်ကိရိယာတန်ဆာရှိသမျှတို့ ကိုရွှေခုနစ်ဆယ့်ငါးပေါင်အချိန်ဖြင့်ပြု လုပ်ရမည်။-
၃၉မီးခုံ နှင့် မီးခုံ တန်ဆာ ရှိသမျှ တို့ကို၊ ရွှေ စင် အခွက် တဆယ်နှင့် လုပ် ရမည်။
40 ၄၀ တောင်ပေါ်တွင်သင့်အားငါပြသောပုံစံနှင့် အညီပြုလုပ်ရန်သတိပြုလော့။
၄၀တောင် ပေါ်မှာ သင့် အား ပြ ခဲ့ပြီးသော ပုံ နှင့် ညီလျော် စွာ လုပ် ခြင်းငှာ သတိပြု ရမည်။